Thousand Islands
Thousand Islands ဆိုတဲ့နေရာလေးက ကနေဒါ နဲ့ အမေရိကန်ပြည်ထောင်စု နယ်စပ်က စိန့်လောရင့်မြစ်တလျှောက် ကျွန်းတန်းတွေပါ။ ကျွန်းတန်းပေါင်း ၁၈၆၀ ကျော်ရှိတယ်။
တချို့ ကျွန်းငယ်လေးတွေပေါ်မှာ လူနေအိမ်တလုံးထဲဆောက်ပြီးနေသလို၊
တချို့ကတော့ ရဲတိုက်ကြီးနီးပါး ဆောက်ပြီးနေကြတယ်။
လူတွေရဲ့ ရူးသွပ်မှု၊ စည်းဇိမ်ခံမှုကတော့ အံ့ဘွယ်ပါပဲ။ ကျွန်းတကျွန်းလုံးကို ဝယ်ပြီး နေကြတယ်။
အိမ်နီးနားချင်း ဆက်သွယ်ထားတဲ့ တံတားလေးတွေဆို သောင်းချီ အကုန်အကျ ခံပြီး ဆောက်လေ့ရှိတယ်။

တကယ်ဆို ဒီလိုနေရာတွေက နွေရာသီလောက်ပဲ စည်းဇိမ်ခံလို့ရတာလေ။
ဆောင်းရာသီ ဆို တအားအေးတာ။ တချို့ရေပြင်တွေဆို စကိတ်ပြင်ကြီးတခု လို ရေခဲသွားတာ။
ဘာဖြစ်လို့ ဒီလောက်တောင် ငွေကုန်ကြေးကျခံနေနေကြသလဲ မသိပါဘူး။
ဒီကျွန်းတန်းတွေကို လိုက်ပို့ပေးတဲ့ Uncle Sam သင်္ဘောကြီးတွေကလည်း စိန့်လော့ရင့်မြစ်ကြီးပေါ်မှာ မနားတမ်းခုတ်မောင်းပေးနေတယ်။
သူကတော့ ဈေးသက်သာပါတယ်။ (၂၁) ဒေါ်လာပေးရတယ်။
စားစရာ၊ သောက်စရာတွေပါတယ်။ ဘားပါတယ်။ ပါတီပွဲကျင်းပလို့ရတယ်။
ရာသီပြောင်းတော့မယ် ဆိုတော့ အရွက်တွေလည်း ဝါကျဉ်ကျဉ်ဖြစ်လာ၊ အနီရောင် သန်းလာပါပြီ။
အလက်စန္ဒြားဘေး လို့ ခေါ်တဲ့ ကမ်းစပ် မြို့လေး ရဲ့ တည်းခိုခန်းတွေပေါ်က ကြည့်လိုက်ရင် ကျွန်းတန်းတွေကို တမျှော်တခေါ်မြင်နေရတယ်။
စဉ်းစားကြည့်နေမိတယ်။
လူတယောက်မှာ ကျွန်းတခုလုံး ဝယ်ပြီး စည်းဇိမ်ခံဖို့ လိုအပ်လို့လား။
လူ့အဖွဲ့အစည်းအတွက် ဆေးရုံတွေ၊ စာသင်ကျောင်းတွေ ပိုပြီး လိုနေတာ မဟုတ်ဘူးလား။
ပြောသာ ပြောရတာပါလေ။
မြို့တမြို့ တည်တော့မယ် ဆိုရင်
အရူးရယ်၊ မကောင်းတဲ့ မိန်းမရယ်၊ တရားဟော ဆရာရယ်၊ ဆေးဆရာ ရယ် လိုတယ် တဲ့။

0 comments:
Post a Comment