ပင်စည်လှလှ ပန်းလှလှ
Author: lubo601 | 8:49 PM | No မှတ်ချက် |
`` ဖေ´´ ရုတ်တရက် အနောက်ကနေ ခေါ်သံနှင့် အတူ ပြေးဝင်လာပြီး ခါးကို
သိုင်းဖက်ထားတယ်။ အရွယ်ချင်း မတိမ်းမယိမ်းဖြစ်နေတဲ့ ကျွန်တော့်ရဲ့
မွေးစားသားလေးပေါ့။
`` ဟား သား ကြည့်စမ်းပါဦး၊ မတွေ့တာကြာလို့
သတိရနေတာ ကျောင်းပိတ်မှ လာမယ်ဆိုလို့ မျှော်နေတာကွ၊
ကျောင်းပိတ်တာတောင်ကြာပြီ အခုမှ ရောက်လာတယ်´´
ဝမ်းသာအားရ ပုခုံးနှစ်ဘက်ကို ဆုပ်ကိုင်ထားရာက ခေါင်းလေးကို ပွတ်ရင်း ပြန်ပြောလိုက်မိတယ်။
ကျွန်တော့် သူငယ်ချင်းရဲ့သား၊ ကျွန်တော့် မွေးစားသားလေးပေါ့။ ဆယ်တန်းတက်တော့ သူ့ အဘိုး အဘွားတွေရှိရာမှာ သွားတက်တယ်။
မအေတစ်ယောက်ထဲရဲ့ ရုန်းကန်မှုအောက်မှာ မလုံလောက်လို့လေ၊ ကျွန်တော့် သူငယ်ချင်းကတော့ သူတစ်နှစ်သားလောက်မှာပဲ ကွယ်လွန်ခဲ့တာပါ။
သူ့မေမေကတော့ ရရာ အလုပ်လေးလုပ်ရင်း၊ ဈေးရောင်းရင်း၊ သားကို စောင့်ရှောက်ရင်းနဲ့ ကြီးပြင်းစေခဲ့တယ်။
`` ဟုတ်.. သင်္ကြန်မတိုင်ခင်ကတတည်းက ပြန်လာမလို့ ဖွားဖွားက မသွားနဲ့ဦး
ဆိုလို့လေ၊ ဖေနေကောင်းတယ်မဟုတ်လား၊ အမှန်အတိုင်းပြောတာ သား
အရမ်းလွမ်းတယ်´´ ပြောရင်း ပိုပြီး တင်းတင်းဖက်ထားတယ်...။
ပန်းသည်အဒေါ်ကြီးကတော့ ပြုံးရင်းကြည့်နေတယ် ပြီးတော့..
`` အောင်မယ်လေးတော် သားအဖတွေများ အဖြစ်သည်းနေလိုက်ကြတာ´´တဲ့။
သားကို ငယ်ငယ်ကတည်းက ကျွန်တော် မွေးလာတယ်လို့ပဲ ပြောရမှာပေါ့၊ သူ့အဖေရော အမေရော နှစ်ယောက်စလုံးက ကျွန်တော့်သူငယ်ချင်းတွေပါ။
သူ့အဖေဆုံးပြီးတော့ သားတို့ သားအမိကို တတ်နိုင်သလောက် ထောက်ပံ့ရင်းနဲ့ စောင့်ရှောက်လာခဲ့ရတဲ့ တစ်ဦးတည်းသော သားလေးပါပဲ။
အခု စာမေးပွဲပြီးလို့ ပြန်လာပြီ၊ သူ ကျောင်းသွားတက်တော့ ကျွန်တော် တကယ်ကိုလွမ်းမိပါတယ်။
ဘာလေးပဲရှိရှိ၊ ဘာလေးပဲဖြစ်ခဲ့ဖြစ်ခဲ့`` ဖေ.. ဖေ´´နဲ့.အကုန်ပြောပြတတ်တယ်။
ပညာရည်ချွန်ဆု ချီးမြှင့်ပွဲ၊ ကျောင်းပေါင်းစုံ စာစီစာကုံးပြိုင်ပွဲ၊
အားကစားပွဲနဲ့၊ ကျောင်းရဲ့ ပြိုင်ပွဲတော်တော် များများမှာ သူ့အဖေရဲ့
ကိုယ်စား တိုက်ပုံ အင်္ကျီ တကားကားနဲ့ ကျွန်တော် အမြဲလိုက်ပါခဲ့ရတာ။
လူတိုင်းက တက်လူညွန့်ရဲ့ ဖေဖေလို့ပဲ ထင်ကြတယ်။ တိုင်းရင်းသားစပ်တဲ့
ကျွန်တော်နဲ့ တိုင်းရင်းသားစပ်တဲ့ ကျွန်တော့် သူငယ်ချင်းရဲ့ သားဆိုတော့လည်း
ရုပ်ချင်းက ဆင်ဆင်လေ၊ ထင်ရင်လည်း ထင်ချင်စရာပေါ့။
တစ်ယောက်ထဲနေပေမယ့် ဟိုဘက်နည်းနည်းတိုးဖြစ်နေတဲ့ ကျွန်တော့် ဘ၀မှာတော့ ဒီသားလေးက အရင်းနှီးဆုံးအဖော်ပါပဲ။
`` လာ.. သား၊ သား ဘာမှ မစားရသေးဘူး မဟုတ်လား၊ လက်ဘက်ရည်ဆိုင်သွားမယ် လာ´´ ပြောရင်းကျွန်တော်သူ့လက်မောင်းလေးကို ဆွဲလာခဲ့တယ်။
`` သားစားပြီးပြီး ဖေပဲစား´´တဲ့.... ပြောရင်းနဲ့ ပါလာတာပါပဲ။
စားပွဲလေးမှာ ၀င်ထိုင်ပြီးတော့.... `` သားစာမေးပွဲဖြေနိုင်တယ် မဟုတ်လား. ဘယ်လောက်မှန်းထားလဲ...´´
`` နှစ်လုံးလောက်တော့ မှန်းထားတယ် ဖေ၊ သေချာပါတယ်´´တဲ့
တစ်ချက်ပြုံးလိုက်မိတယ်၊ အဓိပ္ပါယ်ပေါင်းများစွာနဲ့ပေါ့၊ ရည်ရွယ်ချက်တွေ
ရှိတယ် ဒီသားလေးအတွက်လေ။
အမှန်တော့ ကျွန်တော် ဘာတစ်ခုမှ နားမလည်ပဲ ရဲရဲတင်းတင်း စိုက်ပျိုးခဲ့တဲ့ ပန်းလေး လှလာတော့မယ်လေ။
သားလေးနံမယ်ကိုလည်း ကျွန်တော်ပဲပေးခဲ့တာ၊ သားက စနေသားလေးလေ၊ နေ့တွေနံတွေ သိပ်နားလည်လို့ မဟုတ်ပေမယ့်
``တက်လူညွန့်´´ လို့ ပေးလိုက်တယ်။
လူ့ဘ၀မှာ အညွန့်တလူလူနဲ့ တက်နေစေချင်လို့ပါ။
========================
စားပွဲထိုးလေး လာချပေးတဲ့ နံပြားပေါ်က ဖောင်းနေတဲ့ အဖတ်လေးတွေကို ခွါ၊
ပဲပြုတ်လေး နည်းနည်းထည့်ပြီး ကျွန်တော် ခွံ့ကျွေးတော့ သားက ပြုံးရင်း
လက်နဲ့ ယူစားလိုက်တယ်၊ အခွံ့ မခံဘူး၊ ပြီးတော့....
