ကိုပွ၏ကိုယ်တွေ့ (၁)
“ သွားပြီ သွားပြီ ကုန်ပြီ ကုန်ပြီ”
ထိုကဲ့ သို့ တစ်ကြော်ကြော် အော်ရင်း အခန်းထဲ ၀င်လာတာက မောင်ပွ ရဲ့ အခန်းဖော်။ အရက်တွေလဲ သောက်လာပုံရသည်။ အခန်းဖော် ဆိုပေမယ့် ထိုသူမှာ မောင်ပွ ထက် အသက်ကြီး သဖြင့်
“ ဟာ ကိုကြီးအောင်သူ ဘာတွေ ကုန်ပြီး ဘာတွေ သွားနေတာလဲ”
“ သွားပြီကွာ ငါ အနှစ်နှစ် အလလ က မက်ခဲ့တဲ့ အိမ်မက်လေး ပျက်သွားပြီကွာ”
“ ဟွင် အစ်ကိုကခုမှ နိုးတာလား အတော်အိပ်နိုင်တာပဲညော်”
“ ဟွင် ငါပြောတာ အဲ့ အဓိပ္ပါယ်ပေါက်သွားလားငင်”
“ အေးဆို “
“ မိန်းမ တွေ သစ္စာ မရှိဘူးကွာ”
“ ဟုတ်တယ် ယောက်ျား တွေပဲ သစ္စာ ရှိတယ်ညော်”
“ အေးဆို မိန်းမ တွေ မကောင်းဘူးယောက်ျားတွေပဲ ကောင်းတယ်”
“ ဒါဆို ယောက်ျားယူပါလား ကိုကြီး အောင်သူ”
“ ငင့် ညီကလေး ငါ အသက်တွေလဲ ကြီးလှပါပြီ မထော်မနန်း တွေ မလုပ်ပျစေနဲ့တော့လား"
လက်စသတ်တော့ ကိုကြီး အောင်သူ တစ်ယောက် အသည်းကွဲလာတာပါလား။ ခက်သည် ကိုယ်တွေကလဲ ဘ၀မှာ တစ်ခါမှ အသည်းမကွဲခဲ့ဖူးလေတော့( ဒီနားလေး သည်းခံဖတ်ကြပါ အဟိ) အသည်းကွဲတဲ့ သူကို ဘယ်လို နှစ်သိမ့်ရမည် မသိ။
“ ကြာတယ် ကွာ အသည်းကွဲတာ ပိုအဓိပ္ပါယ် ရှိသွားအောင် အသည်းကွဲ သီချင်းတွေ ရွေးဖွင့် စမ်းကွာ ညီကလေး"
“ ဟွတ်”
သို့နှင့် မောင်ပွ တစ်ယောက် လက်ပ်တော့ ကိုဖွင့်ကာ ဆောင်းဘောက်စ် နှင့် ဂျွိုင်းလိုက်သည်။
“ ဘယ်သီချင်းက စဖွင့် ရမလဲ ကိုကြီး အောင်သူ”
“ အာကွာ ကြိုက်တာဖွင့် ဟိုသီချင်းလေကွာ ဘိုတေး နဲ့ ဆန်နီဖြိုး သီချင်းလေး”
“ ငင် အာ့က အဆိုတော် အသစ်တွေလား”
“ ဟာကွာ ဒီလောက် နာမည်ကြီးတာ မကြားဖူးဘူးလား အဲ့ နှစ်ယောက်ကိုလေ ဘာတဲ့ တိုဘေး နဲ့ နန်ဆီဖြိုး လေ”
“ ဟွင် ဒါက တရုတ်နဲ့ ကုလား စုံတွဲ အသစ် ထင်တယ်ညော်”
ကြည့်ရတာ တော့ အတော်ရေ ချိန် ကိုက်နေပုံရသည်။ ဆိုတေး နဲ့ ဘန်နီဖြိုး နာမည်ကိုတောင် မှန်အောင် မရွတ် နိုင်တော့။ ကြာလာလျှင် နိုတေး နဲ့ ဖြန်ဘီစိုး တွေ ဘာတွေ ဖြစ်လာနိုင်သည်။ သည်တော့ အချိန် မလွန်ခင် သစ္စာ သီချင်း ကို ဖွင့်ပေးလိုက်လေလျှင်
