"All-inclusiveness" -
တိုင်းပြည်ရဲ့ ကံကြမ္မာအ၀၀ ကို လူတစ်ဦးတစ်ယောက်တည်းအပေါ် ပုံအပ်ထားတာဟာ
မြန်မာနိုင်ငံရဲ့  မှားယွင်းသလောက် ကြောက်စရာ ကောင်းတဲ့ နိုင်ငံရေးဓလေ့ပဲ...။
မဆလ ခေတ်က ဦးနေ၀င်း၊ စစ်အစိုးရခေတ်မှာတော့ တပ်ချုပ်ကြီးပေါ့လေ...။
ဒီလူတွေက အာဏာရှင်မို့ အာဏာရှင်ပီပီသသ အာဏာကို မောင်ပိုင်စီး
လုပ်ချင်ရာလုပ်တာက အာဏာရှင်သဘာဝ ကျတယ်ပြောရမှာပေါ့...
- ဒါပေမယ့်....အခု ဒီမိုကရေစီ သွားမယ်လို့ ပြောတဲ့ခေတ်မှာ တိုင်းပြည်ရဲ
့အနာဂါတ်ကို ဒေါ်စု တစ်ယောက်တည်းအပေါ် ၀ကွက်အပ်ထားတာ ကလည်း
စစ်ဗိုလ်ချုပ်ကြီးတွေ လမ်းကြောင်းပဲ...။ ဒေါ်စု တစ်ချက်မှားတာနဲ
့အားလုံးဂျွမ်းပြန်ကုန်တော့မယ်..။ ငါးပါးမက သံဃာစင်ပါ မှောက်မယ့်ကိန်းတော့
မြင်လာနေရပြီ...
- ခုတလော....ဖြစ်ရပ်တွေပဲကြည့်။ ဘင်္ဂလီအရေးပေါ်တော့ နိုဘယ်ဆုရှင်ဟာ လူ
့အခွင့်အရေးခြေချုပ်မိပြီး...ကျေးဇူးခံကျေးဇူးစား အနောက်ကို
မဖီဆန်ရဲတော့ဘူး..။ လူနည်းစု လူများစု ဘာညာနဲ့ ပြောတော့ ရခိုင်တွေ
ဒေါသူပုန်ထကုန်ရော...။ မိတ္ထီလာ အရေးအခင်းဖြစ်တော့ ...ဒီလို ဘာသာရေး
လူမျိုးရေးတွေကို လစ်ဘရယ်ဘောင်ထဲ ထည့်မယ် (accommodate) ဆိုတဲ့ အကြံနဲ့ 
မောင်ကိုနီကို စင်တင်ပေးတော့ သံဃာနဲ့ တွေ့ တော့တာပဲ...။
- ဒေါ်စုအမြင်မှာတော့....သူ့ အပေါ်ထားတဲ့ လူထုမေတ္တာဟာ သူ့ လူအပေါ်မှာလည်း
ရောင်ပြန်ဟပ်မယ်...ရာဇ၀င်ဗီလိန် စစ်တပ်ကဆွဲထားတဲ့ ခြေဥပြင်မယ့်ကိစ္စနဲ
့ဒီမာမူကို တွဲသုံးလိုက်ရင် လူထုအတွင်း ကုလားမုန်းတီးရေး ကို အလိုလို
လျှော့ချနိုင်မယ်...ခြေဥပြင်ပြီးသားလည်းဖြစ်မယ်၊ ပြည်တွင်းနေမဲလည်း
စုပြီးသားဖြစ်တဲ့အပြင်.. အနောက်အကြိုက်နဲ့  ဘင်္ဂလီချွေးသိပ်ရေးဆိုတဲ့
တချက်ခုတ် သုံးလေးချက်လောက်ပြတ်မယ့်နည်းလမ်းလို့  ထင်မြင်ဟန်တူပါတယ်...။
- ဒါပေမယ့် သူ ထဲ့မတွက်မိတာ...သို့ တည်းမဟုတ်...လျှော့တွက်မိတာက...သူ့ ဆရာ
သံဃာတွေနဲ့ ရှင်ဝီရသူတို့ ရဲ့ အမျိုးသားရေးဝါဒီ လှုပ်ရှားမှုကိုပဲ..။