`` ဖေ..... ဖေ့သားက လူပျိုဖြစ်နေပြီလေ´´တဲ့၊ ကျွန်တော်ရယ်တော့ သူလည်း လိုက်ရယ်တယ်၊ ပြိုင်တူပါပဲ။
သူငယ်ငယ်လေး ကတည်းက ကျွန်တော် လက်လက်ရည်ဆိုင်ထိုင်တိုင်း ဒီလိုပဲ
ကျွေးခဲ့တာလေ။ တကယ့် သားအရင်းလိုပါပဲ၊ သူ ကြီးပြင်းလာပြီလို့
တွေးမိတိုင်းလည်း သူငယ်ချင်းကို သတိရမိတယ်။
သူ့အဖေနဲ့ အရမ်းတူတဲ့သားလေးပါ၊ ပြောပုံ ဆိုပုံနဲ့ လူချစ်အောင် ခင်အောင် နေတတ်ထိုင်တတ်တာတွေ၊ နောက်တတ်တာတွေကအစ အကုန်တူနေတယ်။
``ဖေ ဘာတွေ ၀ယ်ထားတာလဲ အိတ်ထဲမှာ အပြည့်ပါလား´´ ဈေးပစ္စည်းတွေထည့်ထားတဲ့ အိတ်ကိုကြည့်ရင်း သားကမေးလာတယ်။
`` ဟင်းချက်မစားတာကြာပြီသားရဲ့၊ အခု ငါးနဲ့ ဂျူးမြစ်နဲ့၊ အရွက်ကြော်နဲ့
ငါးပိရည်၊ ပြီးတော့ ငှက်ပျောဖူးပြုတ်တို့မယ်ကွာ၊ ဒို့သားအဖနှစ်ယောက်
အသားကုန်တွယ် ကြမယ်၊ ဒီနေ့သား ဟင်းချက်ရမယ်နော်၊ ရသေးတယ် မဟုတ်လား....´´
`` ဟုတ် ရတာပေါ့ ဖေရာ၊ ဒါနဲ့ ဖေ ငှက်ပျောဖူးပြုတ်ဖို့ မန်ကျည်းမှည့်ရော ပါရဲ့လား....´´
`` မန်ကျည်းမှည့် အိမ်မှာ ရှိတယ်လေ၊ သားမေမေ့ဆီကိုရော ရောက်ပြီးပြီလား၊ အ၀တ်အိတ်တွေရော ´´
`` ရောက်ပြီးပြီဖေ၊ သား မနက်၅နာရီထဲက ရောက်တာ၊ မေမေ့ကို
ဆိုင်ဝိုင်းခင်းပေးပြီးပြီ၊ နောက်ပြီးတော့... မေမေနဲ့ တူတူ ထမင်းကြော်လည်း
စားခဲ့ပြီ၊ သားအိမ်ကိုလည်း ၀င်ခဲ့သေးတယ်၊ ဖေစိုက်ထားတဲ့ သစ်ခွပန်းတွေ
အရမ်းလှနေပြီနော်၊ ပင်စည်ကြီးမလှတဲ့ သစ်ခွပန်းတွေလေ´´
လက်ဘက်ရည်သောက်ရင်းနဲ့ သား(၈)တန်းလောက်မှာ ကြုံတွေ့ခဲ့တဲ့ စိတ်ဆင်းရဲမှု အကြောင်းကို ပြန်သတိရမိတယ်။
တစ်နေ့ ကျောင်းဆင်းပြီး တအောင့်နေတော့ သား ကျွန်တော့်အိမ်ကို ရောက်လာတယ်။
ပြီးတော့ ညှိုးငယ်နေတဲ့ မျက်နှာနဲ့ တစ်ခုမေးလာတယ်
``သားအဖေက ဘယ်လို ဆုံးတာလဲ´´တဲ့။ ကျွန်တော်ထိတ်ထိတ်ပြာပြာနဲ့
``ဘာဖြစ်လို့လဲ´´လို့ ပြန်မေးတော့....
