Thursday, September 4, 2014

ဝတို့လက်ထဲ ၀ကွက်အပ်လိုက်ပြီလား

ပြီးခဲ့တဲ့အပတ်က ရန်ကုန် တိုင်းဒေသကြီး လွှတ်တော်မှာ တင်လိုက်တဲ့ သတင်းတစ်ခု
က ပြည်သူတွေ အားလုံးကို ဟာကနဲ ဖြစ်သွားစေပါတယ်။ ပြည်သူတွေ တင်မကဘူး။
ပေါက်ပေါက်ရှာရှာ သတင်းကအစ သိတဲ့ မီဒီယာတွေလည်း ထုတ်ဖော်ကြေညာမှ ဟင်ကနဲ ဖြစ်သွားရတယ်။ ဘာလဲဆိုတော့ ရန်ကုန်မြို့သစ် စီမံကိန်းပေါ့ဗျာ။

မြေဧက သုံးသောင်းပေါ်မှာ ရန်ကုန်မြို့သစ် တည်ဆောက်ခွင့် ရသွားတဲ့ ရန်ကုန်စေတနာ
မြို့သစ် ကုမ္ပဏီက ဘယ်သူမှမသိတဲ့ ကုမ္ပဏီ ဖြစ်နေတယ်။ ဒီထက်ဆိုးတာက တိုင်းသိပြည်သိ ဆောက်လုပ်ရေး လုပ်ငန်းရှင်ကြီးတွေကပါ အဲဒီ ကုမ္ပဏီကို
မကြားဖူးကြဘူး။ သူတို့လည်း သတင်းထွက်လာမှ ဟိုက်ကနဲ ဖြစ်ကုန်ကြတယ်။
ဒါနဲ့ မာဂျေ တို့လည်း တပည့်တွေကို သတင်းလိုက်ကြပါဦးဟ၊ ရှာကြပါဦးဟတွေ ခိုင်းရတော့တာပေါ့။
ဒီတော့ ဘာသိလာရသလဲဆိုရင် ဒီလူဟာ ပြည်ကြီးပေါက်တဲ့။ အရင် ဆောက်လုပ်ရေး
ဝန်ကြီးရဲ့ အဆက်အသွယ်နဲ့ ရန်ကုန် ရောက်လာတာတဲ့။ အခုတော့ မြန်မာနာမည်တွေ ဘာတွေနဲ့ မြန်မာစကား ပြောတတ်နေပြီတဲ့။ နိုင်ငံသား ကတ်ကိုလည်း သူ့အမျိုးနဂါးတွေ
က ခေါင်းလောင်းမဆယ်ဘဲ ကူညီပေး လိုက်တာ ရသွားပြီတဲ့။
ဟံသာဝတီ ကားဝင်းကြီးကို ဆောက်လုပ်ခွင့် ရသွားတာလည်း သူပဲတဲ့။ ဒီလူဟာ
လွန်ခဲ့တဲ့ ငါးနှစ်လောက်ကမှ ရန်ကုန်ကို ရောက်လာပေလို့။ ၁၀နှစ်လောက်ကသာ
ရောက်လာရင် မြန်မာနိုင်ငံရဲ့ ပထမဆုံး ဒီမိုကရေစီ သမ္မတဟာ ဦးသိန်းစိန် မဟုတ်
ဘဲ အဲဒီပေါက်ဖော် ဖြစ်နေလောက်ပြီ။ မြန်မာနိုင်ငံကို လွတ်လပ်ရေး ရကတည်းက
နှစ်အများဆုံး အုပ်ချုပ်လာတဲ့ စစ်ဗိုလ်ကြီးတွေက ဘာလို့ပြည်ကြီးပေါက်တွေကို
ဒီလောက် ယုံကြည် အလိုလိုက်နေရတာလဲ ဆိုတာဖြင့် မာဂျေ မတွေးတတ်အောင်
ဖြစ်နေပြီ။ ပေါက်ဖော်ကြီးတွေ၊ ထောင်ကဲကြီးတွေ လက်ထဲ ရောက်သွားတဲ့ တိုင်းသိ
ပြည်သိ စီမံကိန်းကြီးတွေကို ပြောပြမယ်ဗျာ။ ရန်ကုန် လေဟာပြင်ဈေးကြီးကို