“ မင်းရှိသည် ဖြစ်စေ မင်းမရှိသည် ဖြစ်စေ ဒါဟာ ငါ့ရဲ့ သစ္စာတရား ရင်မှာ မင်းတစ်ယောက်ပဲ ငါမြတ်နိုး လို့တန်ဖိုးထား”
ဆောင်းဘောက်စ်က ထွက်လာသော အသံ နှင့် ထပ်တူ အာလေး လျှာလေး သံကြီး နှင့် လိုက်ဆိုလေတော့သည်။
“ တောက် ခံစား လို့ ကောင်းလိုက်တာကွာ”
“ ဒါတောင် ပန်းကန်ပြား မပါသေးဘူး”
“ လင်ဗန်းလေးနဲ့ ဆို ပိုခံစား လို့ကောင်း ဟွင် သေချင်းစိမ်း ငါ့ကို ဘာတွေလာပြောနေတာလား”
“ အင်းဆို”
ခက်သည်။ သာမန်အချိန်ဆိုလျှင် အနေအေးဆေး တည်ငြိမ်လှသော အဆိုပါ စီနီယာကား အရက်တန်ခိုးကြောင့် သစ်သီးနှင့် တူသော စကားများအား တွင်တွင် ပြောနေလေတော့သည်။
“ ဒီည တစ်ညလုံး မအိပ်ဘူးဟေ့ ဖွင့် စမ်း သီချင်းတွေ ဆိုမယ်
ကမယ် ပျော်ပျော် နေပစ်လိုက်မယ်ကွ ဟားဟားဟား”
အင်း ဘေးက အခန်းတွေတော့ အိပ်ရေး ပျက်ကိန်း မြင်သည်။ ဆောင်းဘောက်စ် ကလည်း မောင်ပွ ဆီမှာသာ ရှိသည်ဆိုတော့ မခက်ပေဘူးလား။ သို့ပေတည့် စီနီယာ ဆိုတော့ ကြောက်ရသည် မဟုတ်ပါလား။ သို့နှင့် မောင်ပွ လက်ပ်တော့ ထဲမှ အသည်းကွဲ သီချင်း ဟု ထင်ရသော သီချင်း များအား ရွေးဖွင့်ပေးလေသည်။ ထိုစဉ် စီနီယာအား တစ်ချက်ကြည့်လိုက်လေရာ အခန်းထဲတွင် မတွေ့တော့။ အလို မူးမူး ရူးရူး နဲ့ ဘယ်ထွက်သွားပြန်ပြီ မသိ။
“ ကိုကြီးအောင်သူ ကိုကြီးအောင်သူ”
“ ဟေ ဘာတုန်းကွ ငါဒီမှာလေ”
“ ဟွင် ဘယ်မှာလား မတွေ့ရပု”
“ ဒီမှာလေကွာ ဟားဟားဟား”
“ အမငိ လန့်ထှာ”
ဘယ်တွေ့မလဲ သူက အပေါ်အကျီင်္ ကို ချွတ်ပြီး ပတ်က နေလေရာ ရုတ်တရက် ဆိုတော့ မတွေ့။အဘယ့်ကြောင့် အကျီင်္ ချွတ်တာနဲ့ လူကို မတွေ့ရတာလဲဆိုတော့ကာ အဆိုပါ စီနီယာ မှာ အနက်နုရောင် အသားအရည် ကို ပိုင်ဆိုင်ထားလေရာ အကျီင်္ ချွတ်ပြီး ချိတ်ထားသော အမဲရောင် အကျီင်္နား ပတ်ကနေလေတော့ ရုတ်တရက် မတွေ့တာ မဆန်း။ နောက်ဆုံး တဟားဟား ရီပြမှပင် သွားတွေ အတန်းလိုက် တွေ့ကာ အခန်းထဲတွင် ရှိနေသေးကြောင်း သိရကာ အနည်းငယ် စိတ်အေးသွားရလေသည်။
