Sunday, September 14, 2014

ပထမတန်း မြန်မာကြည့်စာ (၁၉၆၂) သင်ခဏ်းစာ−၇

ပထမတန်း မြန်မာကြည့်စာ(၁၉၆၂)

သင်ခဏ်းစာ−၇

မြန်မာကစားနည်းများ

(၁)
ဆီးလိုက်ပါကွဲ့ တိုးတော့မယ်။
(တိုးလိုက်ပါကွဲ့၊ ဆီးတော့မယ်)

ခေါင်ကြောင်း ကျော်ကာသန်းလိမ့်။
(ထမရေပူ၊ လောင်ကာပန်းလိမ့်)

ဖမ်းလိုက်ပါ့ကွယ်။
(ဆီးပြီဟေ့ တိုးတော့ကွယ်)

တိုးပြီးဟေ့ ဆီးတော့ကွယ်။
(အောင်ထူမယ်လို့ ထင်သလား)

အောင်ထူမယ်မို့ သတိထား။
(ဖမ်းတော့မနား)
တိုးတော့တအား။
(မင်းသုဝဏ်)

(၂)
ရွှေဇယ်−ငွေဇယ် ခွင်ကစားစို့၊
ပါမလားကွဲ့ မထွေးရယ်။

ရွှေဇယ်−ငွေဇယ် မရှိသေးလို့၊
မပါသေးဘူး မထွေးငယ်။

အိုးခြမ်းကွဲက ရွှေရောင်ဇယ်၊
ပန်းကန်ကွဲက ငွေရောင်ဇယ်၊
ကစားမယ်ကွဲ့ ရွှေဇယ်ပွဲ။

အိုးခြမ်းပဲ့ကွဲ။

(၃)

ရွှေစွန်ညို  ဘာကို လိုလို့ ဝဲပါတယ်။
မယ်ထွေးလိုလို့ ဝဲပါတယ်။

မယ်ထွေးမပါ ဒို့ချည်းလာ။
ပါ ပါရဲ့သား နောက်ကထား။

မယ်ထွေးအသား ခါးလှတယ်။
ပင်လယ်ရေနဲ့ ဆေးပါ့မယ်။

ပင်လယ်ရေ ခန်း ခန်း။
သမုဒ္ဒရာရေနဲ့ ဆေးပါ့မယ်။

သမုဒ္ဒရာရေ ခန်း ခန်း။

မြစ်ငယ်ရေနဲ့ ဆေးပါ့မယ်။

ကမြစ်ငယ်ရေ နွေမှာခမ်း။
ဆန်ဆေးရေနဲ့ ဆေးပါ့မယ်။

ဆန်ဆေးရေက ရေမပေး။

နောက်က မထွေး လွတ်အောင်ပြေး။

(၄)

ဆီမီးခွက်က ပြောင်းပြန်

ပိုးလိုး ပက်လက်လန်

မောင်ရင် ဘယ်သွား

ဆွမ်းခံသွား

ဆွမ်းခံသွား ဘာပါ

ပုတီး လက်ကောက်ပါ

ပုတီး လက်ကောက် ဘယ်ထား

ကြောင်ချီသွား

ကြောင်ဘယ်သွား

သစ်ခေါင်းထဲ ဝင်သွား

သစ်ခေါင်း ဘယ်ရောက်

မီးလောင်သွား

မီးဘယ်သွား 

ပြာဖြစ်သွား

ပြာဘယ်သွား 

မိုးပေါ်ပျံသွား။

(၅) 

ညောင်ပင်တစ်စ္ဆေ − ဝေ လေ လေ

နင် ဘယ်ကိုင်းမှာနေ − ညောင်ကိုင်းမှာနေ

နင် ဘာသီးစား − ညောင်သီးစား

နင် ဘာရေသောက် − ညောင်ရေသောက်

နင် ဘာကွမ်းစား − ညောင်ကွမ်းစား

နင်သေ ဘယ်သူခြောက် − နင်တို့ခြောက်

အထဲလား အပြင်လား − အထဲ။

(၆)

ဘီး ဘီး ဘာဘီးလဲ

ရွှေဘီး

ရွှေစော်နံ ပြန်လေအုံး

ဘီး ဘီး ဘာဘီးလဲ

ငွေဘီး

ငွေစော်နံ ပြန်လေအုံး

ဘီး ဘီး ဘာဘီးလဲ

သနပ်ခါးဘီး

လာပါအုံး

ဘီးဘိုး ပေးပါ

နောက်လူ တောင်း

ဘီးဘိုး ပေးပါ

နောက်လူ တောင်း

ရှေ့လူတောင်း

မထွေးလေး ယူတော့ဟေ့။

(၇)