``သူငယ်ချင်းတွေက ပြောတယ်၊ ဖေဖေက ဆေးရှော့ဖြစ်ပြီးဆုံးတာတဲ့၊ အဲဒါ ဟုတ်လားလို့ သိချင်လို့ပါ ´´
``အမှန်အတိုင်းပြောရရင် ဟုတ်တယ်၊ အဲဒါ ဘာဖြစ်လို့လဲ သားရဲ့ ´´
`` ကျောင်းမှာ သားမျက်နှာငယ်တာပေါ့ ဖေရာ၊ အရှက်ကွဲတာပေါ့၊
ဖေစဉ်းစားကြည့်လေ...´´ ပြောရင်းမျက်ရည်ဝဲလာတယ်။ သားက ရှက်တတ်တဲ့ အရွယ်
ရောက်နေပြီလေ။
`` ဘာဆိုင်လဲကွာ၊ သူ့ခေတ်နဲ့ သူ့အခါက ဖြစ်တာတွေပါ။
မင်းအဖေတို့က ပိုက်ဆံ ချမ်းသာတော့ ဒီလိုပဲဖြစ်တာပေါ့။ အခုသားကို
လှောင်နေကြလို့လား၊ ပြော ဖေ ဆရာမကို လိုက်ပြောမယ်´´ အသံနည်းနည်း
မာသွားတယ်ထင်တယ်။
သားက ပြာပြာသလဲ `` အဲလို မဟုတ်ပါဘူး၊ သားဟာသား
ရှက်နေမိတာပါ၊ ဖေရှိနေလို့ တော်သေးတယ်၊ တစ်ခါတစ်လေ သားစဉ်းစားမိတယ် ဖေက
သားဖေ အရင်းဆိုရင် ဘယ်လောက် ကောင်းလိုက်မလဲလို့၊ အခုတော့ သားက
ဖအေအရင်းနဲ့ ပတ်သက်ရင် မျက်နှာငယ်နေရတယ်´´ ပြောရင်း သားမျက်ရည်တွေ
စီးကျလာတယ်။
အဲဒီတုန်းက ကျွန်တော် သားရဲ့ ခံစားချက်ကို နားလည်ပေမယ့် သူ့ကို အာရုံလွှဲလိုက်ရတယ်။
`` ဘာဆိုင်လဲကွ၊ . မိဘကို အဲဒီလို တွေးစရာလား၊ ဒီလိုစိတ်မျိုး ၀င်လာရင်
သား အနန္တဂိုဏ်းသင့်မယ်။ သူ့ဟာသူ ဘာဖြစ်ဖြစ် မိဘက မိဘပဲ၊ ဖေ့ထက်သားကို
သားဖေဖေက ပိုချစ်ခဲ့တာပေါ့ကွ´´ သူ ကျွန်တော့် မျက်နှာကို ကြည့်နေတယ်
ပြီးတော့.....
`` ဒါဆို ဘာလို့ ဆေးမဖြတ်တာလဲ၊ သားကိုရော မေမေ့ကိုရော ချစ်ရင် ဆေး ဖြတ်ရမှာပေါ့´´တဲ့။
`` သူဖြတ်မလို့ လုပ်နေရင်း ဖြစ်သွားတာကွ၊ အပြစ်တင်မနေနဲ့ ဟုတ်တာလဲ
မဟုတ်ပဲနဲ့ သွား စာသွားကြည့်၊ နောက်တစ်ခါ အဲဒီလို ပြောရင် မင်းနဲ့
ငါနဲ့တွေ့မယ်´´ ကျွန်တော် ငေါက်လွှတ်လိုက်မိတယ်။ စိတ်ထဲမှာတော့ တော်တော်
မကောင်း ဖြစ်ခဲ့တာပါ။
နောက် ကျွန်တော်စဉ်းစားတယ်။ သားစိတ်ဒဏ်ရာကို ဘယ်လို ကုသရမလဲလို့၊ အတွေးတစ်ခုပေါ်လာတယ်... ပြီးတော့လက်တွေ့ အကောင်အထည် ဖော်လိုက်တယ်။
ဈေးထဲက သစ်ခွမျိုး နည်းနည်း ၀ယ်ပြီး အိမ်ရှေ့က အပင်ကြီးမှာ ကပ်စိုက်လိုက်တယ်။
ကျွန်တော်သစ်ခွပန်းလေး စိုက်နေတုန်း သားရောက်လာတယ်။
`` ဖေ... သား ၀ိုင်းလုပ်ပေးမယ်´´
ကျွန်တော်တို့ သားအဖနှစ်ယောက်အတူတူ ပန်းပင်လေးတွေ စိုက်နေရင်းက
`` သား... ကြည့်စမ်း ဒီသစ်ပင်ကြီးက လှလား၊ ပင်စည်ကြီးကလေ....´´
သစ်ခွပန်းပင်လေး ကပ်ပြီး စိုက်နေတဲ့သစ်ပင်ကြီးကို ပြရင်း မေးလိုက်တယ်။
သူသေသေချာချာကြည့်ရင်းနဲ့ `` ကဗျာဆန်ဆန် မလှပေမဲ့ ပင်စည်ဆိုတော့လည်း ပင်စည်လို လှတာပေါ့ ဖေရဲ့၊ ဘာလို့ မေးတာလဲ´´
`` ဟဲဟဲ ကဗျာမဆန်တဲ့ ပင်စည်ကြီးကို ကဗျာဆန်အောင် ဖေလုပ်နေတာကွ၊
ဒီသစ်ခွပန်းလေးတွေ ပွင့်လာရင် ပင်စည်ကြီးက ကဗျာ ဆန်ဆန် လှပသွားလိမ့်မယ်၊
မယုံဘူးလား´´ သားက ဇဝေဇ၀ါနဲ
``ဖေပြောတာ သား စောင့်ကြည့်မယ်လေ´´တဲ့။
=======================
လပိုင်းလောက်အကြာမှာတော့ သစ်ခွပန်းလေးတွေ ပွင့်လာတယ်၊ ကျွန်တော် သားကို ခေါ်ပြပါတယ်။
``သားနဲ့ ဖေနဲ့ စိုက်ထားတဲ့ သစ်ခွပန်းလေး အခုပွင့်ပြီကွ၊ ကြည့်စမ်း လှလားသား..´´
`` ဟုတ် လှတယ်ဖေ၊ တကယ်ကိုလှတယ်´´
``ဟုတ်တယ်၊ ပန်းလေးတွေက သိပ်လှတာပေါ့သားရယ်၊ ပင်စည်ကြီး မလှပေမယ့်လည်း
ပန်းပွင့်လေးကတော့ လှတယ်ကွ၊ ပင်စည်ကြီးက ကိုယ်တိုင် မလှပေမယ့် လှပတဲ့
