တိုင်းပြည်ကို ကယ်တင်ချင်တဲ့ ဗိုလ်ချုပ်တွေ လေ့လာအတုယူစေချင်ပါတယ်
အမေရိကန်သမ္မတတယောက်အဖို့
ဒုတိယသက်တမ်းကို ဖြတ်သန်းပြီဆိုရင် ရာဇဝင်တင်ကျန်ရစ်မယ့်
သမိုင်းအမွေအနှစ်တွေကို ထားခဲ့ကြရတယ်။ သမ္မတသက်တမ်းမကုန်ဆုံးခင်ကတည်းက၊
လူ့အဖွဲ့အစည်းအတွက် အကျိုးပြုလုပ်ငန်းတွေကို စဉ်းစားလေ့ရှိကြတယ်။
အမေရိကန်သမ္မတ ဂျော့ဘုရှ် ဆိုရင် အိုဘားမား ကို သမ္မတရာထူးလွှဲအပ်အပြီးမှာ သူကြီးပျင်းခဲ့တဲ့ တက္ကဆပ်ပြည်နယ်က မြို့ကလေးဆီကို ပြန်သွားတယ်။ မိတ်ဟောင်းဆွေဟောင်းတွေက စောင့်ကြိုနေတယ်။
"ဟော့ဒီမြို့ကလေးမှာ ကြီးပျင်းခဲ့တဲ့ လူငယ်လေးဟာ ကမ္ဘာတဝှမ်းကို ခြေဆန့်ခဲ့တယ်။ ဒါပေမယ့် မိတ်ဟောင်းဆွေဟောင်းတွေ နဲ့ မှုန်ရီရီ ညနေခင်းတွေထဲမှာ အတူတူရယ်မောခဲ့ရတာလောက် အရသာရှိရှိပျော်မွေ့ဘွယ်ကောင်းတာ မရှိခဲု့ပါဘူး" တဲ့

တက္ကဆပ်ပြည်နယ်က A&M တက္ကသိုလ်တွေဆိုတာ ဘုရှ် မိသားစု နဲ့ ပတ်သက်တဲ့
ပညာရေးအဆောက်အဦတွေဖြစ်တယ်။ အဲ့ဒီနေရာတွေမှာပဲ ဂျော့ဘုရှ် စာကြည့်တိုက် ကို
ခန်းနားကြီးကျယ်စွာ ဆောက်လုပ်ခဲ့တယ်။ လူထုပညာရေး နဲ့
နိုင်ငံရေးပေါ်လစီတွေကို ဖြန့်ဝေကြတယ်။
ခုလည်း ဘရက်အိုဘားမား တယောက်၊ သူရဲ့ သမ္မတ သက်တမ်းမပြီးဆုံးခင် အိုဘားမား စာကြည့်တိုက်ကို ဆောက်လုပ်ဖို့ စတင်နေပြီ။
နယူးယောက်ပြည်နယ် နဲ့ အီလီနွိုက်စ် ပြည်နယ် တွေက အိုဘားမားရဲ့ စာကြည်တိုက်ကို သူတို့တက္ကသိုလ်တွေဆီမှာ ဆောက်လုပ်ခွင့်ရဖို့၊ အပြိုင်လုနေကြတယ်။
ဒါပေမယ့် ဘရက်အိုဘားမား ဟာ ဆီနိတ်တာ မဖြစ်ခင်က University of Chicago Law School မှာ ပါမောက္ခအဖြစ် (၁၂) ကြာတာဝန်ထမ်းဆောင်ခဲ့တယ်။ သူက Gun violence အပါအဝင်၊ စိတ်ဒဏ်ရာခံစားနေရသူတွေအတွက် ကုသပေးမယ့် အစီအစဉ်တွေကို ချီကာဂိုတက္ကသိုလ်က ဆေးကျောင်း နဲ့ ပူးပေါင်းလှုပ်ရှားခဲ့ဘူးတယ်။
ချီကာဂို တက္ကသိုလ်မှာလည်း အခွင့်အရေးအထူးရနေတဲ့ နိုင်ငံရေးသမားတွေ နဲ့ အာဖရိကန် အမေရိကန်တွေကြားမှာ ပါဝါ အားပြိုင်မှုတွေက ရှိနေတယ်။
အကြမ်းဖက်မှုတွေ ရဲ့ တရားခံတွေ၊ အကြောင်းရင်းတွေ၊ အဲ့ဒီ အရာတွေကို ဘယ်လို လျော့ပါးအောင် လုပ်မလဲ ဆိုတဲ့ ငြင်းခုန်မှုတွေကလည်း ထိပ်ရောက်လာတယ်။ ဒီအထဲမှာ Trauma cure လို့ခေါ်တဲ့ စိတ်ဒဏ်ရာတွေကို ကုစားမယ့် ဆေးကျောင်းကလည်း သူတို့လိုချင်တဲ့ အချက်တွေကို ထုတ်ဖေါ်ပြောဆိုနေကြတယ်။
ဒီအချက်တွေကို ကြည့်ချင်းအားဖြင့်
University of Chicago ဟာ အိုဘားမား စာကြည့်တိုက် ကို ဆောက်လုပ်ခွင့်ရဖို့ အခွင့်အရေးပိုများတယ်။
အားကျဖို့မကောင်းဘူးလား။
တိုင်းပြည်ခေါင်းဆောင်တယောက်ဟာ သူ့ရဲ့ သမ္မတသက်တမ်းမကုန်ဆုံးခင်မှာ
လူထုအကျိုးပြုလုပ်ငန်းတွေကို စဉ်းစားနေတာ၊ သူ့ရဲ့ နာမည်ကို အသုံးပြုပြီး ပညာရေး၊ စိတ်ဒဏ်ရာတွေကုစားရေးလုပ်ငန်းတွေမှာ အပြိုင်အဆိုင် အလုပ်လုပ်ဖို့ ကြိုးစားနေကြတာ---
တိုင်းပြည်ကို ကယ်တင်ချင်တဲ့ ဗိုလ်ချုပ်တွေ လေ့လာအတုယူစေချင်ပါတယ်။

0 comments:
Post a Comment