သစ်ထူးလွင် သတင်းစုစည်းမှု ( ၅-၂)
သစ်ထူးလွင် |
- လက်ပံတောင်း အက်စစ်စက်ရုံကို ပိတ်ရန် တောင်းဆို
- အသစ်ရောက်လာတဲ့ လ၀ကအရာရှိ လုံခြုံရေးကြောင့် ပေါက်တောမှ စစ်တွေသို့ ပြန်ခဲ့ရ
- ဟဲဟိုးမြို့တွင်း တပ်သိမ်းယာမြေများ ပြန်ရရန် ကယန်း-ပဒေါင်လူမျိုးများ ဆန္ဒထုတ်ဖော်
- လွှတ်တော်သက် သုံးနှစ်ပြည့်သောအခါ
- ကျောင်းပြင်ပ ဈေးဆိုင်များရှိ အစားအသောက်များ အန္တာရယ် ကင်းရှင်းရေး မြို့နယ်စည်ပင်များ ကြပ်မတ်ကွပ် ကဲပေးရန်လို
- ပြည်ခိုင်ဖြိုးအမတ် ဦးရွှေမောင်ကို ရဲက စစ်မေး
- ဦးပဇင်းတစ်ဦးမှ မကျေနပ်၍ အမျိုးသမီးတစ်ဦးအား ဓါးဖြင့်ထိုး
- အရှင်ဂမ္ဘီရ ညီမတော်စပ်သူ Unity ဂျာနယ် သတင်းထောက်၏ဇနီိး ခံဝန်ဖြင့် ပြန်လွှတ်
- ပြည်သူ့ရင်ပြင်ရှေ့ အပန်းဖြေနေသော လူငယ်အဖွဲ့ ကားဖြင့်လိုက်တိုက်ခံရ
- လက်ပံတောင်းတွင် ရဲနှင့်ဒေသခံ ပဋိပက္ခဖြစ်၊ ရွာသားအချို့ ဖမ်းဆီးခံရ
- ၀န်ကြီးဦးအုန်းမြင့် သစ်ရာကောက် ကျေးရွာသားများနှင့် ထပ်မံတွေ့ဆုံ
- ၀န်ကြီးဦးအုန်းမြင့် ပြောစကား ပြည်မြို့တွင် တစ်ကိုယ်တော်ဆန္ဒပြ
- ထိုင်းနိုင်ငံထုတ် ငံပြာရည်အတုများ စစ်ဆေးတွေ့ရှိ
- ရန်ကုန်တွင် ဇန်န၀ါရီလအတွင်း ယာဉ်တိုက်မှု ၂၆၈ မှုဖြစ်ခဲ့ပြီး သေဆုံးသူ ၄၄ ဦးရှိ
- မူလတန်းနဲ့ အလယ်တန်း သင်ရိုးတချို့ ခပ်ပါးပါး ပြုပြင်ထား
- ရဲတပ်ဖွဲ့ကို စွပ်စွဲမှုဖြင့် လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင်အား စစ်ဆေး
- ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈ ခေါင်းဆောင်များတွေ့ဆုံ၊ နှစ်ဖက် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်မည်
- ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့မှ ကချင်ပြည်နယ်တွင်း ပြည်သူ့စစ်အင်အား ငါးထောင်အထိ ထပ်မံတိုးချဲ့ဖွဲ့စည်းသွားမည်
- ၀န်ကြီးမင်းဗိုလ်ချုပ်လက်ဝါးမှာ ကျွန်တော့်ပါးရာကြီး ထင်ပါ့မယ်
- မန္တလေးတိုင်း အစိုးရအဖွဲ့ဝင်များ တိုက်ခိုက်ခံရမှု အတွေ့အကြုံ
- မိုင်ခရိုဆော့ဖ် တည်ထောင်သူ Bill Gates အနားယူတော့မယ်
- ရခိုင်ပြည်နယ် အေးချမ်းရေး ဝိုင်းပြီးကြိုးပမ်းဖို့ ဒုသမ္မတပြော
