Myanmar Youth Media Club 15 Jan 2014
MYMC - MYMHOT |
|
နှစ်ကာလ
အလိုက် လူတွေရဲ့ မျိုးဆက် generation တွေကို ခွဲခြားထား ပါတယ်။ ဘယ်အုပ်စု
generation၊ ဘယ်မျိုး ဆက်က ဘယ်လို Characteristic တွေရှိသလဲ။
နှစ်ကာလ
အလိုက် လူတွေရဲ့ မျိုးဆက် generation တွေကို ခွဲခြားထားကြ ပါတယ်။
အဲ့လို ခွဲခြားတဲ့ နေရာမှာ အနောက်ပိုင်း၊ ဥရောပ၊ ဂျပန်နဲ့ အာရှ စတဲ့ နိုင်ငံတွေ အလိုက် ယဉ်ကျေးမှု၊ နိုင်ငံရေး၊ စီးပွားရေး ပေါ်မူတည်ပြီး ကွဲပြားမှု ရှိပါတယ်။ အခု လောလောဆယ်တော့ USကပြုလုပ် တဲ့ စာရင်းတွေ အရ အလုပ်ခွင်မှာ မျိုးဆက် လေးခု ရှိနေပြီး ဒီလေးခု ကြားက ကွာဟချက်ကို ထိန်းညှိဖို့ အတွက် ဘယ်အုပ်စု generation ဘယ်မျိုးဆက်က ဘယ်လို Characteristic တွေရှိသလဲ။ ကြိုက်တာတွေ၊ မကြိုက်တာ တွေကို လေ့လာ သုံးသပ် နေကြပါတယ်။ ကဲ charac teristics တွေကို ကြည့်လိုက် ရအောင်။
The Greatest Generation (1910-1925) - WWI နောက်ပိုင်း မွေးလာတဲ့၊ WWII မှာဝင်တိုက် လာခဲ့တဲ့၊ Great Depression ဒဏ်တွေ ကြောင့် အလုပ် အလွန်လုပ်တဲ့၊ အုပ်စုဖွဲ့ပြီး အလုပ်လုပ် တတ်တဲ့၊ လူမှု ပတ်ဝန်းကျင်ကို အမြဲ ခေါင်းထဲ ထည့်ထားတဲ့ generation ပါ။ ကမ္ဘာ ကြီးကို ကယ်တင်တယ်၊ ပြန်တည် ဆောက်တယ်၊ ကိုယ်ကျင့်တရားကို ဦးစား ပေးပါတယ်။ လက်ထပ်တာက တစ်ဘ၀ တွက်တာ အတွက်၊ အိမ် ထောင်ကွဲ တာကို လက်မခံတဲ့ မျိုးဆက်ပါ။ အလုပ် အပေါ်မှာ သစ္စာရှိပြီး ပင်စင်ယူ တယ်ဆိုတာ မသိတဲ့၊ သေကာမှ အလုပ်လုပ် တာရပ် မယ့် မျိုးဆက်တွေ ဖြစ်ပါတယ်။ ခေတ်မှီ အသုံးအဆောင် တွေဖြစ်တဲ့ ရေခဲ သေတ္တာ၊ လေအေးပေးစက် တွေမသုံးဘဲ ရေဒီယို စက်လေး လောက် နဲ့ ကျေနပ်ခဲ့ ကြသူတွေပါ။ အတွေ့အကြုံ ဆိုတာကြီးကို တန်ဖိုးထား လွန်းတော့ အလုပ်ခွင် မှာ အမိန့်ပေး ခိုင်းစေရတာ ကြိုက်တဲ့ သူတွေပါ။ တယ်လီဖုန်း၊ စာနဲ့ အချင်းချင်း ဆက်သွယ် ရတာကို ပိုကြိုက်ပြီး နည်းပညာနဲ့ ပတ်သက်ရင် ရုန်းကန်နေ ရတဲ့ မျိုးဆက်တွေပါ။

