" ဘဝဂိမ်း "မှာ ဖြည့်ရမယ့် ပါရမီ
ဦးတိုးအောင်'s photo.
' ဘဝဆိုတာ ဂိမ်းတစ်ခုပါပဲ ' အသက်မသေခင် စိတ်လှုပ်ရှားမှုများစွာနဲ့ လိုချင်တဲ့ပန်းတိုင်ကို ရောက်အောင် သွားရတာ။ တစ်ချို့ဂိမ်းတွေကတော့ အသက်များစွာ၊ ငွေများစွာသုံးမကုန်နိုင်အောင်ပါနေတတ်တယ်။ အဲဒီလိုဂိမ်းမျိုး ကိုဆော့ကြည့်တာ ဆော့လို့မကောင်းဘူး။ကိုယ်လိုချင်တာအကုန်ရနေ တော့ စိတ်လှုပ်ရှားမှုမရှိတော့ဘူး။ဆော့ရတာ ပျင်းစရာကောင်းတယ်။ ဘဝဂိမ်းလည်း ထိုနည်းတူပါပဲ။ "
ကိုယ်လိုချင်တာကို ရယူနေတဲ့ ဘဝ၊ ပိုင်ဆိုင်နေတဲ့ဘဝ "က စိတ်လှုပ်ရှားမှုမရှိပဲ တော်တော်ငြီးငွေ့ဖို့ကောင်းမယ် လို့ထင်တယ်။ဒါပေမယ့် "သူတစ်ပါးလိုနေတာကို ပေးနေတဲ့ဘဝ၊ပေး နိုင်တဲ့ဘဝ "မျိုးကိုတော့ မြတ်နိုးမိပါတယ်။အနီးစပ်ဆုံးနဲ့ အထင်ရှားဆုံးသာဓကပြရရင် သီတဂူဆရာတော်ဘုရားကြီး နဲ့ ဘီလ်ဂိတ် တို့လို ဘဝမျိုးပေါ့။ Candy Crush Saga ဂိမ်းကိုကစားရင် အခန်းတစ်ခန်းအောင်မြင်ဖို့ ရွေ့နိုင်ခွင့် ဆယ့်ငါးခါ ဒါမှမဟုတ် အခါနှစ်ဆယ် ပေးထားတတ်တယ်။ရွေ့နိုင်ခွင့် မကုန်ခင်မှာ အခန်းကိုနိုင်အောင်ဆော့ရတယ်။တစ်ခါတစ်လေ ရွေ့နိုင် ခွင့်ပြည့်သွားပေမယ့် အခန်းမအောင်ပဲရှိတတ်တယ်။နောက် ထပ်ရွေ့ခွင့် တစ်ချက်လောက်ပေးရင် ဆော့နေတဲ့အခန်း အောင်မြင်ဖို့ရှိတယ်။ဒါပေမယ့် ရွေ့ခွင့်ကုန်သွားတော့ ဒီအခန်းကိုပဲ အသစ်ကနေ ပြန်စရတယ်။ လူ့ဘဝကလည်း Candy Crush gameကို ကစားနေသလိုပါပဲ။ ကျွန်တော်တို့ကို ဆော့ဖို့ ဘဝဆိုတဲ့ အခန်းတစ်ခန်းပေးထား တယ်။ဘဝခန်း အောင်နိုင်ဖို့ ပါရမီဖြည့်ခွင့် နှစ်ခုနှစ်ဆယ် ဒါမှမဟုတ် နှစ်ပေါင်းကိုးဆယ် ပေးထားတယ်။တစ်ချို့က မသေခင် နောက်ထပ်တစ်နှစ်လောက် ပါရမီဖြည့်ခွင့်ရခဲ့ရင် ပါရမီပြည့်လို့ ဘဝဂိမ်းအောင်မြင်ပြီး နိဗ္ဗာန်ရွှေပြည်မှာ စံမြန်းရမယ့်အခြေအနေရှိခဲ့တယ်။ဒါပေမယ့် ပါရမီမပြည့်ခင် တစ်နှစ်အလိုမှာ ရွေ့နိုင်ခွင့်ကုန်လို့ ဘဝဇာတ်သိမ်းခဲ့ရတယ်။ သို့ပေမယ့် ကုသိုလ်ကံအကျိုးပေးကြောင့် နောင်ဘဝလူ့ပြည် ပြန်ရောက်လာခဲ့ရင် Candy ဂိမ်းလို အသစ်ကနေ ပြန်စစရာ မလိုတော့ဘူး။ ဘဝသစ်မှာပဲ တစ်နှစ်လောက် ပါရမီဆက်ဖြည့်ရင် ဘဝဂိမ်းအောင်ပြီ။Candy ဂိမ်းနဲ့ ဘဝဂိမ်း ဒီတစ်ချက်တော့ကွာတယ်။ဒါကို လူအများစု သတိမထားမိကြဘူး။ ငါ့မှာပါရမီမရှိဘူးဆိုပြီး မမြင်ရတဲ့အတိတ်ကံကိုအပြစ်ပုံချရင်း ပါရမီဆက်မဖြည့်ပဲ ဘဝဂိမ်းကို အရှုံးနဲ့ပဲ အဆုံးသတ်ကြတယ်။ ကိုယ်က ပါရမီပြည့်ဖို့ ဘဝဂိမ်းအောင်ဖို့ တစ်ရက်ပဲ လိုချင်လိုနေမှာ။ပြောလို့မရဘူး။အတိတ်ကံကို မမြင်နိုင်ဘူးလေ။ဘဝဂိမ်းအောင်မြင်ဖို့ တစ်ရက်ပဲလိုသူသာ ဒီနေ့ ချက်ချင်း ကောက်ခါငင်ခါ ပါရမီအလုပ်တစ်ခုခု လုပ်လိုက်ရင်တော့ဖြင့် နောက်တစ်နေ့မှာ ပါရမီပြည့်ပြီး ဘဝဂိမ်းအောင်မြင်သူဖြစ်သွားပါလိမ့်မယ်။ပါရမီဆိုတာ " မိုးကျရွှေကိုယ် " မဟုတ်ပါဘူး။ဒီနေ့လုပ်တာ နောက်နေ့မှာ ပါရမီဖြစ်သွားပြီဆိုတာကို သဘောပေါက်စေချင်ပါတယ်။ ယူတတ်ရင် ဒီနေ့၊ဒီအချိန်၊ဒီနာရီ၊ဒီမိနစ်၊ဒီစက္ကန့်တွေက နောက်နေ့အတွက် ပါရမီတွေပါပဲလေ။ စာဖတ်သူအပေါင်း ကျန်းမာ ချမ်းသာ ဘေးရန် ကင်းကွာကြပါစေ။
ဦးတိုးအောင်
0 comments:
Post a Comment