Tuesday, May 6, 2014

ပျော်တော်ဆက် (ဇာတ်သိမ်းပိုင်း)


မောင်သူက ဒေါက်တာနွယ်နွယ်လင်း ပိုးနဲ့ငယ်သူငယ်ချင်းပေါ့။ “ကဲ မောင်ဆိုတဲ့ ဟိုတစ်ယောက် ကုတင်ပေါ်တက်။ ကျွန်တော်ဆရာဝန်မပြောတဲ့အတိုင်း တက်အိပ်လိုက်သည်။ “လက်သီးကိုဆုပ်ထားနော်။ မနာပါဘူးပိုးသစ္စာရယ် နင်ကလည်း အဲလောက်ကြီးစိတ်ပူနေတယ်။ အိုကေ” ဆရာဝန်မလေးက ပြောလည်းပြော အလုပ်ကိုလည်းတ်ဆက်ထဲလုပ်သည်။
စူးခနဲဝင်လာသောအထိတွေ့ကြောင့် မျက်ဝန်းကိုအသာမှိတ် ထားလိုက်သည်။ “ရပြီပြီးပြီ” 5 CC စလင်းထဲမှသွေးအနည်းငယ်ကို ပုလင်းပုလေးတစ်ခုထဲသို့ထည့်ရင်းပြော သည်။
“နာလားမောင်” ပိုးငယ်က ဆရာမဖိသွားသော ဂွမ်းကိုကိုင်ရင်းလာမေးသည်။
“ဒါနဲ့ပိုးလေး အဲဒါဘာလုပ်တာလဲ “ဆေးစစ်တာလေ မောင်။စိတ်မပူပါနဲ့မောင်။ မောင်ဘယ်လိုအ ခြေနေဘဲဖြစ်ဖြစ် ပိုးလေး မောင်နဲ့ အတူတူရှိနေမှာပါ” သူမစကားကြောင့် ဦးခေါင်းအစုံကမိုက်ခနဲ။ ကျွန်တော်ဘာ မှသူမကိုထပ်မပြောနိုင်တော့။
အရာအားလုံးကိုသူစီစဉ်သည်။ပိုးလေးချယ်လှယ်သည်။ဆေးခန်းမှပြန်လာပြီးသည့် အချိန်နောက်ပိုင်းတွင် ပိုးလေးကျွန်တော်ကိုပိုမိုပြီး ဂရုစိုက်လာသည်။ သူမ၏အဒေါ်ဆိုသူနှင့်ကျွန်တော်ကိုတွေ့ပေးသည်။ ငြင်းလိုက်သည်မှခါးခါးသီးသီး။“ လုံးဝသဘောမတူနိုင်ဘူး။ မင်းပြန်လို့ရပြီကောင်လေး။ အန်တီလိုချင်တာ သန့်စင်တဲ့သားသမက်။ ညစ်နွမ်းနေတဲ့ မင်းလိုလူမဟုတ်ဘူး ” ထိုအမျိုးသမီး ဘာကိုဆိုလိုသည်ကိုကျွန်တော်သိသည်။ ပြောင်းလဲသွား သောအခြေနေကြောင့် ပိုးလေးကျွန်တော့်လက်ကိုတင်းကျပ်စွာလာကိုင်သည်။ ဒီအချိန်တွင် ကျွန်တော့်အတွက် ဖြေစရာစကာလုံးမရှိသလို အကြောင်းပြချက်လည်းဖွင့်ဆိုမပြနိုင်။ နောက်ဆုံးရာဇသံတစ်ခုပါထုတ်လာသည်။ ကျွန်တော်နှင့်လက်ထပ်လျှင်ပိုးလေးအား အမွေပြတ်စွန့် လွတ်မည်တဲ့။
ကျွန်တော်များစွာစိတ်မကောင်းဖြစ်မိသည်။ ကျွန်တော်လိုသူတစ်ယောက်အားချစ်မြတ်နိုးမိသည့် အတွက်ပိုးလေးပေးဆပ်ရသော ဒုက္ခသည်အဆပေါင်းများစွာဖြစ်သည်။ သူမ၏ခံယူချက် အယူအဆများကို ကျွန်တော်လိုအမျိုးသားတစ်ယောက်လိုက်မမှီနိုင်။ “ အမှန်တော့မောင်ရယ် ကျွန်မမောင့်ကိုသိတာ လွန်ခဲ့တဲ့သုံးနှစ်ကျော်ကတည်းကပါ။ မောင့်သူငယ်ချင်းကို ကူညီပေးရင်း ဒီပြန်လမ်းမရှိတဲ့ လမ်းပေါ်လျှောက်ခဲ့တယ်ဆိုတာလည်းသိတယ်။
