"ကျနော်နဲ့ မန္တလေးရောက် အလွဲများ"
မန္တလေးပြန်ရောက်လို့ နောက်ရက်ကျတော့ ရပ်ကွက်ဘုန်းကြီးကျောင်းက ဆရာတော်ဆီ ဦးခိုက်သွားဖြစ်တယ်။ ညနေစောင်းလေးပေါ့
ဖြစ်ချင်တော့ ကျောင်းမှာ နောက်နေ့မနက် အလှူရှိတဲ့အတွက် ချက်ပြုတ်နေကြတာ။
ရပ်ကွက်ထဲက အမျိုးသမီးကြီးငယ် တစ်ချို့ ရောက်နေပြီး ချက်ပြုတ်ကြော်လှော်၊ လှီးချွတ်ကူညီနေကြတာ တွေ့ရတယ်။
ကားတစ်စီးရောက်လာပြီး ကားပေါ်က ကြက်သွန်အိတ်တွေ အာလူးအိတ်တွေချနေတာတွေ့တော့ အမြင်မတော်တာနဲ့ ဝိုင်းကူချပေးမယ်လေဆိုပြီး.... ကြက်သွန်အိတ်တစ်အိတ်ကို မ,လာလိုက်တယ်။
ဒါကို လှမ်းမြင်တဲ့ ရပ်ကွက်ထဲက အစ်မကြီးတစ်ယောက်က လှမ်းအော်တယ်... ...
"အမ်မယ်... အားကောင်းမောင်းသန် စင်္ကာပူပြန် ကြာကူလီကြီးဟေ့ ကြာကူလီကြီး"
ဟိုက်...
င့ါငယ်ကြိုးငယ်နာတွေ ပေါ်ကုန်ပြီ
အဲ ... ဟုတ်ပေါင်
ဘယ့်နှာ င့ါကို မှိုချိုးမြစ်ချိုး ပြောနေတာပါလိမ့်
ကူညီညာလည်း လုပ်ပေးရသေးတယ်..
မကျေမနပ်ဖြစ်မိတော့ အဲဒီအစ်မကြီးကို ရန်လုပ်ရတာပေါ့... ...
"ခင်ညားဂျာ... ကူလည်းကူရသေး၊ လူကိုလည်း ဆဲသေး"
"ဟဲ့... ဘယ်မှာ ဆဲလို့လည်း"
"ကျုပ်ကို ကြာကူလီလို့ ပြောတာ ဆဲတာပေါ့ဗျ"
"ဟင်... ဟိုလေ ရုပ်ရှင်မင်းသားလေ၊ ဇာတ်ကားတောင်ရှိတယ်လေ၊ ဗလကောင်းကောင်းနဲ့ဟာ ကြာကူလီလေ"
ဒီတော့မှ ရုတ်တရက် သဘောပေါက်ပြီး လှမ်းငေါက်ရတော့တယ်... ...
"ဟာကြူလီပါဗျာ..."
"အဲ... အေးဟဲ့... ဟာကြူလီ ဟုတ်တယ်၊ ဟာကြူလီ၊ ငီး ငီး ဆောဒီးဘဲဒီးနော် မောင်ရေး၊ အစ်မက အင်္ဂလိပ်လိုမှ မတတ်တာ"
ဟူး....
သူမှားတာ အကြောင်းမဟုတ်ဘူး
ကျုပ်မှာ လူကြားထဲ လူမိပြီထင်သွားတာ
ကိုယ်ကလည်း ပန်ပန်ကို ကြံနေတာဆိုတော့ နောက်ကြောင်းက ရှင်းတာ မဟုတ်ဘူးလေ...
သန်၎ကို-စွပ်စွဲခံရသည်။
0 comments:
Post a Comment