Monday, January 27, 2014

**တတ်ရဲ့သားနဲ့**

**တတ်ရဲ့သားနဲ့**

ဂျော်ဂျီယာပြည်နယ်မြို့တော် တဘီလီစီမြို့တွင်းသို့ ရုရှား တစ်ယောက်
ကားမောင်းပြီး ၀င်လာသည်။ ယာဉ်ထိန်းရဲက ကားကိုတားပြီး ပြောသည်။
“ခင်ဗျား သတ်မှတ်မိုင်နှုန်းထက် ပိုပြီး မောင်းလာတယ်။ ဘာကြောင့်လဲဆိုတာ
ဂျော်ဂျီယာဘာသာနဲ့ ရှင်းလင်းချက် ရေးပါ။”
“ကျွန်တော် ဂျော်ဂျီယာစာမှ နားမလည်ဘဲ၊ ဘယ်လိုလုပ် ရေးရမှာလဲ။”
“ဆင်ခြေမပေးနဲ့၊ ဂျော်ဂျီယာဘာသာနဲ့ ရှင်းလင်းချက်ရေး၊ ဒါပဲ။”
ကားဆရာ ရုရှား စိတ်ညစ်သွားသည်။ မည်သို့မျှ ရှင်းပြ၍လည်း မရ။
နောက်ဆုံးတွင် ရုရှားသည် စာရွက်တစ်ရွက်ကို ထုတ်ပြီး ဒေါ်လာ ၅၀
တန်တစ်ရွက်ကို ညှပ်ထည့်လိုက်သည်။ ထို့နောက် ယာဉ်ထိန်းရဲကို ကမ်းပေးသည်။
ယာဉ်ထိန်းရဲ စာရွက်ကို ဖြန့်လိုက်သည်။ ငွေစက္ကူကိုတွေ့သောအခါ ကားဆရာကို
ပြောသည်။
“ဂျော်ဂျီယာလို မတတဘ်ူးလို့ ဘာဖြစလို့ ပြောလဲ။ အခု တစ်ဝက်တောင်
ရေးပြီးပြီပဲ။ ဆက်ရေး” ;-)

(လက်စသတ်တော့ ဂျော်ဂျီယာ စကားနဲ့ မြန်မာ စကား အတူတူပါပဲလားနော်)

ရေးပြီးပြီပဲ။ ဆက်ရေး”

(လက်စသတ်တော့ ဂျော်ဂျီယာ စကားနဲ့ မြန်မာ စကား အတူတူပါပဲလားနော်)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...