Friday, January 31, 2014

သစ်ထူးလွင် သတင်းစုစည်းမ (၃၁-၁)

သစ်ထူးလွင်


Posted: 31 Jan 2014 06:23 AM PST
ယခုလ အစောပိုင်းက ပြဿနာ ဖြစ်ပွားခဲ့သည့် မောင်တောမြို့နယ် ဒုချီးရားတန်းကျေးရွာသို့ အီးယူကိုယ်စားလှယ်အဖွဲ့မှ လာရောက်လေ့လာခဲ့သည်။ အီးယူကိုယ်စားလှယ်အဖွဲ့များမှာ ယမန်နေ့နံနက်ပိုင်းက ရဟတ်ယာဉ်နှင့်ရောက်ရှိလာခြင်း ဖြစ်ကြောင်း မောင်တောဒေသခံ အမျိုးသမီးတစ်ဦးက့ပြောသည်။ “ သူတို့ ရဟတ်ယာဉ်နဲ့ မနက် ၁၁ နာရီခန့်မှာရောက်ပါတယ်။ ရောက်ရောက်ချင်းဘဲ ဒုချီးရားတန်း ဘင်္ဂလီရွာကို ၀င်သွားပြီး ခဏအကြာမှာ ကားအစီး ၁၀ ကျော်နဲ့
Posted: 31 Jan 2014 06:21 AM PST
ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဒုချီးရားတန်း အနောက်ရွာမှာ ဒီလ ၂၈ ရက်နေ့ ညနေက မီးရှို့မူ တစ်ခု ဖြစ်ပွားခဲ့ပြီး အိမ်ခြေ ၁၆ ဆောင် မီးထဲပါသွားခဲ့ပါတယ်။ ဒီမီးရှို့မူဟာ ရွာကို ရဲတွေ ကိုယ်တိုင် ထိန်းချုပ်ထားတဲ့ အတွက် အပြင်လူ ၀င်လာစရာမရှိတာကြောင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်တွေ ကိုယ်တိုင် ပါဝင်ပတ်သက်နေတယ်လို့ ဘူးသီးတောင်မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးရွှေမောင်က ဒီမိုကရက်တစ် မြန်မာအသံ DVB နဲ့ေ
Posted: 31 Jan 2014 04:36 AM PST
ဘယ်နိုင်ငံရေး သမားကိုမှ ဂရုစိုက်စရာ မလိုဘူးလို့ ပြောဆိုခဲ့တဲ့ မွေးမြူရေးလုပ်ငန်းနဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီး ဦးအုန်းမြင့်ကို အစိုးရက ထိရောက်စွာ အရေးယူဆောင်ရွက်ဖို့လိုတယ်လို့ လွှတ်တော်အမတ်တွေက ပြောပါတယ်။ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် စစ်တိုင်းမှူးအဖြစ် တာဝန်ထမ်းခဲ့ဖူးတဲ့ ဗိုလ်ချုပ်ဟောင်း ဦးအုန်းမြင့်ဟာ ပြည်ထောင်စုဝန်ကြီး တာဝန်ယူထားပြီး မကွေးတိုင်း မကွေးမြို့ သစ်ရာကောက်ကျေးရွာခရီးစဉ်မှာ
Posted: 31 Jan 2014 04:31 AM PST
မြိတ် ဇန်န၀ါရီလ ၃၀ ရက် မြိတ်မြို့ မြိတ်တောင်နယ်မြေ၊ ရေနံမြေရပ်၊ ဘီအိုစီလမ်းတွင် ဇန်န၀ါရီလ(၃၀)ရက် ညနေ(၄း၁၅)နာရီ က အရက်သေစာ သောက်စားမူးယစ်ပြီး ဈေးဆိုင်အား မီးရှို့မှု ဖြစ်ပွါးခဲ့သည်။ ဖြစ်စဉ်မှာ ဦးပေါစိန်အနောက်လမ်း၊ မြို့သစ်(၃)ရပ်ကွက်၊ မြိတ်တောင်နယ်မြေနေ မြင့်နိုင်ဝင်း(၂၃)နှစ် (ဘ)ဦးအင်စိန် (ရေလုပ်သား)သည် အရက်သေစာ သောက်စားမူးယစ်ပြီး အမှတ်(၈၂)၊ ဘီအိုစီလမ်း၊ ရေနံမြေရပ်၊ မြိတ်တောင်နယ်မြေရှိ ဦးအောင်စိုး
