Monday, May 5, 2014

ကင်းဝန်မင်းကြီး


Photo: ကင်းဝန်မင်းကြီး

Britney Honey: သမိုင်းဆရာတော်တော်များများက ကင်းဝန်မင်းကြီးကို သစ္စာဖောက်လို ရေးသားကြတယ်။ ကျမကတော့ အဲလိုမမြင်ဘူး။ သူကနိုင်ငံခြားတိုင်းပြည်တွေ လေ့လာဖူးတော့ အတွေးအခေါ်ခေတ်မှီသူ။ လွှတ်တော်နိုင်ငံရေးစနစ်ကို အကောင်ထည် ဖော်ချင်တဲ့ မျိုးချစ်စိတ်ရှိသူ တိုင်းပြည်ကို တိုးတက်စေချင်သူလို့မြင်တယ်။ တချိန်မှာ စာရေးဖြစ်ရင် ကင်းဝန်အကြောင်း စာတစ်အုပ်ရေးချင်တယ်။ 

ကျွန်တော်။ အမေ့ရွာ 'မင်းတိုင်ပင်' ဆိုတာ ကင်းဝန်မင်းကြီးရဲ့ရွာပါ။ အမေက ဦးကောင်းရဲ့ မြေးတော်တယ်။ (ဦးကောင်းမှာ သားသမီးအရင်း မထွန်းကားပါ။) အရင်က 'မုံတိုင်ပင်' လို့ ရာဇဝင်-သမိုင်း စာအုပ်ဟောင်းတွေမှာ ရေးတယ်။ ငယ်ငယ်ကတည်းက ကင်းဝန်ရဲ့အမျိုးဆိုတာကို နဲနဲကြွားဘူးခဲ့တယ်။ ကိုးတန်း-ဆယ်တန်း ကဗျာလေး-စာလေး ရေးတုံးက ကင်းဝန်နွယ် ဘာ-ညာ ဆိုပြီး ကလောင် နာမယ်ခံယူခဲ့ဘူးတယ်။ ကိုယ်တိုင်က ပန်းချီဆွဲပြီး၊ မြန်မာစာဆရာ ဘုတလင်ချစ်လေးက ကြီးကြပ်ပေးတဲ့ 'ပုလဲသွယ်' နံရံကပ် စာစောင်မှာ အဲဒီနာမည်နဲ့ တခါတလေ ပါဘူးတယ်။ ဆရာ့ကိုရော၊ သူငယ်ချင်းတွေပါ အမှတ်ရလို့ ကျွန်တော့် နိုင်ငံရေး (ဘလော့ခ်) ကို “ပုလဲသွယ်” လို့ နာမည်ပေးလိုက်တယ်။ 

နောင် နှစ် (၄ဝ) ကျော်တော့ ကယားလူမျိုး နိုင်ငံရေးမိတ်ဆွေတွေက အသိအမှတ် ပြုတာကိုတော့ ကျေနပ် ဝမ်းမြောက်တာ အမှန်ပါ။ ကယားပြည်ကို သီးခြားပြည်တခုအဖြစ် သီပေါမင်းကိုယ်စား လက်မှတ်ထိုး ထုတ်ပြန်ခဲ့တာ ကင်းဝန်မင်းကြီး ဦးကောင်းလို့ ကယား-ကယန်း-ကရင်နီတွေက သူများတွေထက် သိကြတယ်။ ကင်းဝန်မင်းကြီးကို အဲလို အမြင်ရှိသူတွေ အကဲဖြတ်တာကိုရော၊ “ဦးကောင်းလိမ်ထုတ်” ဆိုတာရော၊ နှစ်ခုလုံးကို သူ့အမျိုးတွေက အမွေခံရမှာပါ။ ကင်းဝန်မင်းကြီးနဲ့ ပတ်သက်ရင် ဆရာမြသန်းတင့်ရဲ့ “တောင်သမန်အင်းက လေညှင်းဆော်တော့” ထဲမှာ ရေးသားချက်ကိုတော့ မြန်မာ့စွယ်စုံကျမ်းထက် နှစ်သက်ပါတယ်။

ဦးကောင်းမွေးနေ့ နှစ် (၁၄ဝ) တုံးက ဦးလေးတယောက်ရဲ့ အစီအစဉ်နဲ့ မင်းတိုင်ပင်မှာ ပွဲတခုလုပ်ခဲ့ဘူးတယ်။ အဲဒီတုံးက ကျွန်တော်က ဆေးကျောင်းသားပဲ ရှိသေးတာ။

