Wednesday, February 5, 2014

အိပ်မက် မက်၏- မမက်၏

အိပ်မက် မက်၏- မမက်၏

 the Tennessean , Nashville, Tennessee။       ။ ဆရာအိုရှိုး။ ဆရာဟာ အိပ်မက်မက်လေ့ မရှိဘူးလို့ ပြောသံ ကြားပါတယ်။ အဲ့ဒါ တကယ် ဟုတ်မဟုတ် သိချင်တယ်။ တကယ် ဆိုရင် ဘာလို့ အိပ်မက်မက်လေ့ မရှိတာ ပါလဲ။ အိပ်မက် မမက်ဘူးလို့ ဘယ်အကြောင်းကြောင့် ပြောနိုင်မလဲ။

Osho ။   ။ ဟုတ်ပါတယ်။ ဒီမေးခွန်းကို ဖြေဖို့ အိပ်မက် ဘာလို့ မက်သလဲဆိုတဲ့ အကြောင်း နားလည် ရပါလိမ့်မယ်။

လူတစ်ယောက်ဟာ သူ့ဆီမှာ အလိုဆန္ဒ မပြည့်ခဲ့တာ၊ စိတ်ဆန္ဒတွေကို ချုပ်တည်းခဲ့ရတာ၊ ဖြစ်ချင်တာတွေ ပေါ်ပေါက်လာခဲ့တာ၊ အဲ့ဒါတွေ ရှိတဲ့အခါ အိပ်မက် မက်ပါတယ်။ ဒီလို အလိုဆန္ဒ မပြည့်ခြင်း စတဲ့ ဖြစ်စဉ်တွေဟာ လူ့အဖွဲ့အစည်းကြောင့်လည်း ဖြစ်နိုင်သလို၊ ယဉ်ကျေးမှု၊ ဘာသာရေး စသဖြင့် အကြောင်းတွေကြောင့်လည်း ဖြစ်ပါတယ်။

တိရစ္ဆာန်တွေဟာ အိပ်မက်မမက်ဘူး။ ရှေးဦးလူတွေကလည်း အိပ်မက် မမက်ကြဘူး။ အိန္ဒိယမှာ နှစ်ငါးထောင်ကျော် ကြာခဲ့ပြီ ဖြစ်တဲ့ ရှေးအနွယ် လူမျိုးစု ရှိရာ ဒေသကို ကျနော် ရောက်ခဲ့ဖူးတယ်။ သူတို့တွေလည်း အိပ်မက် မမက်ဘူး။ လူတစ်ယောက်မှာ ( ဆိုကြပါစို့ရယ် ) ဆန္ဒတွေ ချိုးနှိမ်ရတယ်။ ယဉ်ကျေးမှု အညွှန်းဘောင်တွေနဲ့ ကျပ်တည်း လာတယ်။  သူ့ရဲ့ သဘာဝနဲ့ မိမိကိုယ်ကိုယ် မိမိ လူရာဝင်စိတ်၊ ဒါမှမဟုတ် အရိုအသေခံလိုစိတ်ဟာ ( သိသိသာသာ သို့မဟုတ် မသိမသာ ) အဖိနှိပ်ခံရတယ်။ အဲ့လိုအခါမျိုးမှာ အိပ်မက် မက်ပါတယ်။

အိပ်မက်တွေဟာ ခင်ဗျားကို ရိုးရိုးလေး ဖေးမကူညီပေးထားတာ ဖြစ်ပါတယ်။ နိုးကြားနေတဲ့ အချိန်တွေက ခင်ဗျား မလုပ်နိုင်ခဲ့တာတွေကို အိပ်မက် ထဲမှာ ခင်ဗျား လုပ်နိုင်လာစေတယ်။ သူတို့ဟာ အစားထိုးပေးတတ်တဲ့ ပစ္စည်းတစ်မျိုးပါပဲ။ စိတ်ပညာရှင်ကြီး ဆစ်ဂမန် ဖရွိုက်နဲ့ သူ့ရဲ့ စိတ်သရုပ်ခွဲ ဂိုဏ်းသားတွေဟာ ဒီအကြောင်းကြောင့် ခင်ဗျားရဲ့ အိပ်မက်တွေကို စိတ်ဝင်စားကြတယ်။ နေ့ဘက်မှာ ခင်ဗျား ဘယ်လိုနေလဲ ဘယ်လိုတွေးလဲ ဆိုတာ သူတို့ စိတ်မဝင်စားဘူး။ အဲ့ဒါဟာ သမားနည်းလမ်းတော့ ကျတယ်။ ခင်ဗျား အိပ်မက်တွေကို သူတို့ စိတ်ဝင်တစား ရှိကြတဲ့ အကြောင်းက ခင်ဗျားရဲ့ အဖြစ် အစစ်အမှန် ဟာ ဘာလဲဆိုတဲ့ သဲလွန်စကို အိပ်မက်တွေက ပေးစွမ်းနိုင်လို့ပါ။