ပန်းလေးတွေကိုတော့ ရှင်သန် ပွင့်လန်းစေနိုင်တယ်လေ၊ သဘာဝတရားရဲ့
စောင့်ရှောက်မှုကို အပြည့်အ၀ ရခဲ့ရင်ပေါ့´´
`` ဟုတ်ဖေ´´
``သား... ဒီမှာကြည့်စမ်း၊ မျိုးကောင်းတဲ့ သစ်ခွပန်းပင်လေးတွေဆိုတာလည်း
သစ်ပင်ကြီးကို ခွပြီးမှ ရှင်သန်ရတယ်ကွ၊ တန်ဘိုးကြီးလို့ဆိုပြီး အိမ်ထဲမှာ
သစ်သားတန်းတွေနဲ့ စိုက်လိုက်ရင် နေရောင်ရယ်၊ သဘာဝနှင်းစက်နဲ့
မိုးစက်လေးတွေကို အပြည့်အ၀ မရနိုင်တော့ဘူးလေ၊ သူ့အတွက် လိုအပ်နေတဲ့
အခြေအနေအမှန်ကိုတော့ အပြင်မှာပေါက်နေတဲ့ ရုပ်ဆိုးဆိုး ဒီပင်စည်ကြီးကပဲ
ပေးစွမ်းနိုင်တာကွ၊ ခြံတွေ ဘာတွေနဲ့ သေသေချချာ စိုက်နိုင်ရင်တော့
တစ်မျိုးပေါ့ကွာ´´
ကျွန်တော် စကားမဆုံးခင် စိတ်ဝင်တစား နားထောင်နေတဲ့သားက ဘာကို ဆိုလိုတာလဲ ဆိုတာ ချက်ချင်း သဘောပေါက်သွားတယ်။
`` ဟုတ်..ဟုတ် ဖေ သားသဘောပေါက်ပြီ။ သားက တန်ဘိုးမြင့်တဲ့
သစ်ခွပန်းလေးဆိုရင် သားဖေဖေက ပင်စည်ကြီးပေါ့... ဖေကတော့ လိုအပ်တဲ့
နေရောင်ရယ်၊ မိုးစကလေးတွေရယ်၊ နှင်းလေးတွေရယ်၊ လေပြေလေညှင်းလေးတွေရယ်ပေါ့၊
မေမေကတော့ အဲဒီနှစ်မျိုးလုံးပေါ့၊ ဖေဖေသာ ရှိနေခဲ့ရင် ဒါတွေ အားလုံးက
ဖေဖေပေါ့။ ဒါဆို သားလှလှပပ ပွင့်ဖို့ပဲ ကျန်တော့တာပေါ့နော်´´
ကျွန်တော်ပြုံးရင်း ခေါင်းညိမ့်ပြလိုက်တယ်၊ ပြီးတော့ သားခေါင်းလေးကို
ပွတ်ပေးခဲ့တယ်။ အဲဒီအချိန်ကစပြီး သားမျက်နှာလေး ပြန်ပြုံးလာခဲ့တယ်
ထင်ပါတယ်။
အခုလည်း ပြန်စဉ်းစားရင်း ကျွန်တော် ပြုံးနေခဲ့တယ်လေ။ သားက အိမ်ကိုလာရင် သစ်ခွပန်းပင်လေးတွေကို အရင်ကြည့်တတ်တယ်။
ကျွန်တော် ဥပမာပေးခဲ့တာ သားအတွက် ထိရောက်သွားခဲ့တယ် ထင်ပါတယ်။
==================
``ဖေ...... ဘာတွေ စဉ်းစားနေတာလဲ၊ လ္ဘက်ရည်တွေလည်း ကုန်ပြီ၊ ထမင်းချက်ရဦးမယ်လေ၊ ပြန်ရအောင်´´ တဲ့။
ကျွန်တော်လည်း ကယောင်ကတမ်းနဲ့
`` အေး.... အေး.... အေးပါ သားရယ်´´ လို့ပြောရင်း ပိုက်ဆံရှင်းပြီး ထပြန်ခဲ့ကြတယ်။
လမ်းမှာ စဉ်းစားလာသေးတယ်၊ ပင်စည် မလှပေမယ့်လည်း... သဘာဝရဲ့
လိုအပ်ချက်တွေ... လောကရဲ့ လိုအပ်ချက်တွေကို ထောက်ပံ့ပေးထားနိုင်ရင် လှပတဲ့
ပန်းလေးတွေကတော့ ပွင့်နိုင်သေးတယ်လို့။
ကဲ.... သားရေ
မင်းပွင့်လိုက်စမ်း၊ ဘယ်လောက်အထိ ပွင့်မှာလဲ၊ ပင်စည်ကြီးကတော့
မသိနိုင်တော့လို့ မပျော်ရွှင်နိုင်ပေမယ့် ဖေကတော့ ပျော်ရွှင်တတ်တယ်ကွ၊
သားအတွက် ဖေ အများကြီးကို ပျော်လိုက်ဦးမယ်။
စဉ်းစားလာရင်းနဲ့
သားပုခုံးကို ကျွန်တော် ညှစ်လိုက်မိတယ်ထင်တယ်.. သားလှည့်ကြည့်လာတယ်၊
ပြီးတော့ ပြုံးပြတယ်၊ ကျွန်တော့် အတွက်တော့ ဒီသားလေးရဲ့ မျက်နှာက
တကယ်လှတဲ့သစ်ခွပန်းကြီးပါပဲ။
(ကွန်ဆူးမား)(၂၂-၁-၂၀၁၄)
၂၀၁၂ခုနှစ်၊ မေလ ၈ ရက်နေ့တွင် `` ချစ်သူမြို့တော်´´၌ ရေးဖြစ်ခဲ့သော ပို့စ်လေးအား ပြင်ဆင်ရေးသားပါသည်။
`` ဖေ´´ ရုတ်တရက် အနောက်ကနေ ခေါ်သံနှင့် အတူ ပြေးဝင်လာပြီး ခါးကို သိုင်းဖက်ထားတယ်။ အရွယ်ချင်း မတိမ်းမယိမ်းဖြစ်နေတဲ့ ကျွန်တော့်ရဲ့ မွေးစားသားလေးပေါ့။
`` ဟား သား ကြည့်စမ်းပါဦး၊ မတွေ့တာကြာလို့ သတိရနေတာ ကျောင်းပိတ်မှ လာမယ်ဆိုလို့ မျှော်နေတာကွ၊ ကျောင်းပိတ်တာတောင်ကြာပြီ အခုမှ ရောက်လာတယ်´´
