Sunday, September 14, 2014

တ်ာဂေါ်လီ နောက်ဆက်တွဲ - ဒဲ့ဒိုး (တောင်ငူ)


Submitted by Zay Thu on



ဂျာနယ်တစ်ခုမှာ တောဂေါ်လီ ခရိုနီ ဖတ်လိုက်ရတော့ နာမည်ပေးပုံလေးကို တော်တော် သဘောကျတယ်။ ဟုတ်တယ် ခရိုနီ တော်တော်များများ မြို့ကြီးသားတွေဗျ။ တောဂေါ်လီ ခရိုနီက တောင်ငူမှာနေပြီး တောင်ငူ မှာ ကျောင်းတက်၊ တောင်ငူမှာ ကြီးတာ။ သူ့ဇာတိအမှန်က ကျွဲပွဲမြို့ ငါးစီးလှောင်သားဗျ။ ဒါကြောင့် တောဂေါ်လီခရိုနီဆိုတဲ့ နာမည် သိပ်လိုက်တာ။

တောဂေါ်လီက အမှတ်(၁) အထက်တန်းကျောင်းမှာ နေကတည်းက ကျောင်းကဆရာ၊ ဆရာမတွေကို အလိုက်သိတတ်လိုက်ပုံက ဆရာမစားပွဲပေါ်မှာ ပန်းမညှိုးစေရဘူး။ ဆရာ၊ ဆရာမတွေ ဘာလိုလဲ အဆင်သင့်ပဲ။ ဒါကြောင့် အတန်းမှာ အတန်းခေါင်းဆောင်ပေါ့။ ဒါပေမဲ့ ငယ်ငယ်ကတည်းက ၀ါသနာပါတာ တစ်ခုရှိတယ်။ သွားတဲ့နေရာတိုင်းမှာ မုန့်သွားစားတိုင်း မိန်းကလေး ငါးယောက်လောက် အမြဲပါတယ်။ အဲဒီဝါသနာက ကြီးလာတဲ့ ယခုအချိန်အထိပါပဲ။ တောဂေါ်လီက ၈-၈-၈၈မှာ သပိတ် ခေါင်းဆောင်ဗျ။ ရဲရဲတောက်ပေါ့ဗျာ။ ဒါပေမဲ့ ၁၈-၉-၈၈ အာဏာလည်း သိမ်းရော အဲဒီ တောဂေါ်လီ ဘယ်နားရောက်သွားမှန်း မသိဘူး။ ကျွန်တော်တို့တွေပဲ ကျန်ခဲ့တာ။ စစ်တပ်က သေနတ်နဲ့ ပစ်တော့လည်း မထိဘူး။ ကျွန်တော်တို့ သေနတ်တွေမှန်၊ ဆေးရုံတက်တော့ လာကြည့်ဖော်တောင် မရဘူး။ ဒါပေမဲ့ အခွင့်အရေးတော့ ယူတတ်တယ်ဗျ။ ကျောင်းသားတွေ၊ နိုင်ငံရေးသမားတွေ ထောင်ထဲေ ရာက်နေတဲ့ အချိန် တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အေးသောင်ကို ကျွန်တော်တို့ ကျောင်းသားတွေ နိုင်ငံရေး မလုပ်ဘူး။ စီးပွားရေးပဲ လုပ်မယ်ဆိုပြီး သစ်ကွင်း တောင်းတော့တာပဲ။ ယခု (MR Coffee)ဆိုင်က အိမ်ကိုပေါင်ပြီး လုပ်တော့တာပဲ။ ကျောင်းသားတွေ၊ နိုင်ငံရေးသမားတွေ ထောင်ဆုတွေ ပိုက်နေချိန်မှာတော့ သူက သောင်းဆုပိုက်နေပြီ။ နောက်ပြီး ရန်ကင်းမှာ တိုက်ခန်းလေးငှားပြီး အဲဒီအချိန်သမနဲ့ ပေါင်းနေပြီလေ။ ရန်ကင်းတိုက်ခန်းမှာ ကောင်မလေးတွေ ခေါ်ပေးပြီး လူကြီးတွေနဲ့ လွှတ်ပေးတာလေ။ လူကြီးတွေက သိပ်ပိုင်တာ။ နောက်သုဝဏ္ဏမှာ အိမ်ဝယ်လူကြီး မွေးမြူရေးတွေ လုပ်တော့တာပဲ။ ၃နေရာလောက်မှာ အိမ်ဆောက်တော့ သူနဲ့အိမ်နီးချင်းက ယခင် ၀န်ကြီးချုပ် ယခု သမ္မတနှင့် အိမ်နီးချင်းတွေ။ အဲဒီကတည်းက ၀န်ကြီးချုပ်နားက မခွာတော့ဘူး။ ယခုသမ္မတဖြစ်တော့ သမ္မတကို အကြံတွေပေး၊ အဲလေ စီးပွားရေး အကြံပေး၊ အဲဒီမှာ ပိုင်လိုက်ပုံက မြေကွက်တွေကို လယ်သမားတွေဆီက မလှိမ့်တစ်ပတ် ၀ယ်ပြီး ၀ယ်ပြီးသား အကွက်တွေ နေရာမှာ စက်မှုဇုန်ဆောက်ဖို့ အကြံပေး တော့တာပဲ။ သမ္မတရဲ့ ရိုးသားမှုကို အခွင့်အရေးယူပြီး လုပ်တော့တာပဲ။ ဒါပေမဲ့ လောဘကြီးပုံက သမ္မတကြီးနားရင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရင် ကပ်လို့လွယ်အောင် လှေနံနှစ်ဖက်နင်းတော့တာပေါ့။ သူ့ရဲ့လူယုံ တပည့်ရင်း တစ်ယောက်ကို တောင်ငူမြို့နယ် NLDမှာ အမြန်ဝင်ခိုင်းတယ်။ သူ့လူက လွှတ်တော် ကိုယ်စားလှယ်ဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ကို အလွယ်တကူ ကပ်လို့ရအောင် အဲဒီမှာ ငွေဆိုတဲ့ လက်နက်အားကိုးနဲ့ အလုပ်အမှုဆောင် အချို့ကို စည်းရုံးပြီး ဆိုင်ကယ်ဝယ်ပေး၊ ဖုန်းဝယ်ပေးနဲ့ အမှုဆောင် ၁၉ယောက်မှာ ၁၂ ယောက်လောက်က ခရိုနီ တပည့်ရဲ့ အပေါင်းအပါတွေ ဖြစ်ကုန်တာပဲ။
ပါတီထဲမှာ လယ်သိမ်းယာသိမ်းကိစ္စတွေ ပြောရင် တောဂေါ်လီသိမ်းတဲ့ လယ်ယာမြေ ကိစ္စဆိုရင် မသိကျိုးကျွံ ပြုကုန်ကြပြီ။ တောဂေါ်လီသိမ်းထားတဲ့ နဂါးမောက်က လယ်ဧက ၂၄၀၀မှာ လယ်ဧက ၂၈၀လောက်ပဲ လျော်ကြေး အဖြစ် စာရွက်မပါရင် ၅၀၀၀၀၊ စာရွက်ပါရင် ၁၀၀၀၀၀ပဲရတယ်။ လယ်သမားတွေနဲ့ ညှိပေးတဲ့ ကိုယ်စားလှယ်က ပါဂျဲရိုးတစ်စီး ခိုင်သွားတယ်လေ။ အဲဒီကိစ္စတွေ တောင်ငူမြို့နယ် NLDမှာ ပြောရင် မသိချင်ယောင် ဆောင်နေကြတယ်။ တောဂေါ်လီက ပိုင်တယ်။ တောင်ငူမြို့ ကန်တော်ကြီးဘေးမှာ ဟိုတယ်ဆောက်တော့ လူကြီးတစ်ယောက် ယခုဝန်ကြီး ဖြစ်နေတဲ့ လူကို လေရှယ်ယာ ထည့်ပေးထားတယ်။
