Friday, January 24, 2014

သစ်ထူးလွင် သတင်းစုစည်းမှု (၂၄-၁)

သစ်ထူးလွင်


Posted: 24 Jan 2014 04:08 AM PST
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဇန်န၀ါရီ ၂၆ ရက်နေ့မှာ ပြည်သူနဲ့ တွေ့ဆုံပွဲ လုပ်မယ်လို့ တင်ပြတဲ့ အဝေရာကွင်းဟာ တပ်မတော်ပိုင်မြေနေရာဖြစ်တာကြောင့် ခွင့်မပြုပါဘူးလို့ ရှမ်းပြည်နယ်အစိုးရက အကြောင်းပြန်ကြားလိုက်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရှမ်းပြည်နယ်ဥက္ကဌထံ ရှမ်းပြည်နယ်အစိုးရကိုယ်စား နယ်စပ်ရေးနဲ့
Posted: 24 Jan 2014 04:05 AM PST
မြန်မာ့တပ်မတော် အနေနဲ့ ကုလသမဂ္ဂရဲ့ ငြိမ်းချမ်းရေးတပ်ဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကမ်းလှမ်းချက်ကို လက်ခံတဲ့အကြောင်း မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ ဗီဂျေးနမ်ဘီယားနဲ့ နေပြည်တော်မှာ တွေ့ဆုံရာမှာ မြန်မာ စစ်တပ်အကြီးအကဲက ပြောကြားလိုက်တာပါ။ြ
Posted: 24 Jan 2014 03:41 AM PST
ရန်ကုန်၊ ဇန်န၀ါရီ ၂၂ ပဲခူးတိုင်းဒေသကြီး အစိုးရ ၀န်ကြီးချုပ် ဦးဉာဏ်ဝင်းက ပဲခူးတိုင်းဒေသကြီး အတွင်း လွှတ်တော် ကိုယ်စားလှယ်များ အားလုံးသို့ မြေကွက်များ ချထားပေးခဲ့ကြောင်း အစိုးရအဖွဲ့နှင့် နီးစပ်သူများထံမှ သတင်းရရှိသည်။ ပဲခူးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ အလုပ်အမှုဆောင် တစ်ဦးက ပြောကြားရာတွင် လွှတ်တော် ကိုယ်စားလှယ်များ မြေကွက်(ပေ ၆၀ x ပေ ၈၀)တစ်ကွက်စီ၊ ကာလ ပေါက်ဈေး ၁၈ သိန်း တန်ဖိုးဖြစ်ပြီးေ
Posted: 24 Jan 2014 03:31 AM PST
ဓါတ်ပုံ - ထင်လင်းဦး ဒေါ်အောင်ဆန်းစုကြည်ကို ရွှေညောင်တွင် ၄၀၀ခန့်ကြိုဆို မဇ္ဈိမသတင်းဌာန| သောကြာနေ့၊ ဇန်နဝါရီလ ၂၄ရက်၊ ၂၀၁၄ခုနှစ်။ ရွှေညောင်၊ မဇ္ဈိမ။ ။ အခြေခံဥပဒေဆိုင်ရာ လူထုဟောပြောပွဲလုပ်ရန် ရှမ်းပြည်နယ်တောင်ပိုင်းကို နမ့်စန်မြို့ကို သွားနေသော ဒေါ်အောင်ဆန်းစုကြည်ကို လမ်းတစ်လျှောက်တွင် ဒေသခံများက ကြိုဆိုလျှက်ရှိပြီး ရွှေညောာင်မြို့အရောက်တွင် ကျောင်းသားများအပါအဝင် ဒေသခံ ၄၀၀ခန့်က ကြိုဆိုနေကြသည်။ (
Posted: 24 Jan 2014 02:58 AM PST
