"လူမိုက်နောက်မှ နောင်တရ"
ဒဏ်ရာဗရပွနဲ့ ခြေကျိုးလာတဲ့ လူတစ်ယောက် ဆေးခန်းထဲဝင်လာလို့ ဆရာဝန်က မေးတယ်... ...
"ဘယ်လိုဖြစ်လာတာလဲ"
"ဒီလိုပါဆရာ... လွန်ခဲ့တဲ့ ၁၅ နှစ်က.... "
"ဟာ... လွန်ခဲ့တဲ့ ၁၅ နှစ်ကဟာတွေ မပြောနဲ့လေ၊ ခု ဘာဖြစ်လာတာလဲ ပြောပါ"
"ဟုတ်ပါတယ် ဆရာ၊ အဲဒါပြောမလို့ပါ၊ လွန်ခဲ့တဲ့ ၁၅နှစ်က"
"ကဲ... .. ခု ဒဏ်ရာကို ကုဖို့က ပိုအရေးကြီးတယ်၊ ရှေးရှေးတုန်းက ကိစ္စတွေ မပြောပါနဲ့ဆို"
"ကျနော်ကလည်း အဲဒါပြောမလို့ပါ၊ လွန်ခဲ့တဲ့ ၁၅ နှစ်၊ ကျနော် ဒီလယ်ပိုင်ရှင်ကြီးဆီ အလုပ်စဝင်တဲ့ရက်ကပေါ့၊ ညအိပ်မယ်လုပ်တော့ လယ်ရှင်ကြီးရဲ့ သမီးချောလေးက ကျနော့်အိပ်ခန်းထဲဝင်လာပြီး မေးတယ်၊ ဘာများလိုအပ်ပါလဲတဲ့၊ ကျနော်က ဘာမှ မလိုပါဘူးလို့ ပြန်ဖြေတယ်၊ သူက ဆက်မေးတယ်၊ သူဘာများလုပ်ပေးရမလဲ တဲ့၊ ရပါတယ်လို့ ပြန်ပြောလိုက်တယ်၊ ဘာဘဲလိုလို သူပေးပါမယ်တဲ့၊ တကယ်ကို ဘာမှ မလိုတာပါလို့ ဖြေတော့၊ သေချာလားလို့ သူက ထပ်မေးတယ် သေချာပါတယ်လို့ ကျနော်က ဖြေတယ်..."
"နေပါအုံး... အဲဒါတွေက ခု ခြေကျိုးတာနဲ့ ဆိုင်လို့လား"
"ဆိုင်ပြီပေါ့ ဆရာရယ်"
"ပြောပါအုံး..."
"အဲဒါ ဒီနေ့မနက် အိမ်အမိုးတက်မိုးနေတုန်း အဲဒီကောင်မလေးက အောက်ကဖြတ်သွားပြီး ထမိန်ပြင်ဝတ်လိုက်တော့မှ ဟိုးလွန်ခဲ့တဲ့ ၁၅ နှစ်က အဖြေကို ကျနော်ရသွားပြီး အိမ်ခေါင်ပေါ်က လိမ့်ကျတာ"
"ငင်... ဂလောက်တောင် အ,တာ၊ တေအေးနာပဲ"
သန်၎ကို-ရမ်းဘာသာပြန် ပေါက်ကရရေးသည်။
https://www.facebook.com/thanlayko

0 comments:
Post a Comment