တကယ်က အခုလို ဒီမိုကရေစီပြုခြင်းဖြစ်စဉ် (Democratization Process) ရဲ့ 
ဖြေလျော့မှု ကာလတွင်းမှာ အမျိုးသားရေးဝါဒ အားကောင်းလာစမြဲဆိုတာ
ဒီမိုကရေစီပညာရပ်နယ်ပယ်မှာ အကျယ်လောင်ဆုံး ပြောဆိုနေကြမင့်ဟာပဲ....။
ဒေါ်စုနဲ့ သူ့ သာဝကတွေသာ နိုင်ငံရေးအမြှော်အမြင်အပြည့်အ၀ ရှိခဲ့ရင်တော့
ဒီလို အမျိုးသားရေးဝါဒီတွေကို သူတို့ ရဲ့ လစ်ဘရယ် အ၀န်းအ၀ိုင်းအတွင်း
ဘယ်လို စည်းရုံးသိမ်းသွင်းမလဲ (accommodate) ဆိုတဲ့ ဗျူဟာ
ရှိကိုရှိခဲ့ရမယ်...။ အခုထိတော့ မမြင်မိသေးဘူး..။
- နောက်တစ်ခုက....လမ်းမ နိုင်ငံရေး (Street Politics) အလေ့အကျင့်ကနေ
ဗျူဟာမြောက် ချဉ်းကပ်မှု (Strategic Approach) အဖြစ် မပြောင်းလဲနိုင်တာ...။
အကူးအပြောင်းဖြစ်စဉ်ကို အားလုံးပါဝင်တဲ့ ဖွံ့ ဖြိုးမှု (All-inclusive
development) အဖြစ် ဖန်တီးမရယူနိုင်တာ...။ ဒီနေရာမှာ ဒေါ်စုရဲ
့ရေပန်းစားမှုဟာ အကောင်းဆုံးသော လက်နက်ဖြစ်ပင်ဖြစ်သော်လည်း
အသုံမပြုတဲ့အပြင်....ကိုယ့်လူတွေဖြစ်တဲ့ NDF, NDP စတဲ့ ခွဲထွက်တွေကိုတောင်
ပြန်လည်မစည်းရုံးပဲ...၀ိုင်းကျဉ်တာ....လူတိုင်းကို ပါဝင်နိုင်ဖို
့အခွင့်အရေးပေးတဲ့ အချိုးကျကိုယ်စားပြုစံနစ် (Proportional Representative
System) ကိုထဲထဲဝင်ဝင် မလေ့လာပဲ အလွယ်တကူပစ်ပယ်တာ....ပါတီစုံဒီမိုကရေစီ လို
့အော်ပေမယ့် အင်္ဂလန်၊အမေရိကန် ပုံစံ ၂ ပါတီကြီစိုးရေးကို ဦးတည်လာတာ
စသဖြင့်တွေဟာ...နည်းဗျူဟာ ချွတ်ချော်မှုကိုပြတာပဲ..။ ဒီလို ဖြုတ်ထုတ်သတ်
(exclusion policy) မူဝါဒရဲ့ အကျိုးဆက်က ပါတီငယ်တွေနဲ
့အမျိုးသားရေးဝါဒီတွေ ပေါင်းစည်းမိသွားစေပြီး အင်အားကြီးတစ်ရပ်ဖြစ်လာမယ့်
လမ်းစကို ချပေးမိတာပဲ...။
- အဆုံးမတော့ မြစ်ဆုံလို လက်ပံတောင်းလို သဘာဝပတ်ဝန်းကျင်ကိစ္စလည်း ဒေါ်စု၊
လွှတ်တော်ကချွတ်ချော်လည်း ဒေါ်စု၊ ခြေဥလည်း ဒေါ်စု၊ ကုလားအရေးလည်း ဒေါ်စု၊