- တပ်ပိုင်မြေ ဖော်ဆောင်ထားတဲ့ ကျေးရွာကို ၀န်ကြီးချုပ်အမိန့်နဲ့ ၀င်ရောက်ဖျက်ဆီး (ရုပ်/သံ)
- ထိုင်းရွေးကောက်ပွဲ အတိုက်အခံပါတီ စိန်ခေါ်
- ဗီယက်နမ်ပို့မည့် ဆင်စွယ် ၄ တန်နီးပါး တိုဂိုနိုင်ငံတွင် ဖမ်းမိ
Posted: 05 Feb 2014 04:35 AM PST
စစ်ကိုင်းတိုင်း မုံရွာခရိုင် လက်ပံတောင်းဒေသ မိုးကြိုးအက်စစ်စက်ရုံက
အက်စစ်ငွေ့တွေဟာ ရွာသားတွေရဲ့ကျန်းမာရေးကို ထိခိုက်တယ်ဆိုပြီး စက်ရုံ
ပိတ်သိမ်းဖို့ တောင်းဆိုကြပါတယ်။
လက်ပံတောင်း ကြေးနီစီမံကိန်းအတွက် လည်ပတ်နေတဲ့ ဦးပိုင်ကုမ္ပဏီပိုင်
မိုးကြိုး ဆာလ်ဖျူရစ် အက်ဆစ်စက်ရုံကြောင့် စက်ရုံနဲ့ ကိုက်တရာအကွာလောက်မှာ
ရှိတဲ့ ကံကုန်း ကျေးရွာအတွင်း အက်ဆစ်ငွေ့တွေ ကျရောက်လာတယ်လို့ ဒေသခံတွေက
ပြောပါတယ်။
|
Posted: 05 Feb 2014 02:27 AM PST
(လ/ထ လူဝင်မှုကြီးကြပ်ရေး ဦးစီးမှူး ဦးတင်မိုးကျော်)
ရခိုင်ပြည်နယ် ပေါက်တောမြို့တွင် တာဝန်ကျလာသော လ၀ကအရာရှိ တစ်ဦးသည်
လုံခြုံရေး ရိမ်စိုးရိမ်ရသဖြင့် တာဝန်ထမ်းဆောင်ရန် ရောက်ရှိလာပြီး ၂
ရက်ခန့် အကြာတွင် ပေါက်တောမှနေ၍ စစ်တွေသို့ ပြန်လည် ထွက်ခွာသွားခဲ့ရသည်ဟု
သိရသည်။
၎င်းလ၀က အရာရှိမှာ ပေါက်တောမြို့နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနသို
|
Posted: 05 Feb 2014 02:14 AM PST
ရန်ကုန်၊ မဇ္ဈိမ။ ။ စစ်တပ်က သိမ်းဆည်းထားသည့် ယာမြေဧက ၁၅၀၀ ကျော် ပြန်လည်
ရရှိရန် ရှမ်းပြည်နယ် တောင်ပိုင်း၊ ဟဲဟိုးမြို့ ၊ မိုးဗျဲ ကျေးရွာက
ကယန်း-ပဒေါင် လူမျိုး တောင်သူ ၂၀၀ ကျော်တို့သည် ခမရ ၄၂၂ တပ်ကို ဖေဖော်ဝါရီလ
၅ ရက်က ဆန္ဒပြ တောင်းဆိုခဲ့သည်ဟု ဆန္ဒပြရာတွင် ဦးဆောင်ခဲ့သူ ဦးစိုးပိုင်က
မဇ္ဈိမကို ပြောသည်။
“သိမ်းခံရတာတော့ ၂၂ နှစ် ရှိပြီ၊ အရင်က ပြောဆိုခွင့် ပြန်တောင်းခွင့်
မရှိခဲ့ဘူး၊ အခုတော့ တရားဝင်
|
Posted: 05 Feb 2014 02:06 AM PST
လွှတ်တော်ဟူသည့် နိုင်ငံရေးဆိုင်ရာ ဥပဒေပြုအဖွဲ့နှင့် မြန်မာပြည်သူများ
အလှမ်းကွာခဲ့သည်မှာ ဆယ်စုနှစ် နှစ်ခုကျော် ကြာမြင့်ခဲ့ပြီးနောက် ၂၀၁၁
ခုနှစ် ၃၁ ရက်တွင် လွှတ်တော်များ ပြန်လည်အသက်ဝင်လာခဲ့သည်။
