သစ်ထူးလွင် သတင်းစုစည်းမှု (၄-၉)
သစ်ထူးလွင် |
- ရန်ကုန်-မန္တလေး အမြန်လမ်းမှာ ယာဉ်တိမ်းမှောက် ၃ ဦးသေ၊ ၁ ဦးဒဏ်ရာရ
- ရန်ကုန်-မန္တလေးအမြန်လမ်း အထူဂရုပြု မောင်းနှင်ရမည့် နေရာများ ကြေညာ
- မကွေး ဆေးကျောင်းသားတွေ အရိုက်ခံရတဲ့အမှု ဖော်ထုတ်ဖို့တောင်းဆို (ရုပ်/သံ)
- ဘုရားဖူးပြီးပြန်လာသည့်ယာဉ် တိမ်းမှောက်သဖြင့် ၁ ဦးသေ၊ ၁၂ ဦးဒဏ်ရာရ
- ငွေညှစ်မှုနဲ့ တရုတ် ဝက်ဘ်ဆိုက် အယ်ဒီတာတွေ ဖမ်းဆီးခံရ
- တွေ့ရှိပြီဟု ထုတ်ပြန်ထားသော ဓမ္မစေတီ ခေါင်းလောင်း ကြိုးချည်ရန် အခက်အခဲရှိနေဟုဆို
- ပြည်နယ်နှင့် တိုင်းအသီးသီးတွင် အခမဲ့ဆေးကုသပေးမည်
- CNA လက်ခံသည်ဟု စွပ်စွဲပြီး အစိုးရစစ်တပ် က ရွာသားသုံးဦးအား နှိပ်စက်
-
အပေါ်ကအမိန့်ရမှလုပ်တတ်သည့်အကျင်
့ကိုဖျောက်ဖျက်ရန် ဒုသမ္မတဒေါက်တာစိုင်းမောက်ခမ်းက စစ်တွေတွင် တိုက်တွန်းပြောကြား - ရှေးဟောင်းဘုန်းတော်ကြီးကျောင်း ဘင်္ဂလာဒေခ်ျ့တွင် ထပ်မံတူးဖေါ်တွေ့ရှိ
- မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယတို့တွင် အယ်လ်ကိုင်ဒါအဖွဲ့ခွဲတခု ဖွဲ့စည်း
- ဂျီဟတ် အစွန်းရောက်လှုပ်ရှားမှု အိန္ဒိယနိုင်ငံထဲမှာ ဖွင့်လှစ်
- အဆိပ်သင့် ဆေးတောင့်ခွံ သန်း ၉၀ တရုတ်ဈေးကွက်ထဲ ရောင်းချခဲ့ဟုဆို
- MPT သုံးစွဲတိုင်း အပို ထပ်တိုး ဘောနပ်စ်ငွေ သုံးစွဲခွင့် ရမည်
- လူနာကို သတ်တဲ့ ဆရာဝန် သေဒဏ်ကျ
- နိုင်ငံတကာ စီးပွားရေးယှဉ်ပြိုင်နိုင်စွမ်း အညွှန်းကိန်း မြန်မာအဆင့် ၁၃၄ ချိတ်
- ရဲတပ်ဖွဲ့အနာဂတ်အရေး EU နဲ့ မြန်မာ ဆွေးနွေး
- ကားစလစ်ဈေနဲ့ ကားဈေးတွေ ဆက်လက်ကျဆင်းနေ
-
ခေါင်းဖြတ်သတ်မှုတွေနဲ့ခြောက်လို
့ ISIS ကို အမေရိကန်မကြောက် - IS စစ်သွေးကြွအဖွဲ့ကို အပြီးတိုင် ချေမှုန်းမယ်လို့ အိုဘားမားပြော
- နိုင်ငံဖွံ့ဖြိုးမှုမှာ ငြိမ်းချမ်းရေးဦးစားပေးဖို့ ဂျာမန်ဝန်ကြီးချုပ် မြန်မာကို တိုက်တွန်း
- အီဘိုလာ ကြောင့် သေဆုံးသူ ပိုများလာ
- ရုရှကို ပြင်သစ်စစ်သင်္ဘာပေးပို့ရေး ဆိုင်းငံ့ထား
- နယ်စပ်ကုန်သွယ်ရေးစခန်းသစ် ၃ ခုကို ထပ်မံတိုးချဲ့ဖွင့်လှစ်မည်
- ဆော်ဒီအစိုးရက အကြမ်းဖက်တိုက်ခိုက် ကြံစည်မှု သံသယဖြင့် လူ ၈၈ ဦးကို ဖမ်းဆီး
Posted: 04 Sep 2014 06:40 AM PDT
ဝဲဘက်ရှေ့ဘီးပေါက်ကာ