ရသွားတာ တရုတ် ကုမ္ပဏီဖြစ်တဲ့ ရွှေတောင်ဗျာ။ သမိုင်း အစဉ်အလာရှိတဲ့ ရန်ကုန်
မြို့လယ်က စစ်ရုံးကြီးကို ရသွားတာလည်း ရွှေတောင်ပဲဗျာ။
ရန်ကုန်လေဆိပ်နဲ့ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းတွေကို လုပ်ကိုင်ခွင့်ရနေတာက
ဘိန်းဘုရင် မိသားစုက ဆင်းသက်လာတဲ့ တရုတ်တွေဖြစ်တဲ့ အေးရှားဝေါလ် ကုမ္ပဏီ
ဗျာ။ မြစ်ဆုံကို ရေကာတာ ဆောက်ပြီး လျှပ်စစ်ထုတ်ဖို့ တရုတ်ကို ပွဲစားသွားလုပ်ပြီး
ခေါ်လာတာလည်း သူတို့ဗျာ။ မြန်မာ တစ်နိုင်ငံလုံးက ရေအားလျှပ်စစ် စီမံကိန်းတွေ
ကို အဲဒီရွှေတောင်နဲ့ အေးရှားဝေါလ် ကုမ္ပဏီနှစ်ခုက ခွဲဝေယူထားတယ်ဗျာ။ အဲဒီ
မိသားစု နှစ်စုမှာ ကုမ္ပဏီပေါင်း ၁၀၀ နီးပါး ပိုင်ဆိုင်ထားတယ်ဗျာ။ မနေ့ တစ်နေ့က
ပဲ ကွမ်းခြံကုန်းမှာ ကျောက်မီးသွေးကနေ လျှပ်စစ် ထုတ်တဲ့စက်ရုံ တည်မယ်
ဆိုတာလည်း အေးရှားဝေါလ်ရဲ့ လက်အောက်ခံ ကုမ္ပဏီပဲဗျာ။
မြန်မာနိုင်ငံရဲ့ အဝေးပြေး လမ်းမကြီးတွေဘေးက မြေတွေ လယ်တွေကိုလည်း
မြန်မာနာမည်နဲ့ တရုတ်တွေ ၀ယ်ထားတာ ဧက သိန်းချီနေပြီဗျာ။ စက်မက်ဖြစ်ပွား
တာကို အခွင့်အရေးယူပြီး ကချင် ပြည်နယ်က သစ်တောတွေကို အပြောင်ရှင်းနေ
တာလည်း တရုတ် ကုမ္ပဏီတွေပဲဗျာ။
အဲဒီအပြင် JICလို ပြည်တွင်းပေါက် တရုတ်တွေက အစိုးရဆီမှာ တရားဝင် လိုင်စင်
ယူပြီး သစ်တွေ ခုတ်နေကြတယ်ဗျာ။ တစ်ခုတည်းသော ပုဂ္ဂလိက ရုပ်သံလိုင်းကို
မြန်မာအမည်ခံထားတဲ့ တရုတ်ကို ပေးတယ်ဗျာ။ သမ္မတ ခြောက်ဆက်ရောက်မှ သူ့
ဆီက အခွန်ပြည့်ပြည့်၀၀ ယူမယ်ဆိုပြီး သဘောတွေ ကောင်းထားတယ်ဗျာ။ ဒီတော့ ဒီနေရာကနေ မာဂျေတစ်ခု မေးပါရစေ။ တိုင်းပြည်အတွက် စေတနာနဲ့ လုပ်တာကွ။ တစ်ပြားတစ်ချပ်မှ လာဘ်မစားဘူးဆိုတဲ့ လူကြီးမင်းများရှိရင် မာဂျေ့ကို ဆက်သွယ်
ပေးကြပါ။ ဂျာနယ် မျက်နှာဖုံးမှာ တင်ပြီး ဂုဏ်ပြုချင်လို့ပါ။
ဖားကန့်မှာလည်း ကျောက်စိမ်းလုပ်ကွက်တွေရဲ့ သုံးပုံနှစ်ပုံကို မြန်မာနာမည်
မှည့်ထားတဲ့ တရုတ်တွေက တူးနေကြတယ်ဗျာ။ ရန်ကုန်က အိမ်ယာမြေ ဈေးကွက်
