Wednesday, February 19, 2014

မိခင်ကျေးဇူးထင်ရှားရခြင်းအကြောင်း


 မေး ။ ။ မိဘမေတ္တာကိုဖွဲ့ဆိုတဲ့အခါ
ကဗျာမှာဆိုလည်း အမေ့အတွက်ကဗျာ
ရင်ထဲကလာ။
သီချင်းမှာဆိုလည်း မေွးမေကျေးဇူး
ဒို့မမေ့ဘူး။

အဲဒီလိုရေးကြဆိုကြတဲ့အခါ
ကျွေးသဖခင် ရှေ့ဆောင်သူအတွက်
ကဗျာတွေစာတွေမှာ တွေ့ရနည်းတာဘာအတွက်ကြောင့်
လဲ......?????
@@@@@@@@@@@@@@

ဖြေ ။ ။ ဘာလို့လဲဆိုတော အကြောင်းအရင်း လေးချက်ကြောင့် ဖြစ်တယ်။ပထမအချက်က သေသည်အထိ
သုံးရမည့် ဦးနှောက်ကို မတွေးခိုင်း
ရက်လို့.......အတွေးမပါဘဲ အမြင်
နဲ့ပဲအသက်ရှင်နေတော့'လူအများရေး
နေကြတဲ့ ကိုးလလွယ်ဆယ်လဖွားကိုဘဲမြင်
တော့တယ်၊ ကိုယ်ဝန်ဆောင်ချိန်ကနေ
မွေးဖွားတဲ့အထိကုန်ကျစရိတ်ကိုရဖို့ နေပူမ
ရှောင်မိုးရွာမရှောင် ပင်ပင်ပန်းပန်း
ရှာဖွေကျွေးမွေးခဲ့ရတဲ့ ဖခင်ရဲ့
အဖြစ်ကို တွေးမကြည့်ကြဘူး'
'သောက်ရေတိုက်တဲ့ မိခင်ရဲ့ကျေးဇူးပဲ မြင်တော့တယ်....သားသမီးတွေမမြင်ခင် ရေအိုးထဲရေထည့်ပေးတဲ့
ဖခင်ရဲ့ကျေးဇူးကို မတွေးကြတော့ဘူး'
' ထမင်းခွံ့ကျွေးတဲ့ အမေကိုတော့
မြင်တယ်....အဲဒီထမင်းဖြစ်လာအောင် ပင်ပင်ပန်းပန်းရုန်းကန်ခဲ့ရတဲ့
အဖေ့ကျေးဇူးကျတော့ မတွေးတော့ဘူး'
မတွေးတော့ ကျေးဇူးမမြင်၊
မမြင်တော့ နှနှလုံးသားကမခံစား၊
မခံစားတော့ မရေးဖြစ်တော့တာဘဲ........။
ဒုတိယအချက်က ဖခင်တော်တော်
များများက ရင်ထဲကနေဘဲ ကြိတ်ချစ်တတ်ကြတယ်။
မိခင်တွေလို ဖက်လိုက်၊နမ်းလိုက်နဲ့တစ်ချိန်လုံးလုပ်
မနေကြဘူး။မိခင်ကမင်းသမီးဆို ဖခင်ကလူကြမ်း
လုပ်ဖို့ဝန်မလေးကြဘူး။ဒါမှလည်း တစ်ချို့မိခင်
တွေသားသမီးတွေကိုပြောမရတဲ့ကိစ္စတွေ မှာ
တည်တည်တံ့တံ့နေတဲ့ဖခင်တစ်ခွန်းပြောရုံနဲ့ ထိ
ရောက်မှုရှိမှာလေ။လူတိုင်းက ဖော်ရွေ
ပြူငှာတဲ့အပြုအမူတွေကိုဘဲနှစ်သက်တတ်ကြတယ်။
ဖော်ရွေပြူငှာမှုမရှိတဲ့ ဖခင်ရဲ့မျက်နှာထား
