Tuesday, February 4, 2014

ပုဇွန်ဟင်းလျာ




ပုဇွန်ဟင်းလျာ၊ ခရမ်းချဉ်သီးသုပ်တာလပေါဟင်းချို ဟင်းတွဲလေး တင်ပေးလိုက်ပါတယ်။ ပုဇွန်ဆီပြန်ကို သစ်ဂျပိုး၊ ကလဝေရွက်၊ ဇီယာ၊ ဖာလာစေ့ တို့နဲ့ အရသာရော အနံ့ရောသင်းအောင် ချက်ထားတာပါ။ အရင်ဆုံး ပုဇွန်ဆီပြန် ချက်ရအောင်…

ပုဇွန်ဆီပြန်တွင် ပါဝင်ပစ္စည်းများ
  • ပုဇွန်ကျား – ၂၀ကျပ်သား (ကျောခွဲပြီ ချေထုတ်ထားပါ)
  • ခရမ်းချဉ်သီး – ၂လုံး (အစေ့ထုတ်ပြီ အရှည်လှီးပါ)
  • ငရုတ်သီးစိမ်း – ၄တောင့် (ထက်ခြမ်းခြမ်းပါ)

  • ကြက်သွန်နီ – ၁လုံး (ပါးပါးလှီးပါ)
  • ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်ဆင်းပါ)
  • ငရုတ်သီးမှုန့် – စားပွဲတင်ဇွန်း တ၀က်
  • သစ်ဂျပိုး – ၁ခု
  • ဖာလာစေ့ – ၅စေ့
  • ဇီယာ – လက်ဖက်ရည်ဇွန်း တ၀က်
  • ကလဝေရွက် – ၂ရွက်
  • ဆား – လက်ဖက်ရည်ဇွန်း တ၀က်
  • ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
  • နံနံပင် – စားပွဲတင်ဇွန်း ၂ဇွန်းစာ (ပါးပါးလှီးပါ)



ချက်ပြုတ်နည်း
၁။ အရင်ဆုံး ဒယ်ထဲ ဆီ(စားပွဲတင်ဇွန်း ၄ဇွန်း)ထည့်ပြီ ဆီပူလာလျှင် (ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုတ်သီးစိမ်း၊ သစ်ဂျပိုး၊ ကလဝေရွက်၊ ဇီယာ၊ ဖာလာစေ့) တို့ကို ၁မိနစ်ခန့် ရောမွှေပေးပါ။



၂။ ပြီမှ ငရုတ်သီးမှုန့်၊ ခရမ်းချဉ်သီး တို့ကို ထည့်ပြီ ၁မိနစ်ခန့် ထပ်မွှေပေးပြီ ရေ(၂ခွက်) ထည့်ကာ အဖုံးအုပ်ပြီ ခရမ်းချဉ်သီးများ ပြဲသည်အထိ တည်ထားပါ။
၃။ ခရမ်းချဉ်သီးများ နူအိလျှင် ပုဇွန်၊ ဆား၊ ကြက်သားမှုန့် ထည့်ပြီ ၅မိနစ်ခန့် ထပ်တည်ထားပါ။



၎။ ပုဇွန်ဟင်းဆီပြန်လာလျှင် အပေါ်မှ နံနံပင်အုပ်ပြီ အရသာရှိစွာ ပုဇွန်ဆီပြန်ဟင်းကို သုံးဆောင်လို့ရပါပြီ…



၅။ ဟင်းအစပ်အဟပ် တွဲလေး ချက်စားချင်ရင်တော့ ပုဇွန်ဟင်းလျာ၊ ခရမ်းချဉ်သီးသုပ်ကရင် တာလပေါ ဟင်းချို သုံးဆောင်လို့ရပါတယ်…



0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...