Saturday, January 25, 2014

Myanmar Youth Media Club 24 Jan 2014

MYMC - MYMHOT



Posted: 24 Jan 2014 06:44 AM PST
Alienware Steam Machines

နာမည်ကျော် Alienware က သူတို့ရဲ့ Steam Machine ကို ပြီးခဲ့တဲ့ CES မှာ စတင်မိတ်ဆက် ခဲ့ရာမှာ ဒီ Steam Ma chine နဲ့ ပတ်သက်တဲ့ နောက်ဆက်တွဲ မေးခွန်းတွေ တပုံကြီး ကျန်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ CES မှာ Alienware ဟာ Valve နဲ့ ပူပေါင်းထုတ်လုပ်မှု ရလဒ်ဖြစ်တဲ့ Alienware Steam Machine ကို မိတ်ဆက် ခဲ့ပါတယ်။
၈ လက်မ ပတ်လည် မျက်နှာပြင် ရှိပြီး ၃ လက်မလောက် အထူရှိတာမို့ Xbox One နဲ့ PS4 ထက် အရွယ် သေးပါတယ်။ USB 3.0 နှစ်ပေါက်ကို ရှေ့မျက်နှာစာမှာ ထည့်ပေးထားပြီး နောက်မျက်နှာ စာမှာတော့ Audio Conntector နဲ့ Ethernet Jack ပါရှိပါတယ်။ ရုပ်ထွက်နဲ့ ပတ်သက်လို့ HDMI input နဲ့ HDMI output ပါရှိပါတယ်။ Gaming Performance အတွက် အသေးစိတ် ပြောမထား ပေမယ့် Screen Resolution က 1080 pixel နဲ့ Intel က ထုတ်တဲ့ CPU ရယ်၊ Nvidia GPU ရယ် သုံးမယ်လို့ ဆိုထားပြီး Xbox One နဲ့ PS4 ထက် ပိုပြီး စွမ်းဆောင် နိုင်မယ်လို့ အာမခံ ထားပါသေးတယ်။ အထက်ပါ အချက် တွေကတော့ CES ပွဲမှာ Alienware က ချပြခဲ့တဲ့ အချက်အလက် တွေဖြစ်ပြီး မကြာသေး ခင်ကလဲ ဒီ Steam Machine နဲ့ ပတ်သက်တဲ့ သတင်းတွေ ဆက်ထွက်ခဲ့ ပါသေးတယ်။


Alienware ဟာ သူတို့ရဲ့ Steam Machine ကိုလာမယ့် စက်တင်ဘာလ လောက်မှာ ဈေးနှုန်း ၄၉၉ ဒေါ်လာ ပတ်ဝန်းကျင်နဲ့ စတင် ဈေးကွက် သွင်းမယ်လို့ သတင်းတွေ ထွက်လာပါတယ်။ ဒါပေမယ့် ကုမ္ပဏီက တရားဝင်တော့ မထုတ်ပြန် သေးပါဘူး။ သူတို့ တရားဝင် ထုတ်ပြန်တဲ့ သ တင်း ကတော့ Steam Machine နဲ့ ပတ်သက်လို့ ၀မ်းသာ စရာလား၊ ၀မ်းနည်း စရာ သတင်းလားလို့ ဝေခွဲ မရ လောက်အောင် ဖြစ်ခဲ့ပါ တယ်။ အဲဒီ သတင်းကတော့ Alienware Steam Machine တွေဟာ လာမယ့် အနာဂတ်မှာ ထုတ်ပြီးသား စက်ဟောင်း တွေအနေနဲ့ သီးသန့် Upg rade လာမှာ မဟုတ်တော့ပါဘူး၊ တစ်နည်းအားဖြင့် စိတ်ကြိုက် ပြောင်းလဲလို့ မရအောင် ပြုလုပ် ထားပါတယ်။ သို့ပေမယ့်လည်း Alienware ကတော့ တခြားသော Gaming Consoles တွေနဲ့ မတူတဲ့ ပုံစံတစ်မျိုး အနေနဲ့ နှစ်တိုင်း Alienware Steam Machine အသစ်သစ် တွေကိုသာ ထုတ်လုပ်သွား မယ်လို့ ဆိုပါတယ်။

အထက်ပါ အချက်အလက် တွေကတော့ Alienware Steam Machine တွေရဲ့ ယခုရရှိတဲ့ သတင်း အချက်အလက် တွေပါ။ နောက်ထပ်သော နောက်ဆုံးရ သတင်းတွေ ရှိရင် တင်ဆက် ပေးဦးမှာ မို့လို့ ဆက်လက် စောင့်မျှော် ဖတ်ရှု ကြပါဦးဗျာ။

Images from siliconrepublic, gottabemobile, digitaltrends. Source: ign.com


Author

Paing Hmu Ko

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...