စစ်အာဏာရှင်အသွင်ပြောင်း မဆလတစ်ပါတီအစိုးရ၏ ကျောက်ရုပ်လွှတ်တော်များနှင့်
အကျွမ်းတ၀င်ရှိခဲ့ဖူးခြင်းကြော
|
Posted: 05 Feb 2014 02:01 AM PST
ရန်ကုန်၊ဖေဖော်ဝါရီ ၄ ။ ။ ကျောင်းပြင်ပရှိဈေး ဆိုင်များ ဘေး အန္တရာယ်
ကင်းရှင်းသော အ စားအသောက်များ ရောင်းချစေ ရန်အတွက် သက်ဆိုင် ရာမြို့နယ်
စည်ပင်များအနေဖြင့် ကြပ်မတ် ကွပ်ကဲပေးရန်လိုအပ်ကြောင်း ရန်ကုန်တိုင်းဒေ
သကြီး ကျောင်း ကျန်းမာရေး ဆရာဝန်ကြီး ဒေါက် တာခင်စော ရီ ကပြောကြားလိုက်
သည်။
မြို့နယ်ကျာင်းကျန်းမာရေး ကော်မတီများအနေဖြင့် ဘေး အန္တရာယ်ကင်းရှင်းသော
အစား အသောက် များ ရောင်းချ ရန်အ တွက်ေ
|
Posted: 05 Feb 2014 01:56 AM PST
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ဦးရွှေမောင်ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က စစ်ဆေးမေးမြန်းတယ်လို့
သမ္မတပြောခွင့်ရသူ ဦးရဲထွဋ်က ပြောပါတယ်။
ရခိုင်ပြည်နယ် ဒုချီးရားတန်းအနောက်ကျေးရွာ မီးလောင်ကျွမ်းမှုမှာ
ရဲတွေပါဝင်ပတ်သက်တယ်လို့ နယ်မြေခံတွေက သူ့ထံကို အကြောင်းကြားကြောင်း
ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြု ရွေးချယ်ခံရသူ
ဦးရွှေမောင်က ဒီဗွီဘီကိုြေ
|
Posted: 05 Feb 2014 01:51 AM PST
တောင်ငူ ဖေဖေါ်ဝါရီ ၅
တောင်ငူမြို့၊ (၁၃)ရပ်ကွက်၊ ဈေးလမ်း၊ နေရှင်နယ် ဘုန်းကြီးကျောင်းတွင်
ဖေဖေါ်ဝါရီလ (၃) ရက်၊ (၂၃း၅)နာရီ အချိန်က မမြင့်မြင့်စိုးလွင်(၄၆)နှစ်၊
(ဘ)ဦးစိုးလွင်၊ ဈေးရောင်း၊ ၁၃ရပ်ကွက် တောင်ငူမြို့ နေသူသည် ဈေးဆိုင်သိမ်း၍
ဈေးပစ္စည်းများအား ကျောင်းဝန်းအတွင်းရှိ ဆွမ်းစားဆောင် အောက်ထပ်အခန်းထဲတွင်
သိမ်းဆည်းနေစဉ် အဆိုပါကျောင်းတွင် သီတင်းသုံး နေထိုင်သည့် ဦးပဇင်း ဥူးကုသလ
သက်တော်(၃၁)နှစ်၊ ဝါတော် (၂
|
Posted: 05 Feb 2014 01:25 AM PST
ရန်ကုန်၊ ဖေဖော်ဝါရီ ၎
လျှို့ဝှက် ဓာတုလက်နက်စက်ရုံသတင်း ရေးသားမှုဖြင့် ဖမ်းဆီးခံထားရသည့် Unity
ဂျာနယ် မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ် သတင်းထောက်၏ ဇနီးဖြစ်သူ