လက်ရှိ ပြဌာန်းထားတဲ့ လယ်ယာမြေဥပဒေဟာ မြေယာတွေ ဆုံးရှုံးခဲ့တဲ့ လယ်သမားတွေ အတွက် အကျိုးသက်ရောက်မှု နည်းနေသလို ဥပဒေအရ ဆောင်ရွက်ရာမှာလည်း အခက်တွေ့မှုတွေ ရှိနေပါတယ်။ ၂၀၁၂ လယ်ယာမြေဥပဒေကို အစိုးရက တရားဝင်ပြဌာန်းပြီးတဲ့နောက်မှာ ဥပဒေအတိုင်း ဆောင်ရွက်တဲ့နေရာမှာ အခက်အခဲတွေနဲ့ လိုအပ်ချက်တွေ ရှိနေတယ် လယ်ယာမြေ ပိုင်ဆိုင်ဆိုင်မှုနဲ့ အငြင်းပွားမှုတွေကို ကိုင်တွယ်ဆောင်ရွက်နေသူတွေက ပြောပါတယ်။ လယ်ယာမြေနဲ့
Posted: 24 Jan 2014 02:57 AM PST
ဧရာဝတီတိုင်းထဲက လယ်သမား ၄၀၀ ကျော် လယ်မြေအမှုတွေနဲ့ တရားစွဲ ခံနေရပြီး မော်လမြိုင်ကျွန်း မြို့နယ်မှာ အများဆုံး ဖြစ်ပွားနေတယ်လို့ တောင်သူလယ်သမားများနဲ့ မြေယာ လုပ်သားများသမဂ္ဂက ဦးအောင်မိုးဝင်းက ပြောပါတယ်။ လယ်ယာမြေမှတ်ပုံတင်ဖို့ သတ်မှတ်ထားတဲ့ ၂၀၁၃ခုနှစ်၊ နိုဝင်ဘာလကုန်ခါနီး ၃ လလောက် အတွင်း အခုလို လယ်သမားတွေ ရာနဲ့ချီ အမှုရင်ဆိုင်နေကြရတာဖြစ်ပြီး တရားစွဲခံရပုံကို သူပြောပြတာက “လယ်သမားတွေကေ
Posted: 24 Jan 2014 02:37 AM PST
နာမည်ကြီး အဆိုတော် တစ်ဦး၏ မိခင် ကျပ်သိန်းပေါင်း ငါးသောင်းကျော် အလွဲသုံးစားမှုဖြင့် တရားစွဲခံရ လိမ်လည်ခံရသူများတွင် နာမည်ကြီး အဆိုတော်များလည်း ပါဝင် ရန်ကုန်၊ ဇန်န၀ါရီ ၂၂ ယုံကြည်စွာဖြင့် အကျိုးတူခံစားခွင့် ရရှိရန် အစုငွေ ထည့်ဝင်ထားသော ကျပ်သိန်းပေါင်း ငါးသောင်းကျော်အား ရှယ်ယာရှင်များကို မရှင်းပေးဘဲ တိမ်းရှောင်နေသူ ဒေါ်ဆွေဆွေအုန်းအား ပုဒ်မ ၄၀၆ ဖြင့် ၂၁-၁-၂၀၁၄ တွင် ဒဂုံ ဆိပ်ကမ်းမြို့နယ်
Posted: 24 Jan 2014 03:47 AM PST
ရန်ကုန်၊ ဇန်န၀ါရီ ၂၀ ယခင်စစ်အစိုးရ စနစ်ကြောင့် သာသနာရေး ၀န်ထမ်းများ ဘုန်းကြီးပင့်၊ ဆွမ်းကပ် အလုပ်သာ လုပ်တတ်ဟု သာသနာရေးဝန်ကြီး ဦးဆန်းဆင့်က ဇန်န၀ါရီ (၁၉)ရက်နေ့ အောင်ဆန်း တောရတပ်ဦး ကျောင်းတိုက် ၀ိဇာတ မင်္ဂလာ အထိမ်းအမှတ်(၂၂) ကြိမ်မြောက် အဓိဋ္ဌာန် ဒုလ္လဘ ရဟန်းအပါး (၅၀၀) ဥပသမ္ပအာဆောင်ပွဲ (၁၄၉) ကြိမ်မြောက် (၁၀)ရက်စခန်း တရားအားထုတ် ပူဇော်ပွဲနှင့် ပဉ္စမအကြိမ် သီလရှင်အပါး (၁၅၀) ၀တ်ပွဲအခမ်း အနား သွားရောက်ရာ
Posted: 24 Jan 2014 02:17 AM PST
သာသနာရေးဝန်ကြီးဌာနကို စစ်ဆေးနေခြင်းအား ပြည်ထဲရေးရုံးချုပ်မှ မသိရှိ အစိုးရသစ်လက်ထက် ပထမဆုံး အတိုင်ခံရသော ၀န်ကြီးကိုယ်တိုင် တောင်းဆိုမှုဖြင့် သမ္မတရုံးမှ ပြည်ထဲရေးဝန်ကြီးအား တာဝန်ပေး၍ သာသနာရေး ၀န်ကြီးဌာနကို စစ်ဆေးနေခြင်းအား ပြည်ထဲရေးရုံးချုပ်မှ မသိရှိကြောင်း ဖြေကြား     ““လူမွှေယောက်ျား၊ မင်းစေများ၊ ပြည်သူ့မီးပွား””ဆိုတာ ရှိပါသည်ဘုရား။ ရှေးမင်းများ လက်ထက်က ထိုပြည်သူ့မီးပွားများကို ထိရောက်စွာ