Posted: 31 Jan 2014 04:29 AM PST
ကျွန်းလှ၊ ဇန္န၀ါရီ ၃၀ စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ကျွန်းလှမြို့နယ် မကျီအင်းကျေးရွာ ပဌာန်းအောင်ပွဲ အထိမ်းအမှတ်အဖြစ် ယခုလ ၂၉ ရက်နေ့ ညနေပိုင်းက ဘောလုံးကန်ပွဲများ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါ ဘောလုံပွဲတွင် သံဃာတော်များ ၀င်ရောက်ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး အားပေးကြည့်ရှု့သည့် ဒေသခံကျေးရွာသားများနှင့် ဆဲဆိုအားပေးရာမှ ခိုက်ရန်ဖြစ်ပွားခဲ့ကြောင်း ကျွန်းလှမြို့မရဲစခန်းရှိ တာဝန်ကျ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
Posted: 31 Jan 2014 03:54 AM PST
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ အကြံပြုသူအများစုက လိုလားတယ်လို့ သုံးသပ်ထားတဲ့ အစီရင်ခံစာကို ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်း ကော်မတီက ပြည်ထောင်စုလွှတ်တော်မှာ တင်သွင်းလိုက်ပါတယ်။ အဖွဲ့ဝင် ၁၀၉ ဦးနဲ့ ဖွဲ့စည်းထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်း ကော်မတီက ဒီကနေ့တင်သွင်းတဲ့ စာမျက်နှာ ဆယ်မျက်နှာပါ “လေ့လာတွေ့ရှိချက်နဲ့ သုံးသပ်ချက် အစီရင်ခံစာ” မှာ
Posted: 31 Jan 2014 03:21 AM PST
နေပြည်တော် ဥတ္တရသီရိမြို.နယ် ဇလောင်းကျေးရွာ အုပ်စုမှာ ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေရဲ့ သမီး ဒေါ်သန္တာရွှေရဲ့ ဧက၁၀၀ စီမံကိန်း သရက်ခြံအတွက် ဒေသခံတွေပိုင်တဲ့ လယ်ယာမြေတွေ သိမ်းယူ ခံနေရ­ပါတယ်။ ဦးကျော်သက်မင်း သတင်းပေးပို့ထားပါတယ်။ ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ 
Posted: 31 Jan 2014 04:25 AM PST
ကျွန်တော့်နာမည် ဗိုလ်ချုပ်အုန်းမြင့်၊ ဗိုလ်ချုပ်အုန်းမြင့်ဆိုပြီး နယ်တကာလှည့်ပြီး ပါးရိုက်ရဲတယ်ဆိုတဲ့ (ရုပ်/သံ သက်သေနှင့် တကွ) (ရေးချင်တာရေး ပုဆိုးလှန်ပြမယ့် ဗိုဟ်ချုပ်အုန်းမြင့်ရဲ့ ဇာတ်ကြမ်း) (အမေ့နို့သွားစို့ရင် ပါးရိုက်မယ့် ဗိုဟ်ချုပ်ကြီး) (အစိုးရရဲ့ စေတနာကိုနားလည်၊ သူများပါတီ (NLD ကိုဆိုလိုချင်တာ) စောက်ရမ်း ဘရဲဂေါ လျှောက်ပြောတိုင်း ခင်ဗျားတို့ နားမရောင်နဲ့၊ ရောင်ချင်လဲရောင် ဂရုမစိုက်ဘူး
Posted: 31 Jan 2014 02:34 AM PST