နောက်ဆုံးမောင့်ကိုအရုပ်တစ် ရုပ်လို ရောင်ဝယ်ဖောက်ကားနေကြတာတွေကိုလည်း ပိုး အဒေါ်ပြောပြလို့အားလုံးသိခွင့်ရတယ်မောင်။ ဒါကြောင့်လည်းပိုးအဒေါ်က မောင်နဲ့လက်ထပ်ရင် အမွေပြတ်လို့ပြောခဲ့တာ။ အမှန်တော့သူတို့တွေက ငွေရှိ တယ်ဆိုပြီး လူသားတွေရဲ့ဘ၀တွေကို သိမ်းပိုက်ချင်ကြတာ။ ငွေဆိုတာဘ၀အတွက် တန်ဖိုးမရှိဘူးမဟုတ်ဘူး။ ရှိတယ်။ ဒါပေမဲ့ လူသားတွေဘ၀လောက် တန်ဖိုးမမြင့်ဘူး။ သူတို့တွေအုပ်စုကြောင့် ကြယ်ပွင့်လေးတွေ ကြွေ လွင့်သွားကြတာ ဒုနဲ့ဒေးမောင်။ မောင့်ကိုဓါတ်ပုံဆိုင်မှာစတွေ့ကထဲက ပိုးသိတယ် ဒါကြောင့်လည်း မောင်ကြိုးစားလာတာကို ပိုးလွယ် ကူစွာလက်ခံခဲ့တာပေါ့မောင်ရယ်” လက်မှတ်ထိုးသည့် ည၏ညဉ့်ဦးယံတွင် ပိုးငယ်သည်ကျွန်တော်ကို ဖက်၍ရှိုက် သံတစ်ဝက်ဖြင့်ပြောနေသည်။
ထိုနေ့ထိုည၏ နွေးထွေးသော ပိုးငယ်ရင်ခွင်ကိုကျွန်တော်တစ်သက် မေ့နိုင်မည်မထင်။ ဒီကိစ္စတွေဖြစ်ပျက်ခဲ့သည်မှာ ယ္ခုဆိုလျှင် ဆယ်နှစ်ကျော်ပြီဖြစ်သည်။ ကျွန်တော်တောင်မှ မေတ္ထာရေကြည် လူမူဆောင့်ရှောက်ရေး၏ ဒုတိယအတွင်းရေးမှုးဖြစ်နေသည်။ ဆေးစစ်သည့်နေ့နောက်ပိုင်း ကျွန်တော် ပိုးသစ္စာ၏သူငယ်ချင်းဆရာဝန်မလေးနှင့် ပိုးလေးမသိအောင် သွားတွေ့ သည်။ HIV Positive ဖြစ်ကြောင်း နှစ်သိမ့်စွာပြောပြသည်။ “ဆေးဝါးများသောက်သုံးလျှင် လူတန်းစေ့နေနိုင်မယ်။ ပြီးတော့ ပိုးသစ္စာကလည်း မည်သည့်အဖြေထွက်လာသည်ဖြစ်စေ ရှင့်ကိုလက်ထပ်မှာလေ။
ဒါကြောင့် ရှင့်ကျမ္မားရေး စောင့်ရှောက်မှုအားလုးံကို ကျွန်မတာဝန်ယူမှာ။ နောက် ART သောက်ဖို့ကိုလည်း ပရဟိတအဖွဲတစ်ခုနဲ့ ကျွန်မချိတ်ထားပေးမယ်”။ ဆရာဝန်မ၏ စကားအဆုံးတွင် ကျွန်တော် မျက်ဝန်းမှ မျက်ရည်များက အတားအဆီးမရှိစွာကျဆင်းလာသည်။
