Thursday, January 30, 2014

သစ်ထူးလွင် သတင်းစုစည်းမှု (၃၀-၁)

သစ်ထူးလွင်


Posted: 30 Jan 2014 06:48 AM PST
ဇန်န၀ါရီလ (၂၇) ရက်နေ့ ၊ ညနေ ၄နာရီခွဲအချိန်တွင် လားရှိုးမြို့ ၊ မြို့ နယ်တရားရုံးမှ တရားသေ လွတ်ပေးလိုက်သူ တစ်ဦးကို တရားလိုဘက်မှ ပြည်သူ့ စစ်ယူနီဖောင်းများ ၀တ်ဆင်ထားသူများက တရားရုံး၊ ရုံးထုတ်အချုပ်ခန်း ရှေ့ မှ အဓမ္မဆွဲခေါ်ကာ အသင့်စောင့်ဆိုင်းနေသော ယာဉ်ပေါ်တက်စေပြီး ခေါ်ဆောင်သွားခဲ့ရာ ယနေ့ အချိန်အထိ ခေါ်သွားခံရသူနှင့် အဆက်အသွယ်မရရှိ သေးကြောင်း သိရသည်။ ဖြစ်စဉ်မှာ ရှမ်းပြည်နယ်၊ ကွတ်ခိုင်ဒေသအခြေစိုက်၊ေ
Posted: 30 Jan 2014 06:45 AM PST
မြန်မာ အစိုးရက ထိန်းချုပ်ထားတဲ့ ဆက်သွယ်ရေးနဲ့ မိုဘိုင်း လုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင်ကို ပြည်ပ ကုမ္ပဏီ ၂ ခုကို တရားဝင် ထုတ်ပေး လိုက်ပါတယ်။ အစိုးရဘက်က တယ်လီဖုန်း ဆက်သွယ်ရေး လုပ်ငန်းဆိုင်ရာ စည်းမျဉ်း စည်းကမ်းတွေ အပြီးသတ် ရေးဆွဲနေရတဲ့ အတွက် တရားဝင် ချပေးဖို့ နှောင့်နှေး ကြန့်ကြာ ခဲ့အပြီး ကာတာ နိုင်ငံက အူရီဒူး ကုမ္ပဏီနဲ့ နော်ဝေ နိုင်ငံ အခြေစိုက် တယ်လီနော ကုမ္ပဏီတို့ကို ဒီကနေ့ပဲ လိုင်စင်
Posted: 30 Jan 2014 06:35 AM PST
မြန်မာ စစ်တပ်သည် စစ်စခန်း ၄ ခုအား ဘင်္ဂလာဒေခ်ျ့ နယ်စပ် အနီးတွင် တည်ဆောက်ထားသည်ဟု  ဘင်္ဂလာဒေခ်ျ့ အာဏာပိုင်များက စွပ်စွဲလိုက်သည်။ ၎င်းစစ်စခန်း တည်ဆောက်မူကို ဘင်္ဂလာဒေခ်ျ့က ကန့်ကွက်ကြောင်း ယနေ့ထုတ် ဘင်္ဂလာဒေခ်ျ့ သတင်းစာများတွင် ဖေါ်ပြသည်။ ယခုကဲ့သို့ ကန့်ကွက်ခြင်းမှာ ယခု တည်ဆောက်ထားသော မြန်မာစစ်စခန်း (၄) ခုသည် နိုင်ငံတကာ နယ်စပ် စည်းမျဉ်းများကို ချိုးဖေါက်ရာ ရောက်၍ ဖြစ်ကြောင်း ဘင်္ဂလာ အာဏာပိုင်များ၏ြေ
Posted: 30 Jan 2014 06:32 AM PST
လွှတ်တော်အတွင်းမှာ အင်အားအကြီးဆုံးဖြစ်တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ဘယ်လိုရပ်တည်မလဲဆိုတာ ပွင့်ပွင့်လင်းလင်းပြောရမယ့် အချိန်ရောက်နေပြီလို့ ဗြိတိသျှနိုင်ငံခြားရေးဝန်ကြီးဌာန အာရှဒေသဆိုင်ရာ ဒုတိယဝန်ကြီး Mr Hugo Swire က ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ ဒီကနေ့ ရန်ကုန်မြို့ ကမ်းနားလမ်း ဗြိတိသျှသံရုံး
Posted: 30 Jan 2014 06:16 AM PST
