Sunday, January 26, 2014

ကျွန်မဘယ်လို လုပ်ရမလဲမသိတော့ဘူး ..


"ကျွန်မဘယ်လို လုပ်ရမလဲမသိတော့ဘူး .." လို့ သုံးလအရွယ် သမီးငယ်ကို ချီထားတဲ့ မသင်းစိုး က ဝေးကိုလှမ်းကြည့်ရင်း တိုးတိုးပြောပါတယ်။ သူ့လက်ထဲမှာ အီရင်း နည်းနည်းလေးရုန်းနေတဲ့ ကလေးရဲ့ကိုယ်ကတော့ ခြစ်ခြစ်တောက်နေလို့ပါ။ လွန်ခဲ့တဲ့ လေးလလောက်က လည်း မသင်းစိုးရဲ့ ငါးနှစ်အရွယ် သားအကြီးက သွေးလွန်တုတ်ကွေးဖြစ်ပြီး ဆေးရုံတက်ခဲ့ရပါသေးတယ်။
"သူ့ဖေ ရွှေတော သွားစုလာတဲ့ ပိုက်ဆံလေးသိန်း အဲ ပခုက္ကူ ဆေးရုံသွားကုရတာ ကုန်ပါရော " အဓိကကုန်ကျစရိတ်ကတော့ သွေးသွင်းစရိတ်နဲ့ ဆေးဖိုးများပါတယ်။ အဲဒီတုန်းက မသင်းစိုးက အခုချီထားတဲ့ကလေး ကိုယ်ဝန်ရင့်မာကိုလွယ်ထားရတယ်လို့ဆိုပါတယ်။ "အဲဒီတုန်းက ကလေးကို ပခုက္ကူဆေးရုံလိုက်ပို့ပေးတဲ့ ကားခမပေးနိုင်သေးဘူး ။ "မြို့ခံနာရေးကူညီမှုအသင်းကို လှုရမယ့် ကားခမပေးနိုင်သေးတာထက် အခုလက်ထဲမှာချီထားတဲ့ ကလေးကို မွေးပေးတဲ့ လက်သည် ဆရာမဆီကိုလည်းကန်တော့ကြေးမပေးနိုင်သေးပါဘူး။ ကလေးအဖေကတော့ တစ်ရက်တစ်ထောင့်ငါးရာ ၀င်ငွေဘဲရှိတာပါ။ အခုတော့ တရုတ်ပြည်ကို အလုပ်လုပ်ဖို့ပြန်ထွက်သွားပါပြီ။ "ကလေးဖေက ရွှေတောက ပါလာတဲ့ ငှက်ဖျားနဲ့ တော်တော်ဖျားနေတာ နောက်သူလည်း ဒီအကြွေးတွေဆပ်ရမှာနဲ့ ဘာနဲ့ အိမ်ကေ ကြာင်အိမ်လေးရောင်း ဆေးထိုးပြီး တရုတ်ပြည်ထွက်သွားတာဘဲ " ပုံမှန်အားဖြင့် သူတို့မြို့မှာက ဆေးခန်းတစ်ခါပြပြီးဆေးထိုးရင် တစ်ထောင် ထောင့်ငါးရာသာကျတာပါ။ ဒါပေမယ့် ထောင့်ငါးရာသာဝင်ငွေရှိတဲ့ မသိန်းစိုးတို့မိသားစုအတွက်ကတော့ မလွယ်လှပါဘူး ။ မသိန်းစိုးက မကြာခင် သူ့ရဲ့သားအကြီးကောင်လေးကိုလည်း တရုတ်ပြည်မှာအလုပ်လုပ်ဖို့ ထည့်ပေးလိုက်အုန်းမှာလို့ ပြောပါသေးတယ်။ ။ မိသားစုကျမ်းမာရေးကြောင့် ဆပ်စရာရှိတဲ့အကြွေးတွေကို တွက်ပြရင်း မျက်ရည်တွေကျနေတဲ့ မသိန်းစိုးက အခုဖျားနေတဲ့ကလေးအတွက် "ကျွန်မ အင်္ဂလိပ်ဆေးခန်း မပြနိုင်တော့ဘူး ဒီကလေးကို ။ မြန်မာဆေးက တစ်ထောင်ကန်တော့ထားရင် ပျောက်တဲ့အထိကို ကုပေးတယ်။ "

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...