(အရှင်ဂမ္ဘီရခေါ် ဦးညီညီလွင်၏ ညီမ) ကို ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ခံဝန်ဖြင့်
ပြန်လည် လွှတ်ပေးလိုက်ပြီ ဖြစ်ကြောင်း နိုင်ငံတော် သမ္မတ၏
ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောကြားသည်။
အဆိုပါ သတင်းရေးသားမှုဖြင့် ဖမ်းဆီးခံထားရသည့် ပေါက်မြို့ခံ
|
Posted: 05 Feb 2014 01:17 AM PST
ရန်ကုန်၊ ဖေဖော်ဝါရီ ၎
ဒဂုံမြို့နယ် ပြည်သူ့ရင်ပြင်ရှေ့ ပြည်လမ်းမပေါ်တွင် ဖေဖော်ဝါရီလ ၃ ရက်
မွန်းလွဲ ၃ နာရီ ၃၀ မိနစ်က အပန်းဖြေနေသော လူငယ်သုံးဦးထံသို့ လူငယ်တစ်စု
ရောက်လာပြီး ရန်စခံရမှုကြောင့် ပြဿနာ မဖြစ်ရန် ၎င်းတို့ ပါလာသော
ယာဉ်နှစ်စီးဖြင့် နေအိမ်သို့ မောင်းလာစဉ် အဆိုပါ လူငယ်တစ်စုက ယာဉ်ဖြင့်
လိုက်တိုက်ခဲ့ကြောင်း ဒဂုံ မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
သြစတြေးလျနိုင်ငံ GMC အကယ်ဒမီကျောင်းတွင်
|
Posted: 05 Feb 2014 01:16 AM PST
လက်ပံတောင်းတောင် ဒေသရှိ ၀က်မှေးကျေးရွာ အနောက်ဘက်မှာ ၀မ်ပေါင်
ကုမ္ပဏီဘက်ကနေ ဒေသခံရွာသားတွေပိုင် လယ်မြေတွေပေါ်မှာ ခြံစည်းရိုး
သွပ်ဆူးကြိုး ကာရံတဲ့အတွက် ရွာသားတွေ တားဆီးရာကနေ ရဲတပ်ဖွဲ့ဝင်တွေနဲ့
ဒေသခံရွာသားတွေ ပဋိပက္ခ ဖြစ်ပွားရာကနေ ရွာသားတွေကို
ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ဒေသရှိ
ဝက်မှေးကျေးရွာမှာ ရဲတပ်ဖွဲ့ဝင် အင်အား ၃၀၀ ကျော်နဲ့ ဒေသခံရွာသား ၃၀
|
Posted: 05 Feb 2014 01:15 AM PST
နိုင်ငံရေးသမားတွေအပေါ် ရိုင်းရိုင်းပျပျပြောဆိုမှုနဲ့ ဝေဖန်ခံနေရတဲ့
ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်ဟာ သူပြောဆိုခဲ့တဲ့ မကွေးတိုင်း
သစ်ရာကောက်ကျေးရွာကို မနေ့ညနေက ထပ်မံသွားရောက်ပြီး ဒေသခံတွေနဲ့
တွေ့ဆုံခဲ့ပါတယ်။
သစ်ရာကောက်ကျေးရွာသားတွေနဲ့ တွေဆုံစဉ်က “ဘယ်နိုင်ငံရေးသမားကိုမှ
ဂရုမစိုက်ဘူး၊ ဗိုလ်ချုပ်အုန်းမြင့်ဆိုပြီး နယ်တကာလှည့်ပြီး
ပါးရိုက်ရဲတယ်ကွ ဆိုပြီး မိန့်ခွန်းပြောလာတာ” လို့ ပြောဆိုခဲ့ပြီး
|
Posted: 05 Feb 2014 01:06 AM PST
မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီး
|
Posted: 04 Feb 2014 08:42 PM PST
