Monday, May 5, 2014

Monkey and the Arrow

Monkey and the Arrow
...................................
ရှေးတာအို ပုံပြင်တစ်ပုဒ်ပေါ့။ ဒီပုံပြင်ဟာ တောက်ဝါဒီတွေရဲ့ နှလုံးသည်းပွတ်မှာ ရှိပါတယ်။ ကိုယ့် ကိုယ်တွင်းမှာ ရှိတဲ့ အလှတရားကို၊ ကိုယ့်ကိုယ်တွင်းမှာ ရှိတဲ့ ကောင်းမြတ်မှုကို၊ ကိုယ့်ကိုယ်တွင်းမှာ ရှိတဲ့ မှန်ကန်မှုကို ဘယ်တော့မှ မာန်မတက်လိုက်ပါနဲ့ လို့ ဆိုလိုချင်တဲ့ ပုံပြင်လေးပါပဲ။ အလှတရား၊ ကောင်းမြတ်မှု၊ သစ္စာတရား ဆိုတာတွေဟာ မျိုးစေ့တွေသာ ဖြစ်တယ်။ ဆိုင်းဘုတ်နဲ့ ကပ်၊ ကြော်ငြာနေရတဲ့ ဟာတွေ မဟုတ်ဘူး။ မျိုးစေ့လို မြေပြင်ထဲ ဝှက်သွင်း ရှင်သန်စေရမယ့် အရာတွေသာ ဖြစ်တယ်။ မျိုးစေ့ကို လမ်းမပေါ် လူမြင်သူမြင် ပစ်ချမပြရဘူး။ လူမြင်သူမြင် မြေပြင်ပေါ်မှာ တင်နေတဲ့ မျိုးစေ့ဟာ ပျက်သုဉ်းသွားဖို့သာ ရှိပါတယ်။ 

အလားတူ မာန်မာနနဲ့ ချပြလိုက်တဲ့ အလှတရားဟာ တစ်ခဏသာ ခံတယ်။ ဝင့်ကြွားစိတ်နဲ့ ထုတ်ပြနေတဲ့ ကောင်းမှုဟာလည်း တစ်ဒင်္ဂနဲ့ ယုတ်လျော့သွားတယ်။ လက်မထောင်နေမယ့် သစ္စာတရားဟာလည်း ပြာမှုန်တွေ လေထဲ ရောက်သလို ပျယ်လွင့်ကုန်ကြပါလိမ့်မယ်။ လိုရင်းက - မိမိမှာ ရှိတဲ့ အရည်အချင်းဆိုတာ Show အတွက် မဟုတ်ဘူး။ ပျိုးထောင်ဖို့ အတွက်ပဲ လို့ ဆိုလိုပါတယ်။ 

"ရှေးက ဝူမင်းသား ဆိုတာ  ရှိတယ်တဲ့။ သူက တစ်နေ့တော့ မျောက်မင်းတောင်လို့ အမည်ရတဲ့ တောင်ဆီကို နောက်လိုက်ဗိုလ်ပါတွေနဲ့ ခရီးထွက်တယ်။ မျောက်မင်းတောင် ဆိုတဲ့ အတိုင်း အဲ့ဒီတောင်မှာ မျောက်တွေ အများအပြား နေကြတယ်ပေါ့။ ဝူမင်းသား တို့ ရောက်လာတဲ့အခါ မျောက်တွေလည်း ကြောက်လန့်တကြား ထွက်ပြေးကြတယ်။ အချို့ မျောက်တွေဆို သစ်ပင် ထိပ်ဖျားတွေထိ တက်ပုန်းကြတယ်။

"အဲ .. မျောက်တစ်ကောင်ကတော့ အဲ့လို မဟုတ်ဘူးတဲ့။ သူက သူ့နေရာမှာ သူ နေမြဲ နေနေတယ်။ သူ ဆော့ကစားနေတဲ့ အတိုင်း ဆော့ကစားမြဲ ကစားနေတယ်။ ပြောရရင် ဘယ်သူ့ကိုမှ ထီမထင်တဲ့ ဟန်နဲ့။ ဘာမှ ကြောက်နေစရာ မလိုပါဘူး ဆိုတဲ့ ပုံမျိုးနဲ့ပဲ။ ဒါကို မြင်တော့ ဝူမင်းသားနဲ့ လူအများ အံ့ဩသွားတယ်။ နောက်တော့ ဝူမင်းသားလည်း အကြံရပြီး မြားနဲ့ ပစ်တယ်တဲ့။ အဲ့ဒီအခါ ဒီမျောက်က မြားတံ သူ့ဆီ မရောက်ခင်မှာတင် လက်နဲ့ အမိဖမ်းပြနိုင်တယ်။ တော်တော် လျင်မြန်ပြီး အင်မတန် ကျွမ်းကျင် လိမ္မာတဲ့ မျောက်ပေါ့။ 