Posted: 24 Jan 2014 02:12 AM PST
ရန်ကုန် ၊ ဇန်နဝါရီ ၂၃ ။ ။ မြန်မာ နိုင်ငံတွင် ပထမဆုံးတွေ့ရှိခြင်း အဖြစ် မိကျောင်းခေါင်းနှင့်ငါး ကိုယ်ပါရှိနေသည့် ရေချိုငါးမျိုး စိတ် (aligatar gar fish) တစ်ကောင်ကို ပန်းလှိုင်မြစ်အတွင်း မှဖမ်းဆီးရမိခဲ့ကြောင်း မြန်မာ နိုင်ငံငါး လုပ်ငန်း အဖွဲ့ချုပ်မှ သိ ရသည်။ အဆိုပါငါးသည် မြန်မာ နိုင်ငံတွင် ရှိနေသည့် ငါးမျိုးစိတ်တစ်ထောင်ကျော်တွင် ပါဝင်ခြင်းမရှိဘဲ တောင်အမေရိကတိုက် အမေ ဇုန်မြစ်အတွင်း ကျက်စားသည့်
Posted: 23 Jan 2014 07:22 PM PST
ရခိုင်ပြည်နယ် မောင်တော မြို့နယ်က ဒူချီရာတန်း ရွာမှာ ပြီးခဲ့တဲ့ သီတင်းပတ် အတွင်းက ဖြစ်ပွားခဲ့တဲ့ ရဲနဲ့ ဒေသခံ ရွာသား တွေရဲ့ ပဋိပက္ခမှာ လူ ၃၀ ထက်မနည်း အသတ် ခံခဲ့ရတယ်လို့ အဲဒီ ဒေသကို ရောက်ခဲ့တဲ့ နိုင်ငံတကာ လူမှုကူညီရေး အရာရှိ တွေက ပြောပါတယ်။ ဒါဟာ ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ အသေအပျောက် ရှိတဲ့ အကြောင်း ပထမဆုံး အကြိမ် ထုတ်ဖော် ပြောဆို တာလည်း ဖြစ်ပါတယ်။ လူ့အခွင့်အရေး အဖွဲ့အစည်း တခု ဖြစ်တဲ့ Fortify Rights
Posted: 23 Jan 2014 07:22 PM PST
ရခိုင်ပြည်နယ်၊ မောင်တောမြို့၊ ဒုချီးယားတန်းကျေးရွာမှာဖြစ်ပျက်ခဲ့တဲ့ ကိစ္စရပ် အပေါ် လွတ်လပ်တဲ့ စုံစမ်းစစ်ဆေး မှုတစ်ခု ချက်ချင်းလုပ်ဖို့ ကုလသမဂ္ဂနဲ့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနတို့က မြန်မာအစိုးရကို တောင်းဆိုလိုက်ပါတယ်။ အဲဒီရွာမှာ အကြမ်းဖက် တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင်တစ်ဦးအပါအ၀င် လူအတော်များများ သေဆုံးခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်နေချိန်မှာပဲ တောင်းဆိုလိုက်ကြတာပါ။ အပြည့်အစုံကို
Posted: 23 Jan 2014 07:15 PM PST