ရန်ကုန်၊ ဖေဖော်ဝါရီ ၎
ပြည်တွင်း စားသောက်ကုန် ဈေးကွက်တွင် ရောင်းချနေသော ထိုင်းနိုင်ငံ
ထုတ်ငံပြာရည် တံဆိပ်တစ်မျိုး၏ ပုလင်းများတွင် ငံပြာရည် အတုအချို့
စစ်ဆေးတွေ့ရှိ ထားခဲ့သောကြောင့် သက်ဆိုင်ရာ တင်သွင်းသော ကုမ္ပဏီထံ
အကြောင်းကြားထားကြောင်း စားသုံးသူ ကာကွယ်ရေး အသင်းဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က The
Voice သို့ ပြောကြားသည်။
အဆိုပါ ငံပြာရည်တံဆိပ်ကို ထိုင်းဘာသာစကားနှင့်သာ ရေးသားထားပြီး
တံဆိပ်ရုပ်ပုံမှာ အဖြူရောင်
|
Posted: 04 Feb 2014 08:41 PM PST
၂၀၁၄ ခုနှစ် ဇန်န၀ါရီတွင် ရန်ကုန်တိုင်းအတွင်း ယာဉ်တိုက်မှု ၂၆၈
မှုဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၄၄ ဦးနှင့် ဒဏ်ရာရရှိသူ ၄၂၀ ဦးရှိခဲ့ကာ
ဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်းပေါင်း ၁,၁၄၈ ကျော်ရှိခဲ့သည်ဟု အမှတ် (၂)
ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံး
|
Posted: 04 Feb 2014 08:33 PM PST
လာမယ့် ၂ဝ၁၄ -၁၅ ပညာသင်နှစ်က စပြီး မြန်မာ အစိုးရက မူလတန်းနဲ့ အလယ်တန်း
သင်ရိုး ပြဋ္ဌဌာန်းစာ တချို့ကို ပမာဏ လျှော့ချ သွားတော့မယ်လို့ သိရပါတယ်။
မြန်မာ နိုင်ငံ ပြုပြင် ပြောင်းလဲရေးမှာ နိုင်ငံရေး စီးပွားရေး
ပြုပြင်ပြောင်းလဲမှုတွေနဲ့ ထပ်တူ အဓိက အရေးကြီးတဲ့ ကဏ္ဍဍတွေကတော့ ပညာရေးနဲ့
ကျန်းမာရေး မြှင့်တင်မှုတွေ ဖြစ်ပါတယ်။
ကျောင်းသား ကျောင်းသူတွေရဲ့ ဦးနှောက် ဖွံ့ဖြိုးမှု ၊ work load အပြင်
ခေတ်စံနစ်နဲ့ မညီတဲ့
|
Posted: 04 Feb 2014 08:30 PM PST
ရန်ကုန်၊ ဖေဖော်ဝါရီ ၎
ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဒုချီးရားတန်း ကျေးရွာတွင် ဖြစ်ပွားခဲ့သည့်
မီးရှို့မှုကို ရဲတပ်ဖွဲ့ဝင်များက ကျူးလွန်သည်ဟု ဘူးသီးတောင် မဲဆန္ဒနယ်မှ
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရွှေမောင်က DVB သတင်းဌာနသို့
ပြောကြားခဲ့သည့်အတွက် ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က
စစ်ဆေးကြောင်း နိုင်ငံတော် သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က
