Friday, January 24, 2014

ဆရာဝန်ဆိုတာ

နားကြပ်ထောက်ယုံနဲ့ ဆေးထိုးပေးယုံနဲ့
ဆရာဝန်ဖြစ်တယ်လို့ အယူအဆဟာ တကယ့်ကို မှားယွင်းနေမှုကြီးတစ်ခုပါ 
ဆရာတစ်ယောက်ပြောဖူးတာ အခုထိမှတ်မိနေသေးတယ် 

လတ်တလော လူနာသက်သာသွားဖို့အတွက် မကြည့်ပါနဲ့
ရေရှည် Outcome မှာ လူနာ သက်သာဖို့အတွက်လည်းကြည့်ပါ .. တဲ့ 

လူနာအသက်နဲ့လောင်းကြေးထပ်ရတဲ့ အသက်လုပွဲတိုင်းမှာ 
ဆရာဝန်က နိုင်သွားတာ ရှိသလို ဆရာဝန်က ရှုံးသွားလည်းရှိပါတယ် 
အဓိကကတော့ အတွေ့အကြုံနဲ့ လူနာအပေါ်တကယ်ထားတဲ့ စေတနာကသာ
ကိုယ့်ရဲ့လုပ်ရပ်တွေအပေါ် သန့်စင်စေမှာပါ .. 

ဒီဆေးဟာ ရေရှည် အန္တရယ်ရှိမှန်းသိရဲ့နဲ့
လူနာ လတ်တလော လေးသက်သာဖို့
ကိုယ့်နာမည်ဂုဏ်သတင်းကျော်ဇောဖို့ ပေးလိုက်ခြင်းဟာ
ဆရာဝန်အမည်ခံသက်သက်ပဲဖြစ်ပါလိမ့်မယ် 

လတ်တလော ရပ်ကွက်တွေမြို့နယ်တွေမှာ 
ဆရာဝန်ရမ်းကုတွေ များလာတော့ တချို့က ဟိုလမ်းထိပ်ကဆရာလေကွာ .. အပ်ပုန်းပါပဲ 
လို့ပြောသံတွေကြားလာရတော့ .. ရင်ထဲ နာလှတယ် 
၅ နှစ်ပညာသင် ဟောက်ဆာဂျင်တစ်နှစ်ဆင်း အများကြီးရင်းခဲ့ရပြီးမှ 
ဘွဲ့ရပြီးတော့ .. ဒါကြီးက ဘာမှ မဟုတ်ပါလားဆိုတဲ့အသိဝင်နေကြတဲ့ 
သူငယ်ချင်း ဆရာဝန်တွေအားလုံးကိုလည်း နှမျောလှတယ် ... 

မွန်မြတ်တဲ့ဆရာဝန်တစ်ယောက်ဆိုတာ .. 
ဆေးကုပေးတာ .. လူနာကိုသက်သာအောင်လုပ်ပေးတာထက်ပိုပါတယ် 
ဆုံးဖြတ်ချက်မှားလို့လည်းမရဘူး 
တွေဝေနေလို့လည်းမရဘူး 
လူမှုရေး ခံစားချက်တွေလည်းထည့်တွက်လို့မရဘူး 
အဆိုးဆုံး ကိုယ့်ရန်သူကိုတောင် ဒုက္ခရောက်နေချိန်မှာ ကယ်တင်ရမှာ 
အဆိုးဆုံး ညကြီးမင်းကြီး လူနာကတကယ်လိုအပ်လို့ လာခေါ်တဲ့အချိန် ထလိုက်သွားရမှာ 
အဆိုးဆုံး မူးရူးနေတဲ့ လူနာတစ်ယောက်ကို အဆဲခံအဆိုခံပြီး ကယ်တင်ပေးရမှာ 
ဆရာဝန်တွေအားလုံးလုပ်ကိုလုပ်ရမယ့်တာဝန်တွေပါပဲ ..

ကိုယ့်လည်ပင်းမှာ ချိတ်ထားတဲ့နားကြပ်ဟာ 
ငွေတွေ ညှစ်ထုတ်ဖို့ မဟုတ်ပဲ 
လူနာတွေအသက်ကိုကယ်တင်ဖို့တစ်ခုတည်းဆိုတဲ့ အသိဖြူဖြူကလေးတွေ
ဆရာဝန်တိုင်းလိုလို ၀င်နိုင်ကြပြီး လူနာများကလည်း ...
ဆရာဝန်ဆိုတာ ငွေရဖို့သက်သက်မဟုတ်ပဲ 
နာကျင်မှု နဲ့စတေးမှုတွေအများကြီးကျော်ဖြတ်လို့ ဒီလို လမ်းကြမ်းကိုလျှောက်နေကြတယ်ဆိုတာကို..
နှစ်ဦးနှစ်ဖက်သိကြရင်ဖြင့် .... ။ 