အံကိုတင်းတင်းကြိတ်ပြီး ရှိုက်သံတွေကိုပတ်ဝန်းကျင်ကိုမထွက်အောင်ထိန်းနေရသည်။ ဆရာမလေး က “စိတ်ကိုလျှော့ပါရှင်ရယ်။ ဒီအကြောင်းတွေအားလုံးကို ပိုးသစ္စာသိရဲ့သားနဲ့ရှင်ကိုလက်ထပ်မယ်လို့ဆုံးဖြတ် တဲ့ စိတ်ကူးကိုကျွန်မအရမ်းအံသြတယ်။ သူဘာကြောင့်ဘဲဒီလိုဆုံးဖြတ်ဆုံးဖြတ် ပိုးသစ္စာချစ်ရင် ရှင်ဒီရောဂါကို ပိုသစ္စာ ကိုမကူးအောင်နဲ့ သားသမီးမယူဖြစ်အောင်ရှင်ဖြောင့်ဖျထိန်းသိမ်းပေးပါ။ ဒါမှရှင်လည်းဆေးဝါးနဲ့ အသက်ဆက် ရှင်နိုင်ပြီး ပိုးသစ္စာလည်းသူမျှော်လင့်ထားတဲ့ ရှင့်ရဲအချစ်တွေကိုရေရှည် ရရှိမှာ။
ပိုးသစ္စာကိုချစ်ရင် ဒါလေးတစ်ခုတော့ကျွန်မကို ကတိပေးပါ။ ကျွန်တော်ကိုယ်တိုင်သွားမေးလို့အရာအားလုံးကိုသိရှိခဲ့ပေမဲ့ အိမ်ထောင်သက် ဆယ်နှစ်ကျော်အထိ ပိုးလေးသည် ကျွန်တော်အား HIV ရှိသည်ဟု ယနေ့ထိ ထုတ်မပြောပေ။ ထိုကိစ္စအားဖွင့်ပြော၇န် လမ်း ကြောင်းပေးလျှင်လည်း “ ကျွန်မအတိတ်တွေကို စိတ်မ၀င်စားဘူးမောင်။ ခုအခြေနေမှာအကောင်းဆုံးဖြစ် အောင်နေကြမယ်ဟုပြောပြီး သူမစကားကိုသိမ်းသွားတတ်သည်။ ထိုသို့ဖြင့် ကျွန်တော်နှင့်ပိုးလေးတို့သည်လူမူ ကယ်ဆယ်စောင့်ရှောက်ရေးလုပ်ငန်းများလုပ်ရင် နေရာတစ်ခုစီရရှိခဲ့ကြသည်။
မိဘမဲ့ကလေးငယ်များကိုပညာသင်ပေးပြီး ပိုးငယ်လည်းပျော်ရွင်နေသလို့ ကျွန်တော်သည်လည်း HIV ဝေဒနာရှင်များကို ဆေးဝါများရအောင်ကူညီပေးရင်ဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများတွင်ပျော်ဝင်နေကြသည်။ တစ်ခါတရံ စိတ်အခန့်မသင့်သည့် အချိန်များမှအပကျွန်တော်တို့ လင်မယား၏အိမ်ထောင်ရေးသည် ပျော်ရွင်ရသည်။ ကျွန်တော်လိုေ၇ာဂါသည်တစ်ယောက်အား သတ္တိရှိရှိလက်တွဲပေးခဲ့သောပိုးလေး၏ ချစ်ခြင်း မေတ္တာသည် ကျွန်တော်အတွက်တော့ အကြီးမားဆုံးဆုပင်ဖြစ်သည်။ သားသမီးမယူသည်မှလွဲပြီးကျန်သော အိမ်ထောင်သည်ဘ၀၏သာယာပျော်ရွင်မူများအားလုံးကိုကျွန် တော်ကြိုးစားဖြည့်ဆည်းပေးသည်။
တိုးတောင်းလှသော ဘ၀တွင်လောဘ၊ဒေါသ၊မောဟများနှင့်ငွေကြေး ကိုရှာဖွေခဲ့သည့် အချိန်များကိုစဉ်းစားမိတိုင်းကျွန်တော် သံဝေဂရရှိသည်။