ဝမ်းသာအားရ ပုခုံးနှစ်ဘက်ကို ဆုပ်ကိုင်ထားရာက ခေါင်းလေးကို ပွတ်ရင်း ပြန်ပြောလိုက်မိတယ်။
ကျွန်တော့် သူငယ်ချင်းရဲ့သား၊ ကျွန်တော့် မွေးစားသားလေးပေါ့။ ဆယ်တန်းတက်တော့ သူ့ အဘိုး အဘွားတွေရှိရာမှာ သွားတက်တယ်။
မအေတစ်ယောက်ထဲရဲ့ ရုန်းကန်မှုအောက်မှာ မလုံလောက်လို့လေ၊ ကျွန်တော့် သူငယ်ချင်းကတော့ သူတစ်နှစ်သားလောက်မှာပဲ ကွယ်လွန်ခဲ့တာပါ။
သူ့မေမေကတော့ ရရာ အလုပ်လေးလုပ်ရင်း၊ ဈေးရောင်းရင်း၊ သားကို စောင့်ရှောက်ရင်းနဲ့ ကြီးပြင်းစေခဲ့တယ်။
`` ဟုတ်.. သင်္ကြန်မတိုင်ခင်ကတတည်းက ပြန်လာမလို့ ဖွားဖွားက မသွားနဲ့ဦး ဆိုလို့လေ၊ ဖေနေကောင်းတယ်မဟုတ်လား၊ အမှန်အတိုင်းပြောတာ သား အရမ်းလွမ်းတယ်´´ ပြောရင်း ပိုပြီး တင်းတင်းဖက်ထားတယ်...။
ပန်းသည်အဒေါ်ကြီးကတော့ ပြုံးရင်းကြည့်နေတယ် ပြီးတော့..
`` အောင်မယ်လေးတော် သားအဖတွေများ အဖြစ်သည်းနေလိုက်ကြတာ´´တဲ့။
သားကို ငယ်ငယ်ကတည်းက ကျွန်တော် မွေးလာတယ်လို့ပဲ ပြောရမှာပေါ့၊ သူ့အဖေရော အမေရော နှစ်ယောက်စလုံးက ကျွန်တော့်သူငယ်ချင်းတွေပါ။
သူ့အဖေဆုံးပြီးတော့ သားတို့ သားအမိကို တတ်နိုင်သလောက် ထောက်ပံ့ရင်းနဲ့ စောင့်ရှောက်လာခဲ့ရတဲ့ တစ်ဦးတည်းသော သားလေးပါပဲ။
အခု စာမေးပွဲပြီးလို့ ပြန်လာပြီ၊ သူ ကျောင်းသွားတက်တော့ ကျွန်တော် တကယ်ကိုလွမ်းမိပါတယ်။
ဘာလေးပဲရှိရှိ၊ ဘာလေးပဲဖြစ်ခဲ့ဖြစ်ခဲ့`` ဖေ.. ဖေ´´နဲ့.အကုန်ပြောပြတတ်တယ်။ ပညာရည်ချွန်ဆု ချီးမြှင့်ပွဲ၊ ကျောင်းပေါင်းစုံ စာစီစာကုံးပြိုင်ပွဲ၊ အားကစားပွဲနဲ့၊ ကျောင်းရဲ့ ပြိုင်ပွဲတော်တော် များများမှာ သူ့အဖေရဲ့ ကိုယ်စား တိုက်ပုံ အင်္ကျီ တကားကားနဲ့ ကျွန်တော် အမြဲလိုက်ပါခဲ့ရတာ။
လူတိုင်းက တက်လူညွန့်ရဲ့ ဖေဖေလို့ပဲ ထင်ကြတယ်။ တိုင်းရင်းသားစပ်တဲ့ ကျွန်တော်နဲ့ တိုင်းရင်းသားစပ်တဲ့ ကျွန်တော့် သူငယ်ချင်းရဲ့ သားဆိုတော့လည်း ရုပ်ချင်းက ဆင်ဆင်လေ၊ ထင်ရင်လည်း ထင်ချင်စရာပေါ့။
တစ်ယောက်ထဲနေပေမယ့် ဟိုဘက်နည်းနည်းတိုးဖြစ်နေတဲ့ ကျွန်တော့် ဘ၀မှာတော့ ဒီသားလေးက အရင်းနှီးဆုံးအဖော်ပါပဲ။
`` လာ.. သား၊ သား ဘာမှ မစားရသေးဘူး မဟုတ်လား၊ လက်ဘက်ရည်ဆိုင်သွားမယ် လာ´´ ပြောရင်းကျွန်တော်သူ့လက်မောင်းလေးကို ဆွဲလာခဲ့တယ်။
`` သားစားပြီးပြီး ဖေပဲစား´´တဲ့.... ပြောရင်းနဲ့ ပါလာတာပါပဲ။
စားပွဲလေးမှာ ၀င်ထိုင်ပြီးတော့.... `` သားစာမေးပွဲဖြေနိုင်တယ် မဟုတ်လား. ဘယ်လောက်မှန်းထားလဲ...´´
`` နှစ်လုံးလောက်တော့ မှန်းထားတယ် ဖေ၊ သေချာပါတယ်´´တဲ့ တစ်ချက်ပြုံးလိုက်မိတယ်၊ အဓိပ္ပါယ်ပေါင်းများစွာနဲ့ပေါ့၊ ရည်ရွယ်ချက်တွေ ရှိတယ် ဒီသားလေးအတွက်လေ။
အမှန်တော့ ကျွန်တော် ဘာတစ်ခုမှ နားမလည်ပဲ ရဲရဲတင်းတင်း စိုက်ပျိုးခဲ့တဲ့ ပန်းလေး လှလာတော့မယ်လေ။
သားလေးနံမယ်ကိုလည်း ကျွန်တော်ပဲပေးခဲ့တာ၊ သားက စနေသားလေးလေ၊ နေ့တွေနံတွေ သိပ်နားလည်လို့ မဟုတ်ပေမယ့်
``တက်လူညွန့်´´ လို့ ပေးလိုက်တယ်။
လူ့ဘ၀မှာ အညွန့်တလူလူနဲ့ တက်နေစေချင်လို့ပါ။
========================
စားပွဲထိုးလေး လာချပေးတဲ့ နံပြားပေါ်က ဖောင်းနေတဲ့ အဖတ်လေးတွေကို ခွါ၊ ပဲပြုတ်လေး နည်းနည်းထည့်ပြီး ကျွန်တော် ခွံ့ကျွေးတော့ သားက ပြုံးရင်း လက်နဲ့ ယူစားလိုက်တယ်၊ အခွံ့ မခံဘူး၊ ပြီးတော့....