မြန်မာပြည်က လူကြီးအတော်များများ သမ္မတကအစ သူ့ဟိုတယ်မှာ တည်းဖူးတယ်။ နောက်သိပ်မကြာဘူး။ ကန်တော်ကြီး တစ်ခုလုံးကို ခြံစည်းရိုးခတ်ပြီး သိမ်းတော့တာပဲ။ အများပိုင် တောင်ငူပြည်သူတွေ ပိုင်တဲ့ ကန်တော်ကြီး သူ့လက်အောက် ရောက်တော့တာပဲ။ နာရေးကားတွေဆိုလည်း ကန်တော်ကြီးက မဖြတ်ရတော့ဘူး။ ကျွန်းတောကုန်းကင်းဆိပ်ကို ပတ်ပြီး သွားရတယ်။ နာရေးကားတွေက အမင်္ဂလာ၊ ကျက်သရေမရှိဘူး ဆိုပြီးတော့ ဖြတ်ခွင့်မပြုတော့ဘူး။
အာဏာပိုင် အဖွဲ့အစည်းတွေက သမ္မတနားက လူဆိုတော့ ဥပဒေ အမိန့်တွေကို တောဂေါ်လီ သဘောကျ အမိန့်ထုတ်ရတယ်။ သူကတော့ အို၊နာ၊သေ မဖြစ်တော့ဘူးလား။ တောင်ငူပြည်တော်သာ တိုက်ကိုလည်း မြို့ပြင်က လယ်တစ်ဧက ၅သိန်းနဲ့ ၀ယ်ထားတဲ့ နေရာမှာ မြို့ပြင်ကိုထုတ်ပြီး ပြည်တော်သာတိုက်ကို သိမ်းပြီး ဟိုက်ပါမားကတ် ဆောက်မလို့တဲ့။ အဲဒီပြည်တော်သာ တိုက်က ယခုတန်ဖိုးနဲ့ သိန်းပေါင်း တစ်သိန်းကျော်လောက် တန်တယ်။ အဲဒီမှာ ၀န်ထမ်းပေါင်း ၁၀၀၀ကျော် နေထိုင်တဲ့ နေရာလေးပါ။ အဲဒီအစီအစဉ်ကို မကြာခင် စတော့မှာပါ။ သေနတ်တစ်ချက် မဖောက်ဘဲ တောင်ငူမြို့ကို သိမ်းတော့မယ်။
ပဲခူးတိုင်း ၀န်ကြီးချုပ်ကလည်း တောင်ငူမြို့ကို မပိုင်ဘူး။ တောဂေါ်လီက ပိုင်တာ။ သမ္မတဘေး မှာနေတော့ ဘယ်သူမှ မပြောဝံ့ကြဘူး။ သူကြီးကို မကြောက်ရဘူး။ သူကြီးဘေးက သေနတ်ခင်းထားတဲ့ လူကို ကြောက်နေရတယ်။ တောဂေါ်လီက ဘယ်လောက်ပိုင်သလဲဆိုရင် တောင်ငူမြို့နယ် ၀န်းကျင်က လယ်မှန်သမျှ ၀ယ်တော့တာပဲ။ ၀ယ်ပုံက တောင်ငူမြို့နယ် NLDက နံပါတ်(၃) အဆင့်ရှိတဲ့ သူ့တပည့်ကို တစ်ဧကကို သိန်း၂၀ပေးတယ်။ သူ့တပည့်က ၁၀သိန်း စားပြီး နံပါတ်(၂)ရှိတဲ့ လူနဲ့အဖွဲ့ကို ၁၀သိန်းပေးတယ်။ နံပါတ်(၂)နဲ့ အဖွဲ့က NLD၀တ်စုံတွေဝတ်၊ NLD ရင်ထိုးတွေ ထိုးပြီး လယ်တွေ လိုက်ဝယ်တော့တာပဲ။ လယ်သမားတွေကလည်း NLDကို ချစ်တော့ လယ်တစ်ဧကကို ၈သိန်း၊ တချို့ ၈သိန်းခွဲနဲ့ ရောင်းတယ်။ လယ်တွေ ၀ယ်လိုက်တာ လယ်ဧက သောင်းကျော်ရှိနေပြီ။
