Wednesday, February 19, 2014

ကောင်မလေးတွေ နားမလည်နိုင်သော ....ကောင်လေးတွေရဲ့ ဒဏ်ရာ


၁။ ကောင်မလေးတွေ နားမလည်ဘူး...
ကောင်လေးကို ဖုန်းဆက်မရလို့ စိတ်တိုနေတဲ့အချိန်...ကောင်လေး ပင်ပင်ပန်းပန်း အလုပ်လုပ်နေတယ်ဆိုတာပါ....


၂။ ကောင်မလေးတွေ နားမလည်ဘူး...
ကောင်လေးက သူ့ အနွေးထည်ကို မင်းကို ၀တ်ပေးတယ်ဆိုတာ...သူလည်း ချမ်းအေးမှုဒဏ်ကို ခံစားနေရလို့ပါ...

၃။ ကောင်မလေးတွေ နားမလည်ဘူး....
ကောင်လေးကို အထီးကျန်ဆန်တဲ့စကားပြောတဲ့အခါ...ကောင်လေးတွေက စိတ်မဆိုးဘူး...ဒါပေမဲ့ စူးနင့်အောင် ခံစားနေရတယ်ဆိုတာကိုပါ....

၎။ ကောင်မလေးတွေ နားမလည်ဘူး....
ကောင်လေး ပျော်နေတာကို တွေ့တဲ့အခါ... ကောင်လေးတွေမှာ နာကျင်ခြင်းမရှိလို့မဟုတ်ပါဘူး.... အားလုံးကို စိတ်ရဲ့ အတွင်းထဲမှာ မြှုပ်နှံထားတယ်ဆိုတာကိုပါ....

၅။ ကောင်မလေးတွေ နားမလည်ဘူး...
ကောင်လေးအတွက် ပေးဆပ်မှုတစ်ခုလုပ်ပေးတဲ့အခါ... သူတို့အနေနဲ့ မမြင်တာမဟုတ်ဘူး...မသိလို့လဲ မဟုတ်ပါဘူး... တကယ်တော့ အမူအရာနဲ့ ထုတ်ဖော်မပြောတတ်တာပါ....

၆။ ကောင်မလေးတွေ နားမလည်ဘူး....
မင်းရဲ့ရှေ့မှာ မင်းမကောင်းဘူးလို့ ပြောပေမဲ့... သူများတွေရှေ့မှာတော့ မင်းက နတ်သမီးတစ်ပါးပါလို့ ကြွားဝါတတ်တယ်ဆိုတာကိုပါ....

၇။ ကောင်မလေးတွေ နားမလည်ဘူး....
ကောင်လေး လှည့်ကြည့်တဲ့အခါ... ကောင်လေးရဲ့ မျက်ဝန်းထဲက နာကျင်မှုနဲ့ စိတ်ထဲက သွေးစက်မျက်ရည်တွေကိုပါ....

၈။ ကောင်မလေးတွေ နားမလည်ဘူး....
ကောင်လေးတွေ ဆုံးရှုံးမှုနဲ့ရင်ဆိုင်ရတဲ့အခါ...အထီးကျန်စွာ အရက်သောက်တတ်တယ်ဆိုတာကိုပါ....

၉။ ကောင်မလေးတွေ နားမလည်ဘူး...
ကောင်လေး အပြင်ပိုင်းဆိုင်ရာ သန်မာကြံ့ခိုင်ပုံပြ တဲ့အခါ.... စိတ်ရဲ့ အားနည်းချက်ကို ဖုံးကွယ်ထားတယ်ဆိုတာကိုပါ....

၁၀။ ကောင်မလေးတွေ နားမလည်ဘူး...
ကောင်လေး မင်းကြောင့် စိတ်ဒဏ်ရာရတဲ့အခါ....မင်းကို မဆူဘူး...အကြောင်းက မင်းကို သိပ်ချစ်လို့ပါ....

၁၁။ ကောင်မလေးတွေ နားမလည်ဘူး....
မင်းတို့ နာကျင် စိတ်ဆင်းရဲ တဲ့အခါ... ကောင်လေးရဲ့ စိတ်နာကျင်မှုကလဲ မင်းတို့ထက် မလျော့ဘူးဆိုတာကိုပါ....

၁၂။ ကောင်မလေးတွေနားမလည်ဘူး....
ကောင်လေး မင်းကို လမ်းခွဲတယ်ဆိုတာ... သူ မင်းကို မချစ်လို့ မဟုတ်ပါဘူး... မင်းရဲ့ အချိန်နဲ့ ....ခံစားချက်တွေကို မဆုံးရှုံးစေချင်လို့ပါ....

၁၃။ ကောင်မလေးတွေ နားမလည်ဘူး...
ကောင်လေး မင်းရှေ့မှာ မျက်ရည်ကျတဲ့အခါ...သူ့ရင်ထဲမှာ မင်းရဲ့ နာမည်ကို ရေးထွင်းထားပြီးသားဖြစ်လို့ပါ....

၁၄။ ကောင်မလေးတွေ နားမလည်ဘူး...
ကောင်လေးတွေ တုံးအ တဲ့အခါ.... မမေ့သင့်တာက ....မင်းတို့ကို ပျော်စေချင်တဲ့ စိတ်နဲ့ ဆိုတာကိုပါ....

၁၅။ ကောင်မလေးတွေ နားမလည်ဘူး...
ကောင်လေး စိတ်ဆိုးတဲ့အခါ...မင်း သူ့ကို ဒုက္ခပေးလို့မဟုတ်ပါဘူး....မင်းရဲ့ စကားတွေကို နက်နဲစွာ ခံစားရလို့ပါ....

တကယ်လို့ ကောင်လေးတစ်ယောက်က ကောင်မလေးတစ်ယောက်ကို တကယ်ချစ်တဲ့အခါ....
ကောင်လေးနဲ့ ပတ်သက်တဲ့အရာ တော်တော်များများကို ကောင်မလေးတွေ နားမလည်ကြဘူး....
ကောင်မလေးအပေါ်ထားတဲ့ ကောင်လေးရဲ့ လေးစားမြတ်နိုးမှုနဲ့ အချစ်ကလဲ မိန်းကလေးတွေ ထက် မလျော့တာအမှန်ပါပဲ....
ကောင်လေးတွေ ခံစားရတဲ့ အရာတွေလဲ များတဲ့အတွက်...ကောင်လေးရဲ့စိတ်ဓာတ်ကလဲ ကောင်မလေးတွေထက် မာကျောမှာတော့ မဟုတ်ပါဘူး....
ကောင်မလေးတွေ အနေနဲ့ ဖွင့်ပြောပြလို့ရနိုင်ပေမဲ့...ကောင်လေးတွေကတော့ နှလုံးသားရဲ့ အောက်ခြေမှာပဲ ကွယ်ဝှက်ထားတတ်တယ်လေ....
သင့်အနေနဲ့  ကောင်လေးကို တကယ်ချစ်ရင်...အပြစ်သိပ်မတင်ပါနဲ့...အကြောင်းက သူရဲ့ အချစ်က နက်နဲပြီး သိုသိပ်လို့ပါပဲ....

စာချစ်သူများအား ကျေးဇူးတင်ပါသည်...(moeyan112@gmail.com)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...