Friday, January 24, 2014

" အပျင်းပြေ _ ၉ " ( What about Muzic _ 1 )

. . . . . " And wash away . . ဂျစ် ဂျစ် ဂျစ် ဂျစ် . . What I've done . . I'll face myself " ကျွန်တော့်ကားထဲက ခပ်ကျယ်ကျယ်ထွက်နေတဲ့ အင်္ဂလိပ်သီချင်းသံဗျ။ Linkin Park အဖွဲ့ရဲ့ သီချင်း . . ဂျစ် ဂျစ် က ဂစ်တာဗင့်ခတ်တဲ့အသံ။ 'ငါဘာတွေ လုပ်ခဲ့ပြီလဲ ဒီနေ့အထိ . . ငါ့ကိုယ်ငါ မလိမ်ပဲ အမှန်အတိုင်းပြန်ကြည့်ပြီး . . ဒီနေ့ ကို ရင်ဆိုင်ဖို့' ဆိုတဲ့ အိုင်ဒီယာမက်ဆေ့ခ်ျ ပါတဲ့ အဆိုကောင်း ၊ အတီးကောင်း ရော့ခ် သီချင်းပဲ။ ကျွန်တော်ကြိုက်တယ်။ ကားမောင်းရင်း ရတဲ့နေရာလေး လိုက် လိုက် ဆိုနေမိတာပေါ့။ ဘေးကပါလာတဲ့ မိတ်ဆွေက ဟိုငေး ဒီငေး . . . ။

. . . . . ဟိုက်ဝေး မောင်းနေရတော့လည်း တစ်ယောက်တစ်နေရာစီ စိတ်လွှင့်လို့ ရောက်တတ်ရာရာ လေပစ်ရင်းပေါ့။ " ပုညရှင် . . စေတီအပါး အားဟာ . . စစ်ကိုင်းတောင် . စစ်ကိုင်းတောင် အထက်နားဆီက " . . . ။ ကားစပီကာကနေ သီချင်း ပြောင်းသွားပြီ။ မိတ်ဆွေက ကျွန်တော့်ကို စောင်းကြည့်တယ်။ လိုင်းက တစ်စောင်းကြီးပြောင်းသွားလို့ ထင်ပါရဲ့။ " မင်မိုရီထည့်ထားတာလားဗျ " . . တဲ့။ 

. . . . . " ဟုတ်ကဲ့ ၊ ကျွန်တော့် ဖုန်းနဲ့ ဆက်ထားတာ ၊ နောက်ပြီး shuffle လုပ်ထားတော့ ဟိုရောက် ဒီရောက် ဖြစ်နေတာ " 
. . . . . " ရောက်ကြဖူးသလား . . ဇေယျာရွှေမြေ . .  မြစ်ရေ ခွေဝန်းလျှံ . . ရှုဆန်းဖြာထွေ . . စစ်ကိုင်းတောင်ခြေ အရောက်သွား . . တရားရှာဖွေ . . ဗုဒ္ဒဘာသာမြန်မာတတွေ . . အတာကူးတဲ့ နှစ်ဦး ဂိမှာန်နွေ . . " ။ သီချင်းက လိုက်ဆိုလို့ကောင်းတဲ့နေရာရောက်လာတော့ စကားလေးဖြတ်ရင်း လိုက်ညည်းရပြန်။ " ဒူ တန် . ဒူ တန် . ဒူ တန် . ဒူ . . ကံ့ကော်ဝတ်မှုန် သင်းတဲ့ရဂုံ . . စုံတောခြေ . . သိင်္ဂီပွင့်ချပ် ရင်ခတ် သရဖီ . . ကြိုင်လို့မွှေ . . "  . . . " မြစ်မင်းဧရာ ခွေကာဝိုင်းလို့ . . စစ်ကိုင်း အောင်ခြာမြေ . . ရေလှိုင်းကလေးတွေ သွင်သွင်မြူးတော့ . . ငွေရောင်ဖြူးကာနေ . . . " ။