သက်တန့်ချိုနားကြပ်ထောက်ယုံနဲ့ ဆေးထိုးပေးယုံနဲ့
ဆရာဝန်ဖြစ်တယ်လို့ အယူအဆဟာ တကယ့်ကို မှားယွင်းနေမှုကြီးတစ်ခုပါ ။
ဆရာတစ်ယောက်ပြောဖူးတာ အခုထိမှတ်မိနေသေးတယ် ။

လတ်တလော လူနာသက်သာသွားဖို့အတွက် မကြည့်ပါနဲ့
ရေရှည် Outcome မှာ လူနာ သက်သာဖို့အတွက်လည်းကြည့်ပါ .. တဲ့

လူနာအသက်နဲ့လောင်းကြေးထပ်ရတဲ့ အသက်လုပွဲတိုင်းမှာ
ဆရာဝန်က နိုင်သွားတာ ရှိသလို ဆရာဝန်က ရှုံးသွားလည်းရှိပါတယ်
အဓိကကတော့ အတွေ့အကြုံနဲ့ လူနာအပေါ်တကယ်ထားတဲ့ စေတနာကသာ ကိုယ့်ရဲ့လုပ်ရပ်တွေအပေါ် သန့်စင်စေမှာပါ ..



ဒီဆေးဟာ ရေရှည် အန္တရယ်ရှိမှန်းသိရဲ့နဲ့
လူနာ လတ်တလော လေးသက်သာဖို့
ကိုယ့်နာမည်ဂုဏ်သတင်းကျော်ဇောဖို့ ပေးလိုက်ခြင်းဟာ
ဆရာဝန်အမည်ခံသက်သက်ပဲဖြစ်ပါလိမ့်မယ်

လတ်တလော ရပ်ကွက်တွေမြို့နယ်တွေမှာ
ဆရာဝန်ရမ်းကုတွေ များလာတော့ တချို့က ဟိုလမ်းထိပ်ကဆရာလေကွာ .. အပ်ပုန်းပါပဲ
လို့ပြောသံတွေကြားလာရတော့ .. ရင်ထဲ နာလှတယ်
၅ နှစ်ပညာသင် ဟောက်ဆာဂျင်တစ်နှစ်ဆင်း အများကြီးရင်းခဲ့ရပြီးမှ
ဘွဲ့ရပြီးတော့ .. ဒါကြီးက ဘာမှ မဟုတ်ပါလားဆိုတဲ့အသိဝင်နေကြတဲ့
သူငယ်ချင်း ဆရာဝန်တွေအားလုံးကိုလည်း နှမျောလှတယ် ...

မွန်မြတ်တဲ့ဆရာဝန်တစ်ယောက်ဆိုတာ ..
ဆေးကုပေးတာ .. လူနာကိုသက်သာအောင်လုပ်ပေးတာထက်ပိုပါတယ်
ဆုံးဖြတ်ချက်မှားလို့လည်းမရဘူး
တွေဝေနေလို့လည်းမရဘူး
လူမှုရေး ခံစားချက်တွေလည်းထည့်တွက်လို့မရဘူး
အဆိုးဆုံး ကိုယ့်ရန်သူကိုတောင် ဒုက္ခရောက်နေချိန်မှာ ကယ်တင်ရမှာ
အဆိုးဆုံး ညကြီးမင်းကြီး လူနာကတကယ်လိုအပ်လို့ လာခေါ်တဲ့အချိန် ထလိုက်သွားရမှာ
အဆိုးဆုံး မူးရူးနေတဲ့ လူနာတစ်ယောက်ကို အဆဲခံအဆိုခံပြီး ကယ်တင်ပေးရမှာ
ဆရာဝန်တွေအားလုံးလုပ်ကိုလုပ်ရမယ့်တာဝန်တွေပါပဲ ..

ကိုယ့်လည်ပင်းမှာ ချိတ်ထားတဲ့နားကြပ်ဟာ
ငွေတွေ ညှစ်ထုတ်ဖို့ မဟုတ်ပဲ
လူနာတွေအသက်ကိုကယ်တင်ဖို့တစ်ခုတည်းဆိုတဲ့ အသိဖြူဖြူကလေးတွေ
ဆရာဝန်တိုင်းလိုလို ၀င်နိုင်ကြပြီး လူနာများကလည်း ...
ဆရာဝန်ဆိုတာ ငွေရဖို့သက်သက်မဟုတ်ပဲ
နာကျင်မှု နဲ့စတေးမှုတွေအများကြီးကျော်ဖြတ်လို့ ဒီလို လမ်းကြမ်းကိုလျှောက်နေကြတယ်ဆိုတာကို..
နှစ်ဦးနှစ်ဖက်သိကြရင်ဖြင့် .... ။

သက်တန့်ချို

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...