သည်တွင် တစ်စခန်းထ လာပြန်လေသည်။ သင်္ကြန် သီချင်း ဆိုချင်သည်။ ဖွင့်ပေးပါတဲ့။ အိမ်း ဒီတစ်ည တော့ မောင်ပွ အမှန် အကန် စမုံတုံးတာပဲ။ ကဲ မတတ်နိုင်။ ဖွင့်ပေးလိုက်လေရာ ဗလုံးဗထွေး လိုက်ဆိုလေတော့သည်။
“ ဖြူဖြူ ပြာပြာ နီနီ ၀ါဝါ ဝေဆာမြူးလို့လွင် ဟောတစ်ရုံ ဟောတစ်ရုံ ပန်းမျိုးစုံလို့ပင် ရွှေမန်းမာလာ ပန်းဥယျာဉ် ရှုမငြီးအောင်ပင် နှစ်ကူး ရေနန်း ငွေငန်း မောင်လန်းရွှင်”
အမယ် ဟုတ်သဟ။
“ သင်္ကြန်လေ ဖြုတ်သူးသော်ဆွင်း ညေးညေးအင်းအင်း”
ဟွင် ဒီနားက ဘယ်လိုကြီးလဲ။ ဒါတော့ မဟုတ်တော့ဘူး ထင်တယ်။
“ ဂီတ တွေဆောင်းကြဉ်းလို့ပင် သောင်းပြဲ့ ရှုတင် ယွဲ့နိမ်းကာ ငေါ်သွေးခင် သင်္ကြန် မာလာ ပျော်ဆွေ ဖော်စေချင် ဟွင် ငါဆိုတာ တစ်မျိုးကြီး ဖြစ်နေသလိုပဲ”
“ အစ်ကိုကြီး ကျွန်တော် မသိလို့ မေးပျစေ အစ်ကိုဆိုနေတာ တရုတ်သီချင်းကြီးလားငင်”
“ အေးဆို မင့်သီချင်းကြီးကလည်း စကားလုံးချင်စရာကြီးကို”
တော်သေးသည်။ ထိုနေ့က သင်္ကြန်သီချင်း ကယ်လိုက်လို့ ဒီလောက်နဲ့ တစ်စခန်း ရပ်သွားတာ။ သို့သော်
“ ဒီမှာ ညီကလေး မင်း ဟိုစကားပုံ တစ်ခု ကြားဖူးလား”
“ ဘာစကားပုံလဲ”
“ မိန်းမဟူဘိ ထိုက္ကုထ္ထိသည် မရှိမကောင်း ရှိမကောင်း ဆုံးမနာယူ လာမူကြိုဆီး ထံနည်း လုပ်ကြွေး မွေခံထိုက်စေလှူမျှဝေ၍ ငါ့စာဖတ်၍ မပြတ်တိုင်စေ သဗ္ဗေသတ္တာ ကာမသကာကို သုခိအတ္တာနံ ပရိဟရန္တု အာမဘန္တေပါ အရှင် ဘုရား ဆိုတာလေ”
“ ဟွင် အာ့ ဘယ်သူပြောခဲ့တဲ့ စကားပုံလား”
“ ငါလဲ မေ့နေပါပြီ ဒီးဒုတ်ဆရာဖေ နဲ့ အချုပ်တန်း ဦးဘ ချို ထင်တာပဲ”
“ ငင့်”
“ မိန်းမ တွေကို ဓါတ်ကြီးလေးပါး သဘောတရားနဲ့ ပိုင်းခြားကြည့်မယ်ဆိုရင် နေအုံး ဓါတ်ကြီးလေးပါး ဆိုတာရော မင်းသိလား”
“ သိသလိုလိုပဲ အော် သိပြီ ဓါတ်ပုံ ဓါတ်မီး ဓါတ်ခဲ နဲ့ နေပါအုံး နောက်တစ်ခုက”
“ ဓါတ်ဘူးလေကွာ”
“ အော် အင်း ဟုတ်တယ် ဘတ်ဒူး”
“ ငွင် ဘယ်က ဘတ်ဒူး လဲ”
အင်မတန်မှ ဗဟုသုတ ကြွယ်ဝလှသော ပညာရှိ ၂ဦး စကားပြောခန်းပင်တည်း။ ဘေးမှ လာနားထောင်မည် ဆိုပါက လွန်စွာ ဗဟုသုတ ရပေလိမ့်မည်။
“ မင်းကြားဖူးတယ် မဟုတ်လား ရှေးတုန်းက ဈာန်နဲ့ကြွလာတဲ့ ရသေ့ကြီး တစ်ပါးဟာ မိဖုရားကြီး အိပ်ပျော်နေတာကို မြင်တော့ ဈာန်လျှောပြီး အောက်ပြုတ်ကျတယ် ဆိုတာလေ အာ့ ဘာကြောင့်လို့ မင်းထင်လဲ”