ယာဉ်တိမ်းမှောက်၍ ၃ ဦးသေ၊ ၁ ဦးဒဏ်ရာရ
နေပြည်တော်၊ စက်တင်ဘာ ၎
၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်နေ့ ည ၆ နာရီခွဲအချိန် မန္တလေးတိုင်း ဒေသကြီး၊
မိတ်္ထီလာမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်း၊
မိုင်တိုင်အမှတ်(၃၁၆/၆-၇)ကြားတွ
|
Posted: 04 Sep 2014 06:29 AM PDT
ရန်ကုန်-မန္တလေး
အမြန်လမ်းပေါ်မှာ ခရီးသွား ပြည်သူတွေ အထူးဂရုပြု ဆင်ခြင် မောင်းနှင်ရမယ့်
မိုင်တိုင် နေရာ ၁၄ နေရာကို အမြန်လမ်း ရဲတပ်ဖွဲ့က သတ်မှတ် ကြေညာ
လိုက်ပါတယ်။
ယာဉ်မတော် တဆမှုတွေ မဖြစ်စေဖို့ ရည်ရွယ်ပြီး မိုးရွာ ရေဝပ်တတ်တဲ့ နေရာတွေကို
မိုင်တိုင်အလိုက် အမြန်လမ်းရဲ တပ်ဖွဲ့က နိုင်ငံပိုင် သတင်းစာ တွေကနေ
ထုတ်ပြန်ကြေညာ ထားတာပါ။
ထုတ်ပြန်ချက်မှာပါ ရေဝပ်နိုင်တဲ့နေရာတွေက တော့ ပဲခူး နဲ့ကျောက်တံခါး
|
Posted: 04 Sep 2014 06:26 AM PDT
မကွေးမြို့
ဆေးကျောင်းသားတွေ အရိုက်ခံခဲ့ရတဲ့ အမှုတွေ ဖေါ်ထုတ်ပေးဖို့
သက်ဆိုင်ရာကို မကွေး ဆေးတက္ကသိုလ် ကျောင်းသားများ သမဂ္ဂက တောင်းဆို
လိုက်ပါတယ်။ ခွန်ဘသာ တင်ဆက်။ ရိုက်ကူး အေးမြမြလွင် DVB TV - 04.09.2014
|
Posted: 04 Sep 2014 06:22 AM PDT
ဝဲ/ယာရှေ့ဘီးများ
ပေါက်ပြီး ယာဉ်တိမ်းမှောက်သဖြင့် ၁ ဦးသေ၊ ၁၂ ဦးဒဏ်ရာရ
နေပြည်တော်၊ စက်တင်ဘာ ၎
၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့ ည ၆ နာရီ ၂၀ မိနစ်အချိန်၊
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊
မိုင်တိုင်အမှတ်(၂၅/၇) နှင့်(၂၆/၀)ကြားတွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြော
|
Posted: 04 Sep 2014 06:18 AM PDT
တရုတ်နိုင်ငံမှာ
စီးပွားရေး လုပ်ငန်းရှင်တွေ ဆီက ငွေကြေး ရယူတဲ့ မသင်္ကာမှုနဲ့ နာမည်ကြီး
စီးပွားရေး သတင်း ဝက်ဘ်ဆိုက်က အရာရှိ ၈ ဦးကို ရဲအဖွဲ့က ဖမ်းဆီးလိုက်ကြောင်း
တရုတ် အစိုးရပိုင် ဆင်ဟွာ သတင်းဌာနက ပြောပါတယ်။
တရုတ်တောင်ပိုင်း ကွမ်ကျိုးမြို့မှာ အခြေစိုက်တဲ့ 21st Century financial
news ဝက်ဘ်ဆိုက်က ဝန်ထမ်း ၈ ဦးကို ဖမ်းဆီးလိုက်တဲ့ အပြင် ရှန်ဟဲနဲ့ ရှန်ဇန်
မြို့မှာ ရှိတဲ့ လူမှု ဆက်သွယ်ရေး ကုမ္ပဏီ ၂ခု လည်း
|
Posted: 04 Sep 2014 02:23 AM PDT
ရန်ကုန်