. . . . .ကိုယ် နှစ်ခြိုက်ငြိတွယ်တဲ့ သီချင်းတွေ နားထောင်ရတာဟာ ဘ၀ရဲ့ပျားရည်စက်တွေပဲ မဟုတ်ဘူးလား။ ဘ၀ ဓါးသွားကြီးကို အမြဲသတိရနိုင်လောက်အောင် မရင့်ကျက်နိုင်ခင်အထိတော့ ကျွန်တော်တို့ရဲ့ ပျားရည်စက်တွေကို ဓါးသွားအပြည့် ဖြန့်နိုင်အောင် နေ့ရှိသရွေ့  ကြံဆောင်နေကြရမှာ ပါပဲ။ " When I was a young boy . .  my father took me into the city . . " . . သီချင်း type တွေက တောင်နဲ့မြောက် ပြောင်းသွားပြန်တယ်။ ခေတ်သစ်ရော့ခ်ဝိုင်း ' My Chemical Romance' ရဲ့ 'Welcome to Black Parade' . . melody frame အယိုင် အသစ်တွေနဲ့ အားကောင်းတဲ့ စာသားတွေနဲ့ . . သီချင်းကတော့ သီချင်းပါပဲဗျာ။

. . . . . " Just a boy who wanna sing his song . . Just a man, I'm not a hero . I don't care . ဘုတ်ချပ် ဘုတ်ချပ် . . We'll carry on, we'll carry on ! . . " 

. . . . . " ခင်ဗျားက လိုင်းစုံပဲလား " . . မိတ်ဆွေက မေးပြီ။ " ဟုတ်တယ် . . ကျွန်တော် အစုံကြိုက်တာပဲ . . " 
" ကျွန်တော်ကတော့ ဗမာသီချင်းဟောင်းကြီးတွေတော့ မကြိုက်ဘူးဗျ . . စိုင်းထီးဆိုင်တို့ ၊ ကိုတိုးကြီးတို့လောက်တော့ ကြိုက်တာပေါ့ "
" ခင်ဝမ်းရောဗျ . . ကျွန်တော်တော့ လူကိုခိုက်လို့လား မသိ . . သူ့သီချင်းတွေ တော်တော်ကြိုက်တယ်ဗျာ "

. . . . . " နွေနှောင်းရက်ကျန် . . ၀သန်ပေါ်ဦး ခါ . . အုံ့ပျမှိုင်းဆန့် . . ယုဂန်ဗွေ မြနန်းမှာ . . ရွှေလျှံလျှပ်နွယ် ခွေကာ . . " . . သူပြောလိုက်လို့ပဲလား မသိ။ မောင်မောင်ညွန့် အသံကြီးထွက်ကျလာပါတော့တယ်။ အပုဒ်ကျော်ပေးဖို့ လက်လှမ်းလိုက်တော့ " ရပါတယ်ဗျ .. ထားလိုက်ပါ .. တစ်ခါတစ်လေလည်း ကောင်းပါတယ် " လို့ ဆိုရှာတယ်။ 

