Tuesday, May 6, 2014

အသစ်ကို ပွေ့ဖက်ရမှာ မကြောက်ပါနဲ့။

Photo: ဒါရိုက်တာ စတီဗင် စပီးဘတ် ရိုက်ကူးတဲ့ Artificial Intelligence 
ဝီလ်စမစ် ရဲ့  ..........  I  Robot
အလှပဆုံးကားများအဖြစ်မှ စက်ရုပ်စစ်သည်တော်အဖြစ် ပြောင်းလဲသွားသည့် 
Transformer (1,2,3,4) လို 
Science Fiction သိပ္ပံ ရုပ်ရှင်ဇာတ်ကားများ -----

တကယ်တော့ ကျနော်တို့ခေတ်မှာ
 လူဆိုသည့်သတ္တဝါ က မောင်းသူမဲ့လေယာဉ်များကို ခလုပ်တခုတည်းနှင့်
ထိန်းချုပ်ညွှန်ကြားပြီး စစ်ပွဲတွေကို ဖန်ဆင်းနိုင်သည်။
 3 Dimension ထဲမှာ ဘဝကို စမ်းသပ်ကြည့်ကြသည်။ 
စက်ရုပ်တွေထဲမှာ လူ့နှလုံးသားကို ထည့်ကြည့်ပြီး အထိအတွေ့နှင့်တပ်မက်မှု ကို  မျှားယူကြည့်သည်။ 

သို့သော်- 
စက်ရုပ်တွေ (Robotics) က လူတွေလို ခံစားသက်ဝင်လာချိန်မှာ လူတွေက ကိုယ်တည်ဆောက်ခဲ့သည့် စံနစ်ထဲမှာပဲ စက်ရုပ်ဆန်ဆန် ပြန်လည် လည်ပတ်နေကြသည်။ ကွန်ပြူတာပရိုဂရမ်တွေထဲမှာ လူနှင့်ဈေးကွက်က မြန်ဆန်စွာပြောင်းလဲလာခဲ့လေသည်။ 
အနောက်နိုင်ငံတွေမှာတော့ လူကို အစားထိုးအလုပ်လုပ်ခိုင်းမည့် စက်ရုပ်လူသားတွေက နေရာယူဖို့ကြိုးစားလာကြပြန်သည်။ 

............................................................

Robotics Degree

.............................................................

အမေရိကန်ပြည်ထောင်စုမှာ Public Health ပြီးရင် ဈေးကွက်မှာ ပေါ်ပြူလာဖြစ်လာတဲ့  ဒီဂရီ ဖြစ်ပါတယ်။ လန်ဒန်အခြေစိုက် Metra Martech ဈေးကွက်လေ့လာစမ်းစစ်မှုအဆိုအရ၊
၂၀၁၂- ၂၀၂၀ အတွင်းမှာ Robotics နဲ့ ပတ်သက်တဲ့အလုပ်ပေါင်း (၂) သန်းမှ (၃.၅) သန်းအဖိ ဖန်တီးပေးနိုင်လိမ့်မယ်လို့ဆိုတယ်။ 

တကယ်တော့ Robotics တွေဟာ လူတွေ နေ့တဓူဝ လုပ်ကိုင်နေကြတဲ့ အလုပ်တွေကို ဝင်ရောက်နေရာယူလာကြတယ်။
 ဆေးရုံခွဲစိတ်ကုသရုံတွေမှာ လူတွေရဲ့ လိုအပ်တဲ့အစိတ်အပိုင်းတွေကို အစားထိုးနိုင်ယုံသာမက၊ ပင်လယ်ရေအောက်ကြမ်းပြင်ကို ပြန်လည်တိုင်းတာမယ့် မြေပုံတွေအဖြစ်ရောက်ရှိလာကြသလို၊ NASA ရဲ့ စက်ရုပ်တွေဟာ Mars ဂြိုလ်ရဲ့ မျက်နှာပြင်ကို သေသေချာချာ လေ့လာစူးစမ်းသူတွေဖြစ်လာတယ်။

မာဆာချူးဆက်ပြည်နယ်က အင်ဂျင်နီယာ ပါမောက္ခတဦးကတော့၊
လွန်ခဲ့တဲ့ (၅) နှစ်လောက်ကစပြီး အင်ဂျင်နီယာကျောင်းသားတွေဟာ Robotics တွေကို ပိုမိုစိတ်ဝင်စားလာကြတယ်။ ဒီဇိုင်းတွေကို သူတို့ဘာသာတီထွင်ပြီး စမ်းသပ်ကြတယ်။ ဒါကြောင့် ကျနော်တို့ကျောင်းတွေကလည်း Robotics နဲ့ ပတ်သက်တဲ့ ဒီဂရီတွေ၊ ပြဋ္ဌာန်းစာအုပ်တွေကို ထည့်သွင်းစဉ်းစားလာခဲ့ကြတယ်။ Robotics မေဂျာ ကို စက်မှုအင်ဂျင်နီယာ၊ လျှပ်စစ်အင်ဂျင်နီယာ၊ ဆော့ဝဲလ် အင်ဂျင်နီယာတွေသာ မက၊ တီထွင်စမ်းသပ်မှုကို စိတ်ဝင်စားတဲ့ စီးပွားရေးသမားတွေကလည်း စိတ်ဝင်စားကြတယ်။ 