စက်တင်ဘာ ၃
တွေ့ရှိပြီဟု ထုတ်ပြန်ထားသော ဓမ္မစေတီ ခေါင်းလောင်းကြီးမှာ ကြိုးချည်ရန်
အခက်အခဲ ရှိနေကြောင်း ခေါင်းလောင်း ဆယ်ယူရေးအဖွဲ့ ပြန်ကြားရေး တာဝန်ခံ
ဦးကြည်ဝင်းက ပြည်ထောင်စုနေ့စဉ်သို့ ယနေ့ ပြောသည်။
ဦးကြည်ဝင်းက ''ခုလောလော ဆယ်တော့ ကြိုးချည်ဖို့ လုပ်နေ တယ်။ အခက်အခဲ
လေးတွေရှိတယ်။ သြဂုတ် ၂၈ရက်လောက်ကတည်း က ကြိုးစားနေတာပါ။ ထူးခြားရင်
ထုတ်ပြန် ကြေညာသွားပါမယ်'' ဟုပြောသည်။
ခေါင်းလောင်း ဆယ်ယူရေး
|
Posted: 04 Sep 2014 01:42 AM PDT
ရန်ကုန်ဆေးရုံကြီးမှာ
တက်ရောက်ကုသနေကြတဲ့ လူနာတွေကို အခမဲ့ ကုသပေးနေ သလိုမျိုး မန္တလေးအပါအ၀င်
ပြည်နယ်နဲ့ တိုင်းအသီးသီးမှာရှိတဲ့ နိုင်ငံပိုင် ဆေးရုံကြီးတွေမှာ ဆက်လက်
လုပ်ဆောင် ပေးသွားမယ်လို့ ကျန်းမာရေး ၀န်ကြီးဌာနက ရုံးအဖွဲ့မှူး
ဦးစိန်ဝင်းက ပြောပါတယ်။
ပြီးခဲ့တဲ့အပတ်ကစပြီး ကျန်းမာရေးဝန်ကြီးဌာနက လုပ်ကိုင်ဆောင်ရွက်နေတာတွေနဲ့
ပတ်သက်လို့ ပြည်သူတွေ အကြံပြုနိုင်ကြတယ်လို့ ဖိတ်ခေါ်ခဲ့ပြီးတဲ့နောက်
မေးလာကြသူ
|
Posted: 04 Sep 2014 01:40 AM PDT
ချင်းအမျိုးသား
တပ်မတော်(CNA) ကို လက်ခံသည်ဟူသော စွပ်စွဲချက်ဖြင့် ရခိုင်ပြည် နယ် ၊
မောင်းတောမြို့နယ် ရသေ့ တောင်အခြေစိုက် ခမရ ၃၄၄ မှ တပ်ရင်းမှူးနှင့်
အဖွဲ့သည် ပလက်ဝမြို့ နယ် အိန္ဒိယ – မြန်မာနယ်စပ်ရှိ ကုန်ပြင်ရွာသား U
KyawKyaw, U Maungsein နှင့် ကာကီရွာ သား U Sane Aung တို့အား ပြီးခဲ့တဲ့
သြဂုတ်လ ၂၉ ရက်နေ့က ယာ ထဲတွင် ဖမ်းဆီးနှိပ်စက်ပြီး ယနေ့ထိ
ချုပ်နှောင်ထားသည်ဟု သိရသည်။
” U Kyawkyaw, U Maungsein နဲ့
|
Posted: 04 Sep 2014 01:55 AM PDT
ဝန်ကြီးချုပ်၊
ပြည်နယ်ဝန်ကြီးများ အပါအဝင် အစိုးရဌာန ဆိုင်ရာ ဝန်ထမ်းများနှင့် လွှတ်တော်
ကိုယ်စား လှယ်များ အနေဖြင့် ‘ အပေါ်က အမိန့်ရမှ ထလုပ်တတ်သည့် အကျင့်ကို
ဖျောက်ဖျက် လုပ်ဆောင်ရန်’ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက စစ်တွေ
ခရီးစဉ်တွင် တိုက်တွန်း ပြောကြား လိုက်သည်။
ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ ရောက်ရှိလာသော ဒုတိယသမ္မတ
ဒေါက်တာစိုင်းမောက်ခမ်းမှ စက်တင်ဘာလ ၃ ရက်၊ နံနက်ပိုင်းက စစ်တွေမြို့ရှိြ
|
Posted: 04 Sep 2014 01:54 AM PDT
