Monday, May 12, 2014

တစ်ဘဝစာ မှတ်သားစရာ စာပေ

တစ်ဘဝစာ မှတ်သားစရာ စာပေ
==================

၁။ ဆုံးရှုံးသွားတဲ့အချိန်မှ မိမိပိုင်ဆိုင်ခဲ့တာကို သိတယ်။

၂။ မှတ်သားသင့်တာကို မှတ်သားပြီး မေ့သင့်တာကိုမေ့ရမယ် ပြောင်းလဲနိုင်တာကို ပြောင်းလဲပြီး မပြောင်းလဲနိုင်တာကို (သင်)လက်ခံနိုင်ရမယ်။

၃။ မျက်ရည်စက်တွေဟာ ဝမ်းနည်းမှုကို မှတ်မှတ်ရရဖြစ်စေတယ်။

၎။ သူ့အတွက်နဲ့ မျက်ရည်မကျသင့်ဘူး သူသင့်ကို ချစ်တာမှန်ရင် သူ့အတွက်နဲ့ မျက်ရည်ကျတော့မယ်ဆိုရင် သူကသင့်ရဲ့မျက်ရှည်ကိုကျခွင့်ပေးမှာမဟုတ်ဘူး။

၅။ ကြည်နူးနေတဲ့ ချစ်သူတွေရဲ့ နှုတ်ခမ်းလေးဟာ နွေးထွေးတဲ့ အနမ်းတွေအတွက်ဖြစ်တယ်။ ရန်ဖြစ်တဲ့ ချစ်သူတွေရဲ့နှုတ်ခမ်းကနေ ထွက်လာတာကတော့ တစ်ယောက်ကိုတစ်ယောက် နာကျင်စေတဲ့ စကားတွေပါပဲ။

၆။ ပျော်ရွှင်မှုဆိုတာ တစ်ခုခုပျောက်သွားလို့ လိုက်ရှာနေသလိုပဲ ဘယ်လိုရှာရှာမတွေ့ဘူး၊ ဒါပေမယ့် မေ့သွားတဲ့အချိန်မှာ ပြန်တွေ့သလိုပေါ့ ပျော်ရွှင်မှုဟာ သင့်နံဘေးမှာပါ။

၇။ မျက်ရည်စက်ရဲ့အပူချိန်ဟာ(၅၃ဝ)ဖြစ်တယ်၊ အပြင်လောကရဲ့ အေးစက်မှုကြောင့် မျက်ရည်စက်ကျချိန်မှာ (၅၃)သာ ကျန်တော့တယ်။

၈။ ချစ်ခြင်းနဲ့ အလိုလိုက်ခြင်းဟာ မတူပါဘူး၊ အလိုလိုက်ရင် ဘာမှမပြောလဲရတယ် ဒါပေမယ့် အချစ်မှာ အဲ့လိုလုပ်လို့မရဘူး။

၉။ လူ့ဘဝမှာ ပညာရေး စီးပွားရေး အချစ်ရေး အိမ်ထောင်ရေးဆိုပြီး စာမေးပွဲကြီးလေးခုမှာ ပျမ်းမျှအောင်မှသာ အောင်မြင်မှာပါ။ တစ်ခုထဲမှာအာရုံစူးစိုက်နေလို့လဲ ဒီလူ့ဘဝမှာ အောင်မြင်မှာမဟုတ်ပါဘူး။ 

၁ဝ။ ငါးလေးကပြောတယ် သင်"ငါ့ရဲ့မျက်ဝန်းထဲက မျက်ရည်တွေကို တွေ့ရမှာမဟုတ်ဘူး၊ ငါးလေးကရေထဲမှာနေလို့ပါ။ ရေကပြောတယ် ငါးရဲ့မျက်ရှည်ကို ရေကခံစားရတယ်တဲ့ ငါးလေးကရေရဲ့ ရင်ထဲမှာရှိလို့တဲ့။

၁၁။ လူ့ဘဝဆိုတာ လှပတဲ့ ပန်းကလေးအသွင်နဲ့ သင့်ဘေးမှာ ရှိနေသူတွေကို မွှေးရနံ့နဲ့ သင်းစေရမယ်။

