ကံကိုပြင်လိုက်ပါ….
သီဟိုဠ် ရာဇ၀င်မှာ ၀သဘမင်းဆိုတာရှိခဲ့ဖူးပါတယ်..။
မင်းမဖြစ်ခင် သာမန်လူတစ်ယောက်ဘ၀မှာတုန်းက ဦးရီးတော် စစ်သူကြီးဆီမှာ နေရပါတယ်..။
ဒီလိုနဲ့  တစ်နေ့ မှာ ဟူးရားပညာရှိတွေက...".. ၀သဘအမည်ရှိတဲ့ သူဟာ မင်းဖြစ်လိမ့်မယ်...".....လို့  ဟောပြောလာကြပါတယ်....။ ဒီစကားကြားရတော့ လက်ရှိမင်းလုပ်နေတဲ့ ယသဠာလကမင်းက..."...သီဟိုဠ်ကျွန်းမှာ ၀သဘ အမည်ရှိတဲ့ သူအားလုံးကို သတ်စေ...".....လို့  မိန့် ပါတယ်..။
ဒီတော့ စစ်သူကြီးက သူ့ ဆီမှာ နေတဲ့ ၀သဘကို မင်းဆီအပ်ဖို့  မယားကို ပြောပါတယ်.။ ရာထူးတိုးချင်တာလည်း ပါမှာပါ..။ နံနက်စောစောရောက်တော့ စစ်သူကြီးက ၀သဘကိုခေါ်ပြီး နန်းတော်ကိုထွက်ခဲ့ပါတယ်.။
ဝသဘကို သတ်ဖို့ ခေါ်သွားပြီဆိုတာသိတဲ့ စစ်သူကြီးရဲ့  မယားက ကွမ်းအလွန်ကြိုက်တဲ့ စစ်သူကြီး အတွက် ထုံးမပါတဲ့ ကွမ်းကို ထည့်ပေးလိုက်ပါတယ်..။
စစ်သူကြီးက နန်းတံခါးဝကိုရောက်လို့ ကွမ်းစားမယ်လည်းလုပ်ရော ထုံးမပါတာ တွေ့ တာနဲ့  ၀သဘကို အိမ်ပြန် ထုံးယူစေပါတယ်..။
ဝသဘ အိမ်ရောက်တော့ စစ်သူကြီးရဲ့  မယားက သူကြံစည်တဲ့အတိုင်းဖြစ်လို့  ၀မ်းသာအားရနဲ့ ……
..." ၀သဘ…သင့်ဦးကြီးက သင့်ကို မင်းကြီးဆီ အပ်ပြီး သတ်မှာ ….ရော့ အသပြာ တစ်ထောင်ယူပြီး ပြေးပေတော့….".....
ဆိုပြီး ပြေးခိုင်းလိုက်ပါတယ်..။
ဝသဘလည်း မင်းနဲ့  ဝေးတဲ့ ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ..ပုန်းနေပါတယ်..။
ဒီလိုနဲ့  တစ်နေ့ မှာ ပညာရှိလူနူတစ်ယောက်က ၀သဘရဲ့  ဇာတာကိုကြည့်ပြီး "…သင်မင်းဖြစ်လိမ့်မယ်လို့  .".....ဟောလိုက်ပါတယ်..။
ဒီစကားကြားရတော့ ၀မ်းသာအားရနဲ့  ….သတ္တိရှိတဲ့ ယောက်ျားတွေကို စုရုံးပါတယ်..။
အတော်အတန်စုမိတော့ …မုန့် သည်မသား မုန့် အနားက စ၍စားရသည်….ဆိုတဲ့ ရှေးထုံးကို နှလုံးမူပြီး မြို့ စွန်ရွာစွန်ကစပြီး သိမ်းပါတယ်..။..နောက်ဆုံး ၀သဘ မင်းဖြစ်သွားပါတယ်..။
ဝသဘ မင်းဖြစ်လာတော့ ဟူးရား ပညာရှိတွေကို ဆိတ်ကွယ်ရာခေါ်ပြီး သူဘယ်နှစ်နှစ် မင်းပြုရမလဲဆိုတာ တွက်ခိုင်းပါတယ်..။
ဟူးရားတွေက တွက်ချက်ပြီး ...."...(၁၂) နှစ်မင်းပြုရမယ်.."...လို့  ဟောလိုက်ပါတယ်.။
ဝသဘက ဟူးရားပညာရှိတွေကို အသပြာတစ်ထောင်ပေးပြီး ဒီအကြောင်းဘယ်သူ့ ကိုမှ မပြောနဲ့ ..... လို့ မှာလိုက်ပါတယ်.။
ဒီ့နောက် ရဟန်းသံဃာတွေဆီ ကပ်ပြီး
...."....အရှင်ဘုရားတို့  ….မင်းသက်ရှည်ရာရှည်ကြောင်း.ကုသိုလ်ကောင်းမှု မရှိဘူးလားဘုရား…."....လို့  လျှောက်ပါတယ်..။
ဒီတော့ သံဃာတွေက ….