ဘင်္ဂလာဒေခ်ျ့နိုင်ငံ
မြောက်ပိုင်းတွင် နှစ်ပေါင်း ထောင်ချီ ကတည်းက တည်ရှိခဲ့သည်ဟု ယုံကြည်ရသော
ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ကျောင်း တစ်ကျောင်းကို ရှေးဟောင်း သုတေသန ဌာနက
မြေအောက်မှ ရှာဖွေ တူးဖေါ်တွေ့ရှိခဲ့သည်။
ယင်းတွေ့ရှိမူ ဘင်္ဂလာဒေခ်ျ့မှ သတင်းစာကြီး တစ်စောင် ဖြစ်သော The Daily Star
သတင်းစာက လွန်ခဲ့သော ရက်အနည်းငယ်က ဖေါ်ပြခဲ့သည်။
ဘုန်းတော်ကြီးကျောင်းကို ဘင်္ဂလာဒေခ်ျ့ နိုင်ငံ၏ မြောက်ပိုင်း
|
Posted: 04 Sep 2014 01:04 AM PDT
အယ်လ်ကိုင်ဒါခေါင်းဆောင်
အေမန် အယ်လ် ဇာဝါဟရီက မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယအရှေ့မြောက်ပိုင်း
ပြည်နယ်တွေက မွတ်စလင်တွေအတွက် အယ်လ်ကိုင်ဒါရဲ့ အိန္ဒိယအဖွဲ့ခွဲ
ဖွဲ့စည်းပြီးစီးကြောင်း ပြီးခဲ့တဲ့ စက်တင်ဘာ ၃ ရက်နေ့က ကြေညာလိုက်ပါတယ်။
ဒီအဖွဲ့ခွဲဟာ မတရားမှုနဲ့ ဖိနှိပ်မှုတွေ ခံနေရတဲ့ မွတ်စလင်တွေကို
ကယ်တင်မယ်လို့လည်း သူက ပြောပါတယ်။
ဒီတပ်ဖွဲ့သစ်ဟာ ဒေသတွင်းက မွတ်စလင်လူဦးရေကို ခွဲခြားထားတဲ့ နယ်စပ်မျဉ်း
|
Posted: 04 Sep 2014 01:04 AM PDT
မြန်မာ၊
ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယနိုင်ငံတို့မှာ ဂျီဟတ် မွတ်စလင်
အစွန်းရောက်လှုပ်ရှားမှုကို တိုးချဲ့လုပ်ကိုင်နိုင်ဖို့ ဌာနခွဲတစ်ခုကို
အိန္ဒိယနိုင်ငံထဲမှာ အသစ်ဖွင့်လှစ်ထားပြီလို့ အယ်လ်-ကိုင်အီးဒါး
အကြမ်းဖက်အဖွဲ့ခေါင်းဆောင် Al-Zawahiri က ကြေညာလိုက်ပါတယ်။
အယ်လ်-ကိုင်အီးဒါး အင်အားစုတွေဟာ လောလောဆယ်မှာ အာဖဂန်နစ္စတန်နဲ့
ပါကစ္စတန်နိုင်ငံတို့မှာ အဓိကလှုပ်ရှားနေကြတာဖြစ်ပြီး အခု
သူပြောသွားတဲ့အင်အားစုက
|
Posted: 04 Sep 2014 12:54 AM PDT
ခရိုမီယံအဆိပ်သင့်နေတဲ့
ဆေးတောင့်ခွံ သန်း ၉၀ ကို တရုတ်ဈေးကွက်ထဲမှာ တရားမဝင်
ရောင်းခဲ့တယ်လို့ အစိုးရမီဒီယာ စက်တင်ဘာလ ၄ ရက်နေ့က ဆင်ဟွာသတင်းမှာ
ဖော်ပြပါတယ်။
ဆေးတောင့်ခွံတွေ ဘယ်မှာ အဆုံးသတ်လဲ ဆိုတာ ရဲတွေက နောက်ကြောင်းရှာဆဲပါ။
ကျဲ့ကျန်းပြည်နယ် အရှေ့ဘက် နင်းဟိုင်မြို့နယ်ထဲက လတ်တလောစီးနင်းမှုအတွင်း
လူ ၁၁ ယောက်ကို ရဲတွေက ဖမ်းဆီးလိုက်ပါတယ်။
သူတို့ငှားရမ်း ထားတဲ့အလုပ်ရုံအတွင်း တဝက်တပျက်
|