Rural Doctor တောသားဆရာဝန် http://my-sayawun-life.blogspot.in/2010/10/jungle-doctor.html

Dr. တင့်ဆွေ
၁၁-၁၁-၂ဝ၁၃

• ကင်းဝန်မင်းကြီးအကြောင်းစာအုပ်ရေးစေချင်တယ်လို့ အကြံပြုတာဖတ်ရပါတယ်။ ကျွန်တော်က သမိုင်းသမား မဟုတ်ပါ။ သမိုင်းကိုဖတ်တဲ့သူသာဖြစ်တယ်။ အမျိုးမစပ်သူတွေကနေရေးတာ ပိုသင့်မြတ်မယ်ထင်ပါတယ်။ ညှာစရာ၊ သာစရာမလိုပါ။ 
• မင်းတိုင်ပင်ရွာက ဦးကောင်း ကောင်းမှုဘုန်းတော်ကြီးကျောင်းပုံ တနေ့က ရထားတာ ပြန်ရှာမရသေးလို့။ ကျွန်တော်ငယ်ငယ်က ဆော့ကစားဘူးတဲ့နေရာလေးပါ။ မယ်မင်းဆီ အုတ်ဂူလေးလဲ ခြုံနွယ်တွေကြားထဲမှာ ငယ်တုံးက သွားကြည့်ဘူးသေးတယ်။ ယက်သွား (ရက်ကန်းသုံး) ရောင်းခဲ့တဲ့အမျိုးကလို့လဲ သိရပါတယ်။
• ကျွန်တော့်အမေရဲ့ အဖေ ဦးထင် က မင်းတိုင်ပင် တိုက်နယ်သူကြီး။ သူဆုံးတော့ မုံရွာမှာပါ။ ဆောင်းတွင်းမှာ ကျွန်တော့်အစ်ကိုကြီးနဲ့ နှစ်ယောက်သား သစ်ကိုင်းခြောက်လေးတွေကို ဘကြီးမီးလှုံဘို့ ဆွဲယူသွားခဲ့ကြရတာ မှတ်မိနေသေးတယ်။
• ဗခက ခင်ညွန့်ကနေ ဗခ ကျော်ဆန်း လက်ထောက်ချလို့ ပုလဲမြို့နယ်၊ မင်းတိုင်ပင်ရွာ ဘုန်းကြီးကျောင်းကနေ ကင်းဝန်မင်းကြီး ဦးကောင်းရဲ့ အသုံးအဆောင်တွေ ယူသွားခဲ့သေးတယ်။ 
• ကြေးကုတင်ကြီး၊ ပေပုရပိုက်တွေ၊ ပြင်သစ်ကလာတဲ့ တိုင်ကပ်နာရီမျိုးစုံ၊ စတာတွေထဲက ဘယ်လောက် ယူသွားလဲ မသိသေးပါ။ ကျပ်သိန်း ၄ဝ ပြန်လှူခဲ့တယ်လို့လဲ ပြောသံကြားတယ်။ 
• အဲဒီတုံးက ဗခ ကျော်ဆန်းက ကုန်သွယ်ရေး ဒုဝန်ကြီးပါ။ ဒိနောက် ပြန်ကြားရေးဝန်ကြီးဖြစ်လာတယ်။ 
• ရှေးဟောင်းပစ္စည်းတွေယူသွားလို့ ဗခ ကျော်ဆန်း ၂ဝ၁ဝ ရွေးကောက်ပွဲ စည်းရုံးရေးလာစဉ်က လူငယ်တွေကနေ ကန့်ကွက်လဲရှိတယ်လို့ ကြားမိသေးတယ်။ 
• အခုသမ ဝန်ကြီးဦးကျော်ဆန်းလဲ ကင်းဝန်နွယ်ထဲကပါ။ ကျွန်တော်နဲ့ ၂ ဝမ်းကွဲတော်တယ်လို့ သိတာ တနှစ်လောက် ရှိသေးတယ်။ အမတယောက် ဘုရားဖူးလာရင်း အမျိုးစပ်ပြလို့သာ သိပါတယ်။ 
• သူနဲ့ကျွန်တော်က DSA 11 ကို အတူသွားဖြေကြတာပါ။
• မင်းတိုင်ပင်ဘုန်းကြီးကျောင်းထဲက အုတ်ချောဂူ ၂ ခုက ချင်ပြစ်တိုက်ပွဲမှာကျသွားတဲ့ အင်္ဂလိပ်စစ်ဗိုလ်တွေကို မြှုပ်ထားတာဖြစ်ပါတယ်။

