Friday, May 16, 2014

သတင်းစာပညာ ဒီပလိုမာတစ်နှစ်သင်တန်း တက်ရောက်နိုင်တော့မည်


ရန်ကုန်၊ မြန်မာဂျာနယ်လစ် Institute မှဖွင့်လှစ်မည့် သတင်းစာပညာသင် တန်းတွင် တစ်နှစ်တက်ရောက်ပြီးပါက သတင်းစာပညာဒီပလိုမာလက်မှတ် ရရှိမည်ဖြစ်ကြောင်း မြန်မာဂျာနယ်လစ် Institute (MJI)ဘုတ်အဖွဲ့ဥက္ကဋ္ဌ ဦး သီဟစောက ပြောကြားသည်။
ဇူလိုင် ၁ ရက်တွင်စတင်ဖွင့်လှစ် မည့် အဆိုပါသင်တန်းတွင် သတင်းစာ ပညာရပ်များကို နိုင်ငံခြား သင်ရိုးညွှန်း တမ်းမှနည်းစနစ်များအတိုင်း ပြည်ပမှ သတင်းစာဆရာအချို့နှင့်ပြည်တွင်း သတင်းစာ ဆရာများမှ ပို့ချသွားမည်ဖြစ် ကြောင်း ယင်းကပြောသည်။

''အချိန်ပိုင်းဒီပလိုမာသင်တန်း တွေဖွင့်သွားဖို့စီစဉ်ထားပါတယ်။ ရေ ရှည်သင်တန်းအမျိုးအစားဖြစ်လို့ အ ခြေခံသတင်းသမားတစ်ယောက် သိ သင့်တဲ့ပညာရပ်ဆိုင်ရာသဘောတွေ ကျင့်ဝတ်တွေ ကို သေချာသင်ကြားပေး နိုင်ပါလိမ့်မယ်''ဟု ယင်းက ပြောသည်။

မြန်မာဂျာနယ်လစ် Institute အနေဖြင့် မေ ၄ ရက်တွင် MJI စ တင်လည်ပတ်နိုင်ရေးအတွက် အဖွဲ့ဝင် ရှစ်ဦးပါ ယာယီဘုတ်အဖွဲ့အား ဖွဲ့စည်း ခဲ့ပြီး တရားဝင်အဖွဲ့ဖြစ်စေရန် မှတ်ပုံ တင်ခြင်း သင်ရိုးညွှန်းတမ်းများရေးဆွဲ အတည်ပြုခြင်းလုပ်ငန်းများ လုပ်ဆောင် နေပြီဖြစ်ကြောင်းလည်း သိရသည်။
မြန်မာဂျာနယ်လစ် Institute မှ သင်ရိုးရေးဆွဲနိုင်ရန် ဆွီဒင်နိုင်ငံရှိ သ တင်းစာပညာကျောင်းမှ တာဝန်ယူ ဆောင်ရွက်လျက်ရှိပြီး ¤င်းတို့တက္ကသိုလ် မှသင်ရိုးအတိုင်း ရေးဆွဲသွားမည်ဖြစ် ကြောင်း ဇူလိုင် ၁ ရက်တွင် စတင်ဖွင့် လှစ်မည့်သင်တန်းမှာ ခြောက်လကြာ မြင့်မည်ဖြစ်ကြောင်း မြန်မာဂျာနယ်လစ် Institute မှ ဘုတ်အဖွဲ့ဝင်တစ်ဦးဖြစ် သူ မြန်မာဂျာနယ်လစ်ကွန်ရက်ဥက္ကဋ္ဌ ဦးမြင့်ကျော်က ပြောသည်။
''လက်ရှိဖွင့်လှစ်နေတဲ့ သတင်း စာသင်တန်းတွေက ရေတိုသင်တန်း တွေပဲရှိတယ်။ MJI ဖွင့်မယ့်သင် တန်းမှာတော့ ရေရှည်သင်တန်းဖြစ် လို့ ပုံစံကျတဲ့သင်ရိုးတစ်ခုပေါ်ထွက် လာနိုင်ပါတယ်။ အတွေ့အကြုံရှိတဲ့ သ တင်းသမားတွေရော သတင်းစာပညာ ကို စိတ်ပါဝင်စားတဲ့အသစ်တွေရော ဒီသင်တန်းကို တက်လို့ရပါတယ်''ဟု ယင်းကဆိုသည်။
လက်ရှိရန်ကုန်မြို့နှင့် အခြားမြို့ ကြီးများတွင် စာနယ်ဇင်းကောင်စီ၏အစီအစဉ်ဖြင့် ဂျာနယ်လစ်အဖွဲ့အစည်း များနှင့်ပူးပေါင်းကာ ရက်တိုသတင်း စာသင်တန်းများပို့ချလျက်ရှိပြီး Internews နှင့် J school ကဲ့သို့သော အ ဖွဲ့အစည်းများမှလည်း နိုင်ငံခြားအဖွဲ့ အစည်းများ၏အကူအညီဖြင့် ဘာသာ ရပ်အထူးပြုသတင်းရေး သားနည်းသင် တန်းများ ပို့ချလျက်ရှိသည်။
မြန်မာဂျာနယ်လစ် Institute အ နေဖြင့် ပထမခြောက်လသင်တန်းအ တွက် သင်တန်းသားဦးရေ ၃ဝ ကို စတင် သင်ကြားမည်ဖြစ်ပြီး သင်တန်းဆင်းလက် မှတ်ပေးအပ်သွားမည်ဖြစ်ကြောင်း ဒု တိယအကြိမ် ဒီဇင်ဘာလအတွင်းဖွင့် လှစ်မည့် တစ်နှစ်သင်တန်းအတွက် ဒီ ပလိုမာ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

***********************************
အဂ္ဂမင်း ၊ ရန်ကုန်တိုင်းမ် ဂျာနယ် အတွဲ(၁၀) အမှတ် (၁၈)
***********************************

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...