Sunday, September 14, 2014

"၂၀၁၅ မှာ သမ္မတဖြစ်နိုင်ချေ ဘယ်သူ ပိုများသလဲ"

ဒီမေးခွန်းကို လူတိုင်း မေးလေ့ရှိကြပါတယ်။ နိုင်ငံရေးအသိုင်းအ၀ိုင်းထဲမှာ ထင်ကြေး
အမျိုးမျိုးပေးနေကြပြီး၊ သမ္မတဖြစ်ချင်တယ်လို့ သတင်းထုတ်ပြန်သူလည်း များလာပါ
တယ်။ သို့ဖြင့်သုံးသပ်ချက် များစွာ ပလူပျံလာခဲ့ပြန်ပါတယ်..။

လက်ရှိနိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်၊ ပြည်ထောင်စုလွှတ်တော်နာယကကြီး သူရ
ဦးရွှေမန်း၊ NLD ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့ သုံးဦးကတော့ ရေပန်းအစား
ဆုံး ဖြစ်ကြပါတယ်...။

၂၀၁၃-၂၀၁၄ ခုနှစ်အတွင်း နိုင်ငံရေး ကစားကွက် အပြောင်းအလဲများစွာ ပြုလုပ်ခဲ့ကြ
တာကို တွေ့ရပါတယ်။ ထို့အတူယင်းပုဂ္ဂိုလ်(၃)ဦးရဲ့Power အတက်အကျများကိုလည်း
မြင်တွေ့ခဲ့ရပြန်ပါသေးတယ်...။



၂၀၁၂ ခုနှစ်အတွင်းက သတင်းထွက်ခဲ့တဲ့ PR ရွေးကောက်ပွဲစနစ်ကတည်း ယခုအခါ
ပြန်လည် အသက်ဝင်လာခဲ့ပြီ ဖြစ်တဲ့အတွက်၊ ယင်းစနစ်ရဲ့ သဘောသဘာဝကြောင့်
သမ္မတဖြစ်နိုင်ချေများကို တွက်ချက်ဖို့ရာမှာ ခက်ခဲလာခဲ့ပါတယ်...။

၂၀၁၅ ရွေးကောက်ပွဲ နီးကပ်လာတာနဲ့အမျှ ယင်းမေးခွန်းရဲ့အဖြေမှာလည်း ပိုမို ဝေး
ကွာေ၀၀ါးလာပါတော့တယ်...။

ကျွန်တော့်အနေနဲ့လည်း လူပုဂ္ဂိုလ်အားဖြင့် မခန့်မှန်းနိုင်ပါဘူး။ သို့ပေမယ့် စနစ်အရ
ဘယ်ပါတီ၊ ဘယ်အဖွဲ့ဆိုတာကိုတော့ အနည်းငယ် ရိပ်ဖမ်းသံဖမ်း နားလည်ထားပါ
တယ်...။

ဒါကြောင့် ကျွန်တော့်အနေနဲ့ မိမိနားလည်ထားသည့်အတိုင်းသာ ရိုးရိုးရှင်းရှင်း တင်
ပြမှာ ဖြစ်ပြီး၊ တစ်ချို့သော သုံးသပ်ခန့်မှန်းချက်များဟာလည်း လွဲချော်သွားနိုင်တယ်
ဆိုတာ ကြိုတင် ၀န်ခံရမှာဖြစ်ပါတယ်...။

ယနေ့ မြန်မာ့နိုင်ငံရေးမှာ အထင်ကရ ပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်
သမ္မတ ဖြစ်ရေးဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၅၉ (စ)အပေါ် များစွာ မူ
တည်တယ်လို့ ဆိုကြပါတယ်...။

အဲ့ဒီ သုံးသပ်ချက်ဟာ ရွေးကောက်ပွဲစနစ်အပြောင်းအလဲ မလုပ်ခင်အချိန်အထိ မှန်
ကန် သော်ငြားလည်း၊ အခုအခါမှာတော့ ၅၉ (စ) ပြင်ပေးမယ်ဆိုရင်တောင်မှ PR
စနစ်ကို အသုံးပြုမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သမ္မတဖြစ်ဖို့ မလွယ်
ကူ တော့ပါဘူး။

မြန်မာနိုင်ငံရဲ့စနစ်အရ သမ္မတလောင်း(၃)ယောက်ကို အမျိုးသားလွှတ်တော်၊ ပြည်
သူ့လွှတ်တော်နဲ့ တပ်မတော်သားကိုယ်စားလှယ်များအစုအဖွဲ့တွေက တစ်ဦးစီ တင်
သွင်းရမှာ ဖြစ်တယ်...။

