Sunday, January 26, 2014

ဒီမိုကရေစီအရူးထောင်ဖွင့်ပွဲကြီး မဖြစ်ရလေအောင် --

Myint Shwe October 8, 2011 at 7:08pm

ဒီမိုကရေစီအရူးထောင်ဖွင့်ပွဲကြီး - စစ်ဗိုလ်လူထွက်များနှင့် ပတ်ဘလစ်ရီလေးရှင်း

အင်းစိန်တောရနှစ်များအတွင်းအလံနီထောင်ကျအဘိုးကြီးတစ်ဦးထံမှစကားတစ်ခွန်း ကြားခဲ့ဘူးသည်။
သူသည် ၁၉၇၀ ခုနှစ်အထိယောချောင်(ယောနယ်)တွင်သခင်စိုးနှင့် အတူရှိခဲ့သည်။ တနေ့ သ၌သူကမေးခွန်းတစ်ခုသခင်စိုးအားမေးလေသည်။
“အခုနေများဗြုံးကနဲဒီမိုကရေစီပြန်ဖြစ်သွားရင်ဘယ်လိုနေမလဲဆရာကြီး”
သူ့ မေးခွန်းကိုသခင်စိုးသည်စက္ကံ့ အနည်းငယ်မျှစဉ်းစားပြီးမှပြန်ဖြေလေသည်။
“ဘယ်လိုနေရမလဲ - အရူးထောင်ဖွင့်ပွဲကြီးဖြစ်လာမှာပေါ့”
၁၉၇၀ ခုနှစ်မှရေတွက်သော်အနှစ်လေးဆယ်ကျော်ခဲ့ပြီဖြစ်သည်။ ယနေ့ တိုင်းပြည်၏ ကံကြမ္မာသည်ထိုနှစ်များတ၀ိုက်လောက်ကမွေးဖွားခဲ့သူများ၏လက်ထည်းသို့ ရောက်
လာနေပြီဟုဆိုရမည့်အချိန်ဖြစ်သည်။


အထစ်ထစ်အငေါ့ငေါ့နှင့်ရွေ့ လျှားခဲ့သောနိုင်ငံ ရေးခရီးသည်အကောင်းဘက်သို့ ရှေးရှုနေပြီ
ဟုပြည်တွင်းပြည်ပမှလူအများခံစားလာ နေမိကြချိန်လည်းဖြစ်သည်။

ဦးသိန်းစိန်အစိုးရတက်ပြီးခြောက်လတာအတွင်းထိမ်း ချုပ်ထားမှုများကိုတဖြည်းဖြည်းချင်းဖြေလျှော့ပေးနေသဖြင့်ယခင်ကမကြားဘူးသော အသံများ၊ မဖတ်ဘူးသောသတင်းများစတင်၍ဖတ်လာကြားလာရသည်။
အွန်လိုင်းတွင်တင်ပေးထားသောပြည်တွင်းပြည်ပတွင်ကျင်းပသောစာပေဟောပြောပွဲများကိုကြည့်ရ
နားထောင်ရသောအခါတွင်၎င်း၊ပြည်တွင်းမှလာသောအီးမေးဖြန့် ဝေစာများတွင်၎င်းရဲရဲတောက်ပြောသံ
၊ဟောသံ၊ ရေးသံများစတင်ထွက်ပေါ်လာနေသည်ကို သတိပြုမိသည်။

၎င်းတို့ အနက်အဓိပ္ပါယ်ရှိရှိနှင့်စေတနာကောင်းသောပြောဟောသူ များရှိသကဲ့သို့ 
သူခိုးပြေးမှထိုးကွင်းထသူများ၊လူပြိန်းကြိုက်ပြော၍
လက်ခုပ်သံတောင်း ပုဂ္ဂိုလ်အများလည်းပါလာလေသည်။

ကွယ်လွန်သူရန်ကုန်ဘဆွေ၏ “မင်းလိုလူစား အများကြီးဟေ့” ဟူသောဝတ္တုခေါင်း စဉ်ကိုပြန်၍သတိရမိသည်။