ရန်ကုန်၊ ဇန်န၀ါရီ ၃၀ မြန်မာနိုင်ငံရှိ နိုင်ငံရေးသမားများ ဆန့်ကျင်လျှင် ထောင်ထဲပို့မည်ဟု ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်၏ ပြောကြားမှုအပေါ် နိုင်ငံရေးသမားများ အားလုံး ထောင်ကျခံဝံ့သည်ဟု ဇန်န၀ါရီ ၃၀ရက်တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နာယက တစ်ဦးဖြစ်သူ ဟံသာဝတီ ဦးဝင်းတင်က မြန်မာသံတော်ဆင့်သို့ ပြောသည်။ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ် သစ်ရာကောက် ကျေးရွာမှ ဒေသခံများနှင့် တွေ့ဆုံစဉ် မွေးမြူရေး
Posted: 31 Jan 2014 02:30 AM PST
ရန်ကုန်၊ ဇန်န၀ါရီ ၃၀ အမေရိကန်ဒေါ်လာ ၆ သိန်း ပိုက်၍ ပြန်သွားပြီဆိုသူ သူရိယနေ၀န်းဂျာနယ်၏ အမှုဆောင်အရာရှိချုပ်(CEO) ဦးမိုးဟိန်းသည် ခေတ္တ အနားပေး ထားခြင်းသာ ဖြစ်၍ ရန်ကုန်၌သာ ရှိသည်ဟု ဇန်န၀ါရီလ ၃၀ ရက် သူရိယနေ၀န်း ဂျာနယ်ရုံးခန်းတွင် ထုတ်ဝေသူ ဦးခင်အေး က မြန်မာ သံတော်ဆင့်သို့ ပြောသည်။ ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၂၇ ရက်ထုတ် အလင်းခေတ် သတင်းဂျာနယ် အတွဲ(၁)၊ အမှတ်(၄) မျက်နှာဖုံးနှင့် အချပ်ပို(D)တွင် ““ေ
Posted: 31 Jan 2014 02:03 AM PST
ဇန်န၀ါရီ ၃၀ ရက်နေ့က နည်းပညာဝန်ကြီးဌာနကနေ ဆက်သွယ်ရေး အော်ပရေတာ လိုင်စင်ရရှိခဲ့တဲ့ အော်ရီဒူးနဲ့ တယ်လီနော် ကုမ္ပဏီ ၂ ခုဟာ လာမယ့် ၅ နှစ်အတွင်း မြန်မာနိုင်ငံ လူဦးရေ ၉၇ ရာခိုင်နှုန်း တယ်လီဖုန်း အသုံးပြုနိုင်အောင် အကောင်အထည်ဖော်သွားမယ်လို့ နေပြည်တော်လက်မှတ်ရေးထိုးပွဲ အခမ်းအနားမှာ ပြောဆိုပါတယ်။ စာချုပ်အရ ဖေဖော်ဝါရီ ၅ ရက်နေ့မှာ လုပ်ငန်းတွေ စတင်ပြီး ၈ လနဲ့ ၉ လအတွင်း 3G စနစ် မိုဘိုင်းဖုန်းဆင်းကဒ်တွေကို
Posted: 31 Jan 2014 02:02 AM PST
ရန်ကုန်၊ ဇန်နဝါရီ ၃၀ မြန်မာ့နိုင်ငံရေးတွင် တပ်မတော်သားများ လွှတ်တော်အတွင်း နေရာယူခြင်းသည် မြန်မာ့ အသွင်ကူးပြောင်းရေး အပေါ် နိုင်ငံတကာ အသိုင်းအဝိုင်းက ယုံကြည်မှုများ ကျဆင်းသွားနိုင်ကြောင်း မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် အာရှရေးရာ ဗြိတိန် နိုင်ငံခြားရေးနှင့် ဓနသဟာယ ဝန်ကြီးဌာန ဝန်ကြီး Mr.Hugo Swire က ပြောကြားသည်။ မြန်မာနိုင်ငံသို့ သုံးရက်ကြာ အလည်အပတ် ခရီးစဉ်အဖြစ် ရောက်ရှိနေသော ဗြိတိန်ဝန်ကြီးက
Posted: 31 Jan 2014 01:59 AM PST
နေပြည်တော်၊ ဇန်နဝါရီ ၃၀ မြန်မာနိုင်ငံ၏ ငွေကြေး ဖောင်းပွမှု နှုန်းဆက်လက် မြင့်တက်နေကြောင်း ၂၀၁၄-၂၀၁၅ အမျိုးသားစီမံကိန်း ဥပဒေကြမ်းပါ အချက်အလက်များအရ သိရသည်။ စားသုံးသူဈေးဆနှုန်း (CPI) ကို အခြေခံသော ပျမ်းမျှ ငွေကြေးဖောင်းပွမှုသည် ၂၀၁၁ ခုနှစ်တွင် ၂ ဒသမ ၈၂ ရာခိုင်နှုန်း၊ ၂၀၁၂ တွင် ၂ ဒသမ ၈၅ ရာခိုင်နှုန်းနှင့် ၂၀၁၃ ခုနှစ်တွင် ၅ ဒသမ ၆၇ ရာခိုင်နှုန်းအထိ ဖြစ်လာကြောင်း အဆိုပါ ဥပဒေကြမ်းတွင် ပါရှိသည်။
