Friday, May 9, 2014

အကြမ်းဖက်သမား‬

မည်သည့်နိုင်ငံတွင် အရက်သမား ပိုနည်း သနည်း ဆိုသည်ကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေ (ယခင်)နှင့် ထိုင်းဝန်ကြီးချုပ်သက်ဆင်( ယခင်) တို့ အလောင်းအစားလုပ်ကြ၏။
ပထမဆုံး အလှည့်အဖြစ်မြန်မာပြည်သို့ သက်ဆင်ရောက်လာ၏။
၎င်းလက်ထဲသို့ အော်တိုမစ်တစ် ရိုင်ဖယ်တစ်လက် ထည့်ပေးလိုက်ပီး...".မြို့ ထဲလျှောက်ကြည့်ပါ အရက်သမားတွေ့ရင် ပစ်သာသတ်လိုက်" ဟု ဦးသန်းရွှေမှ ပြော၏။
ဒါနဲ့သက်ဆင်လဲ ရန်ကုန်ဘူတာကြီး ၊ဆူးလေ ကမ်းနားလမ်းဘက်နှင့်ပန်းဆိုးတန်းကုန်းကျော်တံတား ဘက်သို့သွား၏။
မီးတိုင်များအောက်တွင် ရေချိန်လွန်နေသာ လူများ၊ လမ်းဘေးအမှောင်ထဲရှိဇိုးသမားများ ၊လမ်းပေါ်တွင် အော်ဟစ်ဆဲဆိုနေသူများကို တွေ့၏။

တွေ့သမျှ ကို ကျည်ကပ် တကပ်ပီးတကပ် ကုန်အောင် ဆွဲချလိုက်၏။
ထို့နောက် တပ်ချုပ်ကြီး ထံပြန်လာပီး ဤသို့ပြော၏။
" ခင်ဗျားတို့ဆီမှာ၊တွေ့တဲ့သူတိုင်း အရက်သမားကြီးပါလား ကျုပ်တို့ဆီလာခဲ့စမ်းပါ "
" စိတ်ချ ၊ကိုယ့်လူ လာကိုလာခဲ့မယ်၊ကျုပ်က လက်ယဉ်ပီးသားဗျ...ငှဲငှဲ..." .ဟု စိတ်ထဲမှ ကြုံးဝါးလိုက်၏။
သို့နှင့် တစ်လခန့်ကြာသော် ။တပ်ချုပ်ကြီးလဲ...ထိုင်းနိုင်ငံ ဘန်ကောက်မြို့ သို့ ရောက်၏။
အမ် ၁၆ - သေနတ်ကိုကိုင်ကာဘန်ကောက် မြို့ထဲလျှောက်ကြည့်၏။
နေရာအနှံ့ ဆေးသမားတို့ကိုသာတွေ့ရလေသည်။
ညနေပိုင်း ရောက်သောအခါ ပင်ပန်းပီး စိတ်တိုနေသော တပ်ချုပ်ကြီးသည် စီလုံ ၄ လမ်းဘက် သို့သွား၏။
အဆောက်အအုံ တခု၏ ၁၀ ထပ်မြောက်ခန့်တွင် တစ်ထပ်လုံးမီးလင်းနေပီး ဆူညံအော်ဟစ်သံ၊ရီမောသံ၊ပုလင်းကွဲသံ များကိုကြားရ၏။
ဒီနေရာမှာတော့ အရက်သမားတွေရှိမှာပဲဟု တွေးကာ ယင်းအထပ်သို့တက်လေတော့သည်။
ရောက်သောအခါ အရက်ဘားတခုဖြစ်နေပီး လူ ၆၀ ခန့် သောက်စားပျော်ပါးနေသည်ကိုမြင်ရ၏။အားလုံးလည်း မူးနေကြ၏။
တပ်ချုပ်ကြီးလည်း အမ်-၁၆ ဖြင့်အားပါးတရ မွှေ့ချလိုက်၏။
နောက်တစ်နေ့မနက် ထုတ် ဘန်ကောက်ပို့စ် သတင်းစာများတွင်....
" ဘန်ကောက်မြို့ရှိဘားတခု၌....မျက်နှာထားဆိုးသော လက်နက်ကိုင် အကြမ်းဖက် သမားတဦးက မြန်မာသံရုံးဝန်ထမ်းများအားလုံးကို ပစ်သတ်လိုက်ခြင်း.."...
ဟူသောခေါင်းစဉ်ဖြင့်မျက်နှာဖုံးသတင်းပါလာလေတော့၏။။။။
မှ-မိုးမင်းသား

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...