`` ဖေ..... ဖေ့သားက လူပျိုဖြစ်နေပြီလေ´´တဲ့၊ ကျွန်တော်ရယ်တော့ သူလည်း လိုက်ရယ်တယ်၊ ပြိုင်တူပါပဲ။
သူငယ်ငယ်လေး ကတည်းက ကျွန်တော် လက်လက်ရည်ဆိုင်ထိုင်တိုင်း ဒီလိုပဲ ကျွေးခဲ့တာလေ။ တကယ့် သားအရင်းလိုပါပဲ၊ သူ ကြီးပြင်းလာပြီလို့ တွေးမိတိုင်းလည်း သူငယ်ချင်းကို သတိရမိတယ်။
သူ့အဖေနဲ့ အရမ်းတူတဲ့သားလေးပါ၊ ပြောပုံ ဆိုပုံနဲ့ လူချစ်အောင် ခင်အောင် နေတတ်ထိုင်တတ်တာတွေ၊ နောက်တတ်တာတွေကအစ အကုန်တူနေတယ်။
``ဖေ ဘာတွေ ၀ယ်ထားတာလဲ အိတ်ထဲမှာ အပြည့်ပါလား´´ ဈေးပစ္စည်းတွေထည့်ထားတဲ့ အိတ်ကိုကြည့်ရင်း သားကမေးလာတယ်။
`` ဟင်းချက်မစားတာကြာပြီသားရဲ့၊ အခု ငါးနဲ့ ဂျူးမြစ်နဲ့၊ အရွက်ကြော်နဲ့ ငါးပိရည်၊ ပြီးတော့ ငှက်ပျောဖူးပြုတ်တို့မယ်ကွာ၊ ဒို့သားအဖနှစ်ယောက် အသားကုန်တွယ် ကြမယ်၊ ဒီနေ့သား ဟင်းချက်ရမယ်နော်၊ ရသေးတယ် မဟုတ်လား....´´
`` ဟုတ် ရတာပေါ့ ဖေရာ၊ ဒါနဲ့ ဖေ ငှက်ပျောဖူးပြုတ်ဖို့ မန်ကျည်းမှည့်ရော ပါရဲ့လား....´´
`` မန်ကျည်းမှည့် အိမ်မှာ ရှိတယ်လေ၊ သားမေမေ့ဆီကိုရော ရောက်ပြီးပြီလား၊ အ၀တ်အိတ်တွေရော ´´
`` ရောက်ပြီးပြီဖေ၊ သား မနက်၅နာရီထဲက ရောက်တာ၊ မေမေ့ကို ဆိုင်ဝိုင်းခင်းပေးပြီးပြီ၊ နောက်ပြီးတော့... မေမေနဲ့ တူတူ ထမင်းကြော်လည်း စားခဲ့ပြီ၊ သားအိမ်ကိုလည်း ၀င်ခဲ့သေးတယ်၊ ဖေစိုက်ထားတဲ့ သစ်ခွပန်းတွေ အရမ်းလှနေပြီနော်၊ ပင်စည်ကြီးမလှတဲ့ သစ်ခွပန်းတွေလေ´´
လက်ဘက်ရည်သောက်ရင်းနဲ့ သား(၈)တန်းလောက်မှာ ကြုံတွေ့ခဲ့တဲ့ စိတ်ဆင်းရဲမှု အကြောင်းကို ပြန်သတိရမိတယ်။
တစ်နေ့ ကျောင်းဆင်းပြီး တအောင့်နေတော့ သား ကျွန်တော့်အိမ်ကို ရောက်လာတယ်။
ပြီးတော့ ညှိုးငယ်နေတဲ့ မျက်နှာနဲ့ တစ်ခုမေးလာတယ်
``သားအဖေက ဘယ်လို ဆုံးတာလဲ´´တဲ့။ ကျွန်တော်ထိတ်ထိတ်ပြာပြာနဲ့
``ဘာဖြစ်လို့လဲ´´လို့ ပြန်မေးတော့....