ကြက်ဖတိန်ညင် တောကိုဝင်၊ 

မောင်ရင်လာ လေးနှင့်ပစ်လိုက်၊ 

မပစ်ပါနှင့် မောင်ရင်ရယ် 

ကြက်တက်စူးလို့ သေပါ့မယ် 

ဘယ်ဘက်က စူစူး 

ညာဘက်က စူးစူး 

ခွပ်လိုက်ကြစို့ သူငယ်ချင်း 

တန်းပေါ်ကဆင်း

အောက်အီးအီးအွတ် 

ကြက်ဖတိန်ညင် သီချင်းလင့်

https://soundcloud.com/masoyein/nwybftxp3eif

မြန်မာကစားနည်းများ
(၁)
ဆီးလိုက်ပါကွဲ့ တိုးတော့မယ်။
(တိုးလိုက်ပါကွဲ့၊ ဆီးတော့မယ်)
ခေါင်ကြောင်း ကျော်ကာသန်းလိမ့်။
(ထမရေပူ၊ လောင်ကာပန်းလိမ့်)
ဖမ်းလိုက်ပါ့ကွယ်။

(ဆီးပြီဟေ့ တိုးတော့ကွယ်)
တိုးပြီးဟေ့ ဆီးတော့ကွယ်။
(အောင်ထူမယ်လို့ ထင်သလား)
အောင်ထူမယ်မို့ သတိထား။
(ဖမ်းတော့မနား)
တိုးတော့တအား။
(မင်းသုဝဏ်)

(၂)
ရွှေဇယ်−ငွေဇယ် ခွင်ကစားစို့၊
ပါမလားကွဲ့ မထွေးရယ်။
ရွှေဇယ်−ငွေဇယ် မရှိသေးလို့၊
မပါသေးဘူး မထွေးငယ်။
အိုးခြမ်းကွဲက ရွှေရောင်ဇယ်၊
ပန်းကန်ကွဲက ငွေရောင်ဇယ်၊
ကစားမယ်ကွဲ့ ရွှေဇယ်ပွဲ။
အိုးခြမ်းပဲ့ကွဲ။

(၃)
ရွှေစွန်ညို ဘာကို လိုလို့ ဝဲပါတယ်။
မယ်ထွေးလိုလို့ ဝဲပါတယ်။
မယ်ထွေးမပါ ဒို့ချည်းလာ။
ပါ ပါရဲ့သား နောက်ကထား။
မယ်ထွေးအသား ခါးလှတယ်။
ပင်လယ်ရေနဲ့ ဆေးပါ့မယ်။
ပင်လယ်ရေ ခန်း ခန်း။
သမုဒ္ဒရာရေနဲ့ ဆေးပါ့မယ်။
သမုဒ္ဒရာရေ ခန်း ခန်း။
မြစ်ငယ်ရေနဲ့ ဆေးပါ့မယ်။
ကမြစ်ငယ်ရေ နွေမှာခမ်း။
ဆန်ဆေးရေနဲ့ ဆေးပါ့မယ်။
ဆန်ဆေးရေက ရေမပေး။
နောက်က မထွေး လွတ်အောင်ပြေး။

(၄)
ဆီမီးခွက်က ပြောင်းပြန်
ပိုးလိုး ပက်လက်လန်
မောင်ရင် ဘယ်သွား
ဆွမ်းခံသွား
ဆွမ်းခံသွား ဘာပါ
ပုတီး လက်ကောက်ပါ
ပုတီး လက်ကောက် ဘယ်ထား
ကြောင်ချီသွား
ကြောင်ဘယ်သွား
သစ်ခေါင်းထဲ ဝင်သွား
သစ်ခေါင်း ဘယ်ရောက်
မီးလောင်သွား
မီးဘယ်သွား
ပြာဖြစ်သွား
ပြာဘယ်သွား
မိုးပေါ်ပျံသွား။

(၅)
ညောင်ပင်တစ်စ္ဆေ − ဝေ လေ လေ
နင် ဘယ်ကိုင်းမှာနေ − ညောင်ကိုင်းမှာနေ
နင် ဘာသီးစား − ညောင်သီးစား
နင် ဘာရေသောက် − ညောင်ရေသောက်
နင် ဘာကွမ်းစား − ညောင်ကွမ်းစား
နင်သေ ဘယ်သူခြောက် − နင်တို့ခြောက်
အထဲလား အပြင်လား − အထဲ။

(၆)
ဘီး ဘီး ဘာဘီးလဲ
ရွှေဘီး
ရွှေစော်နံ ပြန်လေအုံး
ဘီး ဘီး ဘာဘီးလဲ
ငွေဘီး
ငွေစော်နံ ပြန်လေအုံး
ဘီး ဘီး ဘာဘီးလဲ
သနပ်ခါးဘီး
လာပါအုံး
ဘီးဘိုး ပေးပါ
နောက်လူ တောင်း
ဘီးဘိုး ပေးပါ
နောက်လူ တောင်း
ရှေ့လူတောင်း
မထွေးလေး ယူတော့ဟေ့။

(၇)
ကြက်ဖတိန်ညင် တောကိုဝင်၊
မောင်ရင်လာ လေးနှင့်ပစ်လိုက်၊
မပစ်ပါနှင့် မောင်ရင်ရယ်
ကြက်တက်စူးလို့ သေပါ့မယ်
ဘယ်ဘက်က စူစူး
ညာဘက်က စူးစူး
ခွပ်လိုက်ကြစို့ သူငယ်ချင်း
တန်းပေါ်ကဆင်း
အောက်အီးအီးအွတ်


ကြက်ဖတိန်ညင် သီချင်းလင့်
https://soundcloud.com/masoyein/nwybftxp3eif

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...