Monday, May 12, 2014

အမေ့ရဲ့လှေ


အမေ့ ရင်ဘတ်ထဲက..
လှေငယ်လေး
စမ်းချောင်းငယ်မှ ယူလို့ပြေး
အမေ လိုက်လိုက်...
အပြေးလိုက် လိုက် ။



စမ်းချောင်းငယ်မှ လှေငယ်လေး
မြစ်ဧရာက ယူလို့ပြေး ...
အမေ လိုက်လိုက်...
ဆက်ပြေး လိုက် ။


မြစ်ဧရာမှ လှေငယ်လေး
ပင်လယ်ပြာက ယူလိုပြေး
အမေ လိုက်လိုက်...
ထပ်ပြေးလိုက် ...
လိုက်လို့မမီ သောင်းကမ်းစပ်မှာ
အမေတစ်ယောက်တည်း ငိုရလေပြီ ..။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...