Worcester Polyteechnic Institute in Massachusetts
Lawrwnce Technological University in Southfield, Michigan
The University of Califonia, Santa Cruz
Carnegie Mellon, Penn State
တွေမှာ သင်ကြားတဲ့ Robotics ပရိုဂရမ်တွေဟာ ထင်ရှားတဲ့ ဘာသာရပ်တွေဖြစ်ပါတယ်။ 

( အင်ဂျင်နီယာ နဲ့ သင်္ချာဘာသာရပ်တွေမှာ အားကောင်းလေ့ရှိတဲ့ မြန်မာကျောင်းသားတွေကို တခုတိုက်တွန်းချင်ပါတယ်။ ကွန်ပြူတာ ပရိုဂ၇မ်တွေကို မကြောက်ပါနဲ့။ ကျနော်တို့တုံးကဆိုရင် RIT မှာ ကွန်ပြူတာကောင်းကောင်းမရှိပါဘူး။ ကွန်ပြူတာ ခလုတ်ကို ဘယ်လိုဖွင့်ရမှန်းမသိဘူး။ AUTO CAD လည်း မတက်ခဲ့ဘူးပါဘူး။ ဒါပေမဲ့ ဒီရောက်တော့ C++ အပါအဝင် Visual programming language နဲ့ Animation sofeware တွေ လေ့လာကြည့်တော့ ဘာမှလည်း မခက်ပါဘူး။ 
ကွန်ပြူတာ နဲ့ ကာတွန်းရုပ်ရှင်ကားလေးတွေကို ပရောဂျက်လုပ်ခဲ့ရတယ်။ မြန်မာပြည်မှာ သင်္ချာရဲ့ စဉ်းစားတွေးခေါ်နည်းကို သင်ကြားပေးလိုက်တော့ ကွန်ပြူတာပရိုဂရမ်တွေက လွယ်ပါတယ်။

 ရိုဘော့တစ် ဆိုတာ Electronics ရဲ့ အခြေခံသဘောတရားဖြစ်တဲ့ Digital ( 0 1 0 1) သဘောတရားကို ပရိုဂရမ် နဲ့ ပေါင်းပြီး တီထွင်ထားတဲ့ ဒီဇိုင်းတွေ တွေပါ။ ကိုယ့်မှာ အခြေခံရှိပြီးသားပဲ။ အသစ်ကို ပွေ့ဖက်ရမှာ မကြောက်ပါနဲ့။ ) 

--
ဒါရိုက်တာ စတီဗင် စပီးဘတ် ရိုက်ကူးတဲ့ Artificial Intelligence
ဝီလ်စမစ် ရဲ့ .......... I Robot အလှပဆုံးကားများအဖြစ်မှ စက်ရုပ်စစ်သည်တော်အဖြစ် ပြောင်းလဲသွားသည့်
Transformer (1,2,3,4) လို Science Fiction သိပ္ပံ ရုပ်ရှင်ဇာတ်ကားများ -----
တကယ်တော့ ကျနော်တို့ခေတ်မှာ လူဆိုသည့်သတ္တဝါ က မောင်းသူမဲ့လေယာဉ် များကို ခလုပ်တခုတည်းနှင့် ထိန်းချုပ်ညွှန်ကြားပြီး စစ်ပွဲတွေကို ဖန်ဆင်းနိုင်သည်။

3 Dimension ထဲမှာ ဘဝကို စမ်းသပ်ကြည့်ကြသည်။
စက်ရုပ်တွေထဲမှာ လူ့နှလုံးသားကို ထည့်ကြည့်ပြီး အထိအတွေ့နှင့်တပ်မက်မှု ကို မျှားယူကြည့်သည်။

သို့သော်-
စက်ရုပ်တွေ (Robotics) က လူတွေလို ခံစားသက်ဝင်လာချိန်မှာ လူတွေက ကိုယ်တည်ဆောက်ခဲ့သည့် စံနစ်ထဲမှာပဲ စက်ရုပ်ဆန်ဆန် ပြန်လည် လည်ပတ်နေကြသည်။ ကွန်ပြူတာပရိုဂရမ်တွေထဲမှာ လူနှင့်ဈေးကွက်က မြန်ဆန်စွာပြောင်းလဲလာခဲ့လေသည်။
အနောက်နိုင်ငံတွေမှာတော့ လူကို အစားထိုးအလုပ်လုပ်ခိုင်းမည့် စက်ရုပ်လူသားတွေက နေရာယူဖို့ကြိုးစားလာကြပြန်သည်။

............................................................
............................................................

Robotics Degree

.............................................................