“ ဓါတ်ကြိုးနဲ့ မလွတ် လို့ ထင်တယ်”
“ အင်ဲး ဖြစ်နိုင်တယ်ညော်ဲ အဲ့ခေတ်က ဆိုတော့ မြေအောက်ကြိုး တွေ ဘယ်ပေါ်အုံးမလဲ”
“ အေးဆို”
“ နောက်တစ်ခု ဖြစ်နိုင်တာက အဲ့ခေတ်က ဈာန်ရတဲ့ သူတွေ များတယ်ဆိုတော့ မိုးပေါ်ပျံရင်းနဲ့ အရှိန်မထိန်း နိုင်ဘဲ တစ်ယောက်နဲ့ တစ်ယောက်ဝင် တိုက်မိတာလဲ ဖြစ်နိုင်တာပဲ”
“ အဲ့တုန်းက ဈာန်လမ်းကြောင်းရှင်းတဲ့ ဘဲဥ မပေါ်သေးဘူး ထင်တယ်ညော် အစ်ကို"
“ ဒါလဲ ဖြစ်နိုင်တာပဲ နောက်တစ်ခုက အရှေ့က ပျံနေတဲ့ ရသေ့ကြီးက ကွေ့မှာကို အချက်မပြဘဲ ကွေ့တာလဲ ဖြစ်နိုင်တာပဲ”
“ နောက်က ရသေ့က ဟွန်းမတီး တာလဲ ဖြစ်နိုင်တယ်”
“ အဲ့တုန်းက လမ်းကြောင်းက ဘယ်ကပ်ပျံ လား ညာကပ်ပျံလား မသိဘူးညော်”
“ အဆင်ပြေသလို ပျံကြမယ် ထင်တာပါပဲကွာ”
“ ပြီးတော့ ကျန်သေးတယ် ဥမ္မာဒန္တီ ကို မြင်ပြီး ကြွေသွားတဲ့ မင်း လေကွာ ဘာပါလိမ့် နာမည် တောင် မေ့နေပြီ နှစ်လုံးထဲလေ နာမည် က”
“ ၀ီစီမင်း လေ”
“ အေး အာ့ ၀ီစီမင်း ကိုပဲ ကြည့် သူဘယ်လောက်ပဲ ၀ီစီ မှုတ်မှုတ် ငမ် ဟုတ်သေးပါဘူး အာ့နာမည်ကြီးတော့ မဟုတ်ဘူးထင်တယ်ညော်”
“ ဟာ သိပြီ သိပြီ သိဝိမင်း”
“ အေး ဟုတ်တယ် အဲ့ ဥမ္မာဘုရင်ကြီးဟာ ဆိုရင် သိဝိဒန္တီ ရဲ့ အလှ အပ ကိုတွေ့ပြီး ငမ် မှားကုန်ပြီ ထင်တယ်”
ဘာတွေ မှန်းလဲ မသိ။ သို့သော် ထိုနေ့ညက အိပ်ခါနီးတွင်တော့ အတည်စကားတစ်ခွန်းအား ပြောသွားလေသည်။
“ တကယ်ချစ်ကြတဲ့ မိန်းမတွေဟာ သူတို့အချစ်အတွက် တစ်ချိန်လုံး ရဲရင့်နေတတ်ကြပေမယ့် ယောက်ျားတွေကတော့ သူ့ကောင်မလေး မျက်ရည်ကျတဲ့ အချိန်မှာ ပိုပြီးရဲရင့်တဲ့ဆုံးဖြတ်ချက်ကို တဒင်္ဂ အတွင်း ချတတ်ကြတယ်ကွ”
ဘာ အဓိပ္ပါယ်နှင့် ပြောမှန်းတော့ မသိ။ နောက်နေ့ အမူးပြေချိန် တွင်တော့ အရင်ကလိုပင် အေးဆေး တည်ငြိမ် အိနြေ္ဒ ရလှသော အဆိုပါ စီနီယာ အား ပြန်တွေ့ရလေသည်။
“ ညီကလေး ငါ့ကို တစ်ခုလောက် ကူညီပါအုံး”
“ ဟွင် သီချင်းဖွင့်ပေးရအုံးမှာလား အစ်ကိုကြီး"