Posted: 03 Sep 2014 08:20 PM PDT
MPT
က SIM ကတ်များ ပိုမို လွယ်လင့် တကူ ရရှိသုံးစွဲနိုင် ရန် ဆောင်ရွက်
လျက်ရှိ
MPT သည် ဂျပန် နိုင်ငံ၏ ထိပ်တန်း ဆက်သွယ်ရေးလုပ်ငန်းဖြစ်သော KDDI ၊
ကမ္ဘာ့စီးပွားရေး လုပ်ငန်းစုကြီးဖြစ်သော Sumitomo တို့နှင့် မကြာသေးမီက
ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။ MPT သည် တယ်လီဖုန်း သုံးစွဲမှု
ပိုမိုတိုးမြှင့် ထိုးဖောက်နိုင်ရန် ထားရှိခဲ့သည့် ကတိက၀တ်အတိုင်း ၂၀၁၄
ခုနှစ်ကုန်အထိ SIM ကတ်ပေါင်း ( ၅ ) သန်းကျော်ကိုေ
|
Posted: 03 Sep 2014 08:00 PM PDT
သီရိလင်္ကာ
နိုင်ငံ ကိုလံဘိုမြို့အနီးက ဆေးရုံတစ်ရုံမှာ လူနာ အမျိုးသမီး တစ်ယောက်ကို
အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခဲ့တဲ့ ဆရာဝန်ကို တရားရုံးက သေဒဏ် ပေးလိုက်ပါတယ်။
ဒေါက်တာ Indika Balage ဟာ ဆေးရုံလာတက်တဲ့ အထည်ချုပ် စက်ရုံ အလုပ်သမ ဖြစ်သူ
၂၃ နှစ်အရွယ် Chamila Dissanayake ဆိုသူ အမျိုးသမီးကို လည်ပင်းညှစ်
သတ်ဖြတ်ပြီး ဆေးရုံရဲ့ ၆ လွှာ ပြတင်းပေါက်ကနေ ပစ်ချခဲ့တယ်လို့ ဆိုပါတယ်။
ဒီပြစ်မှုဟာ သီရိလင်္ကာ နိုင်ငံမှာ ၁၉၇၆ေ
|
Posted: 03 Sep 2014 07:56 PM PDT
ကမ္ဘာ့စီးပွားရေး
ညီလာခံအဖွဲ့ World Economic Forum က ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်လိုက်တဲ့
ကမ္ဘာ့စီးပွားရေး ယှဉ်ပြိုင်မှု အခြေပြအညွန်းကိန်းမှာ မြန်မာနိုင်ငံက အဆင့်
၁၃၄ အဆင့်မှာ ရောက်ရှိနေတယ်လို့ ဖော်ပြထားပါတယ်။
အရှေ့တောင်အာရှက အိမ်နီးချင်းနိုင်ငံတွေရဲ့ စီးပွားရေး အခြေအနေတွေကတော့
စင်္ကာပူက အဆင့် ၂၊ ထိုင်းနိုင်ငံက အဆင့် ၃၁၊ မလေးရှားက အဆင့် ၂၀၊
ဖိလစ်ပိုင်က အဆင့် ၆၈၊ အင်ဒိုနီးရှားနိုင်ငံက အဆင့် ၃၄၊ ဗီယက်နမ်က ၆၈၊
|
Posted: 03 Sep 2014 07:45 PM PDT
လူစုလူဝေး
ဆန္ဒပြပွဲတွေကို ထိန်းသိမ်းရေးနဲ့ ရဲတပ်ဖွဲ့ရဲ့ အနာဂတ်ရေးတွေအတွက် ဥရောပ
သမဂ္ဂ တာဝန်ရှိသူတွေနဲ့ ပြည်ထဲရေး ဝန်ကြီးဌာနက တာဝန်ရှိသူတွေ တနင်္လာနေ့က
တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။
လူအုပ်စု ထိန်းသိမ်းရေးနဲ့ လူထု အခြေပြု ရဲလုပ်ငန်းအတွက် ဥရောပ သမဂ္ဂက
တာဝန်ယူပြီး သင်တန်းပေးနေတာ တနှစ်ကျော်လာပြီ ဖြစ်ပြီး အဲဒီ ထဲမှာမှ