. . . . . " နွေနှောင်းဝသန် တဲ့ဗျ . . သီချင်းနာမည်က . . အဆိုတော်က မောင်မောင်ညွန့် ။ ကျွန်တော် ဒီအဆိုတော်ကို တအားကြိုက်တာ . . 'ပွင့်ဦး' တို့ 'ရွာကြီးသူ စံပယ်နွဲ့' တို့ ဆို သိပ်ကောင်းတာပဲ . . ခင်ဗျားတော့ သိမှာမဟုတ်ဘူးရယ် " . . ။
" ခင်ဗျား ဘယ့်နှယ်လုပ်ပြီး ကြိုက်တတ်ရတာတုန်းဗျ . . ကိုယ့် သက်တမ်းနဲ့လည်း အဝေးကြီးကို "
" ဟုတ်တယ် . . အဖေ အမေတွေ ကြိုက်လို့ ကျွန်တော်ကြိုက်တတ်လာတာ . . ငယ်ငယ်တည်းက နားထောင်ဘူးတော့ စွဲတာပေါ့ဗျာ။ ငယ်ဘ၀က တကယ်အရေးပါတယ်ဗျ "
. . . . . မိတ်ဆွေက ခေါင်းတညိမ့်ညိမ့် ပြုတယ်။ " မယ့်ကိုယ်စား မွှေးမြလေသလား . . ထင်မြင်ယောင်တွေးမိမှာက . . သည်းအူခြာ ကြွေအောင်ဖန်လာ . . သက်လျာဓါတုရယ် မြင်လှည့်ပါ " . . ။ ဆွေးဆွေးမြည့်မြည့်နဲ့ပဲ မောင်မောင်ညွန့် ဓါတ်ပြားကုန်သွားတော့တယ်။ 
. . . . . " မြန်မာသီချင်းတွေကို ကျွန်တော် ကောင်းကောင်းကြီးကြိုက်တတ်တယ်ဗျ။ အဲဒါ လူတိုင်းမရဘူးနော်။ ငယ်ငယ်က နားမထောင်ခဲ့ဘူးတဲ့လူ ၁၀၀ မှာ ၉၀ ဟာ လုံးဝ မကြိုက်တတ်တော့ဘူး " . . . " ဟုတ်တယ် ၊ ကျွန်တော်ဆို မကြိုက်ဘူး ၊ မကောင်းဘူးလို့ ဆိုလိုတာ မဟုတ်ပေမယ့် . . ကြိုက်လို့ကို မရတာဗျ "

. . . . . " ဟုတ်ပါတယ် ၊ ကျွန်တော်တော့ ဒီလို ကြိုက်တတ်တာကို အဖေနဲ့ အမေ ကျေးဇူးတင်တာပဲ။ အမေက ကျွန်တော်ပေါက်စကတည်းက မြန်မာသီချင်းတွေနဲ့ ချော့သိပ်တတ်တယ်။ စာအုပ်ကြီး ကတီဂရီ အရဆိုရင် 'ကာလပေါ်' ပေါ့ဗျာ . . ။ ရေဒီယို သီချင်းမျိုးတွေပေါ့။ အဖေကကျ သူကြိုက်တဲ့ အခွေတွေဖွင့်တယ်။ ကျွန်တော်က စိန်လွင်တို့ ၊ မာမာအေးတို့ ၊ စိုင်းထီးဆိုင်တို့ကို ဟိုးငယ်ငယ်တည်းက ကြိုက်တတ်သွားတယ် "

. . . . . " just need to get closer . . closer . . lean on me now " . . အိုင်းရစ်ဝိုင်း Travis ရဲ့ သီချင်းသံက စီးမျောဖို့ကောင်းသွားစေပြန်တယ်။ " Travis လည်း ကြိုက်တယ်ဗျာ။ ကျွန်တော်က ဂီတပညာရှင်ကြီးလည်း မဟုတ်တော့ ပြောတော့ မပြတတ်ဘူးရယ်။ ကောင်းတာတော့ သိတယ်။ theme တွေက ပုံမှန် ဘောင်တွေကို ဖောက်ထွက်ထားတယ်ဗျ " ။ . . . . .  " ခင်ဗျား ဟစ်ဟော့ပ်ရက်ပ် တွေတော့ မကြိုက်ဘူး မဟုတ်လား " . . ။

. . . . . " မဟုတ်ဘူး . . တခြား music type တွေထက် အကြိုက်နည်းတာမှန်ပေမယ့် . . လုံးဝ မကြိုက်တာတော့ မဟုတ်ဘူးဗျ။ Eminem ကို ကျွန်တော်ကြိုက်တတ်ပါတယ်။ ရက်ပင်တွေမှာတော့ 'ဘယ်သူ' ဆိုတာထက် 'ဘယ်အပုဒ်' ဆိုပြီးတော့ပဲ ကြိုက်လို့ရတယ်ဗျ။ ဒီ music ကလည်း သူ့ mood နဲ့ သူပဲဗျ။ ခက်တာက တချို့ပညာရှင်ဆိုသူတွေက Hip Hop ကို music လို့ လက်မခံကြဘူး။ Hip Hopper တွေကို Artist လို့ လက်မခံတာ တော်တော်တွေ့ရတယ် မဟုတ်လားဗျ။ ထားပါဗျာ။ ကိုယ်က နားထောင်ဖို့ပဲဟာ။ တစ်ချို့အကြောင်းအရာတွေက mood နဲ့ ရွတ်ပြီး ခံစားမှုကို ဖော်ပြတဲ့နေရာမှာ Hip Hop လမ်းက အမိုက်ဆုံးပဲဗျ "