“ ငင် နေ နေ ရတယ် ရတယ် ဟွာလေ အစ်ကို့ကို ဓါတ်ပုံလေးရိုက်ပေးပါလား ဖေ့ဘွတ်စ်ပေါ်မှာ ဓါတ်ပုံနဲ့ ကဗျာလေး တင်ချင်လို့”
“ ဘာပုံလဲ လိုင်စင်ပုံလား”
“ ဟွင် ဘယ့်နှာပြုလို့ လိုင်စင်ပုံ နဲ့ ကဗျာ တင်တာ မင်းတွေ့ဖူးလို့လား ငင်”
“ အေးဆို”
“ ဒီလိုလေ ညနေ နေ၀င်ရီ တရော လေးမှာ တောင်တန်းတွေကို ငေးပြီး ဆွေးနေတဲ့ပုံလေး ရိုက်ပြီး တင်မလို့ ကူညီပါကွာ”
ဒါလောက်ကတော့ ကူညီနိုင်သည် ဖြစ်လေရာ နှစ်ယောက်သား အပြင်ဘက်သို့ ချီတက်ခဲ့ကြလေသည်။ ဟွင် အရေးထဲ ၀တ်လာတာက နက်ပြာရောင် အနွေးထည် အကျီင်္။ အင်း ပေါ်တော့ ပေါ်လောက်ပါတယ်လေ။ သို့နှင့် ရည်မှန်း နေရာလဲ ရောက်ရော မှောင်စပင် ပြုနေလေပြီ။ အချိန် မရှိဘူး။ အမြန်ရိုက်မှပါလေ။
“ ညာဘက်နည်းနည်းတိုး ဟိုဘက်နည်းနည်းစောင်း ရပြီ အိုကေ ရိုက်မယ် ၀မ်း တူး သရီး”
“ ဖျတ်”
မပေါ်မှာ စိုး၍ ဖလက်ရှ် တောင် ထည့်လိုက်သေးသည်။
“ ရလား ငင် ညီလေး”
ဟု ပြောကာ ကင်မရာ အား လာကြည့်လေလျှင်
“ ဟွင် ငါလဲ မပါပါ့လား မင်းကလဲ ဒီလူလေး တစ်ယောက် ကိုတောင်မှ ဘောင်ထဲ ၀င်အောင် မရိုက်နိုင်ဘူးလား”
“ အာ့ကို စဉ်းစားနေတာ ခုနက ချိန်လိုက်တုန်းက လူပါပါတယ်”
“ ကဲ ပြန်ရိုက်”
“ ၀မ်း တူး သရီး”
“ ဖျတ်”
“ ရလား”
“ ဒီမှာလဲ မပါ ပြန်ပါလား”
“ ဟွင် ဒါတော့ မဟုတ်တော့ဘူး ထင်တယ် ပြစမ်း ဟွင် ဟုတ်သား ငါက ဘယ်မှာလား”
“ အေးဆို”
“ နေအုံး ငါမှန်ဘီလူး လေး ပြေးယူပျစေ မှန်ဘီလူး နဲ့ ရှာကြည့်ရင် ပေါ်မယ် ထင်တယ်”
“ မှန်ဘီလူး နဲ့ မရလောက်ဘူး အစ်ကို မိုက်ကရိုစကုပ် ပြေးယူမှ ရမယ် ထင်တယ်ညော်”
“ ငမ် အဲ့လောက် အခြေ အနေ ဆိုးသလား”
“ အေးဆို”
“ နေအုံး ငါ အပေါ်က အနွေး အကျီင်္ ချွတ်လိုက်မယ် အထဲက အဖြူရောင်လေ ပေါ်လောက်ပြီ ထင်ပါတယ်”
“ ရိုက်မယ် ၀မ်း တူး သရီး”
“ ဖျတ်”
“ ရလား ညီလေး”
“ တွေ့ပြီ တွေ့ပြီ ပေါ်ပြီ ပေါ်ပြီ ဟားဟားဟား ဟွင် ဟုတ်သေးပါဘူး ဘယ့်နှာပြုလို့ အကျီင်္ဖြူကြီးက လေပေါ်ဝဲနေတာလား အကျီင်္ဖြူ တစ်ထည်ပဲ ပေါ်တယ်”
“ ဟွင် ဟုတ်ပါရဲ့ ဘယ်သူကများ လာလှန်းထားလို့ ခုထိ မရုတ်သေးတာပါလိမ့် တော်တော် စည်းကမ်းမရှိတဲ့ သူတွေပဲ”