ရဲတပ်ဖွဲ့ရဲ့ အနာဂတ်အမြင်နဲ့ မီဒီယာတွေနဲ့ ပူးပေါင်း ဆောင်ရွက်မှု ဆိုတဲ့
အစိပ်အပိုင်းကို ဥရောပ
|
Posted: 03 Sep 2014 07:39 PM PDT
ရန်ကုန်ကားဝယ်ရောင်းဈေးကွက်မှာ
ယာဉ်အပ်နှံတဲ့စလစ်တန်ဖိုးက ၁ ရက်ကို ကျပ် ၁ သိန်းနှုန်းနဲ့ ၃ ရက်အတွင်းမှာ
ကျပ် ၄ သိန်းအထိ ကျဆင်းနေပြီး ကားဈေးတွေလည်း ကျဆင်းနေတယ်လို့
ရန်ကုန်တိုင်း လှိုင်မြို့နယ် ယာဉ်ရောင်းဝယ်ရောင်းစခန်းက ၀ယ်ရောင်း
လုပ်ကိုင်သူတွေက ပြောပါတယ်။
ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြား
|
Posted: 03 Sep 2014 07:32 PM PDT
ဒုတိယမြောက်
အမေရိကန်နိုင်ငံသား သတင်းထောက်တဦးကို ခေါင်းဖြတ်သတ် လိုက်တဲ့အတွက်
အမေရိကန်ပြည်ထောင်စုက ကြောက်လန့်သွားမှာ မဟုတ်ဘူးလို့ အမေရိကန်သမ္မတ Barack
Obama က ပြောဆိုလိုက်ပါတယ်။ အဲဒီလုပ်ရပ်အတွက် အရှက်ရစေရမယ်၊ နောက်ပြီး
အစ္စလာမ်မစ်နိုင်ငံတော်လို့ သူတို့ကိုယ်သူတို့ ခေါ်ကြ တဲ့ စစ်သွေးကြွတွေကို
ဖျက်ဆီးပစ်မယ်လို့ ပြောဆိုလိုက်ပါတယ်။
သတင်းထောက် Stephen Sotloff နဲ့ James Foley တို့ကို သတ်ဖြတ်သူတွေဟာ
|
Posted: 03 Sep 2014 07:27 PM PDT
အမေရိကန်
စာနယ်ဇင်းသမား Steven Sotloff ကို လည်လှီးသတ်ခဲ့တဲ့
အစ္စလာမ်မစ်နိုင်ငံ စစ်သွေးကြွတွေကို အပြစ်ပေးသွားမယ်လို့ အမေရိကန်
သမ္မတ အိုဘားမားက ပြောကြားခဲ့ပါတယ်။
ဒီဗီဒီယိုဖိုင်ကို အတည်ပြုချက် ရယူလိုက်ပြီး တဲ့နောက် မှာတော့ အခုလို
လုပ်ရပ် အတွက် အမေရိကန် တို့က မတုန်လှုပ်ဘူးလို့ သမ္မတ အိုဘားမားက
ပြောကြား လိုက်ပါတယ်။
ဆီးရီးယားမှာ လှုပ်ရှားနေတဲ့ IS စစ်သွေးကြွတွေကို ဘယ်လို
|
Posted: 03 Sep 2014 07:24 PM PDT
တိုင်းရင်းသားလူမျိုး
အများအပြားရှိတဲ့ မြန်မာနိုင်ငံမှာ ကောင်းမွန်တဲ့ စီးပွားရေး
ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ငြိမ်းချမ်းမှု လိုအပ်တယ်လို့ ဂျာမနီဝန်ကြီးချုပ်
Angela Merkel က ပြောကြားခဲ့ပါတယ်။ ငြိမ်းချမ်းစွာ
ဖွံ့ဖြိုးတိုးတက်ဖို့အတွက်ကလည်း လူနည်းစုတွေ တန်းတူညီမျှမှု
ရရှိနိုင်ဖို့နဲ့ သူတို့အပေါ် သည်းခံနိုင်ကြဖို့ လိုအပ်တယ်လို့
ဘာလင်မြို့တော်မှာ သမ္မတ ဦးသိန်းစိန်နဲ့ ပူးတွဲပြုလုပ်တဲ့
သတင်းစာရှင်းပွဲမှာ
|
Posted: 03 Sep 2014 07:12 PM PDT
