မိဘပြည်သူများသို့ ပန်ကြားခြင်း (၁/၂၀၁၄)
February 15, 2014 at 12:39am
၁။ ဥပဒေစာတမ်းနှင့် မှုခင်းတို့ကိုတင်ပြခြင်း။
ကျွန်တော် ကိုဖိုးဖြူ (kophoephyu) ဖေ့ဘုတ်ခ်မှ မိဘပြည်သူများကို ကျွန်တော်တို့ Purple Equity Law Firm အမည်ရ ခရမ်းရောင် သာတူညီမျှ ဥပဒေပညာ အသက်မွေးဝမ်းကြောင်း လုပ်ငန်းမှ ဥပဒေရေးရာ မှုခင်းအချို့နှင့် ဥပဒေ စာတမ်းအချို့ကို အလျဉ်းသင့်သလို တင်ပြခဲ့ပါတယ်။
အဲဒီထဲကမှ အမှုလိုက်ပါဆောင်ရွက်ပေးခဲ့သော မြေယာမှုခင်း အချို့နှင့် သဘာဝပါတ်ဝန်းကျင်ထိန်းသိမ်းရေး နှင့် ဆိုင်သော တရားမှု/မတရားမှု၊ ဥပဒေနှင့်ညီမှု/မညီမှု၊ အမှုနိုင်မှု/ ရှုံးမှုနှင့် ဆောင်ရွက်ထားမှု အခြေအနေတို့ကို တင်ပြခဲ့ပါတယ်။ တစ်ခါတစ်ရံလည်း ဒေသခံတို့၏ ကြေငြာချက်များကို လည်းတင်ပြခဲ့ပါသည်။၂။ ခရီးထွက်ရလွန်းလို့။
အလုပ်ဝန်ပိလာလို့ ကျွန်တော်တို့ တင်ပြမှုတွေ တစ်ခါတစ်ခါ အတော်ကြာ ပြတ်တောက်သွားခဲ့ပါတယ်။ အမှုလိုက် ခရီးထွက်ရတဲ့ နေရာဒေသတွေဟာ ဝေလွန်းပြီး အင်တာနက် ချိတ်ဆက်ရဖို့ခက်ခဲတာကြောင့် တင်ပြနိုင်မှု အားနည်းခဲ့ပါတယ်။
၃။ဥပဒေရေးရာသတင်း
မြန်မာပြည် နေရာဒေသ အသီးသီးမှာရှိတဲ့ တရားဥပဒေစိုးမိုးမှု အခြေအနေနှင့် အခွင့်အလမ်းသာမှု/မသာမှုကို မိဘပြည်သူတို့ သိလိုမယ်လို့ ထင်မြင်မိပါတယ်။ ယခုအခါမှာ အောက်ပါ အစီအစဉ်များအတိုင်း ဆက်လက် တင်ပြသွားပါမယ်
၁။အမှုလိုက်ဒေသအလိုက် ဥပဒေကျင့်သုံးမှု အခြေအနေတို့ကို ဒေသအဖြစ်အပျက် ဓါတ်ပုံတို့နှင့်တကွ ဆက်လက် တင်ပြပါမယ်။
၂။ ကျွန်တော်တို့ လောဖမ်းမှ လေ့လာသုတေသနပြု လုပ်ထားသေား ဥပေဒေစာတမ်းများကို ပုံမှန်ဖော်ပြပေးပါမယ်။
၃။ တစ်ပါတ်အတွင်း နိုင်ငံအ၀ှမ်း အထူးခြားဆုံး သတင်းသုံးသပ်ချက်ကို ဥပဒေရေးရာ အဆက်အစပ်များ နှင့် ပူးတွဲပြီး တင်ပြပါမယ်။
၎။ သတင်းအဖြစ်အပျက်နှင့် ဥပဒေရေးရာ အဆက်အစပ်များကို ၂၀၁၄ ဖေဖော်ဝါရီလမှ စတင်ပြီး မအားမလပ်လို့ သတင်းစာ၊ ဂျာနယ်စုံအောင် ၀ယ်မဖတ်အားတဲ့ မိဘပြည်သူတွေအတွက် ရည်ရွယ်တာဖြစ်ပါတယ်။ တင်ပြပုံကတော့...