ထိုစဉ် အနားမှ ဖြတ်သွားသော လူတစ်ယောက်အား စီနီယာက
“ ဟေ့လူ ခင်ဗျားတို့ အကျီင်္လား မသိဘူး လှန်းထားတာ သွားရုတ်လိုက်အုံး တော်ကြာ သူများ ခိုးရုတ်သွားအုံးမယ်”
“ နေအုံး အစ်ကိုကြီး ဒီအကျီင်္ ကျွန်တော် တွေ့ဖူးသလိုပဲ တွေ့ဖူးတာမှ ရင်းရင်း နှီးနှီး တွေ့ဖူးတာညော်”
“ အေးဆို ငါလဲ တွေ့ဖူးတယ် နေအုံး ဘယ်မှာပါလိမ့် ဟွင် ဒါ ဒါ ငါ အခု ၀တ်ထားတဲ့ အကျီင်္ ပဲ ဘုရား ဘုရား အကျီင်္ပဲပေါ်ပြီး လူက မပေါ်ပါ့လား ငါ့ အခြေ အနေ အတော် ဆိုးနေပြီလား ညီကလေး”
“ ရတယ် အစ်ကို ကျွန်တော်ကြံပျစေ”
“ အေး လုပ်ပါအုံးကွာ ကြာရင် ငါ့ကို ကမ္ဘာလုံးဆိုင်ရာ ကင်မရာများ အဖွဲ့ချုပ်က တရားစွဲတော့မယ် ထင်တယ်”
မကြာပါ မောင်ပွ ပြန်ရောက်လာသည်။ သူ့နောက်တွင် လူ ငါးယောက်ပါ အပိုခေါ်လာလေသည်။
“ ဒါတွေက ဘယ်သူတွေလား ညီကလေး”
“ ဘယ်သူတွေပါ”
“ ဟွင် မင်းဘာတွေကြံလာတာလဲ”
“ ပြီးရင် သိရမှာပေါ့ ကဲ ဟေ့လူတွေ ချိန်ထားမယ်"
“ ဟွင် ဘာတွေ ချိန်ထားမှာလဲ”
“ ဓါတ်မီး”
“ ငွင့်”
ဟုတ်ပါသည်။ ထိုသူ ငါးယောက်လက်ထဲမှာ ဓါတ်မီး ငါးလက်။ နောက်တစ်ယောက်လက်ထဲမှာ မီးခြစ်လေးတောင် အပိုပါလိုက်သေး။
"ကဲကဲ ပြန်ရိုက်မယ် နေရာယူပါ ရယ်ဒီ ၀မ်း တူး သရီး ဆိုတာနဲ့ ဓါတ်မီးနဲ့ အကုန်ဝိုင်းထိုးမယ် ရယ်ဒီ ၀မ်း တူး သရီး”
“ ချောက် ချောက် ချောက် ချောက် ချောက်”
“ ဖျတ်”
“ အမငိ ဘာတွေတုန်း”
“ ဟာ ပေါ်ပြီ ပေါ်ပြီ လူပေါ်ပြီ ဟားဟားဟားဟား”
“ ဟေ ဘယ်မှာလဲ ပြစမ်း ဟာ ဟုတ်တယ်ဟ ဒီမှာ ငါ ငါ ငါ အမငိ ပျော်ထှာ ဂစ်”
“ ဟွင် အစ်ကို အစ်ကို “
( ယခု တလော မိန်းမ နဲ့ ကလေးအား မဟားတရား သတိရနေသောကြောင့် စိတ်နဲ့ ကိုယ်နဲ့ မကပ်ဖြစ်နေလေရာ စာရေးရတာလည်း ယခင်ကလို Mood မ၀င်လှပါ။ သို့ အတွက်ကြောင့် နားလည်သလိုသာ သည်းခံ ဖတ်ပေးကြပါကုန်)

“ တကယ်ချစ်ကြတဲ့ မိန်းမတွေဟာ သူတို့အချစ်အတွက် တစ်ချိန်လုံး ရဲရင့်နေတတ်ကြပေမယ့် ယောက်ျားတွေကတော့ သူ့ကောင်မလေး မျက်ရည်ကျတဲ့ အချိန်မှာ ပိုပြီးရဲရင့်တဲ့ဆုံးဖြတ်ချက်ကိ

0 comments:
Post a Comment