Friday, May 9, 2014

မိမိကိုယ်ကို ဝေဖန်ရမှာ မကြောက်နဲ့ 

မိမိကိုယ်ကို ဝေဖန်ရမှာ မကြောက်နဲ့ 
^^^^^^^^^^^^^^^^^^^^

တကယ်တိုးတက်ချင်စိတ် ဖြစ်လာဖို့ ဆိုရင် ငါဘာလုပ်နိုင်ပြီလဲဆိုတဲ့ မေးခွန်း ကိုယ်တိုင်ပြန်မေးကြည့်ပါ။ ဒီလိုမေးပြီးတဲ့အခါမှာ
မိမိ ဘာလုပ်ရမလဲဆိုတာ သိလာလိမ့်မယ်။ သူများကိုဘဲ မေးခွန်းထုတ်နေယုံနဲ့  ကိုယ်ဘာမှ တိုးတက်လာမှာ မဟုတ်ဘူး။ ကိုယ်
တိုင်မေးခွန်းပြန်ထုတ်တတ်မှ တိုးတက်မှာပေါ့။

ဘယ်အလုပ်မှာဘဲ သွားလုပ်လုပ် မင်းဘာလုပ်နိုင်သလဲဆိုတာ စတွေ့ ရလိမ့်မယ်။ ဒီအမေးအတွက် ငါဘာလုပ်နိုင်ပြီလဲဆိုတဲ့
မေးခွန်းမျိုးကို အစကတည်းက မိမိကိုယ်ကို ပြန်မမေးထားဘူးဆိုရင်တော့ နောင်တပဲ အဖက်တင်သွားမယ်။ ပြီးတော့ အဲ့ဒီ
နောင်တကလည်း မိမိရဲ့တန်ဖိုးဖြစ်သွားပါလိမ့်မယ်။

ကိုယ်ဘာမှ ရေရေရာရာမလုပ်နိုင်ရင်တော့ နေရာကောင်းဆိုတာလည်း ရှိလာမယ်မထင်ပါနဲ့ ။ လူတွေကို အလုပ်ထဲမှာ နေရာ
ချတဲ့အခါ မင်းဘာလုပ်နိုင်သလဲဆိုတဲ့ မေးခွန်းမေးပြီးမှ နေရာချတာ အကောင်းဆုံးပဲ။ ဒီလိုမလုပ်ရင် အဲ့ဒီအလုပ်ဘယ်တော့
မှ မအောင်မြင်ဘူး။

လူငယ်တစ်ယောက်ဟာ တိုင်းပြည်အတွက် ငါဘယ်နေရာကတာဝန်ယူရမယ်ဆိုတဲ့ ခံယူချက်မရှိသေးသမျှ ဒီလူငယ်
အလကား ဆန်ကုန်မြေလေးဘဲ။ ဒီလိုမဖြစ်ရအောင် ငါဘာလုပ်နိုင်ပြီလဲဆိုတဲ့ မေးခွန်းကို ယုံယုံကြည်ကြည်နဲ့ အဖြေတစ်ခု ပြန်
ပေးနိုင်ဖို့ လိုတယ်။

အခွင့်အရေးကို စောင့်ပြီးအလုပ်မလုပ်နဲ့ ။ ကိုယ်လုပ်နိုင်တာကို ပိုင်ပိုင်နိုင်နိုင်လုပ်ပြီး အခွင့်အရေးကို ဖန်တီးယူတာမှ ကောင်း
တာပါ။ မိမိကိုယ်ကို ဝေဖန်ရမှာ မကြောက်စမ်းပါနဲ့ ။ အားမနာတမ်း ဝေဖန်ပြစ်လိုက်မှ လူဆိုတာ နည်းလမ်းရှာတတ်လာတာပါ။
ဒါကြောင့် မိမိကိုယ်ကို ပြန်ပြီးဝေဖန်ဖို့ ၊ မေးခွန်းပြန်ထုတ်ဖို့  အခွင့်အရေးဖန်တီးတာဟာ လူငယ်တွေအတွက် တိုးတက်ဖို့ နည်း
လမ်းရှာတဲ့ အကြောင်းအရာတစ်ခုဘဲဆိုတာ သိထားရမယ်။