"ဒီမှာတင် မင်းသားက သူ့နောက်လိုက်တွေကို အမိန့်ပေးတယ်။ ရှိသမျှ မြားတွေ အကုန်ပစ်စေတဲ့။ အဲ့တော့ ပစ်ကြရော ဆိုပါတော့။ ဘယ်လောက်ပဲ ကျွမ်းကျင်လိမ္မာနေပါစေ မြားမိုးရွာတဲ့ နောက်ဆုံးတော့ ဒီမျောက်လည်း မြားတံ အမြောက်အမြားနဲ့ အသက်ဆုံးရတော့တာပဲ။ အဲ့ဒီအခါ မင်းသားက ပြောတယ်။"ငါ့လူတို့၊ ဘာဖြစ်သွားသလဲ ကြည့်ကြစမ်းပါ။ ကိုယ့်ကိုယ်ကိုယ် ကျင်လည်လှပါပြီ၊ ကျွမ်းကျင်လှပါပြီလို့ ဒီအဟိတ်တိရစ္ဆာန်ဟာ လက်ခမောင်းခတ် ကြော်ငြာနေခဲ့တာ မဟုတ်လား။ သူ့အတတ်ပညာကို သူ စွဲမြဲထားခဲ့တာ၊ ဘယ်သူမှ ငါ့ကို မထိနိုင်ဘူးလို့ မာန်မာန ရှိခဲ့တာ မဟုတ်လား။ ကိုယ့်ကိုယ်ကိုယ် ထူးခြားနေပါပြီ၊ ကိုယ့်ကိုယ်ကိုယ် အောင်မြင်နေပါပြီလို့ ဘယ်တော့မှ တံဆိပ်ကပ်မိတဲ့နောက် ဘာဖြစ်သလဲ။ သူ့ရဲ့ အလွန်မှာ ပျက်စီးဖို့သာ ရှိတယ်။ ကိုယ့်ကိုယ်ကိုယ် သူမတူ တတ်လှချည့်လို့ ထင်မှတ်တဲ့နောက်ရော ဘာဖြစ်သလဲ။ သူ့အလွန်မှာ ကျဆုံးဖို့သာ ရှိတယ်" တဲ့" 

..................................
Osho: the way of Tao 
..................................
May 5th 2014 at 7:40 PM