စောင့်ရှောက်ရေးဂေဟာတွင် ကြီးကြီးငယ်ငယ် လူအသွယ်သွယ်တို့ သံသရာရထားပေါ်သို့ တက်ကာဆင်းကာဖြင့် စုန်ဆန်ပြေးနေကြသည်။ ယနေ့မှ လူ့လောကသို့ဝင်ရောက်သော ကလေးငယ်များသည်လည်း နောက်တစ်နေ့တွင် ဖြစ်ပျက်သဘောဖြင့် လောကကြီးမှ ချို့တဲ့စွာထွက်သွားတတ်သည်။
ကျွန်တော်တို့လင်မယားအား ကောင်းမွန်သောစိတ်စေတနာဖြင့်ကူညီပေးခဲ့သော ပိုးသစ္စာ၏သူငယ်ချင်း ဆရာဝန်မလေး၏ သူငယ်ချင်းပေါ်ထားသောစိတ်ထားသည်လည်းများစွာမွန်မြတ်လှသည်။ အမြဲလိုအပ်သော ဆေးဝါးများနှင့် အခြားသောအရာများကို အဆင့်မတန်းမခွဲခြားဘဲ ဂေဟာလေးသို့လာရောက်တတ်သည်။သူမ သည်ပင်လျှင် အချိန်၏တိုက်စားမူကြောင့် ပညာရည်ပြည့်ဝသော အထူးကုဆရာဝန်မကြီးဖြစ်နေပြီ။ “ ပိုးသစ္စာရယ် နင်တို့လင်မယားကိုတွေ့ရင် ငါယောက်ျားမယူမိတာကို နောက်တရသလိုဘဲ” ဟုစကာနာထိုး တတ်သည်။
“ဟဲဒါနဲ့ ပိုးသစ္စာနင့်ယောက်ျားက ဒီမှာလုပ်တော့ သူနယ်က မိဘတွေကိုဘယ်လိုလုပ်။ အေးအဲ့ဒါပြောမလို့ဟ ငါအဒေါ်ကအမွေဖြတ်လိုက်ပေမဲ့ ငါမိဘတွေ မသေခင်ကပစ္စည်းတွေအားလုံးပေးသွားတယ်။ အဲပစ္စည်းလေးတွေကို ငါမောင့်မေမေဖေဖေကိုအားလုံးပေးလိုက်တယ်။
သူတို့လင်မယာနှစ်ယောက်ဒီတစ်သက် တော့အေးဆေး စားနိုင်လောက်ပါတယ်။ တစ်နှစ်ကိုတစ်ခေါက်လာတယ်။ ငါတို့ဆီကို။ ဒါပေမဲ့ဒီရောဂါအကြောင်းကိုတော့ မောင့်မိဘတွေကို ငါပေးမသိခိုင်းဘူး”။ ဆရာဝန်မလေးသည် သူ့သူငယ်ချင်း ကို လေးစားစွာကြည့်ပြီး သြော်တစ်ခွန်းသာပြောနိုင်သည်ကို မြင်လိုက်သဖြင့် ကျွန်တော်ပိုးလေးအား မျက်စပြစ် ပြလိုက်သည်။ ထိုသို့ဖြင့် ဘ၀၏ရိုးသားမူတွင်ပျော်၏။ သိုသော် ကံတရား၏ အဆုံးမသတ်နိုင်သော ဘ၀ကြမ္မာက ကျွန်တော်တို့ထံသို့ တည့်တည့်ဝင်လာပြန်သည်။
မိုးတွင်ဖြစ်သဖြင့် ရာသီဥတုက အုံတုံမိုင်းတိုင်း။ ဂေဟာရှေ့သို့ ကားတစ်စီးညှင်သာစွာဆိုက်လာသည် ကိုကျွန်တော်ထိုင်နေသည့် ပြတင်းပေါက်မှကျွန်တော်တွေ့လိုက်သည်။ ကျွန်တော်စိတ်ထဲတွင် အလှူရှင်တွေလာပြီထင်ပြီ ဖော်ရွေသောမျက်နာထားဖြင့် ကြိုဆိုမိသည်။ နောက်မှ ရောဂါသည်တစ်ယောက်ဖြစ်မှန်းသိသည်။