၁၂။ တစ်မိနစ်အတွင်းမှာ လူတစ်ယောက်ကို သိနိုင်တယ်။ တစ်နာရီိအတွင်း လူတစ်ယောက်ကို နှစ်သက်နိုင်တယ်။ တစ်ရက်အတွင်းမှာ သင်သူ့ကိုချစ်နိုင်တယ်။ ဒါပေမယ့် တစ်သက်လုံး အချိန်တွေကုန်သွားပေမယ့် သင်သူ့ကို မေ့နိုင်မှာမဟုတ်ဘူး။

၁၃။ သင်-ဦးတည်ရာရှိနေရင် သင်ဟာ၊ဘယ်နေရာရောက်နေတယ်ဆိုတာ အရေးမကြီးပါဘူး။

၁၄။ ဘယ်အရာမဆို အဖက်ဘက်သော ရှုထောင့်မှ ကြည့်ရတယ်။

၁၅။ ဘဝခရီးလမ်းဆိုတာ ယုံကြည်ချက်ရှိတဲ့သူအတွက် ခင်းထားပေးပါတယ်။

၁၆။ ပျော်ရွှင်မှုကို ဝေမျှလိုက်ရင် ပျော်ရွှင်မှုဟာ နှစ်ဆပါ။

၁၇။ အမြင့်ဆုံးကိုမှန်း အကောင်းဆုံးကို ကြိုးစားပြီး အဆိုးဆုံးအတွက်ပြင်ဆင်ပါ။

၁၈။ လုပ်ချင်တဲ့အလုပ်ကို အချိန်နဲ့ အခွင့်အရေးကိုရှာပါ၊ မလုပ်ချင်တဲ့အလုပ်အတွက် ဆင်ခြေကိုတော့ရှာပါ။

၁၉။ သိရက်နဲ့ မူးရူးနေတာ အရက်အပြင် အချစ်ပါ။

၂ဝ။ ငါတို့တွေ အခွင့်အရေးမရှိတာ မဟုတ်ဘူး အခွင့်အရေးကမျက်စိရှေ့မှာပါ။ ပြန်စဖို့သတ္တိမရှိတာပါ။

၂၁။ အရသာမရှိတဲ့ရေကို ငြီးငွေ့တယ်လို့ ဘယ်သူမှမပြောသလို အေးဆေးငြိမ်းချမ်းတဲ့ဘဝကို ဘယ်သူကငြီးငွေ့မှာလည်း။

၂၂။ လိုချင်တဲ့အချစ်ကို မရရင် ရနေတဲ့အချစ်ကို သင်-ချစ်မြတ်နိုးပါ။

၂၃။ အရှေ့ဘက်ကနေထွက်လို့ အနောက်ဘက်ကို နေဝင်သွားသလို စိတ်ညစ်လည်းတစ်ရက် ပျော်လည်းတစ်ရက်ပေါ့ တစ်ခုခုကို သင်-ရင်ဆိုင်တဲ့အချိန်မှာ သင်-ရင်ဆိုင်နိုင်တဲ့ သတ္တိက မျှတနေမယ်ဆိုရင် သင်-လည်းပျော်မယ် စိတ်လည်းချမ်းသာမယ်။

၂၄။ သင်-မြတ်နိုးတတ်ရင် သင်-ပိုင်ဆိုင်ထားတာက အကောင်းဆုံးပါ သင်-အတ္တကြီးနေမယ်ဆိုရင် သင်-ပိုင်ဆိုင်ထားတာတောင် ဆုံးရှုံးနိုင်တယ်။

၂၅။ အချစ်မှာ လိုအပ်တာ ပွင့်လင်းမှု အချေအတင်ဖြစ်ပြီဆိုရင် ညှိနှိုင်းရမယ်၊ စိတ်တိုတဲ့အချိန်မှာ စိတ်ကို အေးအေးထားရမယ်၊ ပျော်ရွှင်တာတွေကို ဝေမျှရမယ်။

ဒိုက်ဒိုက်(မန္တလေး) ဖတ်စာအုပ်များနှင့် ကိုယ်တွေ့ဗဟုသုတလေးများ။
Credit To>>ဗဟုသုတ မှတ်စုများ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...