ရှေးတာအို ပုံပြင်တစ်ပုဒ်ပေါ့။ ဒီပုံပြင်ဟာ တောက်ဝါဒီတွေရဲ့ နှလုံးသည်းပွတ်မှာ ရှိပါတယ်။ ကိုယ့် ကိုယ်တွင်းမှာ ရှိတဲ့ အလှတရားကို၊ ကိုယ့်ကိုယ်တွင်းမှာ ရှိတဲ့ ကောင်းမြတ်မှုကို၊ ကိုယ့်ကိုယ်တွင်းမှာ ရှိတဲ့ မှန်ကန်မှုကို ဘယ်တော့မှ မာန်မတက်လိုက်ပါနဲ့ လို့ ဆိုလိုချင်တဲ့ ပုံပြင်လေးပါပဲ။
အလှတရား၊ ကောင်းမြတ်မှု၊ သစ္စာတရား ဆိုတာတွေဟာ မျိုးစေ့တွေသာ ဖြစ်တယ်။ ဆိုင်းဘုတ်နဲ့ ကပ်၊ ကြော်ငြာနေရတဲ့ ဟာတွေ မဟုတ်ဘူး။ မျိုးစေ့လို မြေပြင်ထဲ ဝှက်သွင်း ရှင်သန်စေရမယ့် အရာတွေသာ ဖြစ်တယ်။ မျိုးစေ့ကို လမ်းမပေါ် လူမြင်သူမြင် ပစ်ချမပြရဘူး။ လူမြင်သူမြင် မြေပြင်ပေါ်မှာ တင်နေတဲ့ မျိုးစေ့ဟာ ပျက်သုဉ်းသွားဖို့သာ ရှိပါတယ်။
အလားတူ မာန်မာနနဲ့ ချပြလိုက်တဲ့ အလှတရားဟာ တစ်ခဏသာ ခံတယ်။ ဝင့်ကြွားစိတ်နဲ့ ထုတ်ပြနေတဲ့ ကောင်းမှုဟာလည်း တစ်ဒင်္ဂနဲ့ ယုတ်လျော့သွားတယ်။ လက်မထောင်နေမယ့် သစ္စာတရားဟာလည်း ပြာမှုန်တွေ လေထဲ ရောက်သလို ပျယ်လွင့်ကုန်ကြပါလိမ့်မယ်။ လိုရင်းက - မိမိမှာ ရှိတဲ့ အရည်အချင်းဆိုတာ Show အတွက် မဟုတ်ဘူး။ ပျိုးထောင်ဖို့ အတွက်ပဲ လို့ ဆိုလိုပါတယ်။
"ရှေးက ဝူမင်းသား ဆိုတာ ရှိတယ်တဲ့။ သူက တစ်နေ့တော့ မျောက်မင်းတောင်လို့ အမည်ရတဲ့ တောင်ဆီကို နောက်လိုက်ဗိုလ်ပါတွေနဲ့ ခရီးထွက်တယ်။ မျောက်မင်းတောင် ဆိုတဲ့ အတိုင်း အဲ့ဒီတောင်မှာ မျောက်တွေ အများအပြား နေကြတယ်ပေါ့။ ဝူမင်းသား တို့ ရောက်လာတဲ့အခါ မျောက်တွေလည်း ကြောက်လန့်တကြား ထွက်ပြေးကြတယ်။ အချို့ မျောက်တွေဆို သစ်ပင် ထိပ်ဖျားတွေထိ တက်ပုန်းကြတယ်။
"အဲ .. မျောက်တစ်ကောင်ကတော့ အဲ့လို မဟုတ်ဘူးတဲ့။ သူက သူ့နေရာမှာ သူ နေမြဲ နေနေတယ်။ သူ ဆော့ကစားနေတဲ့ အတိုင်း ဆော့ကစားမြဲ ကစားနေတယ်။ ပြောရရင် ဘယ်သူ့ကိုမှ ထီမထင်တဲ့ ဟန်နဲ့။ ဘာမှ ကြောက်နေစရာ မလိုပါဘူး ဆိုတဲ့ ပုံမျိုးနဲ့ပဲ။ ဒါကို မြင်တော့ ဝူမင်းသားနဲ့ လူအများ အံ့ဩသွားတယ်။ နောက်တော့ ဝူမင်းသားလည်း အကြံရပြီး မြားနဲ့ ပစ်တယ်တဲ့။ အဲ့ဒီအခါ ဒီမျောက်က မြားတံ သူ့ဆီ မရောက်ခင်မှာတင် လက်နဲ့ အမိဖမ်းပြနိုင်တယ်။ တော်တော် လျင်မြန်ပြီး အင်မတန် ကျွမ်းကျင် လိမ္မာတဲ့ မျောက်ပေါ့။
"ဒီမှာတင် မင်းသားက သူ့နောက်လိုက်တွေကို အမိန့်ပေးတယ်။ ရှိသမျှ မြားတွေ အကုန်ပစ်စေတဲ့။ အဲ့တော့ ပစ်ကြရော ဆိုပါတော့။ ဘယ်လောက်ပဲ ကျွမ်းကျင်လိမ္မာနေပါစေ မြားမိုးရွာတဲ့ နောက်ဆုံးတော့ ဒီမျောက်လည်း မြားတံ အမြောက်အမြားနဲ့ အသက်ဆုံးရတော့တာပဲ။ အဲ့ဒီအခါ မင်းသားက ပြောတယ်။"ငါ့လူတို့၊ ဘာဖြစ်သွားသလဲ ကြည့်ကြစမ်းပါ။ ကိုယ့်ကိုယ်ကိုယ် ကျင်လည်လှပါပြီ၊ ကျွမ်းကျင်လှပါပြီလို့ ဒီအဟိတ်တိရစ္ဆာန်ဟာ လက်ခမောင်းခတ် ကြော်ငြာနေခဲ့တာ မဟုတ်လား။ သူ့အတတ်ပညာကို သူ စွဲမြဲထားခဲ့တာ၊ ဘယ်သူမှ ငါ့ကို မထိနိုင်ဘူးလို့ မာန်မာန ရှိခဲ့တာ မဟုတ်လား။ ကိုယ့်ကိုယ်ကိုယ် ထူးခြားနေပါပြီ၊ ကိုယ့်ကိုယ်ကိုယ် အောင်မြင်နေပါပြီလို့ ဘယ်တော့မှ တံဆိပ်ကပ်မိတဲ့နောက် ဘာဖြစ်သလဲ။ သူ့ရဲ့ အလွန်မှာ ပျက်စီးဖို့သာ ရှိတယ်။ ကိုယ့်ကိုယ်ကိုယ် သူမတူ တတ်လှချည့်လို့ ထင်မှတ်တဲ့နောက်ရော ဘာဖြစ်သလဲ။ သူ့အလွန်မှာ ကျဆုံးဖို့သာ ရှိတယ်" တဲ့"
..................................
Osho: the way of Tao
..................................
May 5th 2014 at 7:40 PM

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...