PR စနစ်ကိုသုံးရင် ပြည်သူ့လွှတ်တော်မှာ ကိုယ်စားလှယ်အရေအတွက် အများဆုံး
ရဖွယ်ရှိနေတဲ့ NLD ပါတီက သမ္မတလောင်း(၁)ဦး တက်လာမှာ ဖြစ်ပြီး၊ တပ်မတော်
သား ကိုယ်စားလှယ်များမှ သမ္မတလောင်း (၁)ဦး သေချာပေါက် တက်လာတော့မှာ
ဖြစ်တယ်...။

ဒါဆိုရင် အမျိုးသားလွှတ်တော်ဘက်က ဘယ်ပါတီကိုယ်စားပြု သမ္မတလောင်း တက်
လာမှာပါလဲ...။

အမျိုးသားလွှတ်တော်ကို တိုင်းဒေသကြီး(၇)ခုကိုကိုယ်စားပြုတဲ့ လွှတ်တော်ကိုယ်စား
လှယ်(၈၄)ဦး၊ ပြည်နယ်(၇)ခုကို ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်(၈၄)ဦးနဲ့ တပ်မတော်
သား(၅၆)ဦးတို့နဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်...။

PR စနစ်ကို ကျင့်သုံးတဲ့အခါမှာ ပြည်နယ်များရော၊ တိုင်းဒေသကြီးများမှာပါ ဒေသ
အခြေပြုပါတီများအနေနဲ့ သူတို့ပိုင်ဆိုင်ခွင့်ရှိတဲ့(၈၄)မဲသောအရေအတွက်ကို တစ်စု
တစ်စည်းတည်း ပိုင်ဆိုင်ခွင့် ရှိကြတော့မှာ မဟုတ်ပါဘူး...။

ဥပမာအားဖြင့်- ရှမ်းပြည်နယ်က ခွဲတမ်းရရှိတဲ့ (၁၂)နေရာထဲမှာ NLD လည်း ပါလာ
နိုင်သလို၊ USDPလည်းပါဝင်လာနိုင်ပြီး၊ တခြားသောပါတီများစွာတို့လည်း မဲခွဲတမ်း
ရရှိကြတော့မှာ ဖြစ်ပါတယ်။

ရှမ်းပြည်နယ်ကို အခြေပြုပြီး တည်ထောင်ထားတဲ့ ကျားဖြူပါတီ၊ ကျားခေါင်းပါတီတို့
ဟာ မူလက မျှော်လင့်ထားတဲ့ (၁၂)နေရာကို ရှမ်းပြည်နယ်တစ်ခုတည်းအတွင်းမှ ရ
ရှိနိုင်ရန် အခွင့်အလမ်းဟာ အင်မတန် နည်းပါးသွားပြီ ဖြစ်ပါတယ်...။

ဒီတော့ အမျိုးသားလွှတ်တော်မှာ အစကတည်းက (၁၂)×(၇)= (၈၄ )ဦး ဆိုတဲ့ နှုန်း
နဲ့ သွားနေရတဲ့ ပြည်နယ်များဟာ ထပ်ပြီးမဲကွဲထွက်လာဦးမှာ ဖြစ်တဲ့အတွက်၊ အမျိုး
သားလွှတ်တော်မှာ ဗမာပါတီကြီးတစ်ခုတည်းကသာ မဲအရေအတွက်စုစုစည်းစည်း
နဲ့ လွှမ်းမိုးလာဦးမှာ ဖြစ်ပါတယ်...။

ဒီတော့ အမျိုးသား လွှတ်တော်ထဲကလည်း သမ္မတလောင်းအနေနဲ့ NLD ပါတီက
တက်လာလို့ရတဲ့ အနေအထားမှာ ရှိနေပြန်ပါသေးတယ်...။

ဆိုလိုတာက NLD ပါတီဟာ၊ ၂၀၁၀ ရွေးကောက်ပွဲတုန်းက USDP ပါတီလို ပြည်
သူ့ လွှတ်တော်မှ တစ်ယောက်၊ အမျိုးသား လွှတ်တော်မှ တစ်ယောက်၊ စုစုပေါင်း
ဒုတိယသမ္မတ(၂)ဦးအထိ တင်သွင်းဖို့ အခွင့်အရေးရလာနိုင်ဖွယ်ရှိနေပါတယ်...။