၃ဝ-၄-၂ဝ၁၄Britney Honey: သမိုင်းဆရာတော်တော်များများက ကင်းဝန်မင်းကြီးကို သစ္စာဖောက်လို ရေးသားကြတယ်။ ကျမကတော့ အဲလိုမမြင်ဘူး။ သူကနိုင်ငံခြားတိုင်းပြည်တွေ လေ့လာဖူးတော့ အတွေးအခေါ်ခေတ်မှီသူ။ လွှတ်တော်နိုင်ငံရေးစနစ်ကို အကောင်ထည် ဖော်ချင်တဲ့ မျိုးချစ်စိတ်ရှိသူ တိုင်းပြည်ကို တိုးတက်စေချင်သူလို့မြင်တယ်။ တချိန်မှာ စာရေးဖြစ်ရင် ကင်းဝန်အကြောင်း စာတစ်အုပ်ရေးချင်တယ်။

ကျွန်တော်။ အမေ့ရွာ 'မင်းတိုင်ပင်' ဆိုတာ ကင်းဝန်မင်းကြီးရဲ့ရွာပါ။ အမေက ဦးကောင်းရဲ့ မြေးတော်တယ်။ (ဦးကောင်းမှာ သားသမီးအရင်း မထွန်းကားပါ။) အရင်က 'မုံတိုင်ပင်' လို့ ရာဇဝင်-သမိုင်း စာအုပ်ဟောင်းတွေမှာ ရေးတယ်။ ငယ်ငယ်ကတည်းက ကင်းဝန်ရဲ့အမျိုးဆိုတာကို နဲနဲကြွားဘူးခဲ့တယ်။ ကိုးတန်း-ဆယ်တန်း ကဗျာလေး-စာလေး ရေးတုံးက ကင်းဝန်နွယ် ဘာ-ညာ ဆိုပြီး ကလောင် နာမယ်ခံယူခဲ့ဘူးတယ်။ ကိုယ်တိုင်က ပန်းချီဆွဲပြီး၊ မြန်မာစာဆရာ ဘုတလင်ချစ်လေးက ကြီးကြပ်ပေးတဲ့ 'ပုလဲသွယ်' နံရံကပ် စာစောင်မှာ အဲဒီနာမည်နဲ့ တခါတလေ ပါဘူးတယ်။

ဆရာ့ကိုရော၊ သူငယ်ချင်းတွေပါ အမှတ်ရလို့ ကျွန်တော့် နိုင်ငံရေး (ဘလော့ခ်) ကို “ပုလဲသွယ်” လို့ နာမည်ပေးလိုက်တယ်။

နောင် နှစ် (၄ဝ) ကျော်တော့ ကယားလူမျိုး နိုင်ငံရေးမိတ်ဆွေတွေက အသိအမှတ် ပြုတာကိုတော့ ကျေနပ် ဝမ်းမြောက်တာ အမှန်ပါ။ ကယားပြည်ကို သီးခြားပြည်တခုအဖြစ် သီပေါမင်းကိုယ်စား လက်မှတ်ထိုး ထုတ်ပြန်ခဲ့တာ ကင်းဝန်မင်းကြီး ဦးကောင်းလို့ ကယား-ကယန်း-ကရင်နီတွေက သူများတွေထက် သိကြတယ်။ ကင်းဝန်မင်းကြီးကို အဲလို အမြင်ရှိသူတွေ အကဲဖြတ်တာကိုရော၊ “ဦးကောင်းလိမ်ထုတ်” ဆိုတာရော၊ နှစ်ခုလုံးကို သူ့အမျိုးတွေက အမွေခံရမှာပါ။ ကင်းဝန်မင်းကြီးနဲ့ ပတ်သက်ရင် ဆရာမြသန်းတင့်ရဲ့ “တောင်သမန်အင်းက လေညှင်းဆော်တော့” ထဲမှာ ရေးသားချက်ကိုတော့ မြန်မာ့စွယ်စုံကျမ်းထက် နှစ်သက်ပါတယ်။

ဦးကောင်းမွေးနေ့ နှစ် (၁၄ဝ) တုံးက ဦးလေးတယောက်ရဲ့ အစီအစဉ်နဲ့ မင်းတိုင်ပင်မှာ ပွဲတခုလုပ်ခဲ့ဘူးတယ်။ အဲဒီတုံးက ကျွန်တော်က ဆေးကျောင်းသားပဲ ရှိသေးတာ။