ပြီးမှ သမ္မတကြီးကို ဒီနေရာမှာ စက်မှုဇုန်ဆောက်ရင် ကောင်းတယ်ဆိုပြီး အကြံတွေ ပေးတော့တာပဲ။ ကျွန်းကုန်းမှာ စက်မှုဇုန် ဆောက်မယ်။ လယ်ဧက ၆၄၀၀မှာ ဆောက်မယ်လို့ ကြေညာပြီးသွားပြီ။ လယ်တွေကို မသိမ်းဘူး။ တန်ရာတန်ကြေးပေးပြီး ၀ယ်တာပါလို့ တောဂေါ်လီခရိုနီက ပြောသွားတယ်။ ပြန်တွက်ကြည့်ပါ။ စက်မှုဇုန်ဖြစ်သွားရင် လယ်တစ်ဧကကို သိန်း၁၀၀၀လောက် ဖြစ်သွားပြီ။ လယ်သမားတွေ ရထားတာက တစ်ဧကကို ၈သိန်းရပြီး တောဂေါ်လီက တစ်ဧက သိန်း ၁၀၀၀တောင် အဆပေါင်း ၁၂၀ လောက်ကွာတယ်။ ဆင်းရဲသား ပပျောက်ရေး ဘယ်မှာဖြစ်တော့မှာလဲ။
တောဂေါ်လီက တစ်ဧက သိန်း၁၀၀၀၊ တောင်သူလယ်သမားက ၈သိန်း၊ ဒါတောင် တန်ရာတန်ကြေး ၀ယ်တာပါလို့ ပြောသေးတယ်။ လယ်သမားတွေ ဘ၀က နင်းပြားဘ၀ပဲပေါ့။ သမ္မတကြီး ဘေးမှာနေပြီး သိန်း၁၀၀၀။ သူပြရင် လယ်တစ်ဧကဖိုးပဲရှိတယ်။ ခရိုနီနဲ့ အပေါင်းပါတွေက လယ်ဝယ်ထားတာ။ တောင်ငူမြို့ ၀န်းကျင်က လယ်တွေ ကုန်သလောက် ရှိသွားပြီ။ တောဂေါ်လီက သူချမ်းသာဖို့ဆိုရင် သမ္မတကြီးကို အသုံးချရမလား၊ NLDကို အသုံးချရမလား။ ဘယ်သူသေသေ ငတေမာရင် ပြီးတာပဲလို့တောင် ဆိုရမယ်။
ဟိုတလောက ဒေါ်အောင်ဆန်းစုကြည် တောင်ငူမြို့ရောက်တုန်း သူ့ဟိုတယ်မှာ မတည်းလို့ တောဂေါ်လီနဲ့ အပေါင်းအပါ တချို့က ပြဿနာရှာကြသေးတယ်။ မိန်းမရှုပ်တဲ့ နေရာမှာ မင်းသမီး လေးယောက်လောက်ကို စပွန်ဆာ ပေးထားတာက တစ်ယောက်ကို သိန်းတစ်သောင်းလောက် ရှိတယ်။ တက်သစ်စ အကယ်ဒမီ မင်းသမီး တစ်ယောက်တောင် လိုက်ကပ်နေသေးတယ်။ တောဂေါ်လီက လှေနံနှစ်ဖက်တင် မဟုတ်ဘူး။ သုံးဖက်လောက် နင်းထားတာ။ သမ္မတကို ဦးသိန်းစိန် ဖြစ်ဖြစ် ဒေါ်အောင်ဆန်းစုကြည် ဖြစ်ဖြစ် ဦးရွှေမန်းဖြစ်ဖြစ် ဘယ်သူသမ္မတ ဖြစ်ဖြစ် အကုန်အကွက် ရွှေ့ပြီးပြီ။

ဒဲ့ဒိုး (တောင်ငူ)
http://tomorrow.com.mm/?q=articles%2F925 မှ ...

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...