Monday, September 1, 2014

ဖခင်ဖြစ်လာတဲ့ လူငယ်လေးတစ်ဦးရဲ. ကြံရာမရသဖြင့် လုယက်မှုကျူးလွန်မတတ် ဖြစ်ခဲ့ရသူမိသားစုလေးရဲ.နောက်ဆက်တွဲ သတင်းလေး


(၂၉-၈-၂၀၁၄)နေ့ ည ၈ နာရီအချိန်တွင်ဖြစ်ပွားခဲ့သော ငမိုးရိပ်ရပ်ကွက် ရွှေရည်လမ်းမ
ကြီးပေါ်၌ လမ်းလျှောက်လာသူ အမျိုးသမီးနှစ်ဦးဆီမှလူငယ်တစ်ဦး ပိုက်ဆံအိတ်လု၍ ထွက်ပြေး သွားခဲ့သည်။ အနောက်မှသူခိုး သူခိုးဟုအော်ဟစ်အကူအညီတောင်းခံရာ လမ်းအတွင်းမှ လူငယ်နှစ်ဦး ဝိုင်းဝန်းထိုးကြိတ် ဖမ်းဆီးခဲ့ကြသည်။


လူငယ်လေး၏ အမည်မှာ ကိုဖိုးလုံးအသက် (၁၉) နှစ် ဇနှီးဖြစ်သူ မဇင်မာထွေး
အသက် (၁၇) နှစ် တောင်ဒဂုံမြို့နယ် ၂၀ ရပ်ကွက် ထူးကြီးလမ်းတွင် နေထိုင်ပြီး
အိမ်ထောင်သက် ၉ လခန့် သာရှိသည်။ ဖိုးလုံး၏ အလုပ်အကိုင်မှာ စည်ပင်လမ်း
တံတား ဗိုလ်တထောင်မြို့နယ်တွင်ပန်းရံအလုပ် လုပ်ကိုင် အသက်မွေးဝမ်းကြောင်း
ပြုသည်။

ဇနှီးဖြစ်သူမီးဖွားမည့်အတွက် အလုပ်မှတပတ်ခန့် အနားယူခဲ့ပြီး ဆေးရုံတွင်ဇနှီးနှင့်
အတူရှိနေခဲ့သည်။ဖြစ်စဉ်နေ့ တွင်ဆေးဝယ်ရန် တာဝန်ရှိဆရာမ မှ ဆေးစာရေးပေး
ခဲ့ပါတယ်။ဆေးစာအားယူဆောင်၍ ဖိုးလုံးတစ်ယောက် စိတ်အားငယ်ခဲ့ရသည်။
ဘာလုပ်၍ဘာကိုင်ရမှန်မသိခဲ့ပါ။သိုနှင့် ဆေးစာကိုင်၍ထွက်မည့်ထွက်ရာ လျှောက်လာ
ခဲ့၏။မိုးလေးက တဖွဲဖွဲရွာနေပြီး လမ်းသွားလမ်းလာ အနည်းငယ် ရှင်းနေသည်။
ထိုစဉ် အမျိုးသမီးနှစ်ဦးစကားပြော၍ လမ်းလျှောက်လာသည်ကိုမြင်လိုက်ရပြီး
လက်တွင် ပိုက်ဆံအိတ်အား အမှတ်မထင် တွေ့မြင်လိုက်ရသည်။ချီတုန်ချတုန်
အတွေးများဖြင့် ကြောက်ရွံ့နေစဉ် သမီးလေး၏ မျက်နှာအား ပြန်ပြေးမြင်မိ၏။
နောက်ဆုံးကြံရာမရ ဖြစ်ကာ ထိုအမျိုးသမီးလက်မှ ပိုက်ဆံအိတ်အား လုယူ
ထွက်ပြေးခဲ့လေသည်။ဖမ်းမိစဉ်ကြောက်ရွံ့တုန်လှုပ်နေမိပါသည်။အကယ်၍များ
ဖမ်းဆီးခံရမည်ဆိုလျှင်ဇနှီးနှင့်သမီးလေးဘယ်သို့ ဘယ်ပုံများဆက်လက် ဖြစ်
လာမည်ကို တွေးရင်းဝိုင်းထားသော လူများအား လက်အုပ်ချီကတော့၍ ဖြစ်စဉ်
အား ပြောပြမိခဲ့သည်။


အဖမ်းခံရသူ ထိုလူငယ်မှ လက်အုပ်ချီ၍တောင်းပန်စကားပြောကြားခဲ့သည်။ထိုလူငယ်
မှ တုန်လှုပ်ခြောက်ခြားနေသည်ကို သတိထားမိကြသည်။လမ်းမိသားစုမှ စံပြဆေးရုံသို့  လိုက်ပါသွားခဲ့ပြီး ဖြစ်စဉ်အမှန်ကို သိရှိလာခဲ့ရသည်။လူငယ်လေး၏ ဖခင်စိတ်ထားရှိပုံ
ကို လွန်စွာမှ လေးစားခဲ့ပါသည်။မိမိတတ်နိုင်သောအဝတ်အစားများ လမ်းမှစုပေါင်း
ပေးလှူကြသော ငွေကျပ်၆၀၀၀၀အား ဆေးရုံတွင် မီးဖွားနေသောထိုလူငယ်လေး၏
ဇနှီးဖြစ်သူ အား ကိုယ်ထိလက်ရောက်ပေးအပ်လှူဒါန်းခဲ့သည်။
(၃၀-၈-၂၀၁၄) နေ.တွင် ထိုလူငယ်လေးမိသားစုမှာ စံပြဆေးရုံမှ ဆင်းသွားကြသဖြင့်
သူတို.နေထိုင်ရာ တောင်ဒဂုံမြို့နယ် ၂၀ ရပ်ကွက် ထူးကြီးလမ်းသို. လိုက်လံရှာဖွေခဲ့ပြီး
အမှန်တကယ် ဆင်းရဲကျပ်တည်းနေကြသည့် လူငယ်မိသားစုလေး(၃)ဦးအား တာမွေ
မြို့နယ်မှ စေတနာရှင် Romeo Ted မိတ်ဆွေနှင့်မိသားစုဝင်များ ထပ်မံ၍ သွားရောက်
လှူဒါန်းခဲ့ကြပါသည်။
အသက်(၁၉)နှစ် နှင့် အသက် (၁၇) နှစ်အရွယ် ကိုဖိုးလုံး + မဇင်မာထွေး တို.မိသားစု
လေးလို ဘ၀မျိုးတွေအတွက် အနာဂတ်ကာလမှာ တိုင်းပြည်ရဲ.အလုပ်အကိုင်အခွင့်
အလန်းတွေ အမြန်ဆုံးပေါ်ပေါက်ပြီး ဘယ်တော့များမှ ငြိမ်းချမ်းတဲ့မြန်မာ့လူ.အဖွဲ.အစည်း
ဖြစ်လာလေမလဲလို. ဆုတောင်းမိနေရင်း

သတင်းဓါတ်ပုံ- ကိုမင်း

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...