True Man

တကယ်တိုးတက်ချင်စိတ် ဖြစ်လာဖို့ ဆိုရင် ငါဘာလုပ်နိုင်ပြီလဲဆိုတဲ့ မေးခွန်း ကိုယ်တိုင်ပြန်မေးကြည့်ပါ။ ဒီလိုမေးပြီးတဲ့အခါမှာ မိမိ ဘာလုပ်ရမလဲဆိုတာ သိလာလိမ့်မယ်။ သူများကိုဘဲ မေးခွန်းထုတ်နေယုံနဲ့  ကိုယ်ဘာမှ တိုးတက်လာမှာ မဟုတ်ဘူး။ ကိုယ်တိုင်မေးခွန်းပြန်ထုတ်တတ်မှ တိုးတက်မှာပေါ့။

ဘယ်အလုပ်မှာဘဲ သွားလုပ်လုပ် မင်းဘာလုပ်နိုင်သလဲဆိုတာ စတွေ့ ရလိမ့်မယ်။ ဒီအမေးအတွက် ငါဘာလုပ်နိုင်ပြီလဲဆိုတဲ့
မေးခွန်းမျိုးကို အစကတည်းက မိမိကိုယ်ကို ပြန်မမေးထားဘူးဆိုရင်တော့ နောင်တပဲ အဖက်တင်သွားမယ်။ ပြီးတော့ အဲ့ဒီ
နောင်တကလည်း မိမိရဲ့တန်ဖိုးဖြစ်သွားပါလိမ့်မယ်။
ကိုယ်ဘာမှ ရေရေရာရာမလုပ်နိုင်ရင်တော့ နေရာကောင်းဆိုတာလည်း ရှိလာမယ်မထင်ပါနဲ့ ။ လူတွေကို အလုပ်ထဲမှာ နေရာ
ချတဲ့အခါ မင်းဘာလုပ်နိုင်သလဲဆိုတဲ့ မေးခွန်းမေးပြီးမှ နေရာချတာ အကောင်းဆုံးပဲ။ ဒီလိုမလုပ်ရင် အဲ့ဒီအလုပ်ဘယ်တော့
မှ မအောင်မြင်ဘူး။
လူငယ်တစ်ယောက်ဟာ တိုင်းပြည်အတွက် ငါဘယ်နေရာကတာဝန်ယူရမယ်ဆိုတဲ့ ခံယူချက်မရှိသေးသမျှ ဒီလူငယ်
အလကား ဆန်ကုန်မြေလေးဘဲ။ ဒီလိုမဖြစ်ရအောင် ငါဘာလုပ်နိုင်ပြီလဲဆိုတဲ့ မေးခွန်းကို ယုံယုံကြည်ကြည်နဲ့ အဖြေတစ်ခု ပြန်
ပေးနိုင်ဖို့ လိုတယ်။
အခွင့်အရေးကို စောင့်ပြီးအလုပ်မလုပ်နဲ့ ။ ကိုယ်လုပ်နိုင်တာကို ပိုင်ပိုင်နိုင်နိုင်လုပ်ပြီး အခွင့်အရေးကို ဖန်တီးယူတာမှ ကောင်း
တာပါ။ မိမိကိုယ်ကို ဝေဖန်ရမှာ မကြောက်စမ်းပါနဲ့ ။ အားမနာတမ်း ဝေဖန်ပြစ်လိုက်မှ လူဆိုတာ နည်းလမ်းရှာတတ်လာတာပါ။
ဒါကြောင့် မိမိကိုယ်ကို ပြန်ပြီးဝေဖန်ဖို့ ၊ မေးခွန်းပြန်ထုတ်ဖို့  အခွင့်အရေးဖန်တီးတာဟာ လူငယ်တွေအတွက် တိုးတက်ဖို့ နည်း
လမ်းရှာတဲ့ အကြောင်းအရာတစ်ခုဘဲဆိုတာ သိထားရမယ်။
True Man

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...