Thursday, January 23, 2014

သွေးဆုံးကဗျာ

"လွတ်လပ်မှုဟာ လူတိုင်းနဲ့ မတန်ဘူး".. တဲ့
ဒီလိုပဲ ပြောခဲ့ကြတာ
ငါ့အဘ ဂွေးတန်းလန်းကာလကတည်းက...။


စနစ်တွေ အမျိုးမျိုး ပြောင်းလာတယ်
ယူနီဖောင်းအမျိုးမျိုး ပြောင်းသွားတယ်
လူတွေကို အသုံးချသွားတာက လွဲလို့
အခုအချိန်ထိ သူတို့ခေါင်းထဲ
လွတ်လပ်တဲ့အတွေးမျိုး
ဘယ်မအေရိုးမ
စိုက်ပျိုးပေးဖို့ စိတ်မကူးကြ။

ထင်ပါတယ်
နောက်ထပ်နှစ်နှစ်ဆယ်ကြာလည်း
တစ်ယောက်ယောက်က
ဒီလိုပဲ အကြောင်းပြလိမ့်ဦးမယ်...
"လွတ်လပ်မှုဟာ လူတိုင်းနဲ့ မတန်ဘူး".. လို့။

အချစ်ရယ်...
ဒီလိုချည်း သွားနေသမျှ
ကိုယ်တို့ ကလေးတစ်ယောက် မရသေးခင်
မင်းလည်း သွေးဆုံးတော့မယ် ထင်ပါတယ်...။ ။
..............................................................

P.S...
(ဘာပဲဖြစ်ဖြစ်ပါ. . ဦးတိန်းစိန်နဲ့ ဦးဝီရတူ
ပျံတော်မမူကြသေးသမျှတော့
တို့အချစ်တွေကို တို့ရင်ထဲမှာပဲ လုံခြုံစွာ
ထိမ်းသိမ်းစောင့်ရှောက်ထားပါရစေ...ညော်....)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...