ထက်အောင်ကျော် (၃၁-၀၁-၂၀၁၄) ထူးခြားတာက ဒီဖက်မှာစပါးကို ဘယ်လိုစိုက်သလဲမသိပါ။ ကျနော်တို့ ထားဝယ်ဖက်မှာတော့ လယ် ကွက်ဆိုတာ ရေပြင်ညီဖြစ်နေမှ။ မိုးရွာတဲ့အခါရေခံပြီး လယ်ထွန်စိုက်ရတဲ့ အမျိုး။ ဒီမှာတော့ လယ် ကွက်တွေက ဥရောပက ဂျုံခင်းတွေလိုပါပဲ။ မညီမညာ တောင်စောင်းမှာ စပါးငုတ်တို ရိုးပြတ်တွေကို တွေ့ရပါတယ်။ လယ်တောအလွန်မှာတော့ လိမ်မော်ခြံကြီးတွေ။ ဒီရွာတွေက ပင်းတယမြို့နယ်ထဲ ရောက်နေပြီလို့ ကားဆရာကပြောပါတယ်
Posted: 30 Jan 2014 03:32 AM PST
ကချင်ပြည်နယ်အတွင်း မူးယစ်ဆေးသုံးစွဲတဲ့ ရဲတပ်ဖွဲ့ဝင် ၃၆ ဦးကို ရဲတပ်ဖွဲ့က ထုတ်ပယ်ပြီး ထောင်ဒဏ်အသီးသီး ချမှတ်လိုက်တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြောခွင့်ရ ရဲမှူးချုပ် ၀င်းခေါင်က ပြောပါတယ်။ ဒုရဲအုပ်တဦး အပါအ၀င် တပ်ကြပ်တပ်သား အဆင့်ဆင့်ကို အရေးယူ အပြစ်ပေး လိုက်တယ်လို့ သူက ပြောပါတယ်။ “အများစုကတော့ အခြားဆင့်တွေပဲ။ တပ်သားတို့၊ ဒုတပ်ကြပ်တို့၊ တပ်ကြပ်တို့ ဒီလိုတွေ ပါတာပေါ့။ အခု ပြစ်ဒဏ်ချတဲ့အထဲမှာတော့
Posted: 30 Jan 2014 03:13 AM PST
ကျိုင်းတုံ ဇန်န၀ါရီ ၃၀ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့၊ ကျိုင်းတုံ-တာချီလိတ်လမ်းတွင် ယာဉ်မတော်တဆမှု ဖြစ်ပွားပြီး စေတနာမြင့် ပုဂ္ဂလိက ဆေးရုံမှ သူနာပြု ဆရာမတစ်ဦး နေရာတွင် သေဆုံးသွားကြောင်းသိရသည်။ ဖြစ်စဉ်မှာ ဇန်န၀ါရီလ(၃၀) ရက် နံနက်(၇)နာရီ အချိန်ခန့်တွင် ကျိုင်းတုံမြို့နယ်၊ ဖရံလုံ ကျေးရွာနေ စေတနာမြင့် ပုဂ္ဂလိက ဆေးရုံ၌ တာဝန်ထမ်း ဆောင်သူ သူနာပြုဆရာမ မဧနွေလှ (၂၄)နှစ် သည် တာချီလိတ်ဘက်မှ
Posted: 30 Jan 2014 03:12 AM PST
 မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက်အတွင်း ဇန်န၀ါရီလ ၂၅၊ ၂၆၊ ၂၇ ရက်နေ့များ၌ ၉၆၉ တံဆိပ်ပါ ပါတိတ်လုံချည် ၀တ်ဆင်သူ၊ ရောင်းချသူများကို တွေ့ရှိခဲ့ရသဖြင့် မြို့နယ်-အမျိုးဘာသာ သာသနာထိန်းသိမ်းစောင့်ရှောက်အဖွဲ့မှ လိုက်လံ ၀ယ်ယူသိမ်းဆည်းမှုများ ပြုလုပ်ခဲ့ပြီး မြို့နယ်ရဲတပ်ဖွဲ့နှင့်ပူးပေါင်းကာ မြစ်ကြီးနားမြို့ပေါ်ရှိ အထည်ဆိုင်များနှင့် မြို့မဈေးကြီးအတွင်းရှိ အထည်ဆိုင်များကို အဆိုပါ ပါတိတ်လုံချည်များအား
Posted: 30 Jan 2014 03:06 AM PST