ကြောင့်လည်း သားသမီးတွေရဲ့မသိစိတ်က ဖခင်ကို
လျစ်လျူရှုထားခဲ့ကြတယ်။
နောက်တတိယအချက်က စိတ်ပညာသဘောအရ အဖိုတွေက
အမတွေကိုပိုချစ်တတ်ကြတယ်။ဒီလိုဘဲ အမတွေကလည်းအဖိုတွေကို
ပိုချစ်ကြတယ်။မိခင်ကသားကိုပိုချစ်သလို သားကလည်းမိခင်ကိုပို
ချစ်တယ်။ဖခင်ကသမီးကိုပိုချစ်သလို သမီးကလည်းဖခင်ကိုပိုချစ်တဲ့ သဘောတွေရှိတယ်။မြန်မာနိုင်ငံရဲ့ နာမည်ကြီး
ကဗျာဆရာတွေ၊အဆိုတော်တွေက ယောက်ျား
တွေများတယ်။ဒီတော့ သူတို့ချစ်တဲ့မိခင်အကြောင်း
ရေးကြဆိုကြတာ စိတ်ပညာသဘောအရ အဆန်းမဟုတ်။
နောက်ဆုံးတစ်ချက်က အိမ်ထောင်ရေးမှာဖောက်
ပြန်မှုများတဲ့ အိမ်ထောင်ကိုမဦးစီးနိုင်တဲ့ဖခင်တွေကြောင့်ဘဲ။ ဖခင်တွေဖောက်ပြန်
နေရတဲ့ အဓိကအကြောင်းအရင်းက အရက်သောက်ခြင်းကြောင့်ဖြစ်တယ်။
ငါးပါးသီလထဲမှာ ထိန်းဖို့အလွယ်ဆုံးနဲ့ကျူးလွန်ဖို့အလွယ်ဆုံး
က အရက်သောက်ခြင်းဘဲ။ငါးပါးသီလထဲမှာကြောက်စရာအ
ကောင်းဆုံးကလည်း အရက်သောက်ခြင်းဘဲ။
အရက်ရဲ့ဆိုးကျိုးကိုထင်ဟပ်စေတဲ့ ဥပမာကောင်း
လေးတစ်ခုရှိတယ်။လူတစ်ယောက်က အခန်းသုံးခန်းထဲက
အခန်းတစ်ခန်းထဲကို မဖြစ်မနေဝင်ရတော့မယ်။ပထမအခန်းထဲမှာ
အမေနဲ့နှမတွေရှိတယ်။အဲဒီအခန်းထဲကိုဝင်ရင် မိခင်နဲ့နှမတွေကို
စော်ကားပြီးသတ်ရလိမ့်မယ်။ဒုတိယအခန်းထဲ
မှာ သူယုံကြည်တဲ့ဘာသာရဲ့ အဆုံးအမစာအုပ်တွေရှိတယ်။အဲဒီအခန်း
ကိုဝင်ရင် ထိုဘာသာရေးစာအုပ်တွေကို
မီးရှို့ပြီး ဖျောက်ဖျက်ပစ်ရလိမ့်မယ်။
တတိယအခန်းထဲမှာ အရက်ပေါင်းစုံရှိတယ်။အဲဒီအခန်း
ထဲကိုဝင်ရင် အရက်မူးအောင်သောက်ရလိမ့်
မယ်။ထိုလူ စဉ်းစားနေတယ်။ပထမအခန်း
ထဲက ငါ့ရဲ့မွေးမိခင်ကျေးဇူးရှင်နဲ့
နှမကိုမစော်ကားနိုင်ဘူး။ဒုတိယအခန်းထဲက
ငါယုံကြည်တဲ့ဘာသာတရားရဲ့တရားအနှစ်တော်
တွေကို မီးရှို့အစဖျောက်မပစ်နိုင်ဘူး။
တတိယအခန်းထဲက အရက်ကိုဘဲမူးအောင်သောက်တော့မယ်လို့
ဆုံးဖြတ်ကာ တတိယအခန်းကိုရွေးလိုက်တယ်။