Rural Doctor တောသားဆရာဝန် http://my-sayawun-life.blogspot.in/2010/10/jungle-doctor.html

Dr. တင့်ဆွေ
၁၁-၁၁-၂ဝ၁၃

• ကင်းဝန်မင်းကြီးအကြောင်းစာအုပ်ရေးစေချင်တယ်လို့ အကြံပြုတာဖတ်ရပါတယ်။ ကျွန်တော်က သမိုင်းသမား မဟုတ်ပါ။ သမိုင်းကိုဖတ်တဲ့သူသာဖြစ်တယ်။ အမျိုးမစပ်သူတွေကနေရေးတာ ပိုသင့်မြတ်မယ်ထင်ပါတယ်။ ညှာစရာ၊ သာစရာမလိုပါ။
• မင်းတိုင်ပင်ရွာက ဦးကောင်း ကောင်းမှုဘုန်းတော်ကြီးကျောင်းပုံ တနေ့က ရထားတာ ပြန်ရှာမရသေးလို့။ ကျွန်တော်ငယ်ငယ်က ဆော့ကစားဘူးတဲ့နေရာလေးပါ။ မယ်မင်းဆီ အုတ်ဂူလေးလဲ ခြုံနွယ်တွေကြားထဲမှာ ငယ်တုံးက သွားကြည့်ဘူးသေးတယ်။ ယက်သွား (ရက်ကန်းသုံး) ရောင်းခဲ့တဲ့အမျိုးကလို့လဲ သိရပါတယ်။
• ကျွန်တော့်အမေရဲ့ အဖေ ဦးထင် က မင်းတိုင်ပင် တိုက်နယ်သူကြီး။ သူဆုံးတော့ မုံရွာမှာပါ။ ဆောင်းတွင်းမှာ ကျွန်တော့်အစ်ကိုကြီးနဲ့ နှစ်ယောက်သား သစ်ကိုင်းခြောက်လေးတွေကို ဘကြီးမီးလှုံဘို့ ဆွဲယူသွားခဲ့ကြရတာ မှတ်မိနေသေးတယ်။
• ဗခက ခင်ညွန့်ကနေ ဗခ ကျော်ဆန်း လက်ထောက်ချလို့ ပုလဲမြို့နယ်၊ မင်းတိုင်ပင်ရွာ ဘုန်းကြီးကျောင်းကနေ ကင်းဝန်မင်းကြီး ဦးကောင်းရဲ့ အသုံးအဆောင်တွေ ယူသွားခဲ့သေးတယ်။
• ကြေးကုတင်ကြီး၊ ပေပုရပိုက်တွေ၊ ပြင်သစ်ကလာတဲ့ တိုင်ကပ်နာရီမျိုးစုံ၊ စတာတွေထဲက ဘယ်လောက် ယူသွားလဲ မသိသေးပါ။ ကျပ်သိန်း ၄ဝ ပြန်လှူခဲ့တယ်လို့လဲ ပြောသံကြားတယ်။
• အဲဒီတုံးက ဗခ ကျော်ဆန်းက ကုန်သွယ်ရေး ဒုဝန်ကြီးပါ။ ဒိနောက် ပြန်ကြားရေးဝန်ကြီးဖြစ်လာတယ်။
• ရှေးဟောင်းပစ္စည်းတွေယူသွားလို့ ဗခ ကျော်ဆန်း ၂ဝ၁ဝ ရွေးကောက်ပွဲ စည်းရုံးရေးလာစဉ်က လူငယ်တွေကနေ ကန့်ကွက်လဲရှိတယ်လို့ ကြားမိသေးတယ်။
• အခုသမ ဝန်ကြီးဦးကျော်ဆန်းလဲ ကင်းဝန်နွယ်ထဲကပါ။ ကျွန်တော်နဲ့ ၂ ဝမ်းကွဲတော်တယ်လို့ သိတာ တနှစ်လောက် ရှိသေးတယ်။ အမတယောက် ဘုရားဖူးလာရင်း အမျိုးစပ်ပြလို့သာ သိပါတယ်။
• သူနဲ့ကျွန်တော်က DSA 11 ကို အတူသွားဖြေကြတာပါ။
• မင်းတိုင်ပင်ဘုန်းကြီးကျောင်းထဲက အုတ်ချောဂူ ၂ ခုက ချင်ပြစ်တိုက်ပွဲမှာကျသွားတဲ့ အင်္ဂလိပ်စစ်ဗိုလ်တွေကို မြှုပ်ထားတာဖြစ်ပါတယ်။

၃ဝ-၄-၂ဝ၁၄

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...