တိုင်းရင်းသားပြဿနာလည်း ဒေါ်စု၊ ဥပဒေစိုးမိုးရေးလည်း ဒေါ်စု .....စသဖြင့်
အမယ်ဘုတ်ကဲ့သူ့ ချည်ခင်တွေအားလုံး ဒေါ်စု ဖြစ်လာတော့တာပဲ...။
လုပ်ပိုင်ခွင့်အာဏာသာမရှိတာ...လူတွေရဲ့ မျှော်လင့်မှုအားလုံးဟာ ဒေါ်စု
အပေါ်မှာ တစတစ ပုံကျလာနေလိုက်တာ...ထုနဲ့ ထည်နဲ့ .....ဒါကို
မကိုင်တွယ်နိုင်၊မဖြေရှင်းနိုင်ရင် မဆလ လမ်း၊ နအဖ လမ်းကို မြန်းကြဖို
့ပါပဲ...။
- ကိုင်တွယ်နိုင်မယ့် စွမ်းရည်ရှိမယ်လို
့လည်းမမြင်မိသလို..."လူကြိုက်များစေချင်ရင် ဇတ်ကမှာပေါ့ " ဆိုတာမျိုးဟာလည်း
ဖြေရှင်းနည်း အမှန်လည်းမဟုတ်ပေဘူး..။ မျှော်လင့်ချက်တွေအားလုံး၊
လုပ်ပိုင်ခွင့်တွေအားလုံး ကို လူတစ်ဦးတစ်ယောက်တည်းအပေါ်စုပုံထားတဲ့
နိုင်ငံရေးဓလေ့ဟာ အားလုံးရဲ့ ပျက်ဆီးရာ ပျက်ဆီးကြောင်း အန္တရယ်ကြီးဆိုတာ
သမိုင်းက အခါခါသက်သေပြခဲ့ပြီးပါပြီ..။ ဒီဓလေ့ကို အာဇာနည်းခေါင်းဆောင်ကြီးရဲ
့သမီးက စတင်ချိုးဖျက်ဖို့ အရေးတကြီးလိုအပ်နေပြီ..။
- "လူငယ်တွေကို နေရာမပေးဘူး၊ တာဝန်ပဲပေးမယ်" လို့ ပြောနိုင်တဲ့သူက
ဘာကြောင့်များ သူ ပတ်ဝန်းကျင်က နိုင်ငံရေးပြိုင်ဘက်တွေနဲ
့တာဝန်ခွဲယူနိုင်မယ့်ဗျူဟာနဲ့ လမ်းစဉ်ကိုမချမှတ်နိုင်ရတာလဲ
မေးချင်မိတော့တယ်...။ ပုဂ္ဂိုလ်ရေးအားပြုနိုင်ငံရေးကို အတားဆီးနိုင်ဆုံးက
လူတိုင်းပါဝင်တဲ့ဖွံ့ ဖြိုးမှု (Participatory development) ဖြစ်စဉ်ပဲ..။
လူတိုင်းရဲ့  အစွမ်းအစတွေ (capabilities)တွေကို ကျယ်ကျယ်ပြန့် ပြန်
့အသုံးချဖို့  လမ်းဖွင့်ပေးတဲ့ ဖြစ်စဉ်ပဲ..။
- ဒီလမ်းကြောင်းကို ဖေါက်ပေးနိုင်ဖို့ ဆိုရင် ဒေါ်စုကိုယ်တိုင် စတင်ရမယ်..။
ဒေါ်စု သမ္မတဖြစ်လို့ NLD အာဏာရဦးတော့... ဒေါ်စုတစ်ယောက်တည်းနဲ
့မစွမ်းနိုင်သလို NLD တစ်ပါတီတည်းနဲ့ လုပ်နိုင်တယ်ထင်ရင် မှားလိမ့်မယ်..။
ဘာလို့ လဲဆိုတော့..အားလုံးရဲ့ ရန်သူဟာ အများထင်သလို
စစ်အစိုးရမဟုတ်ပဲ...နက်ရှိုင်းလှတဲ့ဆင်းရဲတွင်း ထောင်ချောက်ကြီးဖြစ်နေလို
့ပဲ...။
0 comments:
Post a Comment