သို့သော် ပြည်ထောင်စုလွှတ်တော်မှာ ဒုသမ္မတ(၃)ဦးထဲမှ သမ္မတတစ်ဦးသာ ရွေး
ပြီး၊ ကျန်နှစ်ဦးကတော့ ဒုတိယသမ္မတတာဝန်ကို ထမ်းဆောင်ကြရမှာ ဖြစ်တယ်..။

အဲ့ဒီတော့ NLD ပါတီဟာရဲ့ ဒုတိယသမ္မတ (၂)ဦးမှာ အဓိက ပြိုင်ဘက်အဖြစ် တပ်
မတော်သား ကိုယ်စားလှယ်များဘက်က တက်လာတဲ့ ဒုသမ္မတတစ်ဦးတည်းနဲ့သာ
ပြိုင်ရတော့မှာ ဖြစ်လို့၊ ၂၅% သော မဲကိုသာ ပြိုင်ဘက်စာရင်းထဲ ထည့်တွက်ထား
မယ်ဆိုရင်တော့ အခက်အခဲ တွေ့လာနိုင်ပါတယ်...။

ဘာကြောင့်လဲဆိုတော့ တိုင်းရင်းသား ကိုယ်စားလှယ်များနဲ့ ဗမာ ပါတီငယ်များမှ
တက်လာတဲ့ ကိုယ်စားလှယ်များ၊ တသီးပုဂ္ဂလိက ကိုယ်စားလှယ်များရဲ့ မဲအရေ
အတွက် စုစုပေါင်းဟာ ၃၅% အထိရှိလာမယ်ဆိုရင် NLD အနေနဲ့ ၄၀% သော မဲ
နဲ့ သမ္မတဖြစ်နိုင်ဖို့ဆိုတာ အနည်းငယ် စိတ်မချနိုင်ဖွယ်ရှိပါတယ်...။

ဘာကြောင့်လဲဆိုတော့ သူ့ရဲ့ ၄၀%သောမဲဟာ သူတို့ရဲ့ ဒုသမ္မတ(၂)ဦးကို မျှဝေ
ခွဲပေးရမှာ ဖြစ်တာကလည်း တစ်ချက်ဖြစ်ပါတယ်...။

ပိုဆိုးတာက အဲ့ဒီဒုသမ္မတ(၂)ဦးထဲမှာ ဒေါ်အောင်ဆန်းစုကြည်သာ ပါလာခဲ့မယ်ဆို
ရင် တပ်မတော်သား ၂၅% နဲ့ တခြားသော အင်အားစုများဟာ NLD ကို ဆန့်ကျင်ဖို့
အတွက် ပူးပေါင်းအင်အားစုတောင် ဖြစ်သွားနိုင်ချေ ရှိပါတယ်...။

ဒါဆိုရင် ကြားထဲက အလိုလိုနေရင်း တပ်မတော်သား ၂၅% မှ တင်သွင်းလိုက်တဲ့
ဒုသမ္မတက သမ္မတကောက်ဖြစ်ကာ ဒိုင်စားသွားနိုင်ပါသေးတယ်...။

အကယ်၍ USDP နဲ့ တပ်မတော်ဟာ ဒီအချက်ကိုအသုံးချမယ်ဆိုရင် ၅၉(စ)ကို ပြင်
ပေးပြီး၊ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်ရေးသတ်ကွင်းထဲကို ဆွဲသွင်းလို့ ရ
ပါတယ်။

ဒီနေရာမှာ သမ္မတဖြစ်ရေး သတ်ကွင်းဆိုတာက အနည်းငယ်ရှင်းပြလိုပါတယ်...။
ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတနေရာယှဉ်ပြိုင်ရွးချယ်ခံနိုင်ခွင့်အတွက် ၅၉(စ)
ကို ပြင်ပေးပြီ ဆိုပါစို့...။ ဒါဆို ဒေါ်အောင်ဆန်းစုကြည်ဟာ ဒုသမ္မတ နာမည်စာရင်း
တင်သွင်းရာမှာ NLD မဲအရေအတွက်နည်းတဲ့ အမျိုးသားလွှတ်တော်ထက်၊ မဲအရေ
အတွက်ပိုများတဲ့ ပြည်သူ့လွှတ်တော်ကပဲ တက်လာတော့မှာ ဖြစ်ပါတယ်...။

ဒါဆိုရင် အမျိုးသားလွှတ်တော်မှာရှိတဲ့ တိုင်းရင်းသားအင်အားစုတစ်ချို့ကိုသာ တပ်
မတော်သား၂၅% အင်အားစုများက စည်းရုံးသိမ်းသွင်းနိုင်ခဲ့မယ်ဆိုရင် ဒေါ်အောင်
ဆန်းစုကြည်အတွက် ခက်ခဲတဲ့ပြိုင်ဘက်တစ်ဦးကို ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။