မန္တလေး၊ ဇန်နဝါရီ ၂၉ လာမည့် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် မြန်မာနိုင်ငံသား မဟုတ်ဘဲ ယာယီသက်သေခံကတ် (White Card) ကိုင်ဆောင်ထားသူများကို မဲပေးခွင့်ပြုပါက ရွေးကောက်ပွဲ ကော်မရှင်ကို ကန့်ကွက်မည် ဖြစ်ကြောင်း အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ ခေါင်းဆောင် ဆရာတော် အရှင်ဝီရသူက မိန့်ကြားသည်။ “ဒီမိုကရေစီဝါရင့် နိုင်ငံကြီးတွေဖြစ်တဲ့ အမေရိကန်နိုင်ငံမှာတောင် Green Card ကိုင်ခွင့်ရတဲ့လူတွေ မဲပေးခွင့်
Posted: 30 Jan 2014 03:00 AM PST
မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့အနီးမှာ လယ်ယာမြေတွေ သိမ်းခံထားရမှုကို မကျေနပ်လို့ ရာနဲ့ချီတဲ့ လယ်သမားတွေစုရုံးပြီး ဒီကနေ့မွန်းလွဲပိုင်းက ဟောပြောပွဲတွေနဲ့ ဆန္ဒပြပွဲတွေကျင်းပပြီး ဆန့်ကျင်ကန့်ကွက်ခဲ့ကြပါတယ်။ လယ်သိမ်းခံ လယ်သမားတွေက လူအင်အား ၁၀၀၀ နဲ့ မတ္တရာမြို့ပေါ်မှာ စီတန်းလှည့်လည် ဆန္ဒပြခွင့်တောင်းခဲ့ပေမယ့် အာဏာပိုင်တွေက ခွင့်မပြုတာကြောင့် မြို့စွန်သင်္ချိုင်းအနီး မြေကွပ်လပ် တနေရာမှာ အင်အား ၁၀၀ လောက်နဲ့
Posted: 30 Jan 2014 03:01 AM PST
မြန်မာနိုင်ငံမှာ ဆက်သွယ်ရေး လုပ်ငန်းလုပ်ခွင့် လေလံ အောင် မြင်ထားတဲ့ နော်ဝေနိုင်ငံက တယ်လီနော ကုမ္ပဏီနဲ့ ကာတာနိုင်ငံက အူရီဒူး ကုမ္ပဏီတို့ကို သက်ဆိုင်ရာက ဒီနေ့ လိုင်စင်ထုတ်ပေး တော့မယ်လို့  သိရပါတယ်။ အူရီဒူးကုမ္ပဏီ အတွက်လိုင်စင်ကို ဒီနေ့ ကြာသပတေးနေ့မှာ နေပြည်တော်မှာ ထုတ်ပေးမှာဖြစ်တယ်လို့  မြန်မာအစိုးရ အကြီးတန်း အရာရှိတစ်ဦးက ပြောဆိုကြောင်းနဲ့  တယ်လီနော ကုမ္ပဏီ အတွက်လိုင်စင်ကိုတော့ ဖေဖေါ်ဝါရီလ ၃ ရက်နေ့မှာ
Posted: 30 Jan 2014 02:53 AM PST
ဟောင်ကောင်မှာ နိုင်ငံခြားသား အိမ်ဖေါ်လုပ်သားတွေရဲ့ လုံခြုံရေးအတွက် စိုးရိမ်မှုမြင့်တက်နေတဲ့ အခုကာလမှာပဲ မြန်မာနိုင်ငံကနေ ဟောင်ကောင်ကို အိမ်ဖေါ်လုပ်သားတွေ ပို့မယ့်အစီအစဉ်ကို ဆက်လက်ဆောင်ရွက်နေတယ်လို့ ဟောင်ကောင် လစ်ဘရယ်ပါတီရဲ့ လွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်၊ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံထားတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးလည်းဖြစ်တဲ့ Felix Chung Kwok-pan က ပြောလိုက်ပါတယ်။ မစ္စတာ ချမ်းဟာြ
Posted: 30 Jan 2014 02:42 AM PST
ဘာနိုင်ငံရေးသမားကိုမှ ဂရုမစိုက်ဘူး ခင်ဗျားတို့ မှတ်ထားကြ။ ကျွန်တော့်နာမည် ဗိုလ်ချုပ်အုန်းမြင့်၊ ဗိုလ်ချုပ်အုန်းမြင့်ဆိုပြီး နယ်တကာလှည့်ပြီး ပါးရိုက်ရဲတယ်ကွဆိုပြီး မိန့်ခွန်းပြောလာတာ ရှင်းတယ်နော် ကျွန်တော်ပြောတာ ဘယ်နိုင်ငံရေးပါတီမှလည်း မကြောက်ဘူး။ ကျွန်တော်အခုမှ နိုင်ငံရေးစကား စပြောတာပဲ နိုင်ငံရေးစကားဆိုတာ တက်နေတဲ့အစိုးရအပေါ်မှာ စော်ကားတဲ့ကောင် တွယ်မှာပဲ။ ပါးစပ်နဲ့ တွယ်လို့မရရင်