နိုင်ငံရေးလွပ်လပ်ခွင့်များကိုတိုင်းပြည်အကျိုးအတွက်အကောင်းဆုံးအသုံးချနိုင်သူ များအတွက်သာဟူ၍သီးသန့် ကွက်၍ပေးရန်မဖြစ်နိုင်ချေ။ စေတနာမညံ့သော်လည်း အခြားအရာများညံ့နေသေးသဖြင့်တလွဲသုံးမိသူများ၊ စေတနာညံ့ဖျင်း၍ မိမိကိုယ့်ကျိုး အတွက်သာအသုံးချမည့်သူများကိုပါအတူတူခွင့်ပြုပေးရမည်ဖြစ်သည်။

ဤသုံးမျိုးအနက်ပထမအမျိုးအစားကနည်း၍ဒုတိယနှင့်တတိယအမျိုးအစားကပိုများနေလျှင် ဒီမိုကရေစီသည်သခင်စိုးပြောဘူးသောအရူးထောင်ဖွင့်ပွဲဖြစ်သွားနိုင်သည်။

ဤအခြေအနေမျိုးအထိ (ပြည်တွင်းမှာ) လောလောဆယ်မဆိုက်ရောက်သေး။
လူတွေကပဲနိုင်ငံရေးအသိတွေမြင့်နေကြလို့ လား၊ အခွင့်အရေး သမားများကပဲသိပ် အတင့်မရဲကြသေးလို့ လားတော့မသိရ။ ပြည်ပတွင်မူ‘အရူးထောင်ဖွင့်ပွဲ’ ဖြစ်နေတာ ကြာပြီ။ ကွန်ပြူတာတစ်လုံးနှင့်အချိန်ကုန်ခံနိုင်သူတိုင်းအွန်လိုင်းတော်လှန်ရေးလုပ် နေကြသည်မှာ
အင်တာနက်စပေါ်ကတည်းကဖြစ်သည်။

ယခုတလောအများစိတ်လှုပ်ရှားနေကြသည်မှာမြစ်ဆုံဆည်ကိစ္စဖြစ်သည်။
ဆည်ကိစ္စသည်အရေးမကြီးမဟုတ်။ သို့ သော်ဤကိစ္စက၄င်းထက်အရေးကြီးသည့်အခြား ကိစ္စများထံမှလူထု၏အာရုံကိုလွှဲပြောင်းယူထားသည်။

ဥပမာ ဒီမိုကရေစီရေးလမ်းပွင့်လာမှုနောက်ကြောင်းပြန်၍လှည့်သွားမည့်အရေးကို
ပြည်တွင်းကောနိုင်ငံတကာကပါစိုးရိမ်နေကြသည်။

ဤသို့ ဆိုလျှင်ခေတ်ကိုနောက် ပြန်ဆွဲနိုင်သည့်ဖေါက်ပြန်ရေးအင်အားစုများ (reactionary elements) ကိုအချိန်မှီ ဘ၀ပြောင်းပစ်ဖို့ အားထုတ်ကြရ မည်။၎င်းတို့ ခိုအောင်းရာဌာနများကိုသန့် ရှင်းရေး လုပ်ပစ်နိုင်ရမည် ဖြစ်သည်။

အတိပ်ကိုပြန်ပြောင်းကြည့်လျှင်ဗိုလ်ချုပ်ကြီးစောမောင်၏န၀တအစိုးရတစ်လသား ဘ၀တွင်တပ်ပြန်ရေးမပြန်ရေးကိုအဆုံးအဖြတ်ပေးခဲ့သည်မှာဝန်ထမ်းယန္တယားဖြစ် သည်။သပိတ်မှောက်ဝန်ထမ်းများအလုပ်ခွင်ပြန်ဝင်ကြရန်အမိန့် ကိုနာခံခဲ့ကြသည့် အတွက်တပ်မတော်အစိုးရသည်ဆက်၍တည်မြဲခဲ့ယုံသာမကရှေ့ ကိုမိမိအာဏာ တည်မြဲရေးအတွက်ဝန်ထမ်းကိုအပိုင်ကိုင်ရမည့်သင်္ခဏ်းစာကောင်းကိုထုပ်ယူသွား နိုင်ခဲ့သည်။

