Monday, February 3, 2014

စားဖားလား ဖားစားလား




ကျမတို့မြန်မာနိုင်ငံမှာဖားတွေကပေါသား။ ဖားသားစားသူတွေလည်းများသလို စားဖားတွေလည်းများသည်။ ဖားတွေရဲ့သဘာဝက သိတဲ့အတိုင်း ဖားဆိုတာက ရေနေကုန်းနေ သတ္တ၀ါ မှန်ပေမယ့် ရေမရှိရင် မနေနိုင်ဘူး၊ မရှင်သန်နိုင်ဘူး၊ ရေသိပ်ကြိုက်တယ်ပေါ့။ ဒီတော့ သဘာဝတရားက သူ့ကိုမျက်နှာသာပေး ဗီဇသတ္တိတခု ပေးထားတယ်။ ရေရှိတဲ့နေရာမှာသူတို့နေသည်။ ရေခန်းတော့မှာကို သူတို့သိသည်။၊
ဘယ်နေရာမှာ ဘယ်ချိန်မှာ မိုးရွာမယ်ဆိုတာကို ကြိုသိသည်။၊ဖားကလဲအမျိုးမျိုးရှိသည်။၊ အွန်အွန်နဲ့ တချက်တချက် ပြတ်တောင်းပြတ်တောင်း အော်တတ်တဲ့ နေရာကိုအတင်းလုနေတဲ့နှစ်ချို့စားဖားကြီးတွေရှိသလို ‘အုံအင် အုံအင်’ နဲ့ ဆက်တိုက်အော်လိုက် ခဏနားလိုက် ပြန်အော်လိုက်နဲ့ အသံစာစာနဲ့ ဖားအင်းတွေရှိသည်။ ကက်ကက် ကက်ကက်’ နဲ့အော်တတ်ပြီး ရေအ၀သောက်တွင်းထဲကိုယက်ပြီးစည်း ဇိမ်ရစ်နေတတ်တဲ့ သဲဖားဆိုတာ ရှိသည်။ တနေရာထဲမှာ အငြိမ်မနေ ဟိုခုန်ကူးလိုက်ဒီခုန်ကူးလိုက်နဲ့လူးနဲ့ လေတိုက်ရာ လွင့်လူး သားပေါင်းညာစားဖားပေါင်စင်းအသေးစားတွေလည်းရှိသည်။ ဖားဆိုပေမဲ့ လျော့တော့မတွက်နဲ့ သူလည်းအသားစားသတ္တ၀ါ၊ သူထက်ငယ်တဲ့ သူနိုင်တဲ့ အကောင်မှန်သမျှ အကုန်စားသည်။ သူထက်အားနည်းတဲ့ရေသတ္တ၀ါအငယ်တွေကိုစားသည်။ တချို့နှစ်ချို့စားဖားကြီးတွေဆိုရင် အရွယ်အစားကြီးတဲ့ငါး ငှက်ပုစွန်ဒီတောင်စားသည်။ သူတို့တွေကသိပ်အကင်းပါးသည်။ တနေရာအခြေအနေမဟန် တနေရာ အပြောင်းမြန်သည်။ အခြေအနေမဟန် ရင်တနေရာပြောင်းကပ် သူတို့နေရာခိုင်မာမည့်နေရာကိုသာအဓမ္မ လုယက်နေထိုင် တတ်သည့် စားဖားများဖြစ်သည်။ ဖားတွေအမျိုးမျိုးရှိသလိုဒီလိုပါပဲ ဖားတွေလိုမျိုး လူဘ၀မှာလည်း “အထက်ဖား အောက်ဖိ” “ဖော်လံဖား”“ စားဖား” “ နိုင်ငံရေးစားဖား” “ကပ်ဖားရပ်ဖား” ဆိုပြီး များမှများပဲ။ ဗိုလ်ချုပ်အောင်ဆန်းကတော့“ စားဖား ညီညွတ်ရေး အလိုမရှိဘူး” လို့ မိန့်ခွန်းထဲ ထည့်ပြောခဲ့တာဖတ်ဖူးခဲ့သည်။ စားဖားတွေ ကို ဖားစားသူတွေ သိပ်ကြိုက်ကြတတ်ကြသည်။ အဖိနှိပ်ခံမြေဇာပင်တွေကို ဗန်းပြပြီး စားဖားတွေနဲ့ ဖားစားသူတွေ ပေါင်းပြီးလုပ်စား နေတဲ့ ရိုက်စားလုပ်ငန်းကြီးလို့ပါပဲလေ။ ပညာမတတ်သူက တတ်ချင်ယောင်ဆောင် တတ်ယောင်ကားနဲ့ခေါင်းဆောင်ပိုင်းပညာကို သိသာသိပြီး တတ်လည်းမတတ်တဲ့လူတတ်ဆိုသူတွေရဲ့အောက်မှာမြေဇာပင်တွေအတုန်းအရုန်းနဲ့ပါ။ ရွေးကောက်ပွဲဆိုတဲ့အသံကြောင့် မိုးပဲရွာတော့မလိုလိုအသံပေးကာ ဖားမျိုးစုံတို့ ဆူညံနေကြတာ တလောကလုံးကို ဆူညံပွက်လို့ပဲ။ ကိုယ်လာရာလမ်းကို မေ့ချင်ယောင်ဆောင်နေတဲ့ တချို့တချို့လူတွေ မိုးဦးကျဖားများလို တုတ်မမြင် မြွေမမြင် ကွတ်ကွတ်ကက်ကက်၊ အုံအိုင်အုံအင်နဲ့ ဟောင်ဖွာဟောင်ဖွာလုပ်နေကြသူများသည်။ ထိုကြောင့်စာဖတ်သူတွေလည်း စားဖားသူလား ဖားစားသူလား မကွဲပြားတော့တဲ့ မြို့ပျက်ကြီးထဲမှာစာဖတ်သူများက တီကောင်ဖြစ်မလား။
လင်းယုန်ဖြစ်မလားဆိုတာ.................။ 

 လေးစားလျက် ရှင်းသန့်မေ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...