Posted: 30 Jan 2014 02:32 AM PST
ရန်ကုန်၊ ဇန်နဝါရီ ၂၉ မလေးရှားနိုင်ငံ အကျဉ်းထောင်များတွင် အကျဉ်းကျ ခံနေရသည့် မြန်မာများကို တစ်လတစ်ကြိမ်နှုန်းဖြင့် နေရပ်ပြန်ခေါ်ရန် စီစဉ်ထားကြောင်း ဇန်နဝါရီလ ၂၉ ရက်နေ့က မလေးရှားတွင် အကျဉ်းကျနေသည့် မြန်မာလုပ်သား ၁၄၀ ကျော်ကို နေရပ်ခေါ်လာစဉ် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် သီတဂူ အထောက်အဖွဲ့ (မလေးရှား) မှ အတွင်းရေးမှူး ဒေါက်တာမြတ်သူက ပြောကြားသည်။ ဇန်နဝါရီလ ၂၉ ရက်နေ့က နေရပ်ပြန်ခေါ်လာသည့် အကျဉ်းကျခံ
Posted: 30 Jan 2014 02:30 AM PST
မလေးရှားနိုင်ငံတွင် အကျဉ်းကျ ခံနေရသည့် မြန်မာနိုင်ငံသား ၁၄၁ ဦးသည် သီတဂူ အထောက်အကူပြုအဖွဲ့နှင့် ကမ္ဘောဇဘဏ် လီမိတက်တို့ ပူးပေါင်း လှူဒါန်းမှုဖြင့် ဇန်နဝါရီလ ၂၉ ရက်နေ့က မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိ လာစဉ် အကျဉ်းကျခံခဲ့ရသည့် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့သား ဦးကျော်ဝဏ္ဏနှင့် တွေ့ဆုံးမေးမြန်းချက်များကို ကောက်နုတ် ဖော်ပြပါသည်။ Voice : မလေးရှားကို ဘယ်လိုလမ်းကြောင်းနဲ့ သွားတာလဲ။ KWN :
Posted: 30 Jan 2014 02:23 AM PST
မြစ်ကြီးနားမြို့၊ အောင်နန်းရပ်ကွက် အထက(၂) ကျောင်းရှေ့ မြန်မာ့မီးရထားဝင်းအတွင်းတွင် ယနေ့နံနက် ၁၀:၁၅ မိနစ်အချိန်ခန့်တွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။ မြစ်ကြီးနားမြို့၊ မီးရထားဝင်းအတွင်း မီးလောင်မှုကြောင့်  မီးရထားရုံပိုင်ကြီး(ငြိမ်း) ဦအောင်သိန်း၏ နေအိမ်အပါဝင် အိမ်ထောင်စု (၉)စုရှိသော နေအိမ် (၃)လုံး မီးလောင်သွားခဲ့ပြီး ရုံပိုင်ကြီးဟောင်း နေအိမ်ဝင်းအတွင်း ငှားရမ်းနေထိုင်သူ အသက် (၄၆)နှ
Posted: 30 Jan 2014 02:20 AM PST
မွန်ပြည်နယ် မြို့တော် မော်လမြိုင်မှာ ပြည်နယ်အစိုးရရုံးနဲ့ မာရ၀တီပန်းခြံအနီး ဗပိာုလမ်း ဓာတ်ဆီဆိုင်အရှေ့ နီလာ ကွန်ပျူတာနဲ့ ဖုန်းအပိုပစ္စည်း အရောင်းဆိုင်မှ ၁၂ နာရီကျော်မှာ စတင်လောင်ကျွမ်းခဲ့တာ ဖြစ်ပြီး ၁ နာရီ ကျော်မှာ မီးငြိမ်းသတ်နိုင်ခဲ့ပါတယ်။ By ဒီဗွီဘီ
Posted: 29 Jan 2014 09:41 PM PST