အနောက်အာဖရိကဒေသမှာ
ပျံ့နှံ့ ဖြစ်ပွားနေတဲ့ အီဘိုလာ ရောဂါကြောင့် အခုအခါ လူ တထောင့်ကိုးရာ
ကျော်လောက် သေဆုံးခဲ့ပြီးပြီလို့ သိရကြောင်း WHO ကမ္ဘာ့ ကျန်းမာရေး အဖွဲ့
အကြီးအကဲ Margaret Chan က ပြောပါတယ်။
သေဆုံးမှု စုစုပေါင်းရဲ့ ၄၀ ရာခိုင်နှုန်းဟာ ပြီးခဲ့တဲ့ သီတင်း ၃ပတ်အတွင်း
ဖြစ်ပွားခဲ့တာလို့ WHO က ပြောပါတယ်။
အီဘိုလာ ရောဂါ ဖြစ်ကောင်း ဖြစ်နိုင်တဲ့ ဒါမှမဟုတ် အီဘိုလာ လို့
အတည်ပြုထားတဲ့ ရောဂါ ဖြစ်မှုပေါင်း
|
Posted: 03 Sep 2014 07:09 PM PDT
ယူကရိန်းနိုင်ငံမှာ
ရုရှားရဲ့ စစ်ရေး ပါဝင်ပတ်သက်မှုတွေကြောင့် ဥရောပရဲ့အခြေခံ လုံခြုံရေးကို
ထိခိုက်စေတယ် ဆိုပြီး ပြင်သစ်အစိုးရက ရုရှားကို ရောင်းဖို့ သဘောတူထားတဲ့
မစ်စထရယ် တိုက်ခိုက်ရေးရေယာဉ်အမျိုးအစား စစ်သင်္ဘာ နှစ်စင်းထဲက ပထမ တစင်း
ပေးပို့မှာကို ဆိုင်းငံ့ထားလိုက်ပါတယ်။
ပြင်သစ်က ဒီရဟတ်ယာဉ်တင် စစ်သင်္ဘာ နှစ်စင်းကို တစ် ဒဿမ ခြောက် ဘီလျံ ဒေါ်လာနဲ့
ရောင်းဖို့ ရုရှားတို့နဲ့ သဘောတူထားခဲ့တာဖြစ်ပြီး ပထမတစင်းကို
|
Posted: 03 Sep 2014 07:18 PM PDT
နယ်စပ်ဒေသတွေမှာ
ကုန်သွယ်မှုလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်လာစေဖို့ နယ်စပ် ကုန်သွယ်ရေး
စခန်းသစ် ၃ ခုကို ထပ်မံ တိုးချဲ့ဖွင့်လှစ်သွားဖို့ စီစဉ်နေတဲ့အကြောင်း
စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရဲ့
အကြံပေးအရာရှိက ဒီဗွီဘီကို ပြောပါတယ်။
အသစ်ထပ်မံဖွင့်လှစ်ဖို့ စီစဉ်ထားရှိတဲ့ နယ်စပ်စခန်းတွေကတော့ ကယားပြည်နယ်က
ထီးနယ်စပ်စခန်းနဲ့ တနင်္သာရီတိုင်းက မောတောင်နယ်စပ်စခန်းတို့ဖြစ်ပြီ
|
Posted: 03 Sep 2014 07:20 PM PDT
ဆော်ဒီအာရေဗျအစိုးရက
သူနိုင်ငံသား တဝက်ကျော်ပါတဲ့ လူ ၈၈ ယောက်ကို ပြည်တွင်းနဲ့ ပြည်ပ
အကြမ်းဖက်တိုက်ခိုက်မှုတွေကို ကြံစည်လုပ်ဆောင်မှု သံသယနဲ့
ဖမ်းလိုက်တယ်လို့ စက်တင်ဘာ ၂ ရက်နေ့က ပြည်ထဲရေးဝန်ကြီးဌာနပြောခွင့်ရ
ဗိုလ်ချုပ်ကြီး မန်ဆူးလ်တာကီက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
တချို့သံသယရှိသူ တွေကတော့ ဆီးရီးယားနဲ့ အီရတ်မှာ နယ်မြေ သိမ်းပိုက်ထားတဲ့
အစ္စလာမ်မစ်ပြည်ထောင်စုအုပ်စု၊ ဆီးရီးယားနိုင်ငံက
|
0 comments:
Post a Comment