Sunday, February 16, 2014

ဗင်လတိုင်း လိုက်(ဖ်)ရှိုး


ချစ်သူတွေက
ဗင်လတိုင်းရဲ့ ရင်ခွင်ကျယ်ထဲမှာ
မြူးပျော်လို...။

ရုပ်ရှင်လက်မှတ်တန်းစီနေတဲ့ ဗင်လတိုင်း
ကားမှတ်တိုင်တွေရှေ့မှာ ဗင်လတိုင်း
တက္ကစီကားလေးတွေထဲမှာ ဗင်လတိုင်း
ဗန္ဓုလပန်းခြံထဲမှာ ဗင်လတိုင်း
ကန်တော်ကြီးနဲ့ အင်းယားကန်မှာ ဗင်လတိုင်း
ကော်ဖီဆိုင်လှလှလေးတွေထဲမှာ ဗင်လတိုင်း
....................ဗင်လတိုင်း
...................ဗင်လတိုင်း
..................ဗင်လတိုင်း
သွားချင်ရာ သွားခွင့်ရှိနေတဲ့ ဗင်လတိုင်း ။

မြင်ကွင်းတွေထဲမှာတော့
ဗင်လတိုင်းဟာ အကျီ င်္ဆင်တူဝတ်..လို့၊
ချောကလက်ကလေးတွေ အတူစား..လို့၊
မနိုင့်တနိုင် သိုးမွှေးရုပ်ကြီးတွေကို ချီမ..လို့ ၊
ကြည်မြတဲ့ အပြုံးချိုချိုတွေနဲ့
ဟိုဟို ဒီဒီလျှောက်လည်နေကြလေရဲ့ ။

ကြည့်ရသလောက်
တစ်ယောက်လက်မှာ
တစ်ယောက်အသက်ကို ဖောက်ထည့်ထားသလို...
တစ်ယောက်အတွေးမှာ
တစ်ယောက်အမေးကို မဖြေဘဲသိနေသလို...
တစ်ယောက်အကြိုက်မှာ
တစ်ယောက်အလိုက်ကို စောင့်ဖို့မလိုသလို...
တစ်ယောက်ပုခုံးဆီမှာ တစ်ယောက်ကအုံးမှီလို့
ဖေဖော်ဝါရီရဲ့ အလယ်တည့်တည့်မှာ
" (၁၄)ရက်နေ့ကို သိမ်းပိုက်ထားကြလေရဲ့ " ။

သူတို့အတွက်...
ဘာမဆို အဆင်သင့်ဖြစ်နေတဲ့အနေအထားနဲ့
ဗင်လတိုင်းဟာ...
အချစ်ကို အချစ်နဲ့တုန့်ပြန်ဖြေကြားလို့
နှစ်ကိုယ်ကြားက တတိုင်းတွေကို ရိုက်ချိုး
ဖေဖော်ဝါရီရဲ့ နှင်းခင်းကြီးထဲမှာ
ကျွန်တော်တို့လို ပရိတ်သတ်တွေအတွက်
လိုက်(ဖ်)ရှိုးကြီးတစ်ပွဲ ကျင်းပနေကြလေရဲ့....။

လင်းအောင်ပြည့်
(14.2.2014) ညနေ၅နာရီ

(ဗင်လတိုင်းရဲ့ ဘ၀တူပွဲကြည့် ပရိတ်သတ်များသို့ အထူးတလည်ရည်ညွှန်းပါသည်)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...