ပြည်ထောင်စုလွှတ်တော်က အတည်ပြု ပြဋ္ဌာန်းခဲ့သော ဥပဒေရှစ်ခုပါ ပြဋ္ဌာန်းချက် အချို့သည် သမ္မတနှင့် သဘောထား ကွဲလွဲခဲ့သည့်အတွက် ခုံရုံး၏အဆုံးအဖြတ်ကို ခံယူသွားမည်ဟူသည့် ဇန်န၀ါရီလ ၂၇ ရက် နေ့ သတင်းထုတ်ပြန်မှုအပေါ် ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်ဘက်ကမှန်သည်ဟု မဇ္ဈိမသို့ပြော သည်။ “အန်တီကတော့ လွှတ်တော်ဘက်က မှန်တယ်လို့ ထင်တာပဲ။ ခုံရုံးက ဘာပြောမလဲတော့ မသိဘူး။ စောင့်ကြည့်သေးတာပေါ့။ ပြဿနာပေါ်လာလို့ ရှိရင်လည်းြေ
Posted: 29 Jan 2014 09:42 PM PST
၁။ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် သတင်းထုတ်ပြန်ရေး အဖွဲ့သည် သတင်းထုတ်ပြန်ချက်(၁/၂၀၁၄) ကို ၂၀၁၄ခုနှစ်၊ ဇန်န၀ါရီလ ၂၇ ရက်နေ့တွင် ထုတ်ပြန် ကြေငြာခဲ့ကြောင်းကို ၂၇-၁-၂၀၁၄ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ထုတ်ပြန် ကြေငြာခဲ့သည်ကို လေ့လာတွေ့ရှိရပါသည်။ ထိုထုတ်ပြန်ချက်သည် ၂၅-၁-၂၀၁၄ ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော်က နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုးခြင်း မရှိဘဲ ပြဋ္ဌာန်းခဲ့သော “ပြည်ထောင်စု
Posted: 29 Jan 2014 09:17 PM PST
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်းသားတွေနဲ့ အစိုးရအကြား အပစ်အခတ်ရပ်စဲ ပြီးနောက် ပြည်တွင်း ငြိမ်းချမ်းရေး အတွက် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးပွဲတွေ စတင်ရန် များစွာ အရေးကြီး တယ်လို့ ပြောဆို လိုက်ပါတယ်။ နိုင်ငံရေး ဆိုင်ရာ သဘောတူ ညီချက်တွေ မရရှိဘူးဆိုရင် အပစ်အခတ်ရပ်စဲ ရေးဟာ တခဏနဲ့ ပျက်ပြား သွားနိုင်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ “နိုင်ငံရေးဆွေးနွေးပွဲတွေေ
Posted: 29 Jan 2014 09:14 PM PST
ရန်ကုန်၊ ဇန်နဝါရီ ၂၉ ရခိုင်ပြည်နယ်တွင် တည်ငြိမ်မှု ရှိနေပြီဟု ပြည်ထောင်စုဝန်ကြီးများက သံတမန်များနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ တွေ့ဆုံရှင်းလင်းချက်မှာ မှန်ကန်မှု မရှိကြောင်း ပြသရန်နှင့် ဥရောပသမဂ္ဂအဖွဲ့ ရခိုင်သို့ ရောက်ရှိရန် တစ်ရက်အလိုတွင် မောင်တောမြို့ ဒုချီးရားတန်း ကျေးရွာတွင် ဇန်နဝါရီလ ၂၈ ရက်နေ့ညပိုင်းက မီးရှို့မှု ဖြစ်ပွားခဲ့ကြောင်း သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောကြားသည်။ အဆိုပါ
Posted: 29 Jan 2014 09:08 PM PST