ဝန်ထမ်းယန္တယား(State bureaucracy) ထည်းသို့ စစ်တပ်မိသားစု ၀င်များနှင့်တပ်အနွယ်များကို
ဦးစားပေးသွတ်သင်းခဲ့ယုံသာမက အရပ်သားများကို လည်းနိုင်ငံရေးအရသစ္စာခံမှအလုပ်ခန့် လာခဲ့သည်။
အလုပ်ရရေး၊ ရှိနေသည့်အလုပ် တည်မြဲနေရေးသည် တော်ရန်၊ တတ်ရန်မလို၊ ပြည်သူကိုဂရုစိုက်ရန်မလို၊
တပ်မတော် အစိုးရကိုသစ္စာခံရန်သာလိုအပ်လာသည်။
ရလဒ်မှာဝန်ထမ်းများအရည်အချင်းညံ့ဖျင်းလာယုံမက
အကျင့်ပျက်လာဘ်စားမှုများ မတရားကြီးထွားလာခဲ့သည်။
(Not only efficiency badly eroded but also corruptions grown out of control)

ဤ၀န်ထမ်းယန္တယားမျိုးကိုဆက်ခံသုံးစွဲရမည့်သမတဦးသိန်းစိန်ကသူ၏အစိုးရသစ်ကို
သန့် ရှင်းသောကောင်းမွန်သောအစိုးရ (Clean government, Good government) ဖြစ်စေရမည်၊အကျင့်ပျက်လာဘ်စားမှုများကိုနှိမ်နင်းမည်ဟုကြွေးကျော်ထားသော် လည်းယခုအထိတော့စကားအဖြစ်နှင့်ပင်တစ်ကြိမ်သာကြားရသေးသည်။
သမတ၏ အကြံပေးတစ်ဦးကမူလုပ်စရာအလုပ်တွေအများကြီးဖြစ်နေကာ
အားလုံးပြိုင်တူအရေးကြီးနေကြလို့ ပါဆို၏။ ဟုတ်မှန်လောက်သော်လည်းခွင့်လွှတ်လိုက်လို့ မဖြစ်။

ယခုတလောအစိုးရကခေတ်မှီရေးကိုရှေးရှု၍အိုမင်းနေသောမော်တော်ကားဟောင်း ပိုင်ရှင်များကိုကားဟောင်းပြန်အပ်၍ကားသစ်တင်သွင်းခွင့်ပေးလိုက်ရာကုန်းလမ်းညွှန် ကြားမှုဦးစီးဌာနနှင့်ကားဟောင်းလက်ခံရာဒေသအလိုက်အုပ်ချုပ်ရေးအာဏာပိုင်များ
အတွက်စားပေါက်သစ်များပေါ်လာကာလူထုအတွက်အကျိုးမရှိဘဲဖြစ်နေသည်ကို
ပြည်တွင်းဂျာနယ်တစ်ခုကအကျယ်တ၀င့်ဖေါ်ပြထားသည်။ ဤပြဿနာမှာမြုတ်နေ
သောရေခဲတောင်ကြီး၏ရေပေါ်တွင်မြင်ရသောအစွန်းကလေးတစ်ခုမျှသာဖြစ်သည်။
(Tip of the iceberg)

ဝန်ထမ်းယန္တယားကိုထိရောက်သောပြုပြင်ရေး (bureaucracy reform) မလုပ်နိုင်သ မျှကာလပါတ်လုံးအစိုးရသစ်သည်ဘာလုပ်လုပ်မအောင်မြင်နိုင်။မွေးကင်းစဒီမိုကရေစီအတွက်ပင်
အန္တရယ်ရှိသည်။ တည်ဆဲအခြေအနေတွင်အမြတ်ထွက်စားသာနေသူများသည်
ပါးစပ်ကဘာပြောပြော၊ ဘ၀အရတော့အပြောင်းအလဲကိုမလိုလားနိုင်။

(Benefitting from the status quo makes bureaucracy a force of inertia.)