အရက်သောက်လို့မူးလာတော့ ပထမအခန်းထဲက
မိခင်နဲ့နှမကိုစော်ကားသတ်ဖြတ်လိုက်တယ်။ဒုတိယအခန်းထဲက
ဘာသာရေးစာအုပ်တွေကိုလည်း မီးရှို့ဖျက်ဆီးပစ်လိုက်ပါတော့တယ်။
အရက်၏ဆိုးကျိုးက ကြောက်စရာအလွန်ကောင်းပေစွ။
အိမ်ထောင်ရေးဦးစီးမှုညံ့ဖျင်းမှုကြောင့် အားနွဲ့သောမိခင်များ လောကဓံ
ကြံ့ကြံ့ခံကာ သားသမီးတို့ရှေ့ရေးအတွက်ရုန်း
ကန်ကြရတယ်။ထိုအကြောင်းကြောင့် သားသမီးများ၏စိတ်ထဲမှာ မိခင်များအမှတ်ပြည့် ရရှိခဲ့ကြတယ်။
လူငယ်များတစ်ခုသိထားရမယ်။သီလနှင့်ပြည့်စုံသော အိမ်ထောင်ဦးစီးကောင်းတစ်ယောက်
ကို သကြားမင်းတောင်မှ နတ်ပြည်မှ
ရှိခိုးကန်တော့ရတယ်။ဖခင်မကောင်း
တာလုပ်လျှင် ထိုဖခင်တစ်ယောက်သာ မကောင်း
မှုအကျိုးကိုခံစားရမှာဖြစ်တယ်။သားသမီး
တွေက အစားဝင်ခံပေးလို့မရနိုင်။မရကောင်း။
ဖခင်ကမိဘတာဝန်ကျေရမယ်။သားသမီးက
သားသမီးတာဝန်ကျေရမယ်။မိဘက မိဘကျင့်ဝတ်မကျေပွန်တာ သားသမီးတို့နှင့်မဆိုင်။သာသမီးတွေက
သားသမီးကျင့်ဝတ်ကျေပွန်ဖို့သာလိုတယ်။
ဖခင်တာဝန်မကျေလို့ မခေါ် မပြောနေလို့မရပါ။
ဖခင်ဆိုတာမိဘပါ။မိဘဆိုတာ အနန္တဂိုဏ်းဝင် ကျေးဇူး
ရှင်တွေပါ။မိဘကိုမရိုသေ၊မလေးစား၊စော်ကား
လိုက်လို့ ရရှိလာမယ့်အကုသိုလ်ကံဟာ မိမိနှင့်သာ
ဆိုင်တာပါ။ဒါ့ကြောင့်
အဖေမှားလည်း အဖေမှန်တယ်။
အဖေမှန်လည်း အဖေမှန်တယ်။
အမေမှားလည်း အမေမှန်တယ်။
အမေမှန်လည်း အမေမှန်တယ်။
ဖေဖေနဲ့မေမေတို့ဟာ သားတို့
သမီးတို့ရဲ့ ထာဝရကျေးဇူးရှင်များအဖြစ်
နှလုံးသားထဲကပုံဖော်ရင်း လက်ဆယ်ဖြာ
ထိပ်မှာမိုး လျက် ထိခြင်းငါးဖြာ မြတ်
မေတ္တာဖြင့် ရှိခိုးကန်တော့လိုက်ပါသည်။ဖေဖေနဲ့မေမေ စိတ်ချမ်းသာပါစေ၊ကိုယ်ကျန်းမာပါ
စေ၊ဘေးရန်ခပ်သိမ်းကင်းငြိမ်းပါစေ၊
မဂ်ဖိုလ်န နိဗ္ဗာန်ကို ရက်တိုတိုနှင့် မျက်မှောက်ပြုနိုင်ပါကြပါစေ။

ဦးတိုးအောင်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...