မြစ်ကြီးနား၊ ဇန်နဝါရီ ၂၉ ဗြိတိသျှ အဆင့်မြင့် အရာရှိအနေဖြင့် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့သို့ ဇန်နဝါရီလ ၂၉ ရက်နေ့က ရောက်ရှိလာသော ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Hugo Swire သည် ဒုတိယ ကမ္ဘာစစ်အတွင်း အင်္ဂလိပ် စစ်တပ်တွင် အမှုထမ်းခဲ့သော ကချင်လူမျိုး ကချင်စစ်ပြန်များထဲမှ စစ်ပြန် ၁၅ ဦးကို လေးစားဂုဏ်ပြုသောအားဖြင့် ဂါရဝပြု တွေ့ဆုံ ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှသံရုံးမှ
Posted: 29 Jan 2014 08:59 PM PST
ရမည်းသင်းခရိုင် ရွှေမြင်တင်တောင်ခြေက ဘုရားစောင်းတန်းမှာ ခိုလှုံနေကြတဲ့ မိုးထိမိုးမိ ရွှေတောလုပ်သားတွေနဲ့ သူတို့မိသားစုတွေကို အဒီနေရာကနေ မဖယ်ရင် အရေးယူမယ်ဆိုပြီး၊ ဒေသခံ အာဏာပိုင်တွေက မနေ့ကနေ့လယ်မှာ ကြေညာတယ်လို့ သိရပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ ရွှေလုပ်သားတစ်ဦးဖြစ်တဲ့ ကိုမျိုးတင့်က RFA ကိုပြောပါတယ်။ “ညနေ ၄ နာရီမှာ ထွက်ပေးရင်ထွက်ပေး ထွက်မပေးရင် ပုဒ်မ ၁၈၈ နဲ့ ကျနော်တို့ကို တရားစွဲမယ်၊
Posted: 29 Jan 2014 08:57 PM PST
ထိုင်း-မြန်မာနယ်စပ်က မြန်မာဒုက္ခသည်တွေကို ကုလသမဂ္ဂရဲ့ ပြန်လည်နေရာချထားရေး အစီအစဉ်အတိုင်း အမေရိကန်ပြည်ထောင်စုက ခေါ်ယူနေတာကို ရပ်ဆိုင်းလိုက်ပြီလို့  ဗန်ကောက်မြို့အခြေစိုက် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက မနေ့က ပြောလိုက်ပါတယ်။ အမေရိကန်ပြည်ထောင်စုကို ပြောင်းရွှေ့နေထိုင်ခွင့်ရဖို့လျှောက်လွှာကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၄ ရက်နေ့က နောက်ဆုံးထားလက်ခံပြီးတဲ့နောက် ရပ်ဆိုင်းလိုက်တာဖြစ်ပါတယ်။
Posted: 29 Jan 2014 08:55 PM PST
လှိုင်သာယာ စက်မှုဇုန်အတွင်းရှိ ရေမြောင်းတစ်ခုအတွင်း အသတ်ခံထားရသည့် အမျိုးသားတစ်ဦး၏ အလောင်းတွေ့ရှိသဖြင့် သေဆုံးသူ၏ဇနီးဖြစ်သူက ဇန်န၀ါရီ ၂၈ ရက်တွင် အမှုဖွင့်တိုင်တန်းထားသည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်ထားသည်။ အဆိုပါ လူသတ်မှုတွင် ပြစ်မှုကျူးလွန်သူကို ဖော်ထုတ်အရေးယူပေးရန် ညောင်ရွာနေ အသတ်ခံရသူ၏ ဇနီးဖြစ်သူ ဒေါ်တင်တင်ဝေ (၄၇)နှစ်က အမှုဖွင့်တိုင်တန်းထားသည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။ ဖြစ်စဉ်မှာ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...