Posted: 31 Jan 2014 01:57 AM PST
ဒီမိုကရေစီ ခေတ်နှင့် အညီ ပြည်သူများက မိမိတို့၏ ခံစားချက် များကို နည်းလမ်း မျိုးစုံဖြင့် ဆန္ဒ ထုတ်ဖော် လာကြသည်။ ၄င်းတို့အထဲ တွင် တောင်သူလယ်သမား များ လည်း ပါဝင် လာကြသည် ကို တွေ့မြင်လာရသည်။ တောင်သူ လယ်သမားများမှာ အကြောင်း အမျိုးမျိုးကြောင့် မိမိတို့၏ လယ်ယာမြေများ နစ်နာဆုံးရှုံး ရ၍ ကျေးရွာ တစ်ခုချင်း အလိုက် အနယ်နယ် အရပ်ရပ်မှ ဘဝတူတောင်သူ လယ်သမားများ စုပေါင်း၍ ဆန္ဒ ထုတ်ဖော် လာသည်။ ဇန်နဝါရီ ၁၈
Posted: 31 Jan 2014 01:54 AM PST
ရန်ကုန် ၊ ဇန်နဝါရီ ၃၀ ။   ။ နိုင်ငံ တော်အစိုးရသည် ပြည်သူများ အတွက် လုပ်သင့်လုပ်ထိုက်သည်များအား ပြည်သူများကတောင်း မှ လုပ်ဆောင်ပေးခြင်းသည် ပြည်သူများအား သူတောင်းစား လို ပြုလုပ်နေခြင်းဖြစ်ကြောင်း ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ် (၃)မှ လွှတ်တော်ကိုယ်စားလှယ် ဦးပေါလ်ထန်ထိုင်းက ပြည်ထောင် စုလွှတ်တော်တွင် ပြောကြား ခဲ့သည်။ ဇန်နဝါရီ၃ဝရက်တွင်  ကျင်းပသော ပြည်ထောင်စု လွှတ်တော် နဝမပုံမုန်အစည်း အဝေးသတ္တမနေ့တွင်
Posted: 31 Jan 2014 01:42 AM PST
ဇန်န၀ါရီ ၃၁ ရက်နေ့မှာ ကျရောက်တဲ့ တရုတ်နှစ်သစ်ကူးနေ့မှာ တရုတ်နိုင်ငံ ပီကင်းမြို့တော်က အကြီးဆုံးဘုရားကျောင်းဖြစ်တဲ့ ဘိုင်ယံဘုရားကျောင်းဟာ ဘုရားဝတ်ပြုသူ တွေနဲ့ စည်ကားနေပါတယ်။ တရုတ်ပြက္ခဒိန်မှာ မြင်းနှစ်ကို ကူးပြောင်းခဲ့တာကြောင့် တိုးတက်မှုကနေ အောင်မြင်မှုတွေပါ ဆက်ရမယ့်နှစ်လို့ ယုံကြည်ကြပါတယ်။ မြင်းနှစ်ရဲ့ အဓိပ္ပာယ်က ရှေ့ကို တိုးတက်ယှဉ်ပြိုင်ပြီး အလျင်အမြင် အောင်မြင်မယ်လို့ တရုတ်လူမျိုးတွေက
Posted: 31 Jan 2014 01:40 AM PST
အစိုးရအဖွဲ့ဟာ စီမံကိန်းမှာ ပြောဆိုထားတာတွေကို ကတိမတည်ဘူးလို့ ဇန်န၀ါရီ ၃၀ ရက်နေ့က ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ အမတ်တွေက ပြောဆိုလိုက်ပါတယ်။ အစိုးရအဖွဲ့က တင်ပြလာတဲ့ ၂၀၁၄ – ၁၅ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်း ဥပဒေကြမ်းရဲ့ မူနဲ့ အခြေခံသဘော ဆွေးနွေးရာမှာ သူတို့က ခုလို ပြောဆိုလိုက်တာပါ။ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် အမတ် ဦးသူရိန်ဇော်က အရင် ၂၀၁၁ – ၁၅ ဘဏ္ဍာရေးနှစ် စီမံကိန်းမှာ ကရင်ပြည်နယ်ကို