တစ်ဘက်တွင်လည်းဖွဲ့ စည်းပုံအခြေခံဥပဒေကအာမခံထားသောပြည်သူပြည်သား
အခွင့်အရေးများအပြည့်အ၀မရသေးသည့်အပေါ်လွှတ်တော်တွင်း၊လွှတ်တော်ပတင်ပြအရေးဆိုနေကြသည်။ ဤအခြေခံကျသောကိစ္စကြီးနှစ်ခု (The two fundamental issues) မှအာရုံလွဲသွားအောင်တခြားကိစ္စများကိုရှေ့ တန်းတင်နေကြသူများသည်
တမင်ဖြစ်စေ - မသိပဲဖြစ်စေ သန္ဓေတည်စဒီမိုကရေစီကိုအရူးထောင်ဖွင့်ပွဲအဖြစ်အလွဲ သုံးရာရောက်သည်။

သူတို့ ထဲမှအချို့ ကဆိုလျှင်အစိုးရသစ်ကိုပူးပေါင်းဆောင်ရွက်မှုပေးကြည့်ရန်ဆုံးဖြတ်
ခဲ့သောဒေါ်အောင်ဆန်းစုကြည်ကိုပင်နိုင်ငံရေးအရအပျိုရည်ပျက်သွားသလောက်နီးနီပုတ်ခတ်လာနေကြသည်။
ပြည်ပမှအင်တာနက်တော်လှန်ရေးသမားများကအများစု ဖြစ်သော်လည်းပြည်တွင်းမှ ‘ရာသက်ပန်တော်လှန်ရေး’ သမားတချို့ လည်းပါသည်။ တင်းမာသူများကမယုံကြည်ရေး၊မစေ့စပ်ရေး၊ ပူးပေါင်းဆောင်ရွက်မှုဆန့် ကျင်ရေးကို ပြောနေသလိုအခြားတစ်ဘက်တွင်
လည်းပေါ်ထွက်လာကာစအရပ်သားအာဏာကို ဂရုမစိုက်သောစစ်ဗိုလ်လူထွက်များ
အစိုးရဌာနအသီးသီးတွင်ဝန်ကြီးမှအစရာထူး အဆင့်ဆင့်တွင်လက်တွေ့ လိုအပ်ချက်အရ
အုံနှင့်ကျင်းနှင့်ဆက်၍ ရှိနေကြသည်။

တရုပ်ကုပ္မဏီတစ်ခုကဧရာဝတီမြစ်ဆုံတွင်တည်ဆောက်မည့်ရေအားလျှပ်စစ်ထုတ်
တမံကိစ္စနှင့်ပါတ်သက်၍မေးကြသောမေးခွန်းများကိုပြည်သူ့ လွှတ်တော်တွင်အမှတ် (၁) လျှပ်စစ်ဝန်ကြီးဌာန၀န်ကြီးဗိုလ်ချုပ်ဟောင်းဇော်မင်းဖြေကြားသွားပုံလေယူလေ သိမ်းကိုနားထောင်ရသည်မှာအရပ်သားလွှတ်တော်ကိုယ်စားလှယ်များကိုဘာမှမသိသူများ၊
အများယောင်၍လိုက်ယောင်နေကြသူများအဖြစ်အထင်သေးသည့်လေသံအထင်းသားပေါ်နေသည်။
ရှေးဦးစွာဘယ်သူဘာထင်ထင်၊ ဘယ်လောက်ကန့် ကွက်နေ သည်ဖြစ်စေရေကာတာကိုဆက်လုပ်သွားမည်ဟုထိပ်တိုက်ရင်ဆိုင်စပြောသည်။
ကန့် ကွက်မှုများကို“ရောဂါ” ဟုပင်ရင့်ရင့်သီးသီးသုံးသွားသည်။ သူပြန်လှန်တင်ပြသော အချက်အလက်တစ်ချို့ ယုတ္တိတန်နေလင့်ကစားသူ့ စကားလုံးများနှင့်လေသံက ‘အပြောမတတ်တော့ဆဲသလို’ ဖြစ်ကာတနိုင်ငံလုံးဒေါသူပုန်ထကုန်သည်။