လွှတ်တော်ကိုယ်စားလှယ် တစ်ဦး၏ မေးခွန်းနှင့် ပြည်ထောင်စုအစိုးရ၏ ဒုတိယ၀န်ကြီး၏ အဖြေတွင် “လူမျိုးစု လက်နက်ကိုင် အဖွဲ့အစည်း”ဟု သုံးနှုန်းခဲ့ရာတွင် “လူမျိုးစု” ဟူသောစကားကို မသုံးနှုန်းရန် အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ဇန်န၀ါရီလ ၂၃ ရက်က ဆုံးဖြတ်လိုက်သည်။ မြန်မာနိုင်ငံအတွင်း ဘိန်းစိုက်ခင်းများ၊ မူးယစ်ဆေးဝါးများနှင့် ပတ်သက်ပြီး စစ်ကိုင်းတိုင်းမှ အမျိုးသား လွှတ်တော်အမတ် ဦးလှဆွေက “
Posted: 23 Jan 2014 04:00 PM PST
မလေးရှားနိုင်ငံ ကွာလာလာလမ်ပူ မြို့တော်က မြန်မာ ပစ္စည်း အရောင်းဆိုင် တွေကို ပိတ်ထားလိုက် ပါတယ်။ မလေးရှားမှာ ဖွင့်ထားတဲ့ သိဒ္ဓိဝင်း ဆိုတဲ့ မြန်မာကုန်စုံ ဆိုင်ကို ကြာသပတေး နေ့လယ်က မလေးရှား တာဝန်ရှိသူတွေက ဝင်ဖမ်း တာကြောင့် မြန်မာ ဈေးဆိုင်တွေ ထိတ်လန့်ပြီး ပိတ်ထား လိုက်ကြ တယ်လို့ ဆိုင်ရှင် တစ်ယောက်က ဘီဘီစီကို ပြောပါတယ်။ လာဖမ်းဆီးကြတဲ့ လူဝင်မှု ကြီးကြပ်ရေး တာဝန်ရှိသူတွေက လူတွေကို စစ်ဆေး သွားပြီး
Posted: 23 Jan 2014 03:51 PM PST
ရခိုင်ပြည်နယ်၊ မောင်တောမြို့၊ ဒူချီရာတန်း အလယ်ကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ ပြဿနာမှာ ပါဝင်သူ မွတ်ဆလင် ရွာသားတွေဟာ အကြမ်းဖက် (Rohingya Solidarity Organization) RSO အဖွဲ့နဲ့ ပတ်သက်မှုတွေ ရှိတယ်လို့ အစိုးရ သတင်းစာတွေမှာ ဖော်ပြပါတယ်။ ဒူချီရာတန်း ရွာမှာ ဇန်နဝါရီလ ၁၃ ရက်နေ့ ညက ဖြစ်ပွားခဲ့တဲ့ ပြဿနာမှာ ပါဝင်သူ ရွာသား ၁၉ ဦး ရှိခဲ့ပြီး အဲဒီထဲက ဦးဆောင် ရန်ပြုသူတွေထဲမှာ ပါဝင်သူ တစ်ဦးဟာ အိမ်နီးချင်း တဘက်နိုင်ငံက
Posted: 23 Jan 2014 03:49 PM PST
ရခိုင်ပြည်နယ် ​ဒုချီရာတန် ​ရွာမှာ ​ဖြစ်ခဲ့တဲ့ ​ပဋိပက္ခအတွင်း ​ရိုဟင်ဂျာ ​ဘင်္ဂါလီ ​အယောက် ​၄၀ ​ယောက် ​အသတ်ခံခဲ့ရတယ်ဆိုတဲ့ ​ကိစ္စနဲ့ ​ပတ်သက်ပြီး ​စုံစမ်းစစ်ဆေးမှုတွေလုပ်ဖို့ ​ကုလသမဂ္ဂ ​လူ့အခွင့်အရေးဆိုင်ရာ ​အကြီးအကဲ ​Navi ​Pillay ​က ​မြန်မာအစိုးရကို ​တောင်းဆိုလိုက်ပါတယ်။ ဒီလို ​အသက်ဆုံးရှုံးမှုတွေ ​ဖြစ်ခဲ့တယ်ဆိုတဲ့ ​စွပ်စွဲချက်နဲ့ ​ပတ်သက်ပြီး ​မြန်မာအစိုးရအနေနဲ့ ​သေသေခြာခြာ၊ ​မြန်မြန်ဆန်ဆန်နဲ့ 
Posted: 23 Jan 2014 03:45 PM PST
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင်တွေ၊ ကုလသမဂ္ဂ ကိုယ်စားလှယ်တွေနဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေ သွားရောက် စုံစမ်းမေးမြန်းတဲ့ ခရီးစဉ်မှာ အခင်းဖြစ်ပွားခဲ့တဲ့ ရွာသားတွေကို အဖြစ်မှန်မပြောဖို့ အာဏာပိုင်တွေက ပိတ်ပင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အစိုးရသတင်းစာတွေမှာ ဒီကနေ့ ထုတ်ပြန်တဲ့ သတင်းမှာတော့