Posted: 31 Jan 2014 01:39 AM PST
နေပြည်တော်၊ ဇန်နဝါရီ ၃၀ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွင်း ပညာရေးနှင့် ကျန်းမာရေး ကဏ္ဍများတွင် ဘဏ္ဍာငွေ တိုးမြှင့်သုံးစွဲမှု မရှိသောကြောင့် အခြားဝန်ကြီးဌာနများမှ ရရှိထားသော ဘဏ္ဍာငွေများကို မျှဝေ သုံးစွဲပေးရန် ဥပဒေကြမ်း ပူးပေါင်း ကော်မတီက တောင်းဆိုလိုက်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များထံမှ သိရသည်။ ဇန်နဝါရီလ ၃၀ ရက်နေ့တွင် ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် အမျိုးသား စီမံကိန်း
Posted: 31 Jan 2014 01:38 AM PST
ရန်ကုန်၊ ဇန်နဝါရီ ၃၀ မြန်မာနေရှင်နယ်လိဂ် (MNL) ပြိုင်ပွဲများကို ဖေဖောဝါရီ ၁ ရက်နေ့တွင် စတင်ကျင်းပတော့မည်ဖြစ်ရာ ဘောလုံး ပွဲစဉ်များတွင် ဖြစ်ပွားလေ့ရှိသည့် ပဋိပက္ခ ဖြစ်စဉ်များ၌ ဆိုးသွမ်း ဘောလုံး ပရိသတ်များကို ထိန်းသိမ်းရန် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် များကို ဗြိတိန် ရဲအရာရှိများက သုဝဏ္ဏ လူငယ် လေ့ကျင့်ရေးကွင်းတွင် ဇန်နဝါရီလ ၃၀ ရက်နေ့က တစ်ရက်တာ လေ့ကျင့် သင်ကြားပေးခဲ့ကြောင်း မြန်မာနိုင်ငံ ဘောလုံး
Posted: 30 Jan 2014 06:56 PM PST
BC နှစ်ရာစု ကတည်းက ရှိခဲ့တယ်ဆိုတဲ့ ပျူ မြို့ဟောင်းတွေကို ကုလသမဂ္ဂ လက်အောက်ခံ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုအဖွဲ့ UNESCO ရဲ့ အသိအမှတ်ပြု ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင်ဖို့ UNESCO တာဝန်ရှိ ပုဂ္ဂိုလ်တွေ ပြီးတဲ့အပတ်က နောက်ဆုံး အဆင့် လာရောက် စစ်ဆေးသွားပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ထောင်ကျော်လောက် ကတည်း က ပျူလူမျိုးတွေ နေထိုင်ခဲ့တယ်ဆိုတဲ့ ရွှေဘိုခရိုင် ဝက်လက် မြို့နယ်ထဲက ဟန်လင်း၊ မကွေးတိုင်းေ
Posted: 30 Jan 2014 06:41 PM PST
ပဲခူးတိုင်း ပဲခူးမြို့ နယ် သာယာကုန်းကျေးရွာအုပ်စု ရွာ ၈ ရွာက လယ်သမားတွေရဲ့ မြေတွေကို CAD ခဲယမ်းမီးကျောက်တပ်နဲ့  လေတပ်ကသိမ်းထားပြီး အဲဒီမြေတွေကို ခြံစည်းရိုးခတ်နေတဲ့အတွက် လယ်သမားတွေနဲ့ ပဋိပက္ခဖြစ်နေတယ်လို့ သိရပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့  လယ်သမားတစ်ဦးဖြစ်တဲ့ ကိုစံရွှေက RFA ကို အခုလိုပြောပါတယ်။ “CAD ခဲယမ်းမီးကျောက်တပ်နဲ့  လေတပ်ခဲယမ်းမီးကျောက်တပ် တပ်နှစ်တပ်သိမ်းထားတယ်၊ လယ်ဧက ၅ ထောင်လောက်ခင်ဗျ၊