၁။ တစ်ပါတ်အတွင်း အထူးခြားဆုံးသတင်းကိုသာ စနေနေ့မှာ ပုံမှန်တင်ပြပါမယ်။
၂။ အထူးခြားဆုံးသတင်းကို တစ်ပုဒ်ချင်းစီ သုံးသပ်တင်ပြရာမှာ သတင်းရယူခဲ့တဲ့ သတင်းရင်းမြစ် အမည်မူရင်း (ဂျာနယ်၊ သတင်းစာ၊ ရေဒီယို၊ အွန်လိုင်း၊ရုပ်မြင်သံကြား) တွေကို ပြန်လည်ဖော်ပြပါမယ်။ ဖော်ပြပါ သတင်းအရင်းအမြစ် တို့၏မတူညီသော သတင်းကွဲပြားချက်တွေနဲ့ သဘောထားကွဲပြားချက်တွေကို တစ်ပါတည်းတင်ပြပါမယ်။ သတင်းအဖြစ်အပျက် တစ်ခုချင်းစီနဲ့ ဆက်စပ်သော စီမံခန့်ခွဲရေး ဆိုင်ရာဥပဒေပြဋ္ဌာန်းချက် အဆက်အစပ်တို့ကိုလည်း အလျဉ်းသင့်သလို ပူးတွဲတင်ပြပါမယ်။
၅။ ပညာပေးစေလို။
မိမိတို့ လောဖမ်းနှင့် ရင်းနှီးသော သတင်းဝါသနာပါသူ မိတ်ဆွေအချို့နှင့် ဥပဒေလေ့လာသူတို့ ပူးပေါင်းပြီး ကျွန်တော်တို့ကိုယ်တွေ တွေ့မြင်သိရှိထားတာလေးတွေကို ပေါင်းစပ်မျှဝေပေးတာသာ ဖြစ်ပါတယ်။ သက်ဆိုင်ရာနယ်ပယ်အလိုက် ပရောဖက်ရှင်နယ်ရေးရာ ကျင့်ဝတ်ကိစ္စကို အထူးဂရုပြု ဆင်ခြင်အသုံးပြုပါမယ်။ ထို့အတွက် ကျွန်တော်တို့ လောဖမ်းမှ တင်ပြမယ့် သတင်းနှင့် ဥပဒေပညာ အဆက်အစပ်ကို သတင်းစာဆရာများ၊ သတင်းထောက်များ၊ စာနယ်ဇင်း ပညာရှင်ကြီးများ၊ ရှေ့နေရှေ့ရပ်များနှင့် ဥပဒေပညာရှင်ကြီးများက အကြံပြုစေလို၊ ပညာပေးစေလို၊ သွန်သင်ဆုံးမပေးစေလိုပါတယ်။ ကျွန်တော်ကို ဥပဒေပညာနှင့် အသက်မွေးခွင့်ပြုသော မိဘပြည်သူ ထမင်းရှင်နှင့် မိတ်ဆွေများကလည်း အောက်ဖေါ်ပြပါ လိပ်စာများအတိုင်း ဆွေးနွေးလမ်းညွှန် စေလိုပါတယ်။ ၂၀၁၄ ဇန်န၀ါရီလ အတွက် တစ်ပါတ်အတွင်း အထူးခြားဆုံး သတင်းသုံးအသပ်ချက်များကို နမူနာနှင့် ပဏာမတင်ဆက်အပ်ပါတယ်။အဲဒီနောက်မှာ တစ်ဆက်တည်း အပါတ်စဉ်အလိုက် ဆက်လက်တင်ဆက်သွားပါမယ်။
ခင်မင်လေးစားစွာဖြင့်။
ကိုဖိုးဖြူ
အထက်တန်းရှေ့နေနှင့် ဥပဒေအတိုင်ပင်ခံ။
LL.B(Q), LL.M (1st) ,MBA (Part 1),University Of Northampton (UK)
Purple Equity Law Firm
Reg No.4/10208
တိုက်- ၆၄/၆၂ ၊ ဒုထပ်၊ ၄၂လမ်းအောက်၊ ဗိုလ်တစ်ထောင်မြို့နယ်။
ရန်ကုန်မြို့။
Email- findertrue41@gmail.com
Phone-09254051719, 0943040769, 0973000441
0 comments:
Post a Comment