ဒါပေမယ့် ဆစ်ဂမန်ဖရွိုက်ဟာ ကျနော်နဲ့ တွေ့ခဲ့ရင် အံ့အားသင့် သွားနိုင်လိမ့်မယ်။ ဘာလို့ဆိုတော့ ကျနော် သူတို့ကို ဘာသဲလွန်စမှ မထားခဲ့ဘူး ။ ကျနော် လုပ်ချင်တာ ရှိလာလား- ကျနော် လုပ်ပါတယ်။ ဘယ် အကျိုးဆက်ကိုမှ ထည့်သွင်း မထားဘူး။ အရိုအသေခံရ မခံရ ဆိုတာလည်း ဂရု မစိုက်ဘူး။ အလားတူပဲ - အခြားသူတွေ ဘယ်အမြင် ရှိမလဲ  ကျနော် ဂရုမစိုက်ဘူး။ ကျနော်ဟာ ကျနော့ဘဝကို ရိုးရှင်းစွာ ရှင်သန်တယ် ။ အစူးစိုက်ဆုံး ၊ အပြည့်ဝဆုံး ကျနော် နေထိုင်တယ်။ အဲ့ဒါကြောင့် အိပ်မက်ကို ဖန်တီးနိုင်မယ့် ဘယ်သဲလွန်စမှ ကျနော့သန္တာန်မှာ မကျန်ရစ် ခဲ့ဘူးရယ်။ အိပ်မက် ဆိုတာ ခင်ဗျားရဲ့ မရှင်သန်လိုက်ရတဲ့ ဘဝ ဖြစ်ပါတယ်။

ဒါ ဟုတ်မဟုတ်ကို ခင်ဗျား အနေနဲ့ လက်တွေ့စမ်းသပ်ချက် ရိုးရိုးလေးတွေ လုပ်ကြည့်နိုင်တယ်။ တစ်ရက်လောက် အဆာခံပြီး နေကြည့်။ အဲ့ညမှာ စားကောင်းသောက်ဖွယ် တွေအကြောင်း အိပ်မက် မက်လိမ့်မယ်။ ဆာလောင် မွတ်သိပ်မှုဟာ ခင်ဗျားအတွက် အစားအသောက် အိပ်မက်တွေ ဖန်ဆင်းပေးတယ်။ ကာမ ဆန္ဒအချို့ကို တစ်ရက်လောက် ပြင်းပြင်းထန်ထန် ချိုးနှိမ်ပြီး ထားကြည့်။ အဲ့ညမှာ ခင်ဗျား ကာမ အိပ်မက် တစ်ခုခု မက်မှာ ဖြစ်ပါတယ်။

ဖရွိုက် စိတ်ဝင်းစားခဲ့တာဟာ တကယ် အမှန်ပဲ မဟုတ်လား။ ခင်ဗျား အကြောင်းကို တိတိပပ သိဖို့ ခင်ဗျားရဲ့ အိပ်မက်တွေကို သိရမှာ။ ခင်ဗျားရဲ့ အိပ်မက်တွေကို သိမှ ခင်ဗျား ဆီက တင်းကျပ်နေတာတွေ၊ သဘာဝ မကျတာတွေကို ဖြေလျော့ ပေးနိုင်မှာ မဟုတ်လား။  ခင်ဗျား ကိုယ် ခင်ဗျား ငြင်းပယ်ပြီး၊ ကိုယ့်ကိုယ်ကိုယ် စတေးခံထားရပြီး ရင်ဆိုင်နေရတဲ့ ခင်ဗျားဘဝထဲက အဲ့အချက်လေးတွေက ဘာတွေ တဲ့လဲ။ လူမျိုးရေး အရလား။ နိုင်ငံရေး အရလား ။ ဘာသာရေး အရလား။ ဘယ်အကြောင်းကြောင့်ပဲ ဖြစ်ဖြစ် ခင်ဗျား ရဲ့ အလိုဆန္ဒ အချို့အတွက် အိပ်မက်မက်ပါတယ်။

ကျနော် ဘယ်အရာကိုမှ မစတေးဘူး။ မိမိ ကိုယ်ကိုယ် ဆန့်ကျင်ပြီး ဘယ်အရာကိုမှ မလုပ်ဘူး။ ကျနော် ပြောချင်လာတဲ့ အခါတိုင်း၊ ပြောတယ်။ ကျနော် လုပ်ချင်လာတဲ့အခါ တိုင်း လုပ်တယ်။ ဘယ်သူ့ နောက်ကိုမှ မလိုက်သလို၊ ဘယ်သူ့ အကြံဥာဏ်ကိုမှ မယူဘူး။ ရိုးရှင်းစွာ၊ မူလ အဦးအစ အခြေခံကျကျ ရိုးစင်းတဲ့ ဘဝနဲ့သာ ကျနော် နေထိုင်ပါတယ်။ ဒါဟာ အိပ်မက် မမက်ရတဲ့ အကြောင်းပါပဲ။

…………………………….
Osho TALKS: http://www.youtube.com/watch?v=h3_8wgDx9_4
…………………………….
http://zayyablogger.blogspot.com/
http://zayya.wordpress.com/
http://zayya.blog.com/ 

by Zay Ya on Wednesday, November 9, 2011 at 3:05am

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...