..."....၀သဘမင်းမြတ်….ရေစစ်လှူပါ..။ နာမကျန်းဖြစ်နေတဲ့ ရဟန်းတွေကို ဆေးလှူပါ…။ ဟောင်းနွမ်းဆွေးမြေ့ နေတဲ့  ကျောင်းဟောင်း စေတီဟောင်းတွေကို ပြုပြင်ပါ..။ ငါးပါးသီလကိ နေ့ စဉ်စောင့်ထိန်းပါ..။ ရှစ်ရက် ဥပုသ်..ဆယ့်ငါးရက် ဥပုသ်နေ့ တွေမှာ ရှစ်ပါးသီလ ကိုးပါးသီလကို စောင့်ထိန်းပါ..။ ဒါဆို မင်းသက် ရှည်လိမ့်မယ်...".....
လို့  ….မိန့် တော်မူကြပါတယ်..။
ဝသဘမင်းလည်း ရဟန်းသံဃာတော်တွေ လမ်းညွှန်တဲ့ အတိုင်းပြုပါတယ်..။
လိုရင်းပြောရရင် ၀သဘမင်းဟာ (၄၄)နှစ် နန်းစံခဲ့ရပါတယ်..။
ဝသဘမင်းဟာ အတိတ်ကံကြောင့် (၁၂)နှစ်ပဲ နန်းစံရမှာပါ..။ ဒါပေမယ့် အတိတ်ကံကို ပစ္စုပ္ပာန်ကံနဲ့  ပြုပြင်လိုက်တော့ (၄၄)နှစ် တောင် နန်းစံခဲ့ရပါတယ်..။
ဝသဘမင်းပြုခဲ့တဲ့ ကုသိုလ် (၆)မျိုးက အသက်ရှည်ကြောင်း ကုသိုလ် (၆)မျိုးပါ..။ ၀သဘမင်းက သူနဲ့  အသုံးတည့်မယ့် သက်ရှည်ကြောင်းကုသိုလ်တွေကို ရွေးပြီး ပြုပြင်သွားတာပါ..။ လူမှုရေး….စီးပွားရေး….ကျန်းမာရေး….ပညာရေး…နိုင်ငံခြားခရီး….စတာတွေနဲ့  ကံဆိုးနေမယ်..။ ကြိုက်သလောက် ဆိုးနေပါစေ..။ ၀သဘမင်းဝတ္ထုကို အာရုံပြုပြီး ဆိုးနေတဲ့ ကံကို စိတ်ကြိုက် ပြုပြင်ယူလို့ ရတယ် ဆိုတဲ့  အသိလေးကို အာရုံပြုပစ်လိုက်စမ်းပါ..။
ရဝေနွယ်( အင်းမ) ၏ အတွေးများနှင့် မိတ်ဖွဲ့ ခြင်း…..မှ…..
0 comments:
Post a Comment