ဘယ်နယ်ကားကြီးနှင့်စောင့်လျှောက်ရေးးသို့လာအပ်သော လူနာ မမြင်ဖူးသဖြင့် အနည်းငယ်အံသြသွားသည်။ စာရေးမလေးတစ်ယောက်က “အစ်ကိုလူနာတဲ့ ART လိုချင်လို့ ပြီးတော့ သူဌေးတွေဆိုတော့ လူသိလည်းမခံချင်ဘူး။ ရောဂါဖြစ်နေတာကိုလည်းမသိစေချင်ဘူးတဲ့အစ်ကို”။ “အင်းခေါ်လိုက်လေ အစ်ကိုစကားပြောကြည့်လိုက်အုံးမယ်” ကျွန်တော်ခုံရှေ့သို့ ရောဂါသည်အမျိုးသမီ ကြီးလာထိုင်သည်။ ပုံစံကြည့်ရသည်မှ ရောဂါကိုလူသိမခံချင်သဖြင့် ကြိတ်ကုနေသည့်ပုံစံမျိုး။ ကျွန်တော် စာရင်းသွင်းပြီးလျှင် ရောဂါကိုကုပေးမည့်ဆရာမများ ခေါင်းစားတော့မည်။
“အစ်မနာမည်လေးပြောပါဦဗျ” ထိုအ မျိုးသမီး ၏အမည်ကိုပြောသောအသံကိုကြားလိုက်သည်နှင့် ကျွန်တော်၏ လွန်ခဲ့သောနှစ်ပေါင်း ဆယ်နှစ်ကျော် က ကလေးလေး ဆိုသောအသံကိုပြန်ကြားလိုက်ရသည်။ “ကလေးလေး မင်းကဒီမှာကို။ မမကိုမှတ်မိသေးလား” သူမထိုသို့ပြောနေသောအချိန်တွင် ပိုးလေးနှင့် အခြားအမျိုးသမီးတစ်ဦးအခန်းထဲဝင်လာသည်။
ကျွန်တော်ခေါင်ကိုငဲ့ကြည့်တော့ ထိုအမျိုးသမီးက ပြုံးပြသည်။ “မောင် ပိုးအဒေါ်လေ မှတ်မိလား မောင့်နဲ့သဘောမတူဘူးပြောခဲ့တာ သူလေ” ပိုးလေက စသည့်ဟန်ဖြင့် ပြောလာသည်။ ယခင်က မမဆိုသည် ကျွန်တော်ဘ၀ကို ဖျက်စီးခဲ့သည့် အမျိုးသမီးကြီးကို ပညာပေးမည်ဟု တွေးထားမိသော စိတ်တို့သည် ပိုးလေးနှင့် သူအဒေါ်တို့ ပျော်ရွင်နေသည့် ပုံစံအား တွေမြင်လိုက်လျှင် စိတ်အ တွေးတို့သည် မိုးရေစက်များနှင့်အတူလွင့်ပါသွားသည်။
ပိုးလေးက ကျွန်တော်ဘေးတွင်ဝင်ထိုင်ပြီး ပိုးအဒေါ်က သူမ၏သူငယ်ချင်းဖြစ်သော ကျွန်တော်ဘ၀၏ ပျော်တော်ဆက်ဘ၀အားမှော်သွင်းပေးခဲ့သည့် အမျိုးသမီးနားသွားထိုင်သည်။ ပိုးအဒေါ်က ကျွန်တော်ကို “အန် တီတောင်းပန်ပါတယ်သားရယ်။ တစ်ကယ်တော့ လူတစ်ယောက်၏ကောင်းခြင်းဆိုးခြင်းကို ခဏတာအမြင်နဲ့ ဆုံးဖြတ်လို့မရနိုင်မှန်းအန်တီသိပါပြီ။ ပြီးတော့ ပိုးလေးကို လည်း ဒီလောက် အနစ်နာခံနိုင်လိမ့်မယ်မထင်ခဲ့ဘူး လေ။
