Wednesday, February 5, 2014

ကျန်းမာရေးသတိပေးစာ


(၁) အပူချိန်တက်ခြင်းနှင့် အစားအသောက်ပျက်ခြင်း

သစ်သီးဖျော်ရည်များနှင့် အခြားအင်အားပြည့်စေတဲ့ ပရိုတင်းဓာတ်များ ပါဝင်သည့်ဖျော်ရည်များ ကို သောက်သုံးပါ။ အစာပျော့ပျော့လေးကို နည်းနည်း နှင့်မကြာခဏသုံးဆောင်ပါ။


(၂) လည်ချောင်းနှင့် အာခေါင်နာခြင်း

အချဉ်ဓာတ်များသော အသီးအနှံများ၊ ခရမ်းချဉ်သီးနှင့် ပူစပ်သော အစားအစာများကို ရှောင်ကြဉ်ပါ။ အချိုဓာတ်လွန်ကဲသောအစာများကို ရှောင်ပါ။အင်အားပြည့်ဖြိုးစေသော ပရိုတင်းဓာတ်များများပါဝင်သည့် ဖျော်ရည်များကို သောက်သုံးပါ။ အစာကြေလွယ်သော အစာများဖြစ်သည့် အာလူး(သို့)မုန်လာဥနီကို ပြုတ်ခြေထားသော အစာနှင့်အချဉ်ဓာတ်နည်းပါးသော ဟင်းသီးဟင်းရွက်၊ အသီးအနှံများကိုစားပါ။

(၃) ပျို့အန်ခြင်း

အစာပျော့ပျော့ကို နည်းနည်းနှင့် မကြာခဏစားသောက်ပါ။ အစာကိုအ၀စားခြင်းကို ရှောင်ကြဉ်ပါ။ ရိုးရိုးနှင့် အဖြူထည်လေးပြင်ဆင်ထားသော အစာကိုသုံးဆောင်ပါ။ အနံ့စူးရှသော အစာများကိုရှောင်ကြဉ်ပါ။ အသီးဖျော်ရည်ကျဲကျဲ အခြားသော ဖျော်ရည်များနှင့် ဟင်းချိုများကို သောက်သုံးပါ။ ရိုးရှင်းစွာပြုတ်ချက်ထားသော အစာများဖြစ်သည့် ဆန်ပြုတ်၊ အာလူးပြုတ်၊ ပဲမျိုးစုံပြုတ်များကို စားသုံးနိုင်ပါသည်။

(၄) ၀မ်းပျက်ခြင်း

ဌက်ပျောသီး၊ ထမင်းပျော့ပျော့ သို့မဟုတ် ဆန်ပြုတ်ကို စားသုံးသင့်ပါသည်။ အစာကို နည်းနည်းနှင့် မကြာခဏစားပေးပါ။ နို့နှင့် နို့ထွက်ပစ္စည်းများကြောင့်ဝမ်း

ပျက်ခြင်းဖြစ်ပါက ယင်းတို့ကို ရှောင်ကြဉ်ပါ။ အဆီဓာတ်များသောအစာများကို မစားသုံးသင့်ပါ။ အစာမကြေလွယ်သောအစာများ၊ အမျှင်ဓာတ် များသောအစာများကို မစားသင့်ပါ။ အရည်များကို မကြာခဏသောက်ပေးပါ။

(၅) အဆီမချေဖျက်နိုင်ခြင်း

ဆီများ၊ ထောပတ်၊ မာဂျရင်းနှင့်ဌင်းတို့နှင့် ပြုလုပ်ထားသော အစာများကို ရှောင်ရှားသင့်သည်။ အဆီမရှိသော အသားကိုသာ စားသုံးပါ။ အသီးအနှံနှင့်ဟင်းသီးဟင်းရွက် အပါအ၀င် အဆီဓာတ်နည်းသောအစာများကိုသာ စားသောက်ပါ။

(၆) ၀မ်းလျှောခြင်း

အရည်များကို ခဏခဏသောက်ပေးပါ။ ဓာတ်ဆားရည်သောက်ပါ။ ဖျော်ရည်ကျဲကျဲများကို သောက်လျှင်သင့်လျော်ပါသည်။ ဌက်ပျောသီး၊ ဆန်ပြုတ်၊ထမင်းပျော့ပျော့များကို စားသုံးနိုင်ပါသည်။

(၇) မောပန်းနွမ်းနယ်ခြင်း၊ အားအင်ကုန်ခန်းခြင်း

လတ်ဆတ်သော အသီးအနှံများကို စားသောက်ပါ။ အာဟာရရှိစေမည့် သရေစာကို မကြာခဏစားသုံးပါ။ အားအင်ပြည့်ဖြိုးစေသော ပရိုတင်းဓာတ်များများပါဝင်သော အရည်နှင့် ဖျော်ရည်များကိုသောက်ပါ။ အစာစားသောက်ရန် အတွက်အချိန်ပေးပါ။ ချက်ပြုတ်ခြင်း မပြုမီ ကြိုတင်ပြင်ဆင်မှုများကိုသူတစ်ပါးအား ပြင်ဆင်ခိုင်းစေခြင်းဖြင့် မောပန်းနွမ်နယ်ခြင်းကို လျော့ပါးစေပါသည်။ 
ဖတ်မိသမျှကျန်းမာရေးသုတအတွက

ရွှေအိမ်စည်စာကြည့်တိုက်https://www.facebook.com/shweaeimsi

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...