ပြဿနာကြောင့်ဒုက္ခမဖြစ်၊ ဖြေရှင်းနည်းကသာဒုက္ခဖြစ်စေသည်ဟူသောစကားတစ်ခွန်းရှိလေသည်။
(Issues themselves do not constitute trouble; solutions can be.)

စစ်ဗိုလ်ချုပ်များကတိုင်းပြည်အုပ်ချုပ်ရေးနှင့်အမျိုးသားစီးပွားရေးစီမံခန့် ခွဲမှုကိုကာလ ကြာရှည်စွာယူထားခဲ့ကြပြီး အရပ်သားများအဖို့ တိုင်းပြည်အုပ်ချုပ်ပိုင်ခွင့်ကိုအချိန်အ ကြာကြီးလက်လွတ်ဆုံးရှုံးခဲ့ကြသည်။ ထို့ ကြောင့်အထင်အမြင်မသေးမိဘို့ လိုသည်။ ပြဿနာမှာအရပ်သားအပေါ်သဘောထားပြဿနာ
(attitude problem) ဖြစ်သည်။

ဦးဇော်မင်းကဲ့သို့ သောစစ်ဗိုလ်လူထွက်များအရည်အတွက်မများလောက်သော်လည်းသူလို
လူမျိုးသုံးလေးဦးရှိယုံမျှဖြင့်ဦးသိန်းစိန်အစိုးရအတွက်ပြဿနာတွေမဆုံးနိုင် စတမ်းရင်ဆိုင်ရဘို့ လုံလောက်နေပြီဖြစ်လိမ့်မည်။

ဇော်မင်းဖန်တီးသောပြဿနာကိုသမတကြီးကကိုင်တွယ်လိုက်ပုံ (damage control) အားပရိဿတ်ကသြဘာပေးနေကြသော်လည်းစေ့စေ့တွေးကြည့်လျှင်အပြီးသပ်နိုင် မည့်နည်း
(sustainable solution) မဟုတ်ကြောင်းသိသာသည်။ ယခုပင်တရုပ် ကုပ္မဏီကတရားစွဲမည်
ဟုချိမ်းချောက်နေပြီ။
MITV တွင်မြင်ရသည့်သမတကြီးနှင့် ပြည်သူ့ လွှတ်တော်ဥက္ကဌကိုလာတွေ့ သော
တရုပ်သံအမတ်၏မျက်နှာတွင်အလွန် စိတ်မသက်မသာဖြစ်နေပုံအထင်းသားပေါ်နေသည်။

အစိုးရဟောင်းများ၏နိုင်ငံတကာနှင့်ချုပ်ဆိုခဲ့သောစာချုပ်စာတမ်းများကိုအစိုးရသစ် များကဆက်ခံသဘောတူအတည်ပြုရသည်မှာနိုင်ငံတကာထုံးစံဖြစ်သည်။
(ရှားရှား ပါးပါးချွင်းချက်အဖြစ် ရုရှားတွင် ၁၉၁၈ ခုနှစ်ကအာဏာရခဲ့သောလီနင်၏ ဘော်လ် ရှီဗစ်အစိုးရကသာဇာဘုရင်အစိုးရ၏နိုင်ငံတကာကတိက၀တ်များကိုမလိုက်နာခဲ့ ဘူးသည့်သာဓကတစ်ခုသာရှိသည်။) မြန်မာပြည်၏အခြေခံဥပဒေသစ်ထည်းမှာ လည်းဤအချက်ကိုအတိအလင်းထည့်သွင်းပြဌန်းပေးထားသည်။ဦးသိန်းစိန်အစိုးရ မည်သို့ ဆက်လက်ကိုင်တွယ်မည်ကို စောင့်ကြည့်ရပေမည်။

