Sunday, February 16, 2014

ဖြစ်နိုင်၏- မဖြစ်နိုင်၏

Masaru Emoto ဆိုတဲ့ ဂျပန်သုတေသန ပညာရှင်က ရေနဲ့ ပတ်သက်တဲ့ သုတေသန လုပ်တယ်..။
သူ့ရဲ့  '' Messages from Water '' ဆိုတဲ့ စာတမ်းက နာမည်ကြီးတယ်..။
ရေ ရဲ့  crystal ပုံဆောင်ခဲလေးတွေကို မိုက်ခရိုစကုပ်နဲ့ကြည့်တော့.. သူတို့လေးတွေက လူစကားနားလည်သလိုလိုနဲ့ တုန့်ပြန်လေ့ရှိကြောင်း Masaru က ဆိုတယ်..။

  ရေထည့်ထားတဲ့ ဖန်ခွက်တစ်ခွက်ကို ဆဲဆိုတဲ့စာ ရေးပြီး ကပ်လိုက်ရင်.. ပုံဆောင်ခဲလေးတွေက ပုံပျက်သွားလေ့ရှိပြီး.. ပျော်ရွှင်ဖွယ်ရာ စာ.. ရေးပြီး ကပ်ရင်တော့.. ပုံဆောင်ခဲလေးတွေက လှလှပပ စီစီရီရီနဲ့ အတော်ကြည့်ကောင်းလာကြောင်း.. သူက သက်သေပြပါတယ်..။



ဆိုလိုတာက.. ရေ-ဟာ.. တခြားသက်ရှိတိရိစ္ဆာန်တွေလိုပဲ ၀မ်းသာဝမ်းနည်း ခံစားမှု ရှိတယ်ဆိုတဲ့သဘောပေါ့..။

အဲ့ဒါ ဖတ်ရတော့.. ကျွန်တော်ဥာဏ်မီသလောက် လိုက်တွေးကြည့်မိတယ်..။

ဥပမာ.. '' မိုက်တယ် '' ဆိုတဲ့ စကားလုံးရေးပြီး ကပ်ရင် ရေ-က ဘယ်လိုတုန့်ပြန်မလဲ ပေါ့..။

မိုက်တယ် ဆိုတဲ့ စကားရဲ့  အဓိပ္ပါယ်က.. တိုက်ရိုက်ယူရင်.. မလိမ္မာတဲ့အဓိပ္ပါယ် မိုက်တဲ့ အဓိပ္ပါယ်ထွက်ပြီး.. မြန်မာဘန်းစကားအနေနဲ့ ဆိုရင်တော့.. မိုက်တယ်ဆိုတာ.. လှတာ-ချီးမွမ်းတာ ဖြစ်ပြန်ရော..။

အဲ့ဒီတော့.. ရေခမျာ့ .. '' ၀မ်းနည်းရမှာလား-၀မ်းသာရမှာလား မိသိန်းကြည် '' ဆိုတာမျိုး ဖြစ်ကုန်မယ်ထင်တယ်... ဟဲဟဲ..။

ဘာရယ်တော့မဟုတ်ပါဘူး..။

တနေ့က ညီငယ်တစ်ယောက်က မက်ဆေ့ခ်ျကနေတဆင့်.. အကို စာတွေသိပ်ဖတ်တယ်ထင်တယ်.. လို့ ပြောလာလို့ပါ..။

ကျွန်တော်.. စာအများကြီးမဖတ်ပါဘူး..။

ဒါပေမယ့်.. ဖတ်သမျှစာကိုတော့.. ဥာဏ်မီသလောက် လိုက်တွေးလေ့ ရှိပါတယ်..။ ဖြစ်နိုင်၏-မဖြစ်နိုင်၏ ပေါ့..။

  နောက်.. ဖတ်တဲ့စာထဲကနေ.. အသိသစ်-အတွေးသစ်- အမြင်သစ်ကို ရှာဖွေဖတ်ရှု လေ့ ရှိပါတယ်..။

အဲ့ဒီ စာဖတ်နည်းက ပျော်စရာကောင်းပါတယ်..။ အတွေးအမြင်သစ်တွေလည်း ရရှိစေပါတယ်..။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...