``သူငယ်ချင်းတွေက ပြောတယ်၊ ဖေဖေက ဆေးရှော့ဖြစ်ပြီးဆုံးတာတဲ့၊ အဲဒါ ဟုတ်လားလို့ သိချင်လို့ပါ ´´
``အမှန်အတိုင်းပြောရရင် ဟုတ်တယ်၊ အဲဒါ ဘာဖြစ်လို့လဲ သားရဲ့ ´´
`` ကျောင်းမှာ သားမျက်နှာငယ်တာပေါ့ ဖေရာ၊ အရှက်ကွဲတာပေါ့၊ ဖေစဉ်းစားကြည့်လေ...´´ ပြောရင်းမျက်ရည်ဝဲလာတယ်။ သားက ရှက်တတ်တဲ့ အရွယ် ရောက်နေပြီလေ။
`` ဘာဆိုင်လဲကွာ၊ သူ့ခေတ်နဲ့ သူ့အခါက ဖြစ်တာတွေပါ။ မင်းအဖေတို့က ပိုက်ဆံ ချမ်းသာတော့ ဒီလိုပဲဖြစ်တာပေါ့။ အခုသားကို လှောင်နေကြလို့လား၊ ပြော ဖေ ဆရာမကို လိုက်ပြောမယ်´´ အသံနည်းနည်း မာသွားတယ်ထင်တယ်။
သားက ပြာပြာသလဲ `` အဲလို မဟုတ်ပါဘူး၊ သားဟာသား ရှက်နေမိတာပါ၊ ဖေရှိနေလို့ တော်သေးတယ်၊ တစ်ခါတစ်လေ သားစဉ်းစားမိတယ် ဖေက သားဖေ အရင်းဆိုရင် ဘယ်လောက် ကောင်းလိုက်မလဲလို့၊ အခုတော့ သားက ဖအေအရင်းနဲ့ ပတ်သက်ရင် မျက်နှာငယ်နေရတယ်´´ ပြောရင်း သားမျက်ရည်တွေ စီးကျလာတယ်။
အဲဒီတုန်းက ကျွန်တော် သားရဲ့ ခံစားချက်ကို နားလည်ပေမယ့် သူ့ကို အာရုံလွှဲလိုက်ရတယ်။
`` ဘာဆိုင်လဲကွ၊ . မိဘကို အဲဒီလို တွေးစရာလား၊ ဒီလိုစိတ်မျိုး ၀င်လာရင် သား အနန္တဂိုဏ်းသင့်မယ်။ သူ့ဟာသူ ဘာဖြစ်ဖြစ် မိဘက မိဘပဲ၊ ဖေ့ထက်သားကို သားဖေဖေက ပိုချစ်ခဲ့တာပေါ့ကွ´´ သူ ကျွန်တော့် မျက်နှာကို ကြည့်နေတယ် ပြီးတော့.....
`` ဒါဆို ဘာလို့ ဆေးမဖြတ်တာလဲ၊ သားကိုရော မေမေ့ကိုရော ချစ်ရင် ဆေး ဖြတ်ရမှာပေါ့´´တဲ့။
`` သူဖြတ်မလို့ လုပ်နေရင်း ဖြစ်သွားတာကွ၊ အပြစ်တင်မနေနဲ့ ဟုတ်တာလဲ မဟုတ်ပဲနဲ့ သွား စာသွားကြည့်၊ နောက်တစ်ခါ အဲဒီလို ပြောရင် မင်းနဲ့ ငါနဲ့တွေ့မယ်´´ ကျွန်တော် ငေါက်လွှတ်လိုက်မိတယ်။ စိတ်ထဲမှာတော့ တော်တော် မကောင်း ဖြစ်ခဲ့တာပါ။
နောက် ကျွန်တော်စဉ်းစားတယ်။ သားစိတ်ဒဏ်ရာကို ဘယ်လို ကုသရမလဲလို့၊ အတွေးတစ်ခုပေါ်လာတယ်... ပြီးတော့လက်တွေ့ အကောင်အထည် ဖော်လိုက်တယ်။
ဈေးထဲက သစ်ခွမျိုး နည်းနည်း ၀ယ်ပြီး အိမ်ရှေ့က အပင်ကြီးမှာ ကပ်စိုက်လိုက်တယ်။
ကျွန်တော်သစ်ခွပန်းလေး စိုက်နေတုန်း သားရောက်လာတယ်။
`` ဖေ... သား ၀ိုင်းလုပ်ပေးမယ်´´
ကျွန်တော်တို့ သားအဖနှစ်ယောက်အတူတူ ပန်းပင်လေးတွေ စိုက်နေရင်းက
`` သား... ကြည့်စမ်း ဒီသစ်ပင်ကြီးက လှလား၊ ပင်စည်ကြီးကလေ....´´ သစ်ခွပန်းပင်လေး ကပ်ပြီး စိုက်နေတဲ့သစ်ပင်ကြီးကို ပြရင်း မေးလိုက်တယ်။
သူသေသေချာချာကြည့်ရင်းနဲ့ `` ကဗျာဆန်ဆန် မလှပေမဲ့ ပင်စည်ဆိုတော့လည်း ပင်စည်လို လှတာပေါ့ ဖေရဲ့၊ ဘာလို့ မေးတာလဲ´´
`` ဟဲဟဲ ကဗျာမဆန်တဲ့ ပင်စည်ကြီးကို ကဗျာဆန်အောင် ဖေလုပ်နေတာကွ၊ ဒီသစ်ခွပန်းလေးတွေ ပွင့်လာရင် ပင်စည်ကြီးက ကဗျာ ဆန်ဆန် လှပသွားလိမ့်မယ်၊ မယုံဘူးလား´´ သားက ဇဝေဇ၀ါနဲ
``ဖေပြောတာ သား စောင့်ကြည့်မယ်လေ´´တဲ့။
=======================
လပိုင်းလောက်အကြာမှာတော့ သစ်ခွပန်းလေးတွေ ပွင့်လာတယ်၊ ကျွန်တော် သားကို ခေါ်ပြပါတယ်။
``သားနဲ့ ဖေနဲ့ စိုက်ထားတဲ့ သစ်ခွပန်းလေး အခုပွင့်ပြီကွ၊ ကြည့်စမ်း လှလားသား..´´
`` ဟုတ် လှတယ်ဖေ၊ တကယ်ကိုလှတယ်´´