Posted: 23 Jan 2014 03:55 PM PST
စစ်တွေ တက္ကသိုလ် နဲ့ တောင်ကုပ် ကောလိပ်က မွတ်ဆလင် ကျောင်းသား တွေမှာ မှတ်ပုံတင် ရှိရင် နယ်ပြောင်းရွှေ့ သင်ကြားခွင့် ပြုတယ်လို့ မနှစ် နှစ်ကုန် ပိုင်းက ထုတ်တဲ့ စစ်တွေ တက္ကသိုလ် ရဲ့ ကြေညာချက်မှာ ပါရှိ ပါတယ်။ ဒါပေမဲ့ ရခိုင် ပြည်နယ်က မွတ်ဆလင် ကျောင်းသူ ကျောင်းသား အများစုမှာ မှတ်ပုံတင် မရကြ တဲ့အတွက် ဒီအမိန့်က အများစု အကျိုးမရှိ ဖြစ်နေတယ်လို့ ပြောဆို နေကြပါတယ်။ အလားတူပဲ ပြည်နယ် တလွှားက အဝေးသင် ကျောင်းသား
Posted: 23 Jan 2014 03:34 PM PST
ဘန်ကောက်တရားရုံးချုပ် ဝန်ထမ်းတွေကို အစိုးရဆန့်ကျင်ရေး  ဆန္ဒပြသူတွေက ထွက်ခွာသွားဖို့ ပြောတဲ့အတွက် ထွက်ခွာသွားရစဉ်။ ထိုင်းနိုင်ငံတွင်း နိုင်ငံရေးအကြပ်အတည်းဖြစ်ပြီး အစိုးရအဖွဲ့လုပ်ငန်းတွေ ရပ်ဆိုင်းနေတာကြောင့် ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေ အနေနဲ့ နေထိုင်ခွင့်နဲ့အလုပ်ကိုင်ခွင့် ဗီဇာသက်တမ်းတိုးရေးမှာ အခက်အခဲတွေ ကြုံနေရ ပါတယ်။ ဗီဇာသက်တမ်းကုန်တာကြောင့် ထိုင်းအလုပ်ရှင်တွေဘက်က
Posted: 23 Jan 2014 03:36 PM PST
ကြာသာပတေးနေ့၊ ဇန်နဝါရီ ၂၃ရက်၊ ၂၀၁၄ခုနှစ်။ ပုသိမ်၊ မဇ္ဈိမ။ ။ဧရာဝတီတိုင်း၊ မအူပင်မြို့ ၊ဈေးလမ်းတွင် ည၇နာရီ ၃၀ခန့်တွင် မီးစတင် လောင်ကျွမ်းခဲ့ရာ အိမ်နှင့်ဆိုင်တွဲ ၃ခု မီးလောင်းကျွမ်းမှုကြောင့် တန်ဖိုးငွေ ကျပ် ၇၇သိန်းဖိုးခန့် ဆုံးရှုံးခဲ့သည်ဟု မအူပင် မီးသတ်ဦးစီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောသည်။ "ဦးမွန်းဟန် အထည်ဆိုင်ကနေ မီးစလောင်တာ၊ သူတို့ ဆိုင်ပိတ်သွားပြီး ဘယ်သူမှမရှိတော့ဘူး။ ကမ်းနားလမ်းအိမ်ဆိုင်(၃)
Posted: 23 Jan 2014 03:06 PM PST
မန္တလေး၊ မဇ္ဈိမ ။      ။ မန္တလေးမြို့ စိတ္တရမဟီရပ်ကွက်၊ ၇၅လမ်း၊ ၂၈ လမ်းနှင့် ၂၉လမ်းကြားရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံး(NLD)ရှိရာ ပျဉ်ထောင်အိမ်မှ စတင်ကာ ဇန်နဝါရီ ၂၃ရက် နေ့လည် ၃နာရီခန့်က မီးလောင်ကျွမ်းမှု တစ်ခု ဖြစ်ပွား ခဲ့ရာ ဆုံးရှုံးမှုတန်ဖိုး ကျပ် ရှစ်ဆယ့်နှစ်သိန်း ငါးသောင်းဖြစ်ကြောင်း အမှတ် ၁ ပြည်နယ်နှင့် တိုင်းဒေသကြီး မီးသတ်ရုံးများ ကွပ်ကဲမှုဦးစီးဌာနခွဲက သိရသည်။ ယင်းကဲ့သို့