အကယ်၍များ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အဲ့ဒီအင်အားစုကိုမကျော်လွှားနိုင်ဘူး
ဆိုရင်တော့ သူ့ရဲ့ Political Image ဟာ ရုတ်ပျက်ဆင်းပျက် ထိုးကျသွားရတော့မှာ
ဖြစ်ပါတယ်...။

ဘာကြောင့်လဲဆိုတော့ USDP အနေနဲ့ " ဒေါ်အောင်ဆန်းစုကြည်တောင်းဆိုတဲ့
အတိုင်း ၅၉(စ)ကို ပြင်ဆင်ပေးပြီး၊ မျှတစွာယှဉ်ပြိုင်ပါသော်လည်း ဒေါ်အောင်ဆန်း
စုကြည်ဟာ သမ္မတမဖြစ်နိုင်ခဲ့ပါဘူး" ဆိုတဲ့စကားမျိုးနဲ့ ထိုးနှက်လို့ ရသွားနိုင်လို့ပဲ
ဖြစ်ပါတယ်...။

အဲ့ဒီတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဒီအခြေအနေမှာ Risk အရမ်းမယူသင့်
ဘူးလို့ ယူဆမိပါတယ်...။

(ကျွန်တော့်အမြင်ကတော့ ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်ဥက္ကဌနေရာကို
ယူပြီး၊ မိမိပါတီက ပုဂ္ဂိုလ်တစ်ဦးကို ဒုသမ္မတနာမည်စာရင်း တင်သွင်းပေးတာက
ပိုပြီး အကျိုးရှိလိမ့်မယ်၊ ပိုပြီး စိတ်ချရလိမ့်မယ်လို့ ထင်ပါတယ်...။)

ဒီတော့ NLD အနေနဲ့ ဘာလုပ်သင့်ပါသလဲ...။

၁။ " ဒုသမ္မတနေရာကို ဒေါ်အောင်ဆန်းစုကြည်မဟုတ်ပဲ၊ NLD မှ တစ်ယောက်
ယောက်ကို တင်၊ ပြီးတော့ နောက်ထပ် ဒုသမ္မတတစ်ဦးကိုတော့ ပြည်နယ်များဘက်
မှ မဲအရေအတွက် (လွှတ်တော်ကိုယ်စားလှယ်အရေအတွက်)များများ ရနိုင်တဲ့ ပြည်
နယ်ကြီးတစ်ခုကို ထိုးပေး...။ ဒါဆိုရင် အဲ့ဒီပြည်နယ်ရဲ့ မဲနဲ့ NLD ရဲ့မဲအရေအတွက်
ပေါင်းလိုက်ရင် NLD မှ ပုဂ္ဂိုလ်ဟာ သေချာပေါက် သမ္မတဖြစ်နိုင်သည်"ဆိုတဲ့ နည်း
လမ်း။

၂။ အဲ့ဒီနည်းတော့ မကြိုက်ဘူး...၊ NLD ပါတီမှသာ ဒုသမ္မတတစ်ယောက်၊ သမ္မတ
တစ်ယောက် ဖြစ်ချင်ပါတယ်ဆိုရင်တော့...၊ တပ်မတော်သား ၂၅% ကို စည်းရုံး ပူး
ပေါင်းနိုင်မလားဆိုတာ မေးစရာ ရှိပါတယ်...။

၃။ တပ်မတော်သားကိုယ်စားလှယ်၂၅% နဲ့မပူးချင်ဘူးဆိုရင် NLD အနေနဲ့ အခုက
တည်းက တိုင်းရင်းသား အင်အားစုများနဲ့ အပေးအယူ အလျှော့အတင်း လုပ်ထားဖို့
လိုနေပါပြီ။ ဒီနည်းလမ်းမှာလည်း ကျွန်တော့်အမြင်အရ NLD ဟာ တိုင်းရင်းသား
အင်အားစုများနဲ့ ဆက်ဆံရေး အနည်းငယ်သွေးအေးနေသလားလို့ ယူဆမိပါတယ်။

ဒါ့ကြောင့် NLD အနေဖြင့် ဘယ်နည်းလမ်းကို ရွေးချယ်မယ်...၊ မည်သည့်ဘက်နဲ့
ဆက်ဆံရေး ပိုမိုတည်ဆောက်ထားသင့်တယ်ဆိုတာကို နိုင်ငံရေး မဟာဗျူဟာကျ
ကျ သုံးသပ်ဖို့ လိုအပ်လာပြီဖြစ်ပါတယ်...။