The Silent Generation (1923-1944) - စစ်ပြီးခေတ် နောက်ပိုင်း ပေမယ့် ဗီယက်နမ် စစ်ပွဲနဲ့ Rock n Roll စိုးမိုးတဲ့၊ TV, Playboy magazine တွေစတဲ့ အပျော်တွေကြား ညပ်ခဲ့တဲ့ မျိုးဆက်ပါ။ အမျိုးသမီး တွေက အိမ်အလုပ် ကိစ္စတွေပဲ ဆောင်ရွက် နေဆဲ ဖြစ်ပေမယ့် အပြင်ထွက် အ လုပ်စလုပ် လာကြပါပြီ။ ဥပမာ- ဆရာမ၊ သူနာပြု အလုပ်အကိုင် တွေပေါ့။ မနက်ခင်း သတင်းစာ ဖတ်ရတာ ကြိုက်တဲ့၊ ပင်စင် စယူလာတဲ့ မျိုး ဆက်ပါ။ ပင်စင် ဆိုတာ ကုလားထိုင်မှာ ငြိမ်ငြိမ်လေး ထိုင်ပြီး ဘ၀ရဲ့ နောက်ဆုံး အချိန်တွေကို ကုန်ဆုံးတယ်လို့ အဓိပ္ပါယ် ဖွင့်ဆို ထားတဲ့ သူ တွေပါ။ စည်းကမ်း ရှိတယ်၊ အနစ်နာ ခံတတ်တယ်၊ သတိထား တတ်တဲ့ generation ပေမယ့် အလုပ်ခွင် မှာတော့ ရှေးရိုးဆန် နေတုန်း ပါပဲ။ Silent Generation လို့ခေါ်တာက ဆန္ဓပြ တယ်ဆိုတာ မသိသေးတဲ့၊ အသံသိပ် မထွက်တဲ့ မျိုးဆက် မို့ပါတဲ့။

Baby Boomer Generation (1945-1964) - "The "me" Generation" ပါတဲ့။ စစ်ပွဲပြီး နောက်ပိုင်းမှာ တဟုန်ထိုး တက်လာတဲ့ မွေးဖွားမှု နှုန်းကြောင့် Baby Boomer လို့ခေါ်တာပါ။ အရှေ့က မိဘတွေက ချွေတာ တတ်ကြပေမယ့် Baby Boomer တွေကတော့ ကိုယ်ရှာသမျှကိုယ် သုံးသူ တွေပါတဲ့။ အကြွေးစ ၀ယ်တတ် လာတဲ့ မျိုးဆက်ပါ။
Generation X (1965-1981/85) - စွန့်ဦး တီထွင် သူလေးတွေပါတဲ့။ "latch-key kids" ဆိုတဲ့ ဝေါဟာရ အတိုင်း မိဘတွေက အလုပ်ထွက်ပြီး လုပ်နေတော့ လည်ပင်းမှာ အိမ်သော့လေး တွေဆွဲပြီး ကိုယ့်ဟာကို အိမ်ထဲ ၀င်ရတဲ့ မျိုးဆက် အစပါ။
Generation Y - The Millennials (1975-1995) - သူများနဲ့ မတူတဲ့ စပယ်ရှယ် လေးတွေလို့ အမြဲ အပြောခံ ရပြီး ကြီးပြင်းလာတဲ့ မျိုးဆက်၊ ပ ညာရေး ဖိအားတွေ စခံစားလာ ရတဲ့ မျိုးဆက်ပါ။
Generation Z - (1995-2007) - Generation I လို့လည်း ခေါ်ကြပါတယ်။ အင်တာနက်နဲ့ ကြီးပြင်းလာတဲ့၊ ဖုန်းနဲ့ ကွန်ပျူတာ မရှိရင် မနေနိုင် တော့တဲ့၊ လူအချင်းချင်း စကားပြောမယ့် အစား text နေကြတဲ့ မျိုးဆက်ပါ။

[source: careerplanner, marketingteacher, wiki, image from deannahampton]

0 comments:
Post a Comment