Wednesday, February 19, 2014

အလကားပေးနိုင်တဲ့အရာ

February 18, 2014 at 11:07pm

တနေ့တော့ ကျမ သားလေးကိုဈေးထဲခေါ်သွားခဲ့တယ်။
"မေမေ.. သားကိုဟိုဟာဝယ်ပေးပါ..." သားကလက်ညှိုးထိုးပြရင်း
ကျမဈေးမေးကြည့်လိုက်တယ် ပြီးတော့သားကိုကြည့်ပြီး
"မေမေပိုက်ဆံမလောက်တော့ဘူးသားလေးရယ် နောက်တော့မှယူနော်"
"ဟင့်အင်း.. ဟင့်အင်း.. လိုချင်တယ်"


"အဲဒါပိုက်ဆံမပေးရင် အလကားမရဘူးလေ သားလေးရဲ့ လာနော်"
သားလေးကိုချော့ခေါ်လာရင်း...


"ဟယ်.. လှလိုက်တာ လှလိုက်တဲ့ပန်းတွေပါလား"
ကျမ လှမ်းကြည့်လိုက်ရင်း ရုတ်တရက်ပြောလိုက်တယ်

သားလေးက ရုတ်တရက်ပြေးထွက်သွားပြီး

"အဲဒါပေးပါ.." လို့ပြောလိုက်တော့
ပန်းသည်က "သားမှာ ပိုက်ဆံပါလား"
သားလေးက ငေးကြည့်ရင်း ခေါင်းခါပြလိုက်တယ်
"ပိုက်ဆံပါတော့ ယူနော် အများကြီးပေးမယ် ဟုတ်ပြီလား"

"သားရေ လာလေ ပန်းကို အလကားဘယ်ပေးမလဲသားရဲ့
"သားသားက မေမေ့ကို ပေးမလို့"

တနေရာရောက်တော့ ကလေးမလေးတယောက်က ငိုရင်း
"ဟိုဟာ ယူမယ်..ယူမယ် ပေးပါ.." လို့အော်နေတယ်
သူ့အမေက "မရဘူး ယူလို့မရဘူး" လို့ပြောရင်းဆွဲခေါ်ဖို့လုပ်တယ်

သားလေးက မေမေ "သား သွားယူပေးလိုက်မယ်လေ"
သားကပြေးသွားရင် စင်ပေါ်ကအရုပ်ကို သူမှီကြောင်းပြပြီးယူပေးမလိုလုပ်တယ်
"ကလေးရဲ့ ဒါက၀ယ်မှရတာ အလကားမရဘူးလေ" လို့ ဆိုင်ရှင်က ပြုံးပြီးပြောလိုက်တယ်

"သားက ညီမလေးကို ပေးချင်လို့လား"
"ဟုတ်ကဲ့" ခေါင်းငြိမ့်ပြတယ်

"ဟဲ့.. ဒါလေးထပ်ထည့်လိုက်ပါအုံး"
"ဟာဗျာ.. အလကားတော့ အများကြီးဘယ်ရမလဲ"
ဈေးသည်က ဆစ်နေတဲ့ အဒေါ်ကြီးကို အော်လိုက်တယ်
"အလကားလိုချင်တဲ့သူတွေ ဘယ်ဟာမှအလကားမရဘူး.." လို့ အဒေါ်ကြီးထွက်သွားတော့ ပွစိပွစိပြောနေတယ်

သားလေးက ဈေးတလျှောက်မှာ ငေးကြည့်နေတယ်
ဈေးပြန်လမ်းမှာ သားက ကျမကို ဒီလို မေးပါတယ်

"မေမေ.."
"ဟင်.."
"အလကား အများကြီး ပေးလို့ရတာ ဘာရှိလဲဟင်"

သားကိုကြည့်ရင်း ကျမစဉ်းစားလိုက်တယ်

"အပြုံးပေါ့သားရယ်"

သားလေးနားမလည်မှာစိုးလို့ ထပ်ပြီးပြောလိုက်တယ်

"သူများတွေကို အများကြီးပြုံးပြပေးလိုက်ပေါ့.."
"ခုနက ပန်းထက် မေမေက သားလေးရီပြလိုက်တာပိုကြိုက်ပါတယ်"

သားလေးမျက်နှာက ပြုံးသွားပါတော့တယ်

အင်ကြင်း

1:40
19 February 2014

မှတ်ချက်..သားလေးကို City Mart ကိုခေါ်သွားရင်းတွေးမိလို့ စိတ်ကူးနဲ့ပြန်ရေးမိပါတယ်




0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...