Posted: 23 Jan 2014 01:46 PM PST
ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရင် မိမိအနေနဲ့ လက်တွဲခေါ်မယ်လို့ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။ ဒီနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးအပြီး ပြည်တွင်း၊ ပြည်ပ သတင်းထောက်တွေနဲ့ တွေ့ဆုံရာမှာ သတင်းထောက်တစ်ဦးက ဒေါ်အောင်ဆန်းစုကြည် ၂၀၁၅ မှာ သမ္မတဖြစ်လာမယ်ဆိုရင် ဘယ်လိုသဘောထားသလဲလို့ သတင်းထောက်တစ်ဦးက မေးရာမှာ သူရဦးရွှေမန်းက အခုလို ပြန်လည်ဖြေကြားခဲ့တာပါ။ “
Posted: 23 Jan 2014 03:00 PM PST
ရှမ်းပြည်နယ် တောင်ကြီးမြို့နယ် ကျောက်တစ်လုံး မြို့နယ်ခွဲ နောင်ကားကျေးရွာမှာ ပအိုဝ်း အမျိုးသား အဖွဲ့ချုပ် PNO သိမ်းယူထားတဲ့ ယာမြေဧက ၂၀ ကျော်ပြန်ရဖို့ မြေဆုံးရှုံးခဲ့တဲ့ ပအိုဝ်း တိုင်းရင်းသား တောင်သူ ၂၅ ယောက်လောက်က ဒီနေ့ မနက်ပိုင်းက ထွန်တုံးတိုက်ပွဲ ဆင်နွဲခဲ့ကြ ပါတယ်။ စားဝတ်နေရေး အခက်အခဲ တွေကြောင့် အသိမ်ခံထားရတဲ့ ယာမြေတွေမှာ ထွန်ယက်စိုက်ပျိုးတာလို့ နောင်ကား ကျေးရွာက မြေဆုံးရှုံးထားတဲ့ တောင်သူ
Posted: 23 Jan 2014 01:33 PM PST
ထက်အောင်ကျော် (၂၄-၀၁-၂၀၁၄) ဒုတိယ တင်ပြချင်တဲ့တိုးတက်မှုကလဲ Mindset (စဉ်းစားပုံ) နဲ့ပဲဆိုင်ပါတယ်။ ၈ လေးလုံးအရေးတော် ပုံနောက်ပိုင်း ပထမဆုံးအကြိမ်ဆန္ဒပြပွဲကို ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၁၁ ရက်နေ့က ထားဝယ်မှာပြန်တွေ့ ရပါတယ်။ သိမ်းပိုက်ထားတဲ့လယ်ယာမြေတွေပြန်ပေးဖို့ လယ်သမားတွေက ဆန္ဒပြကြတာဖြစ်ပြီး ဒုတိ ယ အကြိမ်ဆန္ဒပြပွဲကိုလဲ အခုဇန်နာဝါရီလ ၁၇ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။ (မောင်းမကန် ကမ်းခြေ)
Posted: 23 Jan 2014 01:31 PM PST
ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာမယ်ဆိုရင် လက်တွဲ လုပ်ဆောင်သွားမယ်လို့ သူရဦးရွှေမန်းက ပြောကြားလိုက်ပါတယ်။ ဦးသူရိန် သတင်းပေးပို့ ထားပါတယ်။ DVB TV News ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ 

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...