Tuesday, May 6, 2014

တက်တူးဆို စိတ်နာလွန်းလို့


ကျွန်တော်တို့အရုပ်ထိုးတုန်းက တစ်ဖက်ချွန်ဝါးခြမ်းပြားမှာ အပ်ချုပ်တဲ့ ငွေအပ် ငါးချောင်းတပ် ကြွတ်ကြွတ်ကြိုးနဲ့ပါတ် ဖယောင်းစက်ချ ချောအောင်ပွတ် အဲဒါစုတ်တံဖြစ်ပြီ ။ တရုတ်တွေ တရုတ်စာရေးတဲ့ အမဲချောင်းကိုရေနဲ့သွေး အဲဒါက ဆေး ၊ ရောင်စုံလိုချင်ပြီဆို ဖူဂျီ ရေဆေးတွေဝယ်ပြီး ထိုး ။ ကြောကုန်း အပြည့်မှ လေးထောင်ဘဲပေးရတယ် ။

ဒီလိုနဲ့ အရုပ်စထိုးတာ ဂွတ်တလစ်က အာစရိဆိုတဲ့ တတ်တူးဆရာဆီမှာ ထိုးရင်နာသလား မေးတုန်းရှိသေး ဒူးခေါင်းကို စုတ်နဲ့ ဇတ်ဇတ်ဆို ကောက်ထိုးပြီး အဲ လောက်ဘဲနာတယ် ပြ ဒူးခေါင်းမှာ အစက်ထင် ၊ ရောကာဆို ဖူဂျီရေဆေးနဲ့ မီးငှက်ရုပ်ထိုး ။ မီးငှက်မှန်းသိအောင် caption တောင်ထိုးလိုက်သေး ဖြစ်ချင်တော့ စာလုံးပေါင်းမှား Phonix တဲ့ ။ ၈
စာလုံးပေါင်းမှန်အောင် အောက်ကနေမျှားပြပြီး e တစ်လုံးထပ်ထည့်လို့လည်းမကောင်း ။
ဒါနဲ့ ၁၉၉၅လောက်ရောက်တော့ အဲဒါကို ထပ်ပြင်မယ်ဆိုပြီး ဘူတာရုံလမ်းက တတ်တူးဆရာ ခြေပြတ်ဆီမှာ သွားထိုး ငှက်ကလေးကို ယုတ္တိရှိအောင် အောက်က မီးတောက်ထည့် ငှက်ကင်ပုံဖြစ်ရော ..
ဒီလိုနဲ့တစ်ရက် သူငယ်ချင်းတစ်ယောက် RC2ထဲမှာ ရန်ဖြစ်ရင်း အချုပ်ကျ အချုပ်ထဲကနေ တတ်တူးဆရာကောင်းကောင်းခေါ်လာခဲ့တယ်ဆို စုပြီး တက်တူးထိုးကြတာ။ ရှေ့မှာနတ်သားပုံထိုးနေတဲ့ သူငယ်ချင်း ကိုထိုင်ကြည့် နတ်သားခြေတိုနေတယ်လို့ပြောတော့ တက်တူးဆရာက မပူနဲ့ပြင် ပေးမယ်ဆိုခြေထောက်ကို ရှည်လိုက် တာ အဲဒီသူငယ်ချင်းကြောမှာ ခြေလေးချောင်းနတ်သားပုံ သေရာပါ ပါရောလား ။
ဒီလိုနဲ့ ကိုယ့်အလှည့်ရောက် ဘာပုံထိုးမလဲဆို Hero game ထဲက power အမြင့်ဆုံး dragon ပုံထိုးမယ်ဆို ထိုးလိုက်တာ တစ်ခေါက်ဘဲ ထိုးလိုက်ရသေးတယ်။ နောက်တစ်ရက် ထိုးဖို့သွားခေါ်တော့ ကိုယ်တော်က ထောင်ကျသွားတယ် ၊ ကြောမှာက တို့လို့တန်းလန်း မှင်အရောင်မတူမှာစိုးလို့ ဆက်မထိုးဖြစ်တာ အခုထိ
နဂါးပုံမထိုးခင်က အဆစ်ဆို လက်မောင်းမှာ ငှက်ကနုတ်လေးထိုးပေးသွားတယ် ။ ဖြစ်ချင်တော့ အဲဒီငှက်ကနုတ်က ပါရမီ ဦးပိုင်တံဆိပ်နဲ့ တူနေပြန်ရော
ဒါက ကိစ္စမရှိသေးဘူး ။ ၂၀၁၂ မိထ္ထီလာမှာ သတင်းလိုက်တုန်း ငယ်သူငယ်ချင်းတွေနဲ့ အဲဒီကိစ္စပြော သူမှာရှိတဲ့ စက်တွေဆေးတွေနဲ့ ပြင်မယ်ဆို မူးမူးနဲ့ ပြင်ကြတာ ။ ပြင်တဲ့ လူ ရှူးသွားပေါက်တုန်း တစ်ကောင်က မင်း နဂါးက အထီးလားအမလား မသိလို့ဆို ဂွေးစိထည့်ဆွဲပေးသွားတယ် ။
ဂွေးတန်းလန်းနဂါးနဲ့ ကြောကုန်းမှာ သေရာပါရော ။ ၈.........

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...