Posted: 30 Jan 2014 01:50 PM PST
ပဲခူးမြို့၊ အမှတ်(၂) ရဲစခန်းပိုင် ဥဿာမြို့သစ် (၁)ရပ်ကွက် မဇင်းဆည်တွင် (၃၀.၁.၂၀၁၄)နေ့ ညနေ(၄း၃၀)အချိန်ခန့်က အမျိုးသမီးနှစ်ဦး ရေနစ်သေဆုံးမှု တစ်ခု ဖြစ်ပွား ခဲ့ကြောင်း သစ်ထူးလွင်မှ သတင်း ရရှိပါတယ်။ သေဆုံးသူနှစ်ဦးမှာ Forwed စားသောက်ဆိုင် စင်တင်တေးဂီတ ၊ အဆိုရှင်များ ဖြစ်သည့် ဥဿာမြို့ သစ်ရပ်ကွက်ကြီး(၂)နေသူ မစံရှား(၁၈)နှစ် နှင့် မကြိုးကြာ(၁၈)နှစ် ဖြစ်ပါတယ်။ အဆိုပါ သေဆုံးသူနှစ်ဦးဟာ မနေ့ ညနေ ၎
Posted: 30 Jan 2014 01:47 PM PST
အိမ်ခြေ ၁,၀၀၀ ကျော်ရှိသော သန်လျင်မြို့စွန်မှ ကွမ်းခြံကုန်းရွာသည် ဇာမဏီအင်းဆည်ဧရိယာ အတွင်း ရောက်နေသဖြင့် လာမည့် ဖေဖော်ဝါရီ ၁ ရက်နေ့ နောက်ဆုံးထား၍ ရွှေ့ပြောင်းပေးရန် သန်လျင်မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် သန်လျင်မြို့နယ် ဆည်မြောင်းဦးစီးအရာရှိတို့က အမိန့်စာများ ထုတ်ထားသည်။ မြို့နယ်အုပ်ချုပ်ရေးမှူးက ရွာသားများထံထုတ်ပြန်ခဲ့သော ဇန်န၀ါရီ ၁၈ ရက် နေ့စွဲပါ ကြေညာစာတွင် ရွာသားများသည် 'မြို့နယ်
Posted: 30 Jan 2014 01:03 PM PST
မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်တွေမှာ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ငြိမ်းချမ်းရေးကိစ္စမှာ စိန်ခေါ်ချက်တွေရှိနေပြီး၊ ဒီလုပ်ငန်းစဉ်တွေမှာ မြန်မာ စစ်တပ်ဟာ အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေတဲ့အကြောင်းနဲ့ လက်ရှိ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် အနေနဲ့လည်း ကောင်းမွန်တဲ့ သမိုင်းအမွေထားခဲ့ဖို့ အခွင့်အလမ်းရှိနေတဲ့အကြောင်း ဗြိတိန်နိုင်ငံခြားရေးရုံး အာရှရေးရာဝန်ကြီး ဟူဂိုဆွိုင်ယာ က ပြောဆိုလိုက်ပါတယ်။
Posted: 30 Jan 2014 12:58 PM PST
ရန်ကုန်၊ မဇ္ဈိမ ။ ။ မွန်ပြည်နယ် မော်လမြိုင်မြို့ ဗဟိုလမ်းရှိ နီလာမိတ္တူနှင့် စက်သုံးဆီအရောင်းဆိုင်တွင် ဇန်နဝါရီ ၃ဝ ရက် နေ့လည်အချိန်က မီးလောင်မှုဖြစ်ပွားခဲ့ရာ ငွေကျပ် ၃၅ သိန်းကျော်ဆုံးရှုံးရသည့်အပြင် လူတစ်ဦး မီးလောင်ခံခဲ့ရသည်ဟု မြို့နယ်မီးသတ်မှ ဦးစီး ဇော်ဝင်းက မဇ္ဈိမကို အတည်ပြုပြောသည်။ “မိတ္တူဆိုင်နဲ့ တွဲထားတဲ့ စက်သုံးဆီအရောင်းဆိုင်ပါ၊ လူငယ်တစ်ဦး မီးလောင်ခံရတယ်၊ စိုးရိမ်ရတဲ့ အနေအထားနဲ့ ဆေးရုံကို

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...