ပြောကြားသည်။
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၏
|
Posted: 04 Feb 2014 07:59 PM PST
နေပြည်တော်၊ ဖေဖော်ဝါရီ ၎
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈
မျိုးဆက် ခေါင်းဆောင်များဖြစ်သော ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီး၊
ဦးပြုံးချို၊ ဦးဂျင်မီနှင့် ဦးမြအေးတို့ နေပြည်တော်၌ ဖေဖော်ဝါရီလ ၎
ရက်နေ့တွင် သီးသန့်တွေ့ဆုံခဲ့ပြီး NLD ပါတီနှင့် ၈၈ မျိုးဆက်
ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းတို့ ပူးပေါင်း ဆောင်ရွက်မှု
တိုးမြှင့် သွားမည် ဖြစ်ကြောင်း နှ
|
Posted: 04 Feb 2014 07:30 PM PST
မြန်မာပြည်မြောက်ပိုင်း(ကချင်ြ
|
Posted: 04 Feb 2014 07:19 PM PST
ဘာနိုင်ငံရေး သမားကိုမှ ဂရုမစိုက်ဘူး။ ခင်ဗျားတို့ မှတ်ထားကြ။ ကျွန်တော့်
နာမည် ဗိုလ်ချုပ်အုန်းမြင့်၊ ဗိုလ် ချုပ်အုန်းမြင့်ဆိုပြီး နယ်တကာလှည့်ပြီး
ပါးရိုက်ရဲ တယ်ကွဆိုပြီး မိန့်ခွန်း ပြောလာတာ ဆိုတဲ့ ပြည်ထောင်စု ၀န်ကြီး
ဗိုလ်ချုပ်အုန်းမြင့် ဆိုသူရဲ့ စကားကို ကြားလိုက်ရ၊ ဖတ်လိုက်ရတော့ ပါးတောင်
စပ်ဖျဉ်းဖျဉ်း ဖြစ် လာမိပါတယ်။ ဆရာကြီး ကိုလေး (အင်းဝဂုဏ်ရည်) မကြာခဏ
ရွတ်ပြတတ်တဲ့ ကဗျာလေးထဲက ကျွန် တော့်ရင်ထဲ
|
Posted: 04 Feb 2014 07:16 PM PST
ဇန်န၀ါရီ
၃၁ ရက် ညနေပိုင်းက မန္တလေးတိုင်းအစိုးရအဖွဲ့ ၀န်ကြီးချုပ်ဦးရဲမြင့်၊
သစ်တောနှင့်သတ္တုဝန်ကြီး ဌာန တိုင်းဒေသကြီး ၀န်ကြီးဦးသန်းစိုးမြင့်၊
လျှပ်စစ်နှင့်စက်မှုလက်မှု တိုင်းဝန်ကြီး ဦးကျော်မြင့်တို့ စီးနင်း လာသည့်
ယာဉ်ရှစ်စီးကို မိုးကုတ်-ပြင်ဦးလွင် ကားလမ်းသစ် မိုင်တိုင် ၂၉ အနီးတွင်
လက်ဆွဲမိုင်း၊ လက် နက်ငယ်များဖြင့် အကြမ်းဖက်လုပ်ကြံခံရမှုနှင့်ပတ်
|
Posted: 04 Feb 2014 05:57 PM PST
နည်းပညာဆိုင်ရာ ကွန်ပြူတာ ကုမ္ပဏီကြီး Microsoft ကို တည်ထောင်ခဲ့သူ
Bill Gates ဟာ ကုမ္ပဏီရဲ့ ဥက္ကဌ ရာထူးကနေ အနားယူတော့မယ်လို့
Microsoft ကုမ္ပဏီက ကြေညာလိုက်ပါတယ်။
မိုင်ခရိုဆော့ဖ် အကြီးအကဲ Bill Gates (Credit: Reuters)