. . . . . " . . . "  
. . . . . " ကျွန်တော်တို့ဆီက ရက်ပ်ပါတွေမယ် . . အကြောင်းအရာ ရှာဖွေတာများ အားနည်းနေသလားလို့ပါဗျာ။ သီချင်းပိုင်းကတော့ အဟုတ်ပဲ။ ဆိုတာလည်း အကျပဲ။ Rapping ရဲ့ အဓိက အကျဆုံးတစ်ခုဖြစ်တဲ့ 'အကြောင်းအရာ' ကျမှ ချို့တဲ့နေသလားလို့။ ဒီလောက် နာကျည်းစရာ ၊ စက်ဆုပ်စရာ ၊ ရှုံ့ချကဲ့ရဲ့စရာ စာသားကောင်းကောင်းတွေ ပေါတဲ့ တိုင်းပြည်ကြီးမှာ ဗျာ။ လူငယ်ချင်းရန်ဖြစ်တဲ့ ကိစ္စလောက် ၊ သစ္စာဖောက်သွားတဲ့ရည်းစားလောက်ကိုပဲ အဟုတ်ကြီး mood ထည့်ရွတ်နေရတာ . . . အဲဒီအပိုင်းလေး ကောင်းသွားရင် ကျွန်တော်တို့ ရက်ပါတွေလည်း မဆိုးပါဘူးဗျ . . . ကိုယ့်ဒေသ ၊ ဥတုရာသီနဲ့ မဆိုင်တဲ့ အနွေးထည်ကြီးတွေ ခြုံခြုံထားတာက လွဲလို့ပေါ့လေ . . . "

. . . . . ( ဆက် ရန် . . . ) 

(ယက္ခ) ရဲကြီး ။ ၂၁ မှ ၂၄ . ၁. ၁၄ ။
https://www.facebook.com/yekkha.yejee
https://www.facebook.com/yekkha.yegyii.fanpage
http://yekkhayejee.blogspot.com/

. . . . . " And wash away . . ဂျစ် ဂျစ် ဂျစ် ဂျစ် . . What I've done . . I'll face myself " ကျွန်တော့်ကားထဲက ခပ်ကျယ်ကျယ်ထွက်နေတဲ့ အင်္ဂလိပ်သီချင်းသံဗျ။ Linkin Park အဖွဲ့ရဲ့ သီချင်း . . ဂျစ် ဂျစ် က ဂစ်တာဗင့်ခတ်တဲ့အသံ။ 'ငါဘာတွေ လုပ်ခဲ့ပြီလဲ ဒီနေ့အထိ . . ငါ့ကိုယ်ငါ မလိမ်ပဲ အမှန်အတိုင်းပြန်ကြည့်ပြီး . . ဒီနေ့ ကို ရင်ဆိုင်ဖို့' ဆိုတဲ့ အိုင်ဒီယာမက်ဆေ့ခ်ျ ပါတဲ့ အဆိုကောင်း ၊ အတီးကောင်း ရော့ခ် သီချင်းပဲ။

ကျွန်တော်ကြိုက်တယ်။ ကားမောင်းရင်း ရတဲ့နေရာလေး လိုက် လိုက် ဆိုနေမိတာပေါ့။ ဘေးကပါလာတဲ့ မိတ်ဆွေက ဟိုငေး ဒီငေး . . . ။

— with Seaman Nayminthu and 61 others.

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...