အမေရိကန်ပြည်ထောင်စုမှာ Public Health ပြီးရင် ဈေးကွက်မှာ ပေါ်ပြူလာဖြစ်လာတဲ့ ဒီဂရီ ဖြစ်ပါတယ်။ လန်ဒန်အခြေစိုက် Metra Martech ဈေးကွက်လေ့လာစမ်းစစ်မှုအဆိုအရ၊
၂၀၁၂- ၂၀၂၀ အတွင်းမှာ Robotics နဲ့ ပတ်သက်တဲ့အလုပ်ပေါင်း (၂) သန်းမှ (၃.၅) သန်းအဖိ ဖန်တီးပေးနိုင်လိမ့်မယ်လို့ဆိုတယ်။

တကယ်တော့ Robotics တွေဟာ လူတွေ နေ့တဓူဝ လုပ်ကိုင်နေကြတဲ့ အလုပ်တွေကို ဝင်ရောက်နေရာယူလာကြတယ်။
ဆေးရုံခွဲစိတ်ကုသရုံတွေမှာ လူတွေရဲ့ လိုအပ်တဲ့အစိတ်အပိုင်းတွေကို အစားထိုးနိုင်ယုံသာမက၊ ပင်လယ်ရေအောက်ကြမ်းပြင်ကို ပြန်လည်တိုင်းတာမယ့် မြေပုံတွေအဖြစ်ရောက်ရှိလာကြသလို၊ NASA ရဲ့ စက်ရုပ်တွေဟာ Mars ဂြိုလ်ရဲ့ မျက်နှာပြင်ကို သေသေချာချာ လေ့လာစူးစမ်းသူတွေဖြစ်လာတယ်။

မာဆာချူးဆက်ပြည်နယ်က အင်ဂျင်နီယာ ပါမောက္ခတဦးကတော့၊
လွန်ခဲ့တဲ့ (၅) နှစ်လောက်ကစပြီး အင်ဂျင်နီယာကျောင်းသားတွေဟာ Robotics တွေကို ပိုမိုစိတ်ဝင်စားလာကြတယ်။ ဒီဇိုင်းတွေကို သူတို့ဘာသာတီထွင်ပြီး စမ်းသပ်ကြတယ်။ ဒါကြောင့် ကျနော်တို့ကျောင်းတွေကလည်း Robotics နဲ့ ပတ်သက်တဲ့ ဒီဂရီတွေ၊ ပြဋ္ဌာန်းစာအုပ်တွေကို ထည့်သွင်းစဉ်းစားလာခဲ့ကြတယ်။ Robotics မေဂျာ ကို စက်မှုအင်ဂျင်နီယာ၊ လျှပ်စစ်အင်ဂျင်နီယာ၊ ဆော့ဝဲလ် အင်ဂျင်နီယာတွေသာ မက၊ တီထွင်စမ်းသပ်မှုကို စိတ်ဝင်စားတဲ့ စီးပွားရေးသမားတွေကလည်း စိတ်ဝင်စားကြတယ်။

Worcester Polyteechnic Institute in Massachusetts
Lawrwnce Technological University in Southfield, Michigan
The University of Califonia, Santa Cruz
Carnegie Mellon, Penn State
တွေမှာ သင်ကြားတဲ့ Robotics ပရိုဂရမ်တွေဟာ ထင်ရှားတဲ့ ဘာသာရပ်တွေဖြစ်ပါတယ်။

( အင်ဂျင်နီယာ နဲ့ သင်္ချာဘာသာရပ်တွေမှာ အားကောင်းလေ့ရှိတဲ့ မြန်မာကျောင်းသားတွေကို တခုတိုက်တွန်းချင်ပါတယ်။ ကွန်ပြူတာ ပရိုဂ၇မ်တွေကို မကြောက်ပါနဲ့။ ကျနော်တို့တုံးကဆိုရင် RIT မှာ ကွန်ပြူတာကောင်းကောင်းမရှိပါဘူး။ ကွန်ပြူတာ ခလုတ်ကို ဘယ်လိုဖွင့်ရမှန်းမသိဘူး။ AUTO CAD လည်း မတက်ခဲ့ဘူးပါဘူး။ ဒါပေမဲ့ ဒီရောက်တော့ C++ အပါအဝင် Visual programming language နဲ့ Animation sofeware တွေ လေ့လာကြည့်တော့ ဘာမှလည်း မခက်ပါဘူး။
ကွန်ပြူတာ နဲ့ ကာတွန်းရုပ်ရှင်ကားလေးတွေကို ပရောဂျက်လုပ်ခဲ့ရတယ်။ မြန်မာပြည်မှာ သင်္ချာရဲ့ စဉ်းစားတွေးခေါ်နည်းကို သင်ကြားပေးလိုက်တော့ ကွန်ပြူတာပရိုဂရမ်တွေက လွယ်ပါတယ်။

ရိုဘော့တစ် ဆိုတာ Electronics ရဲ့ အခြေခံသဘောတရားဖြစ်တဲ့ Digital ( 0 1 0 1) သဘောတရားကို ပရိုဂရမ် နဲ့ ပေါင်းပြီး တီထွင်ထားတဲ့ ဒီဇိုင်းတွေ တွေပါ။ ကိုယ့်မှာ အခြေခံရှိပြီးသားပဲ။ အသစ်ကို ပွေ့ဖက်ရမှာ မကြောက်ပါနဲ့။ )

— with Thanlay Ko and 19 others.

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...