ကို ကိုင်လှုပ်နေတာက မူးယစ်ဆေးနဲ့ နာမည်ပျက်ရှိတဲ့ တိုင်းရင်းသား အမည်ခံ
တရုတ် တစ်ယောက်ဗျာ။
ပြဿနာပေါင်းစုံ တက်နေတဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာ ရင်းနှီးမြှုပ်နှံထား
တာက ပြည်မကြီးက တရုတ်ဗျာ။ ကျောက်ဖြူကနေ သဘာဝ ဓာတ်ငွေ့တွေ ၀ယ်ပြီး
ကူမင်းကို ပိုက်လိုင်းတွေဖောက်၊ ရထားလမ်းတွေ ဆောက်နေတာလည်း ပြည်မကြီး
က တရုတ် ကုမ္ပဏီတွေပဲဗျာ။
အခု ရန်ကုန်မြို့သစ် စီမံကိန်းကို ကြည့်မြင်တိုင် တစ်ဖက်ကမ်းမှာ လုပ်ခွင့်ရသွားတဲ့
ပေါက်ဖော် ကလည်း နှယ်နှယ်ရရတော့ မဟုတ်ပေဘူး။ လက်ပံတောင်းတောင်မှာ
အိုဗင်ဟိုနဲ့ ၀မ်ပေါင် အပြောင်းအရွေ့မှာ ပျောက်သွားတဲ့ ကြေးနီတန်ချိန် ၃၀၀က သူ့ဂိုဒေါင်ထဲက ပြန်မိတာ။ ဒါတောင် ဘာအရေးယူခြင်းမှ မခံရရုံမက တိုင်းကျော်
ပြည်ကျော် စီမံကိန်းကြီးကို ပြိုင်ဘက်မရှိ၊ တင်ဒါမခေါ်ဘဲ သူ့ကို လက်သိပ်ထိုးပေး
လိုက်တာက မလွန်လွန်းဘူးလားဗျာ။
၂၀၁၅ ခုနှစ်မှာ အာဏာ ပဋ္ဌာန်းဆက် ပြတ်မယ်ဆိုတာ ဒိဗ္ဗ စက္ခူဉာဏ်နဲ့ ကြိုမြင်
နေလို့ မရ ဒဿက ချိုင်လုပ်သွားတာလား တွေးစရာ ဖြစ်လာတယ်။ ပြန်ကြားရေးဝန်ကြီး အသစ်က မြေယာစီမံ ခန့်ခွဲမှုကို တိုင်းဒေသကြီး အစိုးရ လက်ဝယ်မှာ ပေးထားလို့
ဒီလုပ်ရပ်ဟာ မမှားဘူးလို့ ပြောတာတွေလည်း ဖတ်ရတယ်။ ဒါပေသိ ၀န်ကြီး
မသိတာလား၊ မသိချင်ယောင် ဆောင်တာလားတော့ မသိပေဘူး။
မြေဧက ၁၀၀ကျော်ရင် ပြည်ထောင်စု အစိုးရဆီ တင်ရမယ်ဆိုတာက မာဂျေတောင်
သိပါသဗျာ။ အခုတော့ သမ္မတက သူလည်း ဒီစီမံကိန်းကို လုံးဝမသိဘူးတဲ့။ ပြည်သူ
တွေကတော့ ဘာဆက် ဖြစ်မလဲ စောင့်ကြည့် နေကြပေမယ့် မာဂျေက တစ်ခါတည်း အဖြေပေးလိုက်ပါမယ်။ ဘာမှမဖြစ်ပါဘူး။ လက်ဝါးချင်း ရိုက်ပြီးသားတွေဖြစ်တဲ့
အတွက် ဒီလောက် သိုသိုသိပ်သိပ် လုပ်တာပေါ့ဗျာ။
မျက်နှာပြောင်တိုက်တဲ့ နေရာမှာ မြန်မာအစိုးရကို ဘယ်နိုင်ငံကမှ မမီပေဘူးရေးရင်
အစိုးရကို အကြည် ညိုပျက်စေမှုက လာဦးမှာဆိုတော့ အဲဒီလိုလည်း မစွပ်စွဲဝံ့ပါဘူး။
