Wednesday, September 3, 2014

တစ်ဖက်သားကို အရမ်းအထင်သေးမထားနှင့်


(၁၀) နှစ်အရွယ် ကောင်လေးတစ်ယောက် ဟိုတယ်ကော်ဖီခန်းထဲ ၀င်ကာ
စားပွဲတစ်လုံးမှာ ထိုင်သည်။
စားပွဲထိုးအမျိုးသမီး တစ်ယောက် သူ့ရှေ့ရောက်လာကာ ရေတစ်ခွက် ချပေးပြီးနောက်
သူဘာမှာမလဲ စောင့်ဆိုင်းနေသည်။
“အိုက်စ်ကရင်ဆန်းဒေးတစ်ခွက် ဘယ်လောက်လဲခင်ဗျ။”
“ဆင့် ၅၀ ပါ” စားပွဲထိုးက ဖြေသည်။

ကောင်လေးက သူ့ အိတ်ထဲမှ အကြွေစေ့တွေ နှိုက်ထုတ်ကာ ရေတွက်သည်။ပြီးတော့၊
“အိုက်စ်ကရင် ရိုးရိုးတစ်ခွက် ဆိုရင်ကောဗျာ” ဟု မေးသည်။
ထိုင်စရာနေရာမရသေးသည့်ဧည်သည်တစ်ချိုလည်းရှိနေတော့ စားပွဲထိုး အမျိုးသမီး သိပ်စိတ်မရှည်ချင်။
“၃၅ ဆင့်” သူမက တိုတိုပြတ်ပြတ် ဖြေသည်။
ကောင်လေးက သူ့ ပိုက်ဆံပြားတွေ ရေတွတ်ပြန်သည်။ ထိုနောက် “အိုက်စ်ကရင် ရိုးရိုးတစ်ခွက်ပဲ ပေးပါ ခင်ဗျာ” ဟု ဆိုသည်။
အမျိုးသမီးက အိုက်စ်ကရင် ယူလာသည်။ ဘီလ်စာရွက်ကိုပါ တစ်ပါတည်း စာပွဲပေါ် တင်ပေးခဲ့ပြီး လှည့်ထွက်သွားသည်။
ကောင်လေးက အိုက်စ်ကရင်ကို စားပြီးနောက် ကောင်တာမှာ ငွေသွားရှင်းသည်။ ပြီး ထွက်ခွာသွားသည်။
စားပွဲထိုးအမျိုးသမီး ကောင်လေးထိုင်သည့် စားပွဲဆီ ပြန်လာပြီး ခုံကို သုတ်သည့်အခါ မြင်လိုက်ရသောအရာကြောင့် သူမရင်ထဲ လှိုက်ခနဲဖြစ်သွားသည်။ ကောင်လေး စားသွားသည့် အိုက်စ်ကရင်ခွက် နံဘေးတွင်
ငါးဆင့်စေ့ ၂ စေ့နှင့် တစ်ဆင့်စေ့ ၅ စေ့ ညီညီညာညာလေး ပုံပြီး ထားခဲ့သည်။
သူမအတွက် tips ပေးထားခဲ့ခြင်းပင်။
(ဖေမြင့်)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...