မည်သို့ ဖြစ်စေ လက်ရှိနိုင်ငံရေးမြင်ကွင်းတွင်မြင်နေရသောပြဿနာများအပေါ်အဓိပ္ပါယ်ကောက်မလွဲသင့်။ ဖွင့်ပေးလိုက်လို့ ပြဿနာတွေကိုမြင်လာရခြင်းဖြစ်သည်။ ယခင်ကမမြင်ကြရခြင်းမှာပြဿနာတွေမရှိခဲ့လို့ မဟုတ်၊ ထုတ်ဖေါ်ခွင့်မရခဲ့လို့ သာ ဖြစ်သည်။ တဖန်ပြဿနာတိုင်းတွင်ထိပ်တိုက်ဆန့် ကျင်ဘက်အနေအထားအသီးသီး မှရပ်၍ ငြင်းခုံမှုတွေပြင်းထန်နေခြင်းကိုလည်း ‘ရောဂါနှင့်ဆေးတွေ့ နေတာ’ဟုမြင်သင့် သည်။ စံနစ်တစ်ခုလုံးကိုချုံ ကြည့်လျှင်မွေးကင်းစဖြစ်သော်လည်းကျမ္မာသန်စွမ်းသည် (healthy) ဟုဆိုရမည်။
ပြဿနာများကိုတင်ပြပုံနှင့်ပြည်သူနှင့်ဆက်ဆံရာ၌ယဉ်ကျေးဘို့ ၊ပညာပါဘို့ တော့လိုအပ်သည်။
ပညာဆိုသည်မှာ ‘ပတ်ဘလစ်ရီလေးရှင်း’ ကိုဆိုလိုသည်။

ပတ်ဘလစ်ရီလေးရှင်းသည်ယနေ့ ခေတ်ပေါ်အထူးပြုဘာသာရပ်တခုဖြစ်ကာနိုင်ငံတကာတွင်
စီးပွားရေးကော်ပိုရေးရှင်းများသာမကအစိုးရများကပါအရေးတကြီးထားလာနေသော ဘာသာရပ်ဖြစ်သည်။
တရုပ်ပြည်တွင်၂၀၀၆ စာရင်းအရကောလိပ်နှင့်တက္ကသိုလ်များ တွင်ထိုဘာသာရပ်ကိုသင်
ယူနေသောကျောင်းသားဦးရေသန်း ၁၀၀ ကျော်ရှိ သည်။
ထို့ ပြင်ဝန်ကြီးဌာနများနှင့်လွှတ်တော်တွင်တာဝန်ယူနေသောဗိုလ်ချူပ်ဟောင်းတိုင်း မိမိနှင့်သင့်လျှော်မည့်အရပ်သားစိတ်ထားပြန်မွေးရေးအစီအစဉ် (civilianizing process) တစ်ခုခုကိုမိမိဖာသာပြုလုပ်၍ဖြတ်သန်းသင့်သည်။
သို့ မှသာစစ်ဘက်အရပ်ဘက် ဆက်ဆံရေးချောမွေ့ မည်။ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကိုဤနေရာမှစရမည်။

ဒီမိုကရေစီအခွင့်အရေးကိုအလွဲသုံးမည့်သူများနှင့်အရပ်သားကိုအထင်မကြီးနိုင်သော စစ်ဗိုလ်လူထွက်များကိုပြဿနာတစ်ခုခုကတွဲဖက်ဆက်စပ်ပေးလိုက်သောအခါတိုင်း
ပြီးပြည့်စုံသောမုန်တိုင်းများ (perfect storms) ဖြစ်လာနိုင်သည်။

မြန်မာသံတော်ဆင့်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...