Wednesday, January 22, 2014

ပင်လယ်ဆီပြန်သွားကြ

ငါ စုဆောင်းထားမိသမျှ အဓိပ္ပာယ်တွေအားလုံး ပင်လယ်ဆီ ပြန်သွားကြ
ငါ့ဖြစ်တည်မှု၊ ငါ့လိပ်ပြာ၊ ငါ့ယုံကြည်မှုအားလုံး တစ်စမကျန် ပင်လယ်ဆီ ပြန်သွားကြ
မင်းကို ငါ ချစ်တယ်အပါအ၀င်
မင်းနဲ့ ငါ့အကြား ပတ်သက်ခဲ့သမျှ ကြင်နာမှု၊ ရက်စက်မှု စကားအားလုံး
တောင်းပန်ခြင်း၊ ခွင့်လွှတ်ခြင်း စကားလုံးတွေလည်း ပင်လယ်ဆီ ပြန်သွားကြ
လူ့သမိုင်းနဲ့ ယဉ်ကျေးမှုတွေ
ဟို ကမ္ဘာဦးအော်ရီဂျင် သွေးနွေးရေသတ္တ၀ါတွေ အဆင့်အထိ နောက်ပြန်လည်သွား
ပြီး ပင်လယ်ထဲ အလျှိုအလျှို အကုန်ပြန်ဆင်းသွားကြ
တစ်ဦးနဲ့ တစ်ဦးအကြား စူးဝင်နေသမျှရန်ငြိုးတွေ ပြန်နှုတ်၊ ပြီး ပင်လယ်ဆီ ပြန်သွားကြ
တစ်ဦးနဲ့ တစ်ဦးအကြား မိတ်ဆွေအဖြစ် တိုင်းတာမှုဆိုင်ရာ ပေတံတွေ ပင်လယ်ဆီ ပြန်သွားကြ
ငါ့ဖြစ်တည်မှုက ထွက်ကျလာသမျှ အငံဓာတ်နဲ့ ငါ့သောက်သုံးခဲ့သမျှ ကိလေသာအားလုံးလည်း အကုန်အစင် ပင်လယ်ဆီ ပြန်သွားကြ
အားအားရှိ သွေးတစက်စက် စိမ့်ထွက်နေတဲ့ နာတာရှည်နောင်တတွေ ပင်လယ်ဆီ ပြန်သွားကြ
ပုံကြီးချဲ့ထားတဲ့ နှလုံးသားတွေ ပုံကြီးချဲ့ထားတဲ့အဘိဓမ္မာတွေ ပင်လယ်ဆီ ပြန်သွားကြ
ကမ္ဘာကြီး ဘုရားသခင် ရေမြှုပ်ပစ်လိုက်တဲ့အတိုင်း ကနဦးအခြေအနေမှာ ရှိပါစေ
လာကယ်မယ့် နောဧရဲ့လှေလည်း ငုံ့ဆင်းပျောက်ကွယ် ပင်လယ်ဆီပဲ ပြန်သွားကြ

ပင်လယ်ဆီ ပြန်သွားကြ…
ပင်လယ်ဆီ ပြန်သွား…
ပင်လယ်ဆီ ပြန်…
ပင်လယ်ဆီ…

ပင်လယ်ကို ပင်လယ်ထဲ ဆွဲနှစ်သလို
ငါ့ကိုယ်ငါလည်း ရေပြာပြာထဲ ဆွဲခြုံလိုက်မယ်
ငါ့ပစ္စုပ္ပန်ထဲ သံမှိုလို စိုက်ဝင်နေတဲ့ အတိတ်များ..
သွား…
အခုအချိန်ကစ
အားလုံး ပင်လယ်ဆီ ပြန်သွားကြ။ ။
................................
Published:
November 7, 2006 / 3:19 am

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...