တပ်မတော်ဘက်ကတော့ ခေါင်းဆောင်ပိုင်းရာထူးကြီးများကို ရာထူးအပြောင်းအလဲ
တွေ ပြုလုပ်ပြီး ကစားကွက်ကို အရှိန်ထပ်မံ မြှင့်တင်လိုက်ပြီ ဖြစ်ပါတယ်...။

လက်ရှိ ကာကွယ်ရေးဦးစီးချုပ်ဖြစ်သူ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ၂၀၁၅ ခုနှစ်
မှာ အသက်(၆၀)နှစ်ပြည့် ပင်စင်ယူရတော့မှာ ဖြစ်တဲ့အတွက်၊ သူဟာ ဒုသမ္မတအဖြစ်
တပ်မတော်သား ကိုယ်စားလှယ်များ တင်သွင်းနိုင်ချေရှိတဲ့ ပုဂ္ဂိုလ်လို့ နိုင်ငံရေးအသိုင်း
အ၀ိုင်းက ထင်ကြေးပေးခံနေရသူလည်း ဖြစ်ပါတယ်...။

ဒါဆိုရင် NLD ပါတီဘက်ကရော...၊ ဒေါ်အောင်ဆန်းစုကြည်သာ သမ္မတမလုပ်ဘူး
ဆိုရင် ဘယ်သူလုပ်မှာလဲဆိုတာ ရွေးချယ်ပြီးပါပြီလား...။

တစ်ဘက်မှာလည်း လက်ရှိ ပြည်ထောင်စုလွှတ်တော် နာယကကြီး သူရဦးရွှေမန်း
ဟာ လွှတ်တော်ကို များစွာလွှမ်းမိုးထားနိုင်ပြီး၊ တိုင်းရင်းသားလွှတ်တော်ကိုယ်စား
လှယ်များနဲ့လည်း ဆက်ဆံရေးကောင်းမွန်နေသူ ဖြစ်ပါတယ်...။

အကယ်၍များ NLD ပါတီကသာ တိုင်းရင်းသားအင်းအားစုများကို မစည်းရုံးနိုင်ခဲ့ဘူး
ဆိုရင်တော့အဲ့ဒီ အင်အားစုများဟာ USDP အပါအ၀င်၊ တခြားသောပါတီငယ်များနဲ့
စုပေါင်းပြီး၊ ဦးရွှေမန်းကို ဒုတိယသမ္မတအဖြစ် တင်သွင်းလာနိုင်ဖွယ် ရှိပါတယ်...။

သမ္မတကြီး ဦးသိန်းစိန်အနေနဲ့ နောက်ထပ် ဒုတိယသက်တမ်း သမ္မတဆက်လုပ်ချင်
သေးတယ်လို့ ပြောနေပေမယ့်လည်း၊ မြန်မာနိုင်ငံရဲ့ သမ္မတရွေးချယ်ရေးစနစ်အရ
လွှတ်တော်မှာ ထောက်ခံမယ့်သူ မရှိဘူးဆိုရင် သမ္မတလုပ်လို့ မရပါဘူး...။

ဒါကြောင့်မို့ သမ္မတလောင်းအမည်စာရင်းထဲမှာ ပါဝင်လာနိုင်ချေရှိသူကို ရွေးချယ်ပါ
ဆိုရင် ဦးသိန်းစိန်ထက် ဦးရွှေမန်းက ပိုပြီး အခွင့်အရေးရှိတယ်လို့ ဆိုနိုင်ပါတယ်...။

နောက်ဆုံးအနှစ်ချုပ်အနေနဲ့ သုံးသပ်ချက်တစ်ခုပေးရမယ်ဆိုရင်၂၀၁၅ မှာ တက်လာ
မယ့် ဒုသမ္မတ (၃)ဦးထဲမှာ NLD ပါတီမှ တစ်ယောက်နဲ့ တပ်မတော်ဘက်က တစ်
ယောက်ဟာ သေချာပေါက် ပါလာမှာဖြစ်ပြီး၊ ကျန်တစ်ယောက်ကတော့ NLD ပါတီ
ရဲ့ သဘောထားအပေါ် မူတည်ပြီး အပြောင်းအလဲတွေ ဖြစ်သွားနိုင်ချေ ရှိပါကြောင်း
တင်ပြလိုက်ရပါတယ်...။

-လင်းသက်-

စက်တင်ဘာ-၁၂၊ ၂၀၁၄ ခုနှစ်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...