Saturday, January 25, 2014

အချိုကြိုက်တဲ့ ဂန္ဒီ။


တခါက ဂန္ဒီ ဆီကို သားအမိနှစ်ယောက် ရောက်လာတယ်။ ကလေးငယ်က အချိုတွေ အရမ်း စားတာ ကြောင့် ဆိုဆုံးမပေးဖို့ မိခင်က လာတိုင်တာ။ " အိမ်မှာတော့ ဘယ်လိုမှ ပြောလို့ မနိုင်တော့ဘူး ။ ဒါပေမဲ့ ဒီကလေးက ဂန္ဒီ ကြီးကို သိပ် ကြည်ညို တာ၊ ဂန္ဒီကြီး တစ်ခွန်းလောက် ပြောပေးရင် သူ နားထောင်ပါလိမ့်မယ် ။"
ဂန္ဒီကြီးက ကလေးကို အသက်ဘယ်လောက်ရှိပြီလဲ ၊ တနေ့ အချိုဘယ်လောက်များများ စားသလဲလို့ မေးတယ်။ ကလေးနဲ့ စကားစမြည် နည်းနည်းပြောပြီးတော့ ဂန္ဒီကြီးက မိခင်ကို နောက်တစ်လတိတိ နေမှ ထပ်လာခဲ့ဖို့ ပြောတယ်။
 ---------
 နောက်ထပ်တစ်လတိတိကြာတော၊့ အဲဒီသားအမိနှစ်ယောက် ထပ်ရောက်လာတယ်။ ဂန္ဒီကြီးမှာ၊ အလုပ်ကလည်းများ၊ တွေ့စရာလူတွေလည်းများတော့ သူတို့ဟာ အချိန်တော်တော်ကြာကြာ စောင့်နေရတယ်။ အလှည့်ကျတော့၊မိခင်က အရင်တစ်ခေါက်ပြောခဲ့တဲ့ အတိုင်းပဲ ဒီကလေး အချိုတွေ အရမ်းစားလို့ ဆုံးမပေးပါရှင် လို့ ထပ်ပြောတယ်။ အဲဒီတော့ဂန္ဒီ ကြီးက ကလေးငယ်ကို "အချိုအရမ်းစားတာ မကောင်းဘူးကွဲ့။ ကျန်းမာရေးနဲ့ မညီညွတ်ဘူး။နောက်ဆင်ခြင် ပါ။ " လို့ ခပ်တိုတိုလေးပဲ ဆုံးမတယ်။ မိခင်ဟာ နည်းနည်း မကျေမနပ် ဖြစ်သွားတယ်။ 

" ဂန္ဒီကြီးရှင့်၊ အခုလို ပဲ ဆုံးမ မယ် ဆိုရင် လဲ၊ ဟိုးလွန်ခဲ့တဲ့ တစ်လကတဲကပဲ ပြောလိုက်ပါတော့လား။ ကျွန်မတို့မှာ အကြာကြီး စောင့်လိုက်ရတာရှင် ။" 
" အဲဒီတုံးက ငါကိုယ်တိုင် အချိုတွေ အရမ်းစားနေခဲ့တာ။ အဲဒါကြောင့် တစ်လတိတိ အချိန်ယူပြီး အချိုစားတာကို ဖြတ်ပစ်လိုက်တာ။ ငါတို့ လူကြီး တွေ ကိုယ်တိုင် ကမှ မထိန်းသိမ်းမဆင်ခြင်နိုင်ပဲနဲ့ ကလေးတွေကို မဆုံးမ သင့်ဘူး။ မဟုတ်လား " ဂန္ဒီ ကြီးရှင်းပြလိုက်မှ၊ မိခင်ဖြစ်သူဟာ အကောင်းဆုံး သွန်သင်ဆုံးမနည်းဟာ၊ကိုယ်တိုင် စံပြနေထိုင်ပြုမူပြခြင်း ဆိုတာကို နားလည်သွားတယ်။ 
ကလေးငယ်လည်း သဘောပေါက်သွားလို့ အရင်တုံးကလို အချိုတွေ အရမ်း မစားတော့ဘူး ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...