ဘေးလ်ဂိတ်ဟာ နည်းပညာပိုင်းဆိုင်ရာ အကြံပေးပုဂ္ဂိုလ် အဖြစ် Microsoft
ကုမ္ပဏီမှာ ဆက်လက် တာဝန်ယူသွားမှာ ဖြစ်ပြီး သူ့ရဲ့ နေရာကိုတော့ John
Thompson က ၀င်ရောက်မှာြ
|
Posted: 04 Feb 2014 11:38 AM PST
ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေ လေးစားလိုက်နာရေးနဲ့
အုပ်စုဖွဲ့ရမ်းကားမှုတွေ မပေါ်ပေါက်ဖို့အတွက် ဒေသဆိုင်ရာအုပ်ချုပ်ရေး
အဖွဲ့အစည်းတွေ၊ ရပ်မိရပ်ဖတွေ လူမှုအဖွဲ့အစည်းတွေအားလုံး
ဝိုင်းဝန်းကြိုးပမ်းကြဖို့ လိုအပ်ကြောင်း နိုင်ငံတော် ဒုတိယသမ္မတ
ဦးဥာဏ်ထွန်းက ပြောကြားလိုက်ပါတယ်။
နိုင်ငံတော် ဒုတိယသမ္မတ ဦးဥာဏ်ထွန်းက ရခိုင်ပြည်နယ် စစ်တွေမြို့၊
ပြည်နယ်အစိုးရအဖွဲ့ရုံးမှာ ဒေသဆိုင်ရာ
|
Posted: 04 Feb 2014 11:36 AM PST
လှည်ကူးမြို့က တပ်ပိုင်မြေ ဖော်ဆောင်ထားတဲ့ ကျေးရွာကို ရန်ကုန်တိုင်း
ဝန်ကြီးချုပ်ရဲ့ အမိန့်နဲ့ ၀င်ရောက်ဖျက်ဆီးခဲ့ပါတယ်။ ဦးအောင်ကြီး
သတင်းပေးပို့ ထားပါတယ်။ DVB TV
ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ
|
Posted: 04 Feb 2014 11:32 AM PST
ထိုင်းနိုင်ငံမှာ လပေါင်းအတော်ကြာ ဖြစ်ပွားနေတဲ့ နိုင်ငံရေးပြဿနာကို
မဖြေရှင်းပေးနိုင်တဲ့ တနင်္ဂနွေနေ့က ရွေးကောက်ပွဲကို ဥပဒေကြောင်းအရ
စိန်ခေါ်ဖို့ အတိုက်အခံတွေ ဆက်လက် လုပ်ဆောင်နေပါတယ်။ ရွေးကောက်ပွဲကို
သပိတ်မှောက်ခဲ့တဲ့ အတိုက်အခံ ဒီမိုကရက်ပါတီကနေ အာဏာရ Pheu Thai party ကို
ဖျက်သိမ်းဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံး
|
Posted: 04 Feb 2014 11:28 AM PST
ဗဟိုအာဖရိကနိုင်ငံ ဖြစ်တဲ့ တိုဂိုနိုင်ငံမှာ ဗီယက်နမ်နိုင်ငံကို
တင်ပို့မယ့် ဆင်စွယ် ၄ တန်နီးပါးကို မြို့တော် လူမီမြို့မှာ
ဖမ်းဆီးရမိတယ်လို့ တိုဂိုအာဏာပိုင်တွေက ဖေဖော်ဝါရီ ၃ ရက်နေ့က ဆိုပါတယ်။
ဆင်စွယ်တွေကို ဇန်န၀ါရီလကုန်ပိုင်းက ဖမ်းဆီးရမိတာ ဖြစ်ပြီး တာဝန်ရှိသူ
တိုဂိုနိုင်ငံသား ၂ ဦးနဲ့ ဗီယက်နမ်နိုင်ငံသား ၁ ဦးကို ဖမ်းဆီးထားတယ်လို့
ကွန်တိန်နာစစ်ဆေးရေးအရာရှိက ဆိုပါတယ်။
ဖမ်းဆီးရမိတဲ့ဆင်စွယ်တွေရဲ့
|
0 comments:
Post a Comment