နောက်ဆုံးမတော့ တရုတ် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံလို့ တိုင်းပြည်နာမည်ကို
ကုလသမဂ္ဂ အထွေထွေ ညီလာခံက တစ်ဆင့် ကမ္ဘာသိ မပြောင်းရသေးတာက လွဲရင် တစ်နိုင်ငံလုံးက စီးပွားရေး လုပ်ငန်းကြီးတွေ အားလုံး၊ စီမံကိန်းကြီးတွေ အားလုံးကို ၀တို့လက်ထဲ ၀ကွက်အပ်နေတာက မလွန်လွန်းဘူးလားလို့ ဒီနေရာကနေ မေးချင်
ပါတယ်။ အဲဒီနေရာမှာ ဒီလိုဒီလို စီမံကိန်းတွေရှိတယ်။ မင်းတို့ လုပ်နိုင်မလား။
ဒါမှမဟုတ် မင်းတို့မင်းတို့တွေ ပေါင်းလုပ်မလားဆိုပြီး မြန်မာတိုင်းရင်းသား စစ်စစ် သူဌေးတွေကို မေးရော ကြည့်ခဲ့ဖူးပါသလား။ ဖိတ်ချင်းဖိတ် ကိုယ့်အိတ်ထဲ ဖိတ်
ဆိုတာ ကိုယ့်တိုင်းပြည်က လုပ်ငန်းတွေကို ကိုယ့်တိုင်းရင်းသား စစ်စစ်တွေကို
ပေးတာကိုပြောတာ။ ထောင်ကဲတွေ ပေါက်ဖော်တွေကိုပေးမှ ငါ့အိတ်ထဲ ဖိတ်မှာလို့
အဓိပ္ပါယ်ကောက်ခဲ့တာ ဆိုရင်ဖြင့် ဘာမှမပြောလိုတော့ပါဘူး။
ပြည်ထောင်စု အစိုးရက ဘာလုပ်လုပ် အိတ်ဖွင့် တင်ဒါခေါ်ပါ။ ပွင့်လင်းမြင်သာမှု
ရှိပါဆိုတာနဲ့ အခုလုပ်ရပ်နဲ့ကတော့ တလွဲစီပါပဲဗျား။ တော်သေးတာပေါ့ဗျာ။ ဓမ္မစေတီ ခေါင်းလောင်းကြီးလည်း ၀တို့ ဆယ်ပါ။ ၀တို့က နဂါးမျိုးတွေ၊ ခေါင်းလောင်း
ကြီးကလည်း နဂါး စောင့်တယ်ဆိုတော့ ၀တို့အမျိုးတွေပဲ စောင့်နေတာ။
ဆယ်ပြီးရရင် ပြည်မကြီးကို လက်ဆောင်ပေးပါတယ်ဆိုပြီး မလုပ်သေးလို့။ နောက်ဆုံး
မတော့ မာဂျေလည်း မြင်သမျှ ကြားသမျှကို ကြည့်ပြီး မြန်မာပြည် လွတ်လပ်ရေး ရတယ်ဆိုတာကိုတောင် သံသယဖြစ်လာတယ်။ တာဝန်ရှိသူတွေ ဘယ်လိုပဲ ငြင်းငြင်း လုပ်ရပ်တွေက ဖုံးမရဖိမရ ပေါ်လာပြီ ဆိုတော့ မြန်မာတစ်နိုင်ငံလုံးကတော့ ၀တို့
လက်ထဲ ၀ကွက်အပ်ခြင်း ခံလိုက်ရပြီ ဆိုတာ လယ်ပြင်မှာ ဆင်သွားသလို ထင်ရှားနေပြီ ဖြစ်ကြောင်းပါဗျာ။
မာဂျေ
( Tomorrow သတင်းဂျာနယ် အမှတ်(၂၇)ပါ မျက်နှာဖုံးဆောင်းပါးသရော်စာ )

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...