``ဟုတ်တယ်၊ ပန်းလေးတွေက သိပ်လှတာပေါ့သားရယ်၊ ပင်စည်ကြီး မလှပေမယ့်လည်း ပန်းပွင့်လေးကတော့ လှတယ်ကွ၊ ပင်စည်ကြီးက ကိုယ်တိုင် မလှပေမယ့် လှပတဲ့ ပန်းလေးတွေကိုတော့ ရှင်သန် ပွင့်လန်းစေနိုင်တယ်လေ၊ သဘာဝတရားရဲ့ စောင့်ရှောက်မှုကို အပြည့်အ၀ ရခဲ့ရင်ပေါ့´´
`` ဟုတ်ဖေ´´
``သား... ဒီမှာကြည့်စမ်း၊ မျိုးကောင်းတဲ့ သစ်ခွပန်းပင်လေးတွေဆိုတာလည်း သစ်ပင်ကြီးကို ခွပြီးမှ ရှင်သန်ရတယ်ကွ၊ တန်ဘိုးကြီးလို့ဆိုပြီး အိမ်ထဲမှာ သစ်သားတန်းတွေနဲ့ စိုက်လိုက်ရင် နေရောင်ရယ်၊ သဘာဝနှင်းစက်နဲ့ မိုးစက်လေးတွေကို အပြည့်အ၀ မရနိုင်တော့ဘူးလေ၊ သူ့အတွက် လိုအပ်နေတဲ့ အခြေအနေအမှန်ကိုတော့ အပြင်မှာပေါက်နေတဲ့ ရုပ်ဆိုးဆိုး ဒီပင်စည်ကြီးကပဲ ပေးစွမ်းနိုင်တာကွ၊ ခြံတွေ ဘာတွေနဲ့ သေသေချချာ စိုက်နိုင်ရင်တော့ တစ်မျိုးပေါ့ကွာ´´
ကျွန်တော် စကားမဆုံးခင် စိတ်ဝင်တစား နားထောင်နေတဲ့သားက ဘာကို ဆိုလိုတာလဲ ဆိုတာ ချက်ချင်း သဘောပေါက်သွားတယ်။
`` ဟုတ်..ဟုတ် ဖေ သားသဘောပေါက်ပြီ။ သားက တန်ဘိုးမြင့်တဲ့ သစ်ခွပန်းလေးဆိုရင် သားဖေဖေက ပင်စည်ကြီးပေါ့... ဖေကတော့ လိုအပ်တဲ့ နေရောင်ရယ်၊ မိုးစကလေးတွေရယ်၊ နှင်းလေးတွေရယ်၊ လေပြေလေညှင်းလေးတွေရယ်ပေါ့၊ မေမေကတော့ အဲဒီနှစ်မျိုးလုံးပေါ့၊ ဖေဖေသာ ရှိနေခဲ့ရင် ဒါတွေ အားလုံးက ဖေဖေပေါ့။ ဒါဆို သားလှလှပပ ပွင့်ဖို့ပဲ ကျန်တော့တာပေါ့နော်´´
ကျွန်တော်ပြုံးရင်း ခေါင်းညိမ့်ပြလိုက်တယ်၊ ပြီးတော့ သားခေါင်းလေးကို ပွတ်ပေးခဲ့တယ်။ အဲဒီအချိန်ကစပြီး သားမျက်နှာလေး ပြန်ပြုံးလာခဲ့တယ် ထင်ပါတယ်။
အခုလည်း ပြန်စဉ်းစားရင်း ကျွန်တော် ပြုံးနေခဲ့တယ်လေ။ သားက အိမ်ကိုလာရင် သစ်ခွပန်းပင်လေးတွေကို အရင်ကြည့်တတ်တယ်။
ကျွန်တော် ဥပမာပေးခဲ့တာ သားအတွက် ထိရောက်သွားခဲ့တယ် ထင်ပါတယ်။
==================
``ဖေ...... ဘာတွေ စဉ်းစားနေတာလဲ၊ လ္ဘက်ရည်တွေလည်း ကုန်ပြီ၊ ထမင်းချက်ရဦးမယ်လေ၊ ပြန်ရအောင်´´ တဲ့။
ကျွန်တော်လည်း ကယောင်ကတမ်းနဲ့
`` အေး.... အေး.... အေးပါ သားရယ်´´ လို့ပြောရင်း ပိုက်ဆံရှင်းပြီး ထပြန်ခဲ့ကြတယ်။
လမ်းမှာ စဉ်းစားလာသေးတယ်၊ ပင်စည် မလှပေမယ့်လည်း... သဘာဝရဲ့ လိုအပ်ချက်တွေ... လောကရဲ့ လိုအပ်ချက်တွေကို ထောက်ပံ့ပေးထားနိုင်ရင် လှပတဲ့ ပန်းလေးတွေကတော့ ပွင့်နိုင်သေးတယ်လို့။
ကဲ.... သားရေ မင်းပွင့်လိုက်စမ်း၊ ဘယ်လောက်အထိ ပွင့်မှာလဲ၊ ပင်စည်ကြီးကတော့ မသိနိုင်တော့လို့ မပျော်ရွှင်နိုင်ပေမယ့် ဖေကတော့ ပျော်ရွှင်တတ်တယ်ကွ၊ သားအတွက် ဖေ အများကြီးကို ပျော်လိုက်ဦးမယ်။
စဉ်းစားလာရင်းနဲ့ သားပုခုံးကို ကျွန်တော် ညှစ်လိုက်မိတယ်ထင်တယ်.. သားလှည့်ကြည့်လာတယ်၊ ပြီးတော့ ပြုံးပြတယ်၊ ကျွန်တော့် အတွက်တော့ ဒီသားလေးရဲ့ မျက်နှာက တကယ်လှတဲ့သစ်ခွပန်းကြီးပါပဲ။
(ကွန်ဆူးမား)(၂၂-၁-၂၀၁၄)
၂၀၁၂ခုနှစ်၊ မေလ ၈ ရက်နေ့တွင် `` ချစ်သူမြို့တော်´´၌ ရေးဖြစ်ခဲ့သော ပို့စ်လေးအား ပြင်ဆင်ရေးသားပါသည်။
- ပြန်လည်မျှဝေပါ
- Facebookသို့
- Twitterသို့
- Google+သို့
- Stumbleသို့
- Diggသို့
0 comments:
Post a Comment