အန်တီပိုးလေးကို အမွေဖြတ်တယ်လိုပြောပြီး နိုင်ငံခြားကိုထွက်သွားတယ်။ ခုပြန်လာတော့ ပိုးလေးနဲ့ သားက ကျမ္မာပျော်ရွင်စွာနေနိုင်ကြပေမဲ့ အန်တီသူငယ်ချင်းအမိုက်မကြီးက သားတို့မြင်တဲ့အတိုင်းဘဲလေ ဘ၀မှာမေတ္တာသစ္စာမထားဘဲ အပျော်ပါးကို ငွေနဲ့မြူပြီး ပျော်ရွင်ခဲ့တဲ့ အန်တီသူငယ်ချင်းအမိုက်မကြီးကတော့” သူတို့သူငယ်ချင်းနှစ်ဦး ဖက်ပြီးရှိုက်ကြီးတငင်ငိုနေကြလေပြီ။
ကျွန်တော်ဘေးမှ ပိုးလေးကလည်းကျွန် တော်ဆုံးဖြတ်ချက်ကိုစိတ်ဝင်စားနေသည်။ လူနာများကို ထောက်ပံခွင့် ပေးသင့်မသင့်ကို ဆုံးဖြတ်နိုင်စွမ်း ကျွန်တော်တွင်ရှိမှန်းပိုးငယ်သိသည်။ သူအဒေါ်၏အသိဖြစ်လင့်ကစားကျွန်တော်အား မည်သည့်ဖိအားမျှပိုးငယ် မပေး။ ကျွန်တော်အတိတ်ဘ၀၏ ရင်နာစွာဖြတ်သန်းရခဲ့ခြင်းကို ပိုးလေးသဘေားပေါက်သောကြောင့် ဖြစ်ပေလိမ့်မည်။ ကျွန်တော်ပိုးလေးလက်ကို ခတ်ဖွဖွဆုတ်ကိုင်ပြီး စိတ်မပူနဲ့ဆိုသည့် သဘေားဖြင့် ပြုံးပြလိုက်သည်။ “ စိတ်ပူကြပါနဲ အန်တီတို့နှစ်ယောက်စလုံးကျွန်တော်အဆင်ပြေအောင်အားလုံစီိစဉ်ပေးပါမယ်။
အန်တီ မမကိုလည်း ဘယ်သူမှ မသိဘဲဂုဏ်ရှိစွာ နောက်ဆုံးနေရက်တွေကို ဖြတ်သန်းနိုင်ဖို့ ပိုးလေးသူငယ်ချင်း ဆရာ ၀န်မနဲ့ ပြောပေးပါမယ်။ ပြီးတော့ ART ကိုရအောင်လည်း ကျွန်တော်အဆင်ပြေအောင်ညှီနိုင်းပေးပါမယ်။
ဆေး သောက်နေရတဲ့ ရောဂါသည်အချင်းချင်းကျွန်တော်က်ိုချင်းစာပါတယ်”။ “ ကလေးလေးကောဒီရောဂါရနေတာ လား”။ ဟုတ်ပါတယ် အန်တီ ကျွန်တော်လွန်ခဲ့တဲ့ ဆယ်နှစ်ထဲကရှိနေတာပါ။ ပိုးသစ္စာနဲ့လက်မထပ်ခင်ကထဲ ကရှိနေတာပါ။
ကျွန်တော်တို့နှစ်ယောက် ဆေးဝါးကိုဂရုစိုက်သောက်ပြီး ဘ၀ကိုရိုးသားစွာဖြတ်သန်းခဲ့ကြတယ်။ “သေရင်ကိုနောက်ပါမဲ့ ဘာဝနာကိုတစ်ဖက်တလမ်းကအတူတူလုပ်ရင်း တန်ဖိုးရှိတဲ့ အချိန်တွေကိုကျွန် တော်တို့ ပိုးသစ္စာနဲ့အတူတူစတေးခဲ့ကြတယ်။ လောကမှာ အတ္တတွေ မာနတွေနဲ့ရှင်သန်နေထိုင်တာထက် ရိုးရှင်း စွာ ကိုတတ်နိုင်တဲ့ အရာတွေနဲ့ လိုအပ်နေသူတွေကိုထွေးပွေ့ခြင်းက မွန်မြတ်ပါတယ်” ကျွန်တော်စကားဆုံးလျှင် အန်တီမမသည် ဒုတိယမိ ငိုပြန်သည်။
“ မမကို ခွင့်လွတ်ပါ ကလေးလေးရယ်” ခွင့်လွတ်ပါတယ်။ “လောကဓံ ဆိုတာ ရုပ်ချောတယ်။ ကြီးတယ်ငယ်တယ် ခွဲခြားမထားပါဘူး ။ ဖြစ်ချိန်တန်ရင် ဖြစ်ကြရမှာပေါ့။ မဟုတ်ဘူးလား” ။ စာရင်းသွင်းပြီး ဒီဘက်မှချိတ်ဆက်သော အခြေနေအားလုံးပြီးလျှင်အကြောင်းကြားပေးမယ်ဟုပြော လိုက်လျှင် ကျေးဇူးတင်ကြောင်း အကြိမ်ကြိမ်ပြောပြီး ပိုးလေးအဒေါ်နှင့် အန်တီမမ တို့ပြန်သွားကြသည်။
သူတို့ ပြန်သွားလျှင် ကျွန်တော်ပိုးလေး၏ ပါးပြင်နုနုကို မြတ်နိုးစွာနမ်းရှိုက်မိသည်။ “ဟာ မောင်ကလည်း ကလေးတွေ အလုပ်သမားတွေ ဆရာမတွေ မြင်သွားမှ” ထိုသိုပြောပေမဲ့ သူမကမရုန်း။ “ဟင် ရှက်တယ်လည်းပြောသေးတယ် ။ ရုန်းးလည်းမရုန်းပါလား ဘိုကြီးတုန်းဟ”။ ကျွန်တော်စလိုက်တော့ ကျွန်တော့်ဗိုက်ခေါက်အားမနာကျင်စွာဆွဲပြီး အခန်း အပြင်သို့ထွက်သွားသည်။
နောက်ရက်အနည်းငယ်တွင်လူတိုင်းအတွက် ငွေကိုဗဟိုပြုပြီး ပျော်တော်ဆက်ခဲ့ဖူးသည့် ကျွန်တော့်ဦး ဆောင်မူနှင့် မကင်းသော လူမူကယ်ဆယ်ပြုစုပျိုးထောင်ရေးစခန်းလေးတွင် သမိုင်းတွင်အဖြစ်ပျက်ခဲ့များဖြစ် ခဲ့ဖူးသော လူသားများ အတ္တကင်းစွာတွေ့ဆုံကြရတော့မည်။ သေလျှင်မည်သည့် ပစ္စည်းကိုမှယူဆောင်မရနိုင်ခြင်းကိုသိသော်လည်း လူသဘောလူမနောအရ ငွေရှိလျှင်ငွေဂုဏ် အာဏာရှိလျှင် အာဏာဂုဏ်ဖြင့် သိမ်းသွင်းဖြား ယောင်းတတ်ခြင်းများကို ရှောင်ကြင်နိုင်တော့မည်။
ထို့အပြင် မေတ္တာသက်သက်ဖြင့် ရောဂါသည် ယောက်ျားတစ်ယောက်၏ ဘ၀တစ်ခုလုးံကို ကောင်းမွန်စွာသိမ်းသွင်း ပျိုးထောင်ပေးခဲ့သော ချစ်စနီးလေး ပိုးသစ္စာ၏ သန့်ရှင်းသောဂုဏ်ကျေးဇူးကို တမ်းတအောက်မေ့လျှက်။
ကန်ရေပြင်ဆိုတာ ဂယက်ထမှာပဲ
ကြမ္မာဆိုတာကလည်း အတက်အကျရှိတာပေါ့
ဘဝဆိုတာ အလိုလိုခါးပြီးသားမို့
အလိုက်သင့်စီးမျောတတ်ဖို့
သင်ယူ ကြိုးစားရင်း
နစ်မြုပ်သွား
ဆိုက်ေ၇ာက်သွားတဲ့လှေပေါင်းကလဲများခဲ့ပေါ့
ဖြူစင်စိတ်ထား သစ္စာများဖြင့်
လေားကဓံတရားကို ရိုးသားစွာ
လှော်ခပ်ကြပါလို့တိုက်တွန